La Liga Premier League Transfer News

လီဗာပူးလ်အသင်းမှာ ယာဂန် ကလော့ပ်လက်ထက် အကောင်းဆုံးကစားသမား ၅ ဉီး

လီဗာပူးလ်အသင်းမှာ နည်းပြ ယာဂန် ကလော့ပ်လက်ထက်မှာ သူနဲ့ အသင်းတာဝန်ရှိသူတွေ၊ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်တို့ ခေါင်းချင်းရိုက်ပြီး ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ခဲ့သလို ရှိနေတဲ့ ကစားသမားတွေကိုလည်း အရည်အချင်းနဲ့ ကိုက်အောင် စင်တင်ပေးခဲ့ပြီး ဒီထဲကမှ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမား ၅ ဦးကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

၅။ ဆာဒီယို မာနေး
ဆီနီဂေါသားဟာ ကလော့ပ်ရဲ့လက်ထက်မှာ ငွေကြေးမြင့်မြင့်မားမား သုံးစွဲပြီး ခေါ်ယူခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ပြီး သူတို့တွေနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဆောက်သမ်တန်ကနေ ခေါ်ယူထားခဲ့တာပါ။ ဂျာမန်သားကြီးရဲ့ ကစားကွက်မှာ မာနေးရဲ့ အကွက်မြင်တဲ့ အဆုံးသတ်မှု၊ ဖန်တီးမှုနဲ့ မရပ်မနား ပြေးလွှားကစားပြီး တစ်ဖက်ခံစစ်ကို ဖိအားပေးနိုင်မှုတွေက ရွှေဖြစ်ခဲ့တဲ့ အရာတွေလည်းဖြစ်ပါတယ်။

မာနေးအနေနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က အသင်းအတွက် ရာပြည့်ဂိုးကိုလည်း သွင်းယူပေးခဲ့ပြီး လီဗာပူးလ်တို့ရဲ့ MSF တိုက်စစ်မှာ ဖာမီနိုရဲ့ အခန်းကဏ္ဍလျော့ကျသွားပေမယ့် သူကတော့ ဆရာတစ်ဆူဖြစ်နေတုန်းပဲဆိုတာကို ပြသခဲ့တာပါ။ မိုဟာမက် ဆာလားနဲ့ အတွင်းကြိတ်ပြိုင်ဆိုင်မှုတွေ ရှိနေနိုင်ပေမယ့် အသင်းအတွက် ပေးဆပ်ဖို့အတွက်တော့ စိတ်ချရတဲ့ ၂၉ နှစ်သားဟာ ပွဲကြီးတွေမှာ အီဂျစ်သားထက်တောင် ပိုပြီး စိတ်ချရသူဖြစ်ပါတယ်။

၄။ အယ်လစ်ဆန် ဘက်ကာ
ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေကတော့ လီဗာပူးလ်အသင်းကို ပြည့်စုံသွားစေတဲ့ ခေါ်ယူမှုက ဂိုးသမား အယ်လစ်ဆန်ပဲလို့ ဆိုခဲ့ကြပြီး သူရောက်လာမှာ ချန်ပီယံလိဂ်ဖလားကို တစ်ဖန်ရယူခဲ့မှုနဲ့အတူ ချီးကျူးစရာတွေလည်းဖြစ်ခဲ့ပါတယ်။ နောက်တစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့သလို အသင်းရဲ့ ခံစစ်ကို ကွပ်ကဲနိုင်မှုတွေက သူ့ကို မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်ထက် သာလွန်စေပြီး လက်ရွေးစင်အသင်းမှာပါ ရှေ့ကို ခြေတစ်လှမ်း သာပြနိုင်ခဲ့တာပါ။

အီဒါဆန်က တိုက်စစ်ကို ပံ့ပိုးတာ ကောင်းတယ်၊ ရှေ့တက်ကစားတာ ပိုကောင်းတယ်လို့ လူတွေက ပြောနေကြတုန်းမှာပဲ ဖခင် ဆုံးရှုံးထားလို့ ပေါက်ကွဲနေတဲ့ အယ်လစ်ဆန်က ခေါင်းတိုက်ပြီး ဂိုးပါတက်သွင်းပြလိုက်တော့ ဟိုဘက်ရပ်ကွက်သားတွေ အသံတိတ်သွားခဲ့ပါတယ်။ သူ့အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို သုံးခဲ့ရပေမယ့် နှမြောစရာတော့ လက်ရှိအချိန်အထိ စဉ်းစားလို့ကို မရသေးတာလည်းဖြစ်ပါတယ်။

၃။ ဂျော်ဒန် ဟန်ဒါဆန်
အသင်းကို ၂၀၁၁ ခုနှစ်မှာ ဆန်ဒါးလန်းကနေ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဟာ အန်းဖီးလ်ရဲ့ ကပ္ပတိန်ရာထူးကို ၂၀၁၅ ခုနှစ်မှာ ဆက်ခံခဲ့ပြီး သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ အသင်းဖော်တွေကို ကူညီနိုင်မှုက ထင်ရှားသလို ဟန်ဒါဆန် မကစားနိုင်တဲ့ နေရာဆိုလို့ ဂိုးသမားနေရာပဲ ရှိတယ်လို့ပါ ချီးကျူးခံခဲ့ရတာပါ။ လီဗာပူးလ်အသင်းမှာ သူ့ရဲ့ မထင်မှတ်တဲ့ ဖန်တီးမှုတွေက တစ်ဖက်အသင်းတွေကို ထိုးနှက်နိုင်ပြီး ဖန်တီးနေတဲ့ ကစားသမားတွေရဲ့ နောက်မှာ Undercover နေရတာလည်း သဘောကျနေပုံလည်းရပါတယ်။

အန်းဖီးလ်မှာ ၁၀ နှစ်ကြာခဲ့ပြီဖြစ်တဲ့ အသင်းရဲ့ သက်တမ်းအရှည်ဆုံး ကစားသမားဟာ ယာဂန် ကလော့ပ်အတွက်တော့ မရှိမဖြစ်ကွင်းလယ်လူဖြစ်နေပြီး သူနဲ့ ဖာဘင်ညိုသာ တွဲလိုက်ရင် လီဗာပူးလ်တို့ရဲ့ ကစားအားက ကြောက်ဖို့ကောင်းသလို Creative Full Back တွေဖြစ်ကြတဲ့ ရောဘတ်ဆန်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ရှေ့တက်ချင်တိုင်း တက်နိုင်ဖို့ ဟန်ဒါဆန်က အရေးပါလှပါတယ်။

၂။ ဗာဂျီးလ် ဗန်ဒိုက်
အယ်လစ်ဆန်က အသင်းကို ပြည့်စုံစေခဲ့သူဆိုရင် ပေါင် ၇၅ သန်း သုံးခဲ့ရတဲ့ ဒတ်ချ်နောက်ခံလူက အသင်းကို ခပ်ကြမ်းကြမ်း စုတ်ချက်တွေနဲ့ ကြည့်ကောင်းအောင် ရေးပေးတဲ့ ပန်းချီဆရာပါပဲ။ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင် လုပ်ပေးနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ သူ့ကို တစ်ဦးချင်း ကျော်ဖြတ်နိုင်သူ ရှားပါးတဲ့ ထိပ်တန်းနောက်ခံလူလည်းဖြစ်ပြီး အမြင့်ဘောတွေမှာ ထူးခြားကောင်းမွန်သလို တည်ကန်ဘောတွေကလည်း ဂိုးတွေနဲ့ ဖန်တီးမှုတွေကို ရှာဖွေပေးနိုင်သူပါ။

၂၀၁၉ ခုနှစ်ရဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုကို ရယူထားတဲ့ အသက် ၃၀ အရွယ် နောက်ခံလူဟာ လီယွန်နယ် မက်ဆီဆုလို့ ရွဲ့ခေါ်ကြတဲ့ ဘယ်လွန်ဒေါဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံးလည်းဖြစ်ခဲ့ပြီး သူ့ရဲ့ မားမားမတ်မတ် ရပ်တည်မှုနဲ့အတူ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလား
ရိုးမားအသင်းမှာ နှစ်ရာသီကစားပြီး စီးရီးအေဂိုး ၂၉ ဂိုးသွင်းယူနိုင်ခဲ့ရုံနဲ့ ခေါ်ယူထားခဲ့တဲ့ ဒီအီဂျစ်သားကို ချဲလ်ဆီးမှာလိုပဲ တိုင်ပတ်ဦးမယ်လို့ လူတွေက ထင်ခဲ့ကြပြီး မြန်နှုန်းချင်းကွာခြားတဲ့ ပရီးမီးယားလိဂ်ကြောင့် လျှော့တွက်ခံခဲ့ရတာပါ။ ဒါပေမယ့် ရောက်ရောက်ချင်းရာသီမှာ ၃၆ ပွဲကစား ၃၂ ဂိုးအထိ သွင်းယူပြခဲ့ပြီး အပြောစောသူတွေကို အသံတိတ်စေခဲ့သလို နှစ်တိုင်းမှာ ဂိုးသွင်းဘုရင်ဆုကိုလည်း ခြိမ်းခြောက်နိုင်ခဲ့သလို ဒီထဲကမှ ၂ ကြိမ်ဆက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စံချိန်သစ်များစွာ ရေးထိုးနိုင်ခဲ့တဲ့ ဆာလားဟာ ဘယ်လောက်ကောင်းတဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ သက်သေပြစရာ မလိုသလို ရှင်းပြနေရလည်း အေဖိုးတစ်မျက်နှာလောက် ရေးယူရမယ့် မက်ဆီလက်သစ် ညာတောင်ပံသမားလည်းဖြစ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးစံချိန်နှစ်ခုကို ရွေးထုတ်ပြရရင်တော့ ပရီးမီးယားလိဂ်တစ်ရာသီအတွင်းမှာ ဘယ်ခြေနဲ့ ၂၅ ဂိုး သွင်းခဲ့တဲ့ စံချိန်နဲ့ တစ်ရာသီအသင်းမှာ ကလပ်အသင်းသုံးသင်းရဲ့ တစ်သင်းလုံးသွင်းဂိုးထက်ပိုတဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့တဲ့ စံချိန်တွေကို ပြောရမှာဖြစ်ပြီး အန်းဖီးလ်အတွက်တော့ အခမ်းနားဆုံး ကစားသမားလည်းဖြစ်လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းမွာ နည္းျပ ယာဂန္ ကေလာ့ပ္လက္ထက္မွာ သူနဲ႔ အသင္းတာဝန္ရွိသူေတြ၊ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္တို႔ ေခါင္းခ်င္း႐ိုက္ၿပီး ကစားသမားေခၚယူမႈေတြကို ျပဳလုပ္ခဲ့သလို ရွိေနတဲ့ ကစားသမားေတြကိုလည္း အရည္အခ်င္းနဲ႔ ကိုက္ေအာင္ စင္တင္ေပးခဲ့ၿပီး ဒီထဲကမွ အေကာင္းဆုံးလို႔ ဆိုရမယ့္ ကစားသမား ၅ ဦးကို ေ႐ြးထုတ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဆာဒီယို မာေနး
ဆီနီေဂါသားဟာ ကေလာ့ပ္ရဲ႕လက္ထက္မွာ ေငြေၾကးျမင့္ျမင့္မားမား သုံးစြဲၿပီး ေခၚယူခဲ့တဲ့ ပထမဆုံး ကစားသမားလည္းျဖစ္ၿပီး သူတို႔ေတြနဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ ေဆာက္သမ္တန္ကေန ေခၚယူထားခဲ့တာပါ။ ဂ်ာမန္သားႀကီးရဲ႕ ကစားကြက္မွာ မာေနးရဲ႕ အကြက္ျမင္တဲ့ အဆုံးသတ္မႈ၊ ဖန္တီးမႈနဲ႔ မရပ္မနား ေျပးလႊားကစားၿပီး တစ္ဖက္ခံစစ္ကို ဖိအားေပးႏိုင္မႈေတြက ေ႐ႊျဖစ္ခဲ့တဲ့ အရာေတြလည္းျဖစ္ပါတယ္။

မာေနးအေနနဲ႔ ၿပီးခဲ့တဲ့ ၁၀ ရက္ေလာက္က အသင္းအတြက္ ရာျပည့္ဂိုးကိုလည္း သြင္းယူေပးခဲ့ၿပီး လီဗာပူးလ္တို႔ရဲ႕ MSF တိုက္စစ္မွာ ဖာမီႏိုရဲ႕ အခန္းက႑ေလ်ာ့က်သြားေပမယ့္ သူကေတာ့ ဆရာတစ္ဆူျဖစ္ေနတုန္းပဲဆိုတာကို ျပသခဲ့တာပါ။ မိုဟာမက္ ဆာလားနဲ႔ အတြင္းႀကိတ္ၿပိဳင္ဆိုင္မႈေတြ ရွိေနႏိုင္ေပမယ့္ အသင္းအတြက္ ေပးဆပ္ဖို႔အတြက္ေတာ့ စိတ္ခ်ရတဲ့ ၂၉ ႏွစ္သားဟာ ပြဲႀကီးေတြမွာ အီဂ်စ္သားထက္ေတာင္ ပိုၿပီး စိတ္ခ်ရသူျဖစ္ပါတယ္။

၄။ အယ္လစ္ဆန္ ဘက္ကာ
ပရိသတ္ေတြနဲ႔ ေဘာလုံးကြၽမ္းက်င္သူေတြကေတာ့ လီဗာပူးလ္အသင္းကို ျပည့္စုံသြားေစတဲ့ ေခၚယူမႈက ဂိုးသမား အယ္လစ္ဆန္ပဲလို႔ ဆိုခဲ့ၾကၿပီး သူေရာက္လာမွာ ခ်န္ပီယံလိဂ္ဖလားကို တစ္ဖန္ရယူခဲ့မႈနဲ႔အတူ ခ်ီးက်ဴးစရာေတြလည္းျဖစ္ခဲ့ပါတယ္။ ေနာက္တစ္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကိုပါ ရယူႏိုင္ခဲ့သလို အသင္းရဲ႕ ခံစစ္ကို ကြပ္ကဲႏိုင္မႈေတြက သူ႔ကို မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆန္ထက္ သာလြန္ေစၿပီး လက္ေ႐ြးစင္အသင္းမွာပါ ေရွ႕ကို ေျခတစ္လွမ္း သာျပႏိုင္ခဲ့တာပါ။

အီဒါဆန္က တိုက္စစ္ကို ပံ့ပိုးတာ ေကာင္းတယ္၊ ေရွ႕တက္ကစားတာ ပိုေကာင္းတယ္လို႔ လူေတြက ေျပာေနၾကတုန္းမွာပဲ ဖခင္ ဆုံးရႈံးထားလို႔ ေပါက္ကြဲေနတဲ့ အယ္လစ္ဆန္က ေခါင္းတိုက္ၿပီး ဂိုးပါတက္သြင္းျပလိုက္ေတာ့ ဟိုဘက္ရပ္ကြက္သားေတြ အသံတိတ္သြားခဲ့ပါတယ္။ သူ႔အတြက္ ကမာၻ႔ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကို သုံးခဲ့ရေပမယ့္ ႏွေျမာစရာေတာ့ လက္ရွိအခ်ိန္အထိ စဥ္းစားလို႔ကို မရေသးတာလည္းျဖစ္ပါတယ္။

၃။ ေဂ်ာ္ဒန္ ဟန္ဒါဆန္
အသင္းကို ၂၀၁၁ ခုႏွစ္မွာ ဆန္ဒါးလန္းကေန ေရာက္ရွိလာခဲ့တဲ့ အဂၤလန္ကြင္းလယ္လူဟာ အန္းဖီးလ္ရဲ႕ ကပၸတိန္ရာထူးကို ၂၀၁၅ ခုႏွစ္မွာ ဆက္ခံခဲ့ၿပီး သူ႔ရဲ႕ စိတ္ဓာတ္ခိုင္မာမႈ၊ အသင္းေဖာ္ေတြကို ကူညီႏိုင္မႈက ထင္ရွားသလို ဟန္ဒါဆန္ မကစားႏိုင္တဲ့ ေနရာဆိုလို႔ ဂိုးသမားေနရာပဲ ရွိတယ္လို႔ပါ ခ်ီးက်ဴးခံခဲ့ရတာပါ။ လီဗာပူးလ္အသင္းမွာ သူ႔ရဲ႕ မထင္မွတ္တဲ့ ဖန္တီးမႈေတြက တစ္ဖက္အသင္းေတြကို ထိုးႏွက္ႏိုင္ၿပီး ဖန္တီးေနတဲ့ ကစားသမားေတြရဲ႕ ေနာက္မွာ Undercover ေနရတာလည္း သေဘာက်ေနပုံလည္းရပါတယ္။

အန္းဖီးလ္မွာ ၁၀ ႏွစ္ၾကာခဲ့ၿပီျဖစ္တဲ့ အသင္းရဲ႕ သက္တမ္းအရွည္ဆုံး ကစားသမားဟာ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ မရွိမျဖစ္ကြင္းလယ္လူျဖစ္ေနၿပီး သူနဲ႔ ဖာဘင္ညိဳသာ တြဲလိုက္ရင္ လီဗာပူးလ္တို႔ရဲ႕ ကစားအားက ေၾကာက္ဖို႔ေကာင္းသလို Creative Full Back ေတြျဖစ္ၾကတဲ့ ေရာဘတ္ဆန္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ေရွ႕တက္ခ်င္တိုင္း တက္ႏိုင္ဖို႔ ဟန္ဒါဆန္က အေရးပါလွပါတယ္။

၂။ ဗာဂ်ီးလ္ ဗန္ဒိုက္
အယ္လစ္ဆန္က အသင္းကို ျပည့္စုံေစခဲ့သူဆိုရင္ ေပါင္ ၇၅ သန္း သုံးခဲ့ရတဲ့ ဒတ္ခ်္ေနာက္ခံလူက အသင္းကို ခပ္ၾကမ္းၾကမ္း စုတ္ခ်က္ေတြနဲ႔ ၾကည့္ေကာင္းေအာင္ ေရးေပးတဲ့ ပန္းခ်ီဆရာပါပဲ။ လီဗာပူးလ္အသင္းရဲ႕ ခံစစ္ကို လူ႐ိုေသ ရွင္႐ိုေသျဖစ္ေအာင္ လုပ္ေပးႏိုင္ခဲ့တဲ့ ဗန္ဒိုက္ဟာ သူ႔ကို တစ္ဦးခ်င္း ေက်ာ္ျဖတ္ႏိုင္သူ ရွားပါးတဲ့ ထိပ္တန္းေနာက္ခံလူလည္းျဖစ္ၿပီး အျမင့္ေဘာေတြမွာ ထူးျခားေကာင္းမြန္သလို တည္ကန္ေဘာေတြကလည္း ဂိုးေတြနဲ႔ ဖန္တီးမႈေတြကို ရွာေဖြေပးႏိုင္သူပါ။

၂၀၁၉ ခုႏွစ္ရဲ႕ ယူအီးအက္ဖ္ေအ အေကာင္းဆုံးကစားသမားဆုကို ရယူထားတဲ့ အသက္ ၃၀ အ႐ြယ္ ေနာက္ခံလူဟာ လီယြန္နယ္ မက္ဆီဆုလို႔ ႐ြဲ႕ေခၚၾကတဲ့ ဘယ္လြန္ေဒါဆုကို ရယူႏိုင္ဖို႔ အနီးစပ္ဆုံးလည္းျဖစ္ခဲ့ၿပီး သူ႔ရဲ႕ မားမားမတ္မတ္ ရပ္တည္မႈနဲ႔အတူ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုေတြကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလား
႐ိုးမားအသင္းမွာ ႏွစ္ရာသီကစားၿပီး စီးရီးေအဂိုး ၂၉ ဂိုးသြင္းယူႏိုင္ခဲ့႐ုံနဲ႔ ေခၚယူထားခဲ့တဲ့ ဒီအီဂ်စ္သားကို ခ်ဲလ္ဆီးမွာလိုပဲ တိုင္ပတ္ဦးမယ္လို႔ လူေတြက ထင္ခဲ့ၾကၿပီး ျမန္ႏႈန္းခ်င္းကြာျခားတဲ့ ပရီးမီးယားလိဂ္ေၾကာင့္ ေလွ်ာ့တြက္ခံခဲ့ရတာပါ။ ဒါေပမယ့္ ေရာက္ေရာက္ခ်င္းရာသီမွာ ၃၆ ပြဲကစား ၃၂ ဂိုးအထိ သြင္းယူျပခဲ့ၿပီး အေျပာေစာသူေတြကို အသံတိတ္ေစခဲ့သလို ႏွစ္တိုင္းမွာ ဂိုးသြင္းဘုရင္ဆုကိုလည္း ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဒီထဲကမွ ၂ ႀကိမ္ဆက္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ စံခ်ိန္သစ္မ်ားစြာ ေရးထိုးႏိုင္ခဲ့တဲ့ ဆာလားဟာ ဘယ္ေလာက္ေကာင္းတဲ့ ေခၚယူမႈျဖစ္ခဲ့တယ္လို႔ သက္ေသျပစရာ မလိုသလို ရွင္းျပေနရလည္း ေအဖိုးတစ္မ်က္ႏွာေလာက္ ေရးယူရမယ့္ မက္ဆီလက္သစ္ ညာေတာင္ပံသမားလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ အေကာင္းဆုံးစံခ်ိန္ႏွစ္ခုကို ေ႐ြးထုတ္ျပရရင္ေတာ့ ပရီးမီးယားလိဂ္တစ္ရာသီအတြင္းမွာ ဘယ္ေျခနဲ႔ ၂၅ ဂိုး သြင္းခဲ့တဲ့ စံခ်ိန္နဲ႔ တစ္ရာသီအသင္းမွာ ကလပ္အသင္းသုံးသင္းရဲ႕ တစ္သင္းလုံးသြင္းဂိုးထက္ပိုတဲ့ ဂိုးေတြကို သြင္းယူႏိုင္ခဲ့တဲ့ စံခ်ိန္ေတြကို ေျပာရမွာျဖစ္ၿပီး အန္းဖီးလ္အတြက္ေတာ့ အခမ္းနားဆုံး ကစားသမားလည္းျဖစ္လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.