Article

လက်ရှိဘောလုံးလောကရဲ့ တိုက်စစ်အားအသန်ဆုံး နည်းပြ ၅ ဦး

လက်ရှိ ခေတ်သစ်ကာလ ဘောလုံးလောကထဲမှာ အံ့အားသင့်စရာနည်းပြအချို့ ရှိနေပြီး ကလပ်အသင်းအောင်မြင်မှုဟာ ကစားသမားတွေအပေါ် မူတည်ပေမယ့် နည်းပြတွေရဲ့ နည်းဗျူဟာနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ အကောင်းဆုံးနည်းပြတွေဟာ ၎င်းတို့ရဲ့ ကစားဟန်၊ ကစားသမားတွေရဲ့ဂုဏ်သတင်းကြီးမားမှုအပေါ် မမှီခိုခြင်းတို့ကြောင့် ကျော်ကြားမှု ရရှိလာကြတာဖြစ်ပြီး အမှန်တကယ်လည်း လူစာရင်းထဲက အတွေ့အကြုံရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ခြင်းက နည်းပြအတွက် ကြီးမားတဲ့အကူအညီဖြစ်စေတာဖြစ်ပါတယ်။

လက်ရှိခေတ် အအောင်မြင်ဆုံး နည်းပြတွေထဲက အချို့ဟာ တိုက်စစ်အသားပေးကစားဟန်ကို အသုံးပြုကြပြီး လက်ရှိ ဘောလုံးလောကမှာ တိုက်စစ်ကစားဟန်အကောင်းဆုံး နည်းပြ ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ ဂျီအန် ပီရို ဂက်စ်ပါရီနီ(အတ္တလန္တာ)

အီတလီနည်းပြအများစုရဲ့ပုံစံအတိုင်း ဂက်စ်ပါရီနီဟာ ကစားဟန်နဲ့ပတ်သက်ပြီး တိုက်စစ်ကို ပိုမိုအားသန်တဲ့ နည်းပြဖြစ်ပြီး ပုံမှန်အားဖြင့် ခံစစ်မှူး ၃ ဦးနဲ့ ၃-၄-၂-၁ သို့မဟုတ် ၃-၅-၂ ကစားကွက်ကို အသုံးပြုတတ်ပါတယ်။ ဂက်စ်ပါရီနီဟာ နည်းပြဘဝကို စီးရီးစီကလပ်ဖြစ်တဲ့ ခရိုတုန်းနဲ့ စတင်ခဲ့ပြီး အဲဒီအချိန်ကတည်းက မတူညီတဲ့အီတလီကလပ်အသင်းတွေကို နည်းပြခဲ့ပါတယ်။ အီတလီလူမျိုးနည်းပြဟာ အတ္တလန္တာအပြင် ဂျီနိုအာ၊ အင်တာမီလန်၊ ပါလာမိုတို့ကိုလည်း နည်းပြခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှာ အတ္တလန္တာကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဂက်စ်ပါရီနီရဲ့ အတ္တလန္တာနည်းပြဘဝအစပိုင်းဟာ ခက်ခဲတဲ့ကာလတွေဖြစ်ခဲ့ပြီးနောက် ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ တိုက်စစ်ကစားဟန်ကို အသားပေးတဲ့ နည်းဗျူဟာက စီးရီးအေကလပ်အသင်းအတွက် ကောင်းကောင်းအလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ စီးရီးအေကလပ်ဟာ အသက် ၆၃ နှစ်အရွယ်နည်းပြလက်အောက်မှာ လက်ရှိအချိန်အထိ ပွဲပေါင်း ၁၉၅ ပွဲကစားထားရာမှာ သွင်းဂိုး ၃၉၀ အထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်ပွဲကို ၂ ဂိုးနှုန်းရှိနေတာဖြစ်သလို ပြီးခဲ့တဲ့ရာသီမှာလည်း စီးရီးအေအမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိပါ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

၄။ ဂျူလီယန် နာဂယ်စ်မန်း(ဘိုင်ယန်မြူးနစ်)

ဂျူလီယန် နာဂယ်စ်မန်းဟာ အသက်ငယ်ရွယ်သေးတဲ့အချိန်မှာပဲ ၎င်းရဲ့နည်းပြစွမ်းရည်ကြောင့် ချီးကျူးထောပနာပြုမှုများစွာ ရရှိခဲ့တာဖြစ်ပြီး ဘောလုံးလောကဟာ တိုက်စစ်အားသန်တဲ့နည်းပြတွေကို ပိုမိုလိုအပ်ပြီး ဂျာမန်နည်းပြဟာ အဲဒီလိုနည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။ နာဂယ်စ်မန်းဟာ ခံစစ်မှာ ၃ ဦးထားကစားရတာ နှစ်သက်လွန်းသူဖြစ်ပေမယ့် ပွဲစဉ်အတွင်း ပြိုင်ဘက်ကွင်းခြမ်းဘက်မှာ အလွန်ဖိကစားတတ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်နည်းပြဟာ တစ်ခါတုန်းက လက်ရှိ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ သောမတ်စ် တူဟယ်ရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့ဖူးပြီး ဘောလုံးလောကရဲ့ မော်ရင်ညိုအသေးစားအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ နာဂယ်စ်မန်းဟာ ပေါ်တိုမှာတုန်းက ဟိုဆေး မော်ရင်ညို ရှိခဲ့တဲ့ ပြင်းထန်မှုနဲ့ နည်းဗျူဟာထက်မြက်မှုတို့ကို ပိုင်ဆိုင်ထားပြီး ၎င်းရဲ့အသင်းဟာ ခံစစ်ပြင်းထန်ပြီး နောက်တန်းကနေ တိုက်စစ်စတင်တတ်တဲ့ အသင်းလိုက်စုဖွဲ့မှုပုံစံနဲ့ ကစားတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းမှာ ရှိခဲ့တဲ့ကာလဟာ နာဂယ်စ်မန်းရဲ့ နည်းပြဘဝ အခြေတည်မှုဖြစ်ခဲ့ပြီး ဟော့ဖန်ဟိမ်းနည်းပြဟောင်းဟာ လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်မှာ အကောင်းဆုံးအဆုံးသတ်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ လိုက်ပ်ဇစ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး အသင်းအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ နာဂယ်စ်မန်းရဲ့အထင်ကြီးဖွယ် နည်းပြစွမ်းရည်ဟာ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာဖို့အတွက် အခွင့်အရေးဖြစ်စေခဲ့ပြီး ယခုနွေရာသီမှာ ဟန်ဆီ ဖလစ်နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဂျာမန်နည်းပြအနေနဲ့ ဘယ်လို အောင်မြင်မှုတွေ ရရှိအောင် လမ်းပြပေးသွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။

၃။ ဟန်ဆီ ဖလစ်(ဂျာမနီ)

ဂျာမန်လက်ရွေးစင်နည်းပြဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့သမိုင်းမှာ လူသိများကျော်ကြားသူဖြစ်ပြီး ဘိုင်ယန်အသင်းကစားသမားအဖြစ်နဲ့ ဘွန်ဒက်စ်လီဂါဖလားကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဂျာမန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ၈ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟန်ဆီ ဖလစ်ဟာ ၂၀၁၉ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းမှာ နီကို ကိုဗတ်ရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ခရိုအေးရှားလူမျိုးနည်းပြဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ လမ်းခွဲသွားချိန်မှာ ဖလစ်က ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး အဲဒီရာသီမှာပဲ ဘိုင်ယန်မြူးနစ်အသင်းကို ဥရောပဖလား ၃ ခုဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ၊ DFB ပိုကယ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်အောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ နည်းပြခဲ့တဲ့ကာလအတွင်း ရှုံးပွဲ ၇ ပွဲသာ ရင်ဆိုင်ခဲ့ရပြီး ဆုဖလားပေါင်း ၇ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဟန်ဆီ ဖလစ်ဟာ တိုက်စစ်မှာ ကစားသမား ၇ ဦးလောက်အထိ ပါဝင်နိုင်စေတဲ့ ၄-၃-၃ သို့မဟုတ် ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုကစားလေ့ရှိသူဖြစ်ပါတယ်။ ဖလစ်ဟာ ၎င်းရဲ့ တိုက်စစ်ကစားဟန်အတွက် ဘောလုံးကိုင်ကစားနိုင်တဲ့ ခံစစ်သမားတွေကို ပိုမိုအသုံးပြုလေ့ရှိပြီး ၎င်းရဲ့ တိုက်စစ်ချဉ်းကပ်တဲ့ ကစားဟန်ကြောင့် ဂျာမန်လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အန္တရာယ်ရှိတဲ့အသင်းဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

၂။ ယာဂန် ကလော့ပ်(လီဗာပူးလ်)

ဂျာမန်လူမျိုးနည်းပြဟာ အတော်လေး တိုက်စစ်ချဉ်းကပ်တဲ့ ကစားဟန်ရှိသူဖြစ်ပြီး နည်းပြအများအပြားအတွက် အတုယူစရာကောင်းတဲ့ နည်းပြဖြစ်ပါတယ်။ ကလော့ပ်ဟာ ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်အသင်းနည်းပြအဖြစ်နဲ့ ၎င်းရဲ့နာမည်ကို ရေးထိုးခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါလား ၂ ကြိမ်နဲ့ ၂၀၁၂-၂၀၁၃ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကို ဆုဖလားတွေ ပြန်လည်ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ပူးပေါင်းခဲ့ပြီး အခြားဂျာမန်နည်းပြတွေအတိုင်းပဲ ကလော့ပ်ဟာ ပြိုင်ဘက်အသင်းကွင်းဘက်ခြမ်းမှာ ခပ်ပြင်းပြင်းဖိကစားရတာကို ယုံကြည်လွန်းသူဖြစ်ပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့ကစားသမားတွေကို ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားတာ၊ ထက်မြက်တာ၊ တိုက်စစ်ကို ချဉ်းကပ်ရာမှာ မဆုတ်မနစ်ရှိတာမျိုးကို နှစ်သက်သူဖြစ်ပြီး တိုက်စစ်အပိုင်းမှာလည်း ဒေါ့မွန်နည်းပြဟောင်းဟာ ပြိုင်ဘက်ဆီကနေ ဘောလုံးကို လုယူပြီး လျင်လျင်မြန်မြန် ဂိုးကန်သွင်းတဲ့ပုံစံနဲ့ ဘောလုံးကို တချက်ထိနဲ့ နေရာလွတ်တွေ ဖန်တီးတဲ့ကစားကွက်မျိုးကို နှစ်သက်သူဖြစ်ပါတယ်။ ကလော့ပ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ လီဗာပူးလ်အသင်းကို ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ်ဖလားကိုလည်း ရယူပေးခဲ့ပါတယ်။

၁။ ပက် ဂွါဒီယိုလာ(မန်ချက်စတာစီးတီး)

ပက် ဂွါဒီယိုလာဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆိုတာ အငြင်းပွားစရာမရှိဘဲ ၎င်းရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အသေးစိတ်ကျလှတဲ့ ပွဲဗျူဟာနဲ့ တိကျမှုတို့ကြောင့် နှစ်ပေါင်းများစွာ အလွန်ကောင်းမွန်တဲ့ နည်းပြဖြစ်စေခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ သူ နည်းပြတဲ့ ဘယ်လိုအသင်းမျိုးကိုမဆို အောင်မြင်မှု ရရှိအောင် ယူဆောင်ပေးနိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်းဟာ ၂၀၀၈-၂၀၀၉ ရာသီမှာ ဘာစီလိုနာအသင်းနဲ့ တိုက်ကြီးဖလား ၃ လုံး ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ရှိနေခဲ့တဲ့ ကာလအတွင်း ဆုဖလားပေါင်း ၇ လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီမှာတော့ မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အသင်းဖြစ်လာခဲ့တာဖြစ်ပြီး စပိန်နည်းဗျူဟာဉာဏ်ကြီးရှင်ဟာ ဘောလုံးပိုင်ဆိုင်မှု အခြေခံတဲ့ တိုက်စစ်ကစားဟန်ကို ကစားရတာ နှစ်သက်သူဖြစ်ပါတယ်။

အသင်းကို ဘောလုံးပေးပို့ခြင်း၊ နေရာယူခြင်းနဲ့ ပွဲကို ထိန်းချုပ်ခြင်းပုံစံနဲ့ ကစားစေပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပြင်းပြင်းထန်ထန် ဖိကစားတတ်တယ်လို့ လူသိများသလို နောက်တန်းကနေလည်း တိုက်စစ်ကောင်းကောင်း စတင်နိုင်တဲ့အသင်းဖြစ်ပါတယ်။ ဂိုးသမားတောင် သူ့ရဲ့ ခြေထောက်ကို အသုံးပြုပြီး ကစားတဲ့အထိ တိုက်စစ်အမြင်ရှိတဲ့အရည်အချင်းကို ပိုင်ဆိုင်ထားပြီး ဂွါဒီယိုလာရဲ့ တိုက်စစ်ကစားဟန်ကြောင့် မန်စီးတီးဟာ ပြီးခဲ့တဲ့ ၅ ရာသီအတွင်း အောင်မြင်မှုများစွာကို ရိတ်သိမ်းနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်ကလပ်အသင်းဟာ နည်းပြ ဂွါဒီယိုလာလက်အောက်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် တစ်ကြိမ် ရရှိထားပြီး ယခုရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ဖို့ တိုက်ပွဲဝင်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လက္ရွိ ေခတ္သစ္ကာလ ေဘာလုံးေလာကထဲမွာ အံ့အားသင့္စရာနည္းျပအခ်ိဳ႕ ရွိေနၿပီး ကလပ္အသင္းေအာင္ျမင္မႈဟာ ကစားသမားေတြအေပၚ မူတည္ေပမယ့္ နည္းျပေတြရဲ႕ နည္းဗ်ဴဟာနဲ႔လည္း အမ်ားႀကီး သက္ဆိုင္ပါတယ္။ အေကာင္းဆုံးနည္းျပေတြဟာ ၎တို႔ရဲ႕ ကစားဟန္၊ ကစားသမားေတြရဲ႕ဂုဏ္သတင္းႀကီးမားမႈအေပၚ မမွီခိုျခင္းတို႔ေၾကာင့္ ေက်ာ္ၾကားမႈ ရရွိလာၾကတာျဖစ္ၿပီး အမွန္တကယ္လည္း လူစာရင္းထဲက အေတြ႕အႀကဳံရင့္ကစားသမားေတြနဲ႔ လူငယ္ကစားသမားေတြကို ေပါင္းစပ္ျခင္းက နည္းျပအတြက္ ႀကီးမားတဲ့အကူအညီျဖစ္ေစတာျဖစ္ပါတယ္။

လက္ရွိေခတ္ အေအာင္ျမင္ဆုံး နည္းျပေတြထဲက အခ်ိဳ႕ဟာ တိုက္စစ္အသားေပးကစားဟန္ကို အသုံးျပဳၾကၿပီး လက္ရွိ ေဘာလုံးေလာကမွာ တိုက္စစ္ကစားဟန္အေကာင္းဆုံး နည္းျပ ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဂ်ီအန္ ပီ႐ို ဂက္စ္ပါရီနီ(အတၱလႏၲာ)

အီတလီနည္းျပအမ်ားစုရဲ႕ပုံစံအတိုင္း ဂက္စ္ပါရီနီဟာ ကစားဟန္နဲ႔ပတ္သက္ၿပီး တိုက္စစ္ကို ပိုမိုအားသန္တဲ့ နည္းျပျဖစ္ၿပီး ပုံမွန္အားျဖင့္ ခံစစ္မႉး ၃ ဦးနဲ႔ ၃-၄-၂-၁ သို႔မဟုတ္ ၃-၅-၂ ကစားကြက္ကို အသုံးျပဳတတ္ပါတယ္။ ဂက္စ္ပါရီနီဟာ နည္းျပဘဝကို စီးရီးစီကလပ္ျဖစ္တဲ့ ခ႐ိုတုန္းနဲ႔ စတင္ခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက မတူညီတဲ့အီတလီကလပ္အသင္းေတြကို နည္းျပခဲ့ပါတယ္။ အီတလီလူမ်ိဳးနည္းျပဟာ အတၱလႏၲာအျပင္ ဂ်ီႏိုအာ၊ အင္တာမီလန္၊ ပါလာမိုတို႔ကိုလည္း နည္းျပခဲ့ဖူးၿပီး ၂၀၁၆ ခုႏွစ္မွာ အတၱလႏၲာကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

ဂက္စ္ပါရီနီရဲ႕ အတၱလႏၲာနည္းျပဘဝအစပိုင္းဟာ ခက္ခဲတဲ့ကာလေတြျဖစ္ခဲ့ၿပီးေနာက္ ေကာင္းေကာင္းကိုင္တြယ္ႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ တိုက္စစ္ကစားဟန္ကို အသားေပးတဲ့ နည္းဗ်ဴဟာက စီးရီးေအကလပ္အသင္းအတြက္ ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ စီးရီးေအကလပ္ဟာ အသက္ ၆၃ ႏွစ္အ႐ြယ္နည္းျပလက္ေအာက္မွာ လက္ရွိအခ်ိန္အထိ ပြဲေပါင္း ၁၉၅ ပြဲကစားထားရာမွာ သြင္းဂိုး ၃၉၀ အထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ပ်မ္းမွ်အားျဖင့္ တစ္ပြဲကို ၂ ဂိုးႏႈန္းရွိေနတာျဖစ္သလို ၿပီးခဲ့တဲ့ရာသီမွာလည္း စီးရီးေအအမွတ္ေပးဇယားအဆင့္ ၃ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္အထိပါ တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

၄။ ဂ်ဴလီယန္ နာဂယ္စ္မန္း(ဘိုင္ယန္ျမဴးနစ္)

ဂ်ဴလီယန္ နာဂယ္စ္မန္းဟာ အသက္ငယ္႐ြယ္ေသးတဲ့အခ်ိန္မွာပဲ ၎ရဲ႕နည္းျပစြမ္းရည္ေၾကာင့္ ခ်ီးက်ဴးေထာပနာျပဳမႈမ်ားစြာ ရရွိခဲ့တာျဖစ္ၿပီး ေဘာလုံးေလာကဟာ တိုက္စစ္အားသန္တဲ့နည္းျပေတြကို ပိုမိုလိုအပ္ၿပီး ဂ်ာမန္နည္းျပဟာ အဲဒီလိုနည္းျပေတြထဲက တစ္ဦးျဖစ္ပါတယ္။ နာဂယ္စ္မန္းဟာ ခံစစ္မွာ ၃ ဦးထားကစားရတာ ႏွစ္သက္လြန္းသူျဖစ္ေပမယ့္ ပြဲစဥ္အတြင္း ၿပိဳင္ဘက္ကြင္းျခမ္းဘက္မွာ အလြန္ဖိကစားတတ္ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္နည္းျပဟာ တစ္ခါတုန္းက လက္ရွိ ခ်ဲလ္ဆီးနည္းျပအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတဲ့ ေသာမတ္စ္ တူဟယ္ရဲ႕ လက္ေထာက္နည္းျပျဖစ္ခဲ့ဖူးၿပီး ေဘာလုံးေလာကရဲ႕ ေမာ္ရင္ညိဳအေသးစားအျဖစ္ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။ နာဂယ္စ္မန္းဟာ ေပၚတိုမွာတုန္းက ဟိုေဆး ေမာ္ရင္ညိဳ ရွိခဲ့တဲ့ ျပင္းထန္မႈနဲ႔ နည္းဗ်ဴဟာထက္ျမက္မႈတို႔ကို ပိုင္ဆိုင္ထားၿပီး ၎ရဲ႕အသင္းဟာ ခံစစ္ျပင္းထန္ၿပီး ေနာက္တန္းကေန တိုက္စစ္စတင္တတ္တဲ့ အသင္းလိုက္စုဖြဲ႕မႈပုံစံနဲ႔ ကစားတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းမွာ ရွိခဲ့တဲ့ကာလဟာ နာဂယ္စ္မန္းရဲ႕ နည္းျပဘဝ အေျခတည္မႈျဖစ္ခဲ့ၿပီး ေဟာ့ဖန္ဟိမ္းနည္းျပေဟာင္းဟာ လိုက္ပ္ဇစ္ကို ခ်န္ပီယံလိဂ္မွာ အေကာင္းဆုံးအဆုံးသတ္ႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ လိုက္ပ္ဇစ္ဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ ဥေရာပၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီး အသင္းအတြက္ သမိုင္းသစ္ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ နာဂယ္စ္မန္းရဲ႕အထင္ႀကီးဖြယ္ နည္းျပစြမ္းရည္ဟာ ဘိုင္ယန္ျမဴးနစ္နည္းျပျဖစ္လာဖို႔အတြက္ အခြင့္အေရးျဖစ္ေစခဲ့ၿပီး ယခုေႏြရာသီမွာ ဟန္ဆီ ဖလစ္ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ဂ်ာမန္နည္းျပအေနနဲ႔ ဘယ္လို ေအာင္ျမင္မႈေတြ ရရွိေအာင္ လမ္းျပေပးသြားမလဲဆိုတာ စိတ္ဝင္တစားေစာင့္ၾကည့္ရမွာပါ။

၃။ ဟန္ဆီ ဖလစ္(ဂ်ာမနီ)

ဂ်ာမန္လက္ေ႐ြးစင္နည္းျပဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕သမိုင္းမွာ လူသိမ်ားေက်ာ္ၾကားသူျဖစ္ၿပီး ဘိုင္ယန္အသင္းကစားသမားအျဖစ္နဲ႔ ဘြန္ဒက္စ္လီဂါဖလားကို ၄ ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ ဂ်ာမန္လက္ေ႐ြးစင္အသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ ၈ ႏွစ္ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဟန္ဆီ ဖလစ္ဟာ ၂၀၁၉ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ နီကို ကိုဗတ္ရဲ႕လက္ေထာက္နည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ခ႐ိုေအးရွားလူမ်ိဳးနည္းျပဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ လမ္းခြဲသြားခ်ိန္မွာ ဖလစ္က ယာယီနည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရၿပီး အဲဒီရာသီမွာပဲ ဘိုင္ယန္ျမဴးနစ္အသင္းကို ဥေရာပဖလား ၃ ခုျဖစ္တဲ့ ဘြန္ဒက္စ္လီဂါ၊ DFB ပိုကယ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ေအာင္ နည္းျပေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္မွာ နည္းျပခဲ့တဲ့ကာလအတြင္း ရႈံးပြဲ ၇ ပြဲသာ ရင္ဆိုင္ခဲ့ရၿပီး ဆုဖလားေပါင္း ၇ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ဟန္ဆီ ဖလစ္ဟာ တိုက္စစ္မွာ ကစားသမား ၇ ဦးေလာက္အထိ ပါဝင္ႏိုင္ေစတဲ့ ၄-၃-၃ သို႔မဟုတ္ ၄-၂-၃-၁ ကစားကြက္ကို အသုံးျပဳကစားေလ့ရွိသူျဖစ္ပါတယ္။ ဖလစ္ဟာ ၎ရဲ႕ တိုက္စစ္ကစားဟန္အတြက္ ေဘာလုံးကိုင္ကစားႏိုင္တဲ့ ခံစစ္သမားေတြကို ပိုမိုအသုံးျပဳေလ့ရွိၿပီး ၎ရဲ႕ တိုက္စစ္ခ်ဥ္းကပ္တဲ့ ကစားဟန္ေၾကာင့္ ဂ်ာမန္လက္ေ႐ြးစင္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားမွာ အႏၲရာယ္ရွိတဲ့အသင္းျဖစ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။

၂။ ယာဂန္ ကေလာ့ပ္(လီဗာပူးလ္)

ဂ်ာမန္လူမ်ိဳးနည္းျပဟာ အေတာ္ေလး တိုက္စစ္ခ်ဥ္းကပ္တဲ့ ကစားဟန္ရွိသူျဖစ္ၿပီး နည္းျပအမ်ားအျပားအတြက္ အတုယူစရာေကာင္းတဲ့ နည္းျပျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ဘြန္ဒက္စ္လီဂါမွာ ေဒါ့မြန္အသင္းနည္းျပအျဖစ္နဲ႔ ၎ရဲ႕နာမည္ကို ေရးထိုးခဲ့တာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါလား ၂ ႀကိမ္နဲ႔ ၂၀၁၂-၂၀၁၃ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဒုတိယရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ လီဗာပူးလ္အသင္းကို ဆုဖလားေတြ ျပန္လည္ယူေဆာင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ပူးေပါင္းခဲ့ၿပီး အျခားဂ်ာမန္နည္းျပေတြအတိုင္းပဲ ကေလာ့ပ္ဟာ ၿပိဳင္ဘက္အသင္းကြင္းဘက္ျခမ္းမွာ ခပ္ျပင္းျပင္းဖိကစားရတာကို ယုံၾကည္လြန္းသူျဖစ္ပါတယ္။

ကေလာ့ပ္ဟာ သူ႔ရဲ႕ကစားသမားေတြကို ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားတာ၊ ထက္ျမက္တာ၊ တိုက္စစ္ကို ခ်ဥ္းကပ္ရာမွာ မဆုတ္မနစ္ရွိတာမ်ိဳးကို ႏွစ္သက္သူျဖစ္ၿပီး တိုက္စစ္အပိုင္းမွာလည္း ေဒါ့မြန္နည္းျပေဟာင္းဟာ ၿပိဳင္ဘက္ဆီကေန ေဘာလုံးကို လုယူၿပီး လ်င္လ်င္ျမန္ျမန္ ဂိုးကန္သြင္းတဲ့ပုံစံနဲ႔ ေဘာလုံးကို တခ်က္ထိနဲ႔ ေနရာလြတ္ေတြ ဖန္တီးတဲ့ကစားကြက္မ်ိဳးကို ႏွစ္သက္သူျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ လီဗာပူးလ္အသင္းကို ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမႇာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ၂၀၁၈-၂၀၁၉ ရာသီ ခ်န္ပီယံလိဂ္ဖလားကိုလည္း ရယူေပးခဲ့ပါတယ္။

၁။ ပက္ ဂြါဒီယိုလာ(မန္ခ်က္စတာစီးတီး)

ပက္ ဂြါဒီယိုလာဟာ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးဆိုတာ အျငင္းပြားစရာမရွိဘဲ ၎ရဲ႕ ထက္ျမက္တဲ့ ဉာဏ္ရည္ဉာဏ္ေသြး၊ အေသးစိတ္က်လွတဲ့ ပြဲဗ်ဴဟာနဲ႔ တိက်မႈတို႔ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ အလြန္ေကာင္းမြန္တဲ့ နည္းျပျဖစ္ေစခဲ့တာျဖစ္ပါတယ္။ စပိန္လူမ်ိဳးနည္းျပဟာ သူ နည္းျပတဲ့ ဘယ္လိုအသင္းမ်ိဳးကိုမဆို ေအာင္ျမင္မႈ ရရွိေအာင္ ယူေဆာင္ေပးႏိုင္ခဲ့ၿပီး ဘာစီလိုနာနည္းျပေဟာင္းဟာ ၂၀၀၈-၂၀၀၉ ရာသီမွာ ဘာစီလိုနာအသင္းနဲ႔ တိုက္ႀကီးဖလား ၃ လုံး ရရွိခဲ့ၿပီး ၂၀၁၃-၂၀၁၄ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းလဲကိုင္တြယ္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ရွိေနခဲ့တဲ့ ကာလအတြင္း ဆုဖလားေပါင္း ၇ လုံး ဆြတ္ခူးႏိုင္ခဲ့ၿပီး ၂၀၁၆-၂၀၁၇ ရာသီမွာေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္ကတည္းက မန္ခ်က္စတာစီးတီးအသင္းဟာ ပရီးမီးယားလိဂ္မွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့အသင္းျဖစ္လာခဲ့တာျဖစ္ၿပီး စပိန္နည္းဗ်ဴဟာဉာဏ္ႀကီးရွင္ဟာ ေဘာလုံးပိုင္ဆိုင္မႈ အေျခခံတဲ့ တိုက္စစ္ကစားဟန္ကို ကစားရတာ ႏွစ္သက္သူျဖစ္ပါတယ္။

အသင္းကို ေဘာလုံးေပးပို႔ျခင္း၊ ေနရာယူျခင္းနဲ႔ ပြဲကို ထိန္းခ်ဳပ္ျခင္းပုံစံနဲ႔ ကစားေစၿပီး ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ ျပင္းျပင္းထန္ထန္ ဖိကစားတတ္တယ္လို႔ လူသိမ်ားသလို ေနာက္တန္းကေနလည္း တိုက္စစ္ေကာင္းေကာင္း စတင္ႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ဂိုးသမားေတာင္ သူ႔ရဲ႕ ေျခေထာက္ကို အသုံးျပဳၿပီး ကစားတဲ့အထိ တိုက္စစ္အျမင္ရွိတဲ့အရည္အခ်င္းကို ပိုင္ဆိုင္ထားၿပီး ဂြါဒီယိုလာရဲ႕ တိုက္စစ္ကစားဟန္ေၾကာင့္ မန္စီးတီးဟာ ၿပီးခဲ့တဲ့ ၅ ရာသီအတြင္း ေအာင္ျမင္မႈမ်ားစြာကို ရိတ္သိမ္းႏိုင္ခဲ့ပါတယ္။ အဂၤလိပ္ကလပ္အသင္းဟာ နည္းျပ ဂြါဒီယိုလာလက္ေအာက္မွာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၁ ႀကိမ္ တစ္ႀကိမ္ ရရွိထားၿပီး ယခုရာသီမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ဖလားကို ပထမဆုံးအႀကိမ္ ဆြတ္ခူးႏိုင္ဖို႔ တိုက္ပြဲဝင္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.