Premier League Transfer News

အန်နက်ဆီရီအတွက် ချဉ်ဖတ် ဆီဗီလာနဲ့ ခေါင်းစားရဦးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့အလိုရှိနေတဲ့ လာလီဂါကလပ် ဆီဗီလာအသင်းရဲ့ တိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆီရီကို ခေါ်ယူဖို့အတွက် ညှိနှိုင်းမှုက မပြေလည်ဖို့ များနေပြီး အန်ဒါလူစီယာအခြေစိုက်ကလပ်ရဲ့ ဈေးကွက်တွင်းမှာ အချိုးမပြေတဲ့ ပုံစံကြောင့် မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းလိုပဲ ကြုံတွေ့ရနိုင်ခြေ များလာခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် မော်ရိုကိုတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါသွင်းဂိုး ၁၈ ဂိုးနဲ့အတူ ပြိုင်ပွဲစုံမှာ ဆီဗီလာအသင်းအတွက် ၂၄ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး သူ့ကို လူတွေ သတိထားမိခဲ့ကြတာကတော့ လီဟာနက်စ်အသင်းနဲ့ အရေးကြီးတဲ့ ဂိုးတွေကို ရှာဖွေနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ဆီဗီလာအသင်းက သူ့ကို ၂၀၁၉-၂၀ ရာသီဝက်မှာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ခေါ်ယူထားခဲ့ပြီး ဥရောပအသင်းကြီးတွေ မျက်စိကျလာခဲ့တဲ့ အချိန်မှာ ဈေးကောင်းရမှ ပြန်လည်ရောင်းချသွားဖို့ ရှိနေသလို အာဆင်နယ်အသင်းအနေနဲ့ အလိုရှိရင် ပေါင် ၃၈.၅ သန်း (ယူရို ၄၅ သန်း) ပေးရလိမ့်မယ်လို့ သတိပေးခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဆောင်းရာသီဈေးကွက်မှာ အသင်းရဲ့ စီနီယာတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး လာကာဇက်ကို ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း) ရရှိရင် ရောင်းချသွားဖို့ စီစဉ်နေပြီး ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့လို အသင်းတွေကို ထိုးထည့်နိုင်ဖို့ ရည်ရွယ်နေသလို အဆင်ပြေရင်တော့ အန်နက်ဆီရီကို ပြင်သစ်သားကြီးနဲ့ အလဲအထပ်ပါ ရိုက်ချင်နေတာဖြစ်ပါတယ်။

ဈေးနှုန်းညှိနှိုင်းရာမှာ တော်တော်လေး အချိုးမပြေတဲ့ အသင်းလို့ နောက်ပိုင်းနှစ်တွေမှာ လူတွေရဲ့ စိတ်ပျက်မှုကို ရယူထားပြီး ချဉ်ဖတ်ဖြစ်လာခဲ့တဲ့ ဆီဗီလာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီကရော ဒီနွေရာသီမှာပါ သူတို့ရဲ့ နောက်ခံလူဖြစ်တဲ့ ဂျူးလ် ကွန်ဒီကို မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေက ကမ်းလှမ်းခဲ့တာကို ဈေးကိုင်ပြီး ပျက်ပြယ်စေခဲ့မှုက ကစားသမားရဲ့ ငြိုငြင်ခြင်းကိုလည်း ခံခဲ့ရစေတာပါ။

လက်ရှိမှာတော့ အရပ် ၆ ပေ ၂ လက်မရှိတဲ့ အန်နက်ဆီရီကို အလိုရှိနေတဲ့ အာဆင်နယ်အပြင် ဝက်စ်ဟမ်းအသင်းကလည်း စောင့်ကြည့်နေပြီး ဆီဗီလာဘက်ကတော့ ဝစ်ဆမ် ဘင်ယက်ဒါကို မိုနာကိုဆီ ရောင်းချခဲ့တုန်းက ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)ထက်ပို အလိုရှိနေပြီး ကလပ်စံချိန်တင် အရောင်းကြေးဖြစ်လာဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ သူ့ကို ယူရို ၄၅ သန်း ပေးခေါ်မယ့်အစား ပိုမိုငယ်ရွယ်ပြီး အီးယူကစားသမားလည်းဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်ရဲ့ ဆွီဒင်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကိုပဲ ပြောင်းလဲခေါ်ယူသွားနိုင်ခြေလည်းရှိနေပြီး အာတီတာနဲ့ အီဒူးတို့အတွက်တော့ ဈေးနဲ့ အသက်ကို ချိန်ညှိပြီး ပိုမိုစဉ်းစားတတ်တဲ့ လုပ်ထုံးလုပ်နည်းအရတော့ ချဉ်ဖတ် ဆီဗီလာနဲ့ အလုပ်ဖြစ်ဖို့ ခက်ခဲဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔အလိုရွိေနတဲ့ လာလီဂါကလပ္ ဆီဗီလာအသင္းရဲ႕ တိုက္စစ္မႉး ယူဆက္ဖ္ အန္နက္ဆီရီကို ေခၚယူဖို႔အတြက္ ညႇိႏႈိင္းမႈက မေျပလည္ဖို႔ မ်ားေနၿပီး အန္ဒါလူစီယာအေျခစိုက္ကလပ္ရဲ႕ ေဈးကြက္တြင္းမွာ အခ်ိဳးမေျပတဲ့ ပုံစံေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းလိုပဲ ႀကဳံေတြ႕ရႏိုင္ေျခ မ်ားလာခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ေမာ္႐ိုကိုတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါသြင္းဂိုး ၁၈ ဂိုးနဲ႔အတူ ၿပိဳင္ပြဲစုံမွာ ဆီဗီလာအသင္းအတြက္ ၂၄ ဂိုး သြင္းယူေပးခဲ့သူျဖစ္ၿပီး သူ႔ကို လူေတြ သတိထားမိခဲ့ၾကတာကေတာ့ လီဟာနက္စ္အသင္းနဲ႔ အေရးႀကီးတဲ့ ဂိုးေတြကို ရွာေဖြႏိုင္ခဲ့တာေၾကာင့္လည္း ျဖစ္ပါတယ္။

ဆီဗီလာအသင္းက သူ႔ကို ၂၀၁၉-၂၀ ရာသီဝက္မွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ နဲ႔ ေခၚယူထားခဲ့ၿပီး ဥေရာပအသင္းႀကီးေတြ မ်က္စိက်လာခဲ့တဲ့ အခ်ိန္မွာ ေဈးေကာင္းရမွ ျပန္လည္ေရာင္းခ်သြားဖို႔ ရွိေနသလို အာဆင္နယ္အသင္းအေနနဲ႔ အလိုရွိရင္ ေပါင္ ၃၈.၅ သန္း (ယူ႐ို ၄၅ သန္း) ေပးရလိမ့္မယ္လို႔ သတိေပးခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ေဆာင္းရာသီေဈးကြက္မွာ အသင္းရဲ႕ စီနီယာတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အလက္ဇန္းဒါး လာကာဇက္ကို ယူ႐ိုသန္း ၂၀ (ေပါင္ ၁၇ သန္း) ရရွိရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေနၿပီး ဘာစီလိုနာနဲ႔ အက္သလက္တီကိုတို႔လို အသင္းေတြကို ထိုးထည့္ႏိုင္ဖို႔ ရည္႐ြယ္ေနသလို အဆင္ေျပရင္ေတာ့ အန္နက္ဆီရီကို ျပင္သစ္သားႀကီးနဲ႔ အလဲအထပ္ပါ ႐ိုက္ခ်င္ေနတာျဖစ္ပါတယ္။

ေဈးႏႈန္းညႇိႏႈိင္းရာမွာ ေတာ္ေတာ္ေလး အခ်ိဳးမေျပတဲ့ အသင္းလို႔ ေနာက္ပိုင္းႏွစ္ေတြမွာ လူေတြရဲ႕ စိတ္ပ်က္မႈကို ရယူထားၿပီး ခ်ဥ္ဖတ္ျဖစ္လာခဲ့တဲ့ ဆီဗီလာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကေရာ ဒီေႏြရာသီမွာပါ သူတို႔ရဲ႕ ေနာက္ခံလူျဖစ္တဲ့ ဂ်ဴးလ္ ကြန္ဒီကို မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက ကမ္းလွမ္းခဲ့တာကို ေဈးကိုင္ၿပီး ပ်က္ျပယ္ေစခဲ့မႈက ကစားသမားရဲ႕ ၿငိဳျငင္ျခင္းကိုလည္း ခံခဲ့ရေစတာပါ။

လက္ရွိမွာေတာ့ အရပ္ ၆ ေပ ၂ လက္မရွိတဲ့ အန္နက္ဆီရီကို အလိုရွိေနတဲ့ အာဆင္နယ္အျပင္ ဝက္စ္ဟမ္းအသင္းကလည္း ေစာင့္ၾကည့္ေနၿပီး ဆီဗီလာဘက္ကေတာ့ ဝစ္ဆမ္ ဘင္ယက္ဒါကို မိုနာကိုဆီ ေရာင္းခ်ခဲ့တုန္းက ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)ထက္ပို အလိုရွိေနၿပီး ကလပ္စံခ်ိန္တင္ အေရာင္းေၾကးျဖစ္လာဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ သူ႔ကို ယူ႐ို ၄၅ သန္း ေပးေခၚမယ့္အစား ပိုမိုငယ္႐ြယ္ၿပီး အီးယူကစားသမားလည္းျဖစ္တဲ့ ရီးရဲလ္ဆိုစီဒက္ရဲ႕ ဆြီဒင္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္ကိုပဲ ေျပာင္းလဲေခၚယူသြားႏိုင္ေျခလည္းရွိေနၿပီး အာတီတာနဲ႔ အီဒူးတို႔အတြက္ေတာ့ ေဈးနဲ႔ အသက္ကို ခ်ိန္ညႇိၿပီး ပိုမိုစဥ္းစားတတ္တဲ့ လုပ္ထုံးလုပ္နည္းအရေတာ့ ခ်ဥ္ဖတ္ ဆီဗီလာနဲ႔ အလုပ္ျဖစ္ဖို႔ ခက္ခဲဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.