Match Report Premier League

မြောက်လန်ဒန်ဒါဘီမှာ လူငယ်တွေရဲ့ တွဲလုံးတွေနဲ့ အနိုင်ပြတ်သားခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပဲပိနေတဲ့ ပေပေကို ချန်လှပ်ထားခဲ့ပြီး ဆာကာကို ညာတောင်ပံပို့ခဲ့သလို အူဘာမီယန်းကို အထောင်မှာ ထားပြီး ဘယ်ခြမ်းမှာ စမစ်ရိုးနဲ့ သူ့နောက်က အော်ဒီဂွါဒ်တို့ လိုက်ကစားခဲ့ကြချိန်မှာ ကွင်းလယ်မှာတော့ ချာကာနဲ့ ပါတေးတို့အထိုင်ကို သုံးစွဲပြီး ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးပေးပို့မှု၊ ဖြတ်တောက်မှု၊ ဖိအားပေးမှုတွေ အားလုံးကို စည်းချက်ညီညီ လုပ်ဆောင်နိုင်ခဲ့တာကြောင့် စပါးစ်တို့ ဟန်ချက်ပျက်ခဲ့ရပြီး ကစားအား Intensity မြင့်မားတဲ့ အိမ်ရှင်တွေကို ဧည့်သည်တွေအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ကစားနိုင်စွမ်းမရှိခဲ့ဘဲ ကစားကွက်ပိုင်းမှာ မီခယ်လ် အာတီတာက နူနို ဆန်တိုကို အသာရခဲ့တာပါ။

ပွဲအစမှာ ဆွန်ဟောင်မင်နဲ့ အူဘာမီယန်းတို့ရဲ့ ထိုးဖောက်မှုတစ်ကြိမ်စီ လူကျွံဘော သတ်မှတ်ခံခဲ့ရအပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အော်ဒီဂွါဒ် ပေးတာကို ဆာကာက ညာခြမ်းကနေ ဂိုးဧရိယာထဲအထိ ဆွဲပြေးပြီးမှ အတွင်းကို ချိုးပေးခဲ့ရာမှာ စမစ်ရိုးက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ကွင်းလယ်လူ ပါတေးရဲ့ ကန်ချက်ကို ဂိုးသမား လိုရစ် ကာကွယ်ခဲ့ရသလို ဒီကနေ ထောင့်ကန်ဘောရခဲ့ပြီး ပြန်ထွက်လာတာကနေ စမစ်ရိုး ချပေးတာကို အူဘာမီယန်းက ကန်ချက်ပြင်းပြင်းနဲ့ အကဲစမ်းခဲ့သေးပေမယ့် ထောင်ချိုးပုံ လိုနေခဲ့တဲ့အတွက် ဘောလုံးက ဘားပေါ်ကပဲ ကျော်သွားခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာတော့ ဆွန်ရဲ့ ထောင့်ကျဉ်းကန်ချက်ကို ရမ်းစ်ဒေးလ် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဂိုးသမား ရမ်းစ်ဒေးလ်ဆီက စတင်ခဲ့တဲ့ Build-up Play ကနေ အာဆင်နယ်တို့ စပါးစ်ရဲ့ Pressing ကို ဖောက်ထွက်ခဲ့ပြီး ဘယ်ခြမ်းကနေ တီယာနီ ပေးခဲ့တဲ့ ဘောလုံးကို စမစ်ရိုးက ဘယ်ခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး ဧရိယာထဲအရောက်မှာ အနိမ့်ဘော ချိုးပေးတာကို အူဘာမီယန်းက ဘယ်ခြေနဲ့ အနိမ့်ဘော ပိတ်သွင်းနိုင်ခဲ့လို့ ဒုတိယဂိုးရခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုး ထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ စမစ်ရိုး ချပေးတဲ့ ဘောလုံးကို ဆာကာက ညာတောင်ပံကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆွဲဝင်လာခဲ့ရာမှာ ဟာရီကိန်း ဆင်းပြီး ဝင်ဖျက်ပေမယ့် မပျက်ဘဲ ဘောလုံးက ဆာကာဆီပဲ ပြန်အရောက်မှာ ညာခြေနဲ့ အနိမ့်ဘော ကန်သွင်းသွားခဲ့ရမှာ လိုရစ်မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဖိကစားနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်း ရယူနိုင်ခဲ့ပြီး စပါးစ်တို့ကို စိတ်ဒဏ်ရာကြီးကြီးမားမား ရအောင်လုပ်နိုင်ခဲ့သလို ဂိုးကန်သွင်းခွင့် ၆ ကြိမ်မှာ ၄ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို အားနည်းချက်ဆိုလို့ ကွင်းလယ်လူ အော်ဒီဂွါဒ်ရဲ့ 1 Vs 1 အနေအထားတွေမှာ ဘောလုံးကိုင်မထားနိုင်တာပဲရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားအားကျဆင်းသွားခဲ့တာက သိသာပြီး အဓိကအားဖြင့် ကြံ့ခိုင်မှုကောင်းတဲ့ စပါးစ်ကွင်းလယ်နဲ့ လုံးထွေးနေခဲ့ရတဲ့ အော်ဒီဂွါဒ်နဲ့ ချာကာတို့ လျော့တိလျော့ရဲ ဖြစ်သွားခဲ့တာကြောင့် နူနို ဆန်တိုရဲ့ ကစားသမားနှစ်ဦး အသစ်လဲထားတဲ့ ဧည့်သည်အသင်းက ကစားကွက်ပိုကောင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ အာဆင်နယ်တို့ရဲ့ ပင်နယ်တီတောင်းဆိုမှု ငြင်းပယ်ခံခဲ့ရပြီး ပွဲကလည်း နည်းနည်းကြမ်းလာခဲ့သလို ဆက်တိုက်ဖိကစားလာတဲ့ စပါးစ်ရဲ့ တိုက်စစ်က ဆွန်ဟောင်မင်နဲ့ ကိန်းတို့ရဲ့ ထိုးဖောက်မှုတွေကို နောက်ခံလူ တိုမီယာစုနဲ့ ဂိုးသမား ရမ်းစ်ဒေးလ်တို့ ဖျက်ထုတ်နေခဲ့ရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာ အာဆင်နယ်တို့ လူကျွံထောင်ချောက်မှာ တီယာနီ မပါဘဲ ကျန်နေတာကနေ ဟာရီကိန်းရဲ့ ခြိမ်းခြောက်မှုက ဂိုးပြန်ပေးရဖို့ နီးစပ်ခဲ့ပြီး နည်းပြ အာတီတာကတော့ သူ့ရဲ့ နည်းပြအရည်အချင်းကို အမှတ်ကောင်းကောင်းပေးနိုင်ရမယ့်ပွဲမှာ ကျဆင်းနေခဲ့တဲ့ ချာကာ၊ အော်ဒီဂွါဒ်နဲ့ စမစ်ရိုးတို့ကို လူစားလဲဖို့ နှောင့်နှေးနေတာက ပြန်ပေးဆပ်ခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ဆာကာရဲ့ အဝေးကန်ချက်ကို လိုရစ်ကာကွယ်သွားခဲ့ပြီး ၇၉ မိနစ်မှာတော့ ပါတေး၊ ဆာကာနဲ့ တိုမီယာစုတို့ရဲ့ သုံးပွင့်ဆိုင်ခံစစ် အနည်းငယ် ပေါ့လျော့မိချိန်မှာ ဘရိုင်ယန် ဟေးလ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ရက်ဂီလွန်က ဧရိယာထဲ ချိုးပေးခဲ့ရာမှာ ဆွန်က ပြေးဝင်ကန်သွင်းပြီး စပါးစ်တို့အတွက် ချေပဂိုးတစ်ဂိုးရယူခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့အနေနဲ့ ချာကာ၊ ဆာကာနဲ့ စမစ်ရိုးတို့အစား လိုကွန်ဂါ၊ မိတ်လန်းနိုင်းလ်စ်နဲ့ တာဗာရက်စ်တို့ကို ထည့်သွင်းသွားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၁၀ အတွင်း ပြန်လည်ဝင်ရောက်နိုင်ခဲ့တာပါ။

စပါးစ်အသင်းကတော့ နောက်ဆုံးသုံးပွဲဆက်တိုက်ရှုံးပြီး အာဆင်နယ်အောက် အဆင့် ၁၁ ကို ရောက်သွားခဲ့ချိန်မှာ နည်းပြ အာတီတာအတွက်တော့ ဒုတိယပိုင်းမှာ ကစားအားလျော့ကျသွားချိန်တွေကို ဘယ်လိုပြင်ဆင်မလဲဆိုတာကို ပြောင်းလဲတတ်ဖို့ လိုအပ်နေခဲ့သလို ပထမပိုင်းက ကစားဟန်ကို ဆက်ထိန်းထားနိုင်ရင်တော့ သူတို့တွေ ပြောကြတဲ့ Trust the Process ဆိုတာကို တစ်စထက်တစ်စတော့ ယုံကြည်လို့ ရနိုင်မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပဲပိေနတဲ့ ေပေပကို ခ်န္လွပ္ထားခဲ့ၿပီး ဆာကာကို ညာေတာင္ပံပို႔ခဲ့သလို အူဘာမီယန္းကို အေထာင္မွာ ထားၿပီး ဘယ္ျခမ္းမွာ စမစ္႐ိုးနဲ႔ သူ႔ေနာက္က ေအာ္ဒီဂြါဒ္တို႔ လိုက္ကစားခဲ့ၾကခ်ိန္မွာ ကြင္းလယ္မွာေတာ့ ခ်ာကာနဲ႔ ပါေတးတို႔အထိုင္ကို သုံးစြဲၿပီး ပြဲထြက္လာခဲ့ပါတယ္။

ပြဲစတာနဲ႔ အာဆင္နယ္တို႔ ေဘာလုံးေပးပို႔မႈ၊ ျဖတ္ေတာက္မႈ၊ ဖိအားေပးမႈေတြ အားလုံးကို စည္းခ်က္ညီညီ လုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ စပါးစ္တို႔ ဟန္ခ်က္ပ်က္ခဲ့ရၿပီး ကစားအား Intensity ျမင့္မားတဲ့ အိမ္ရွင္ေတြကို ဧည့္သည္ေတြအေနနဲ႔ ထိထိေရာက္ေရာက္ တုံ႔ျပန္ကစားႏိုင္စြမ္းမရွိခဲ့ဘဲ ကစားကြက္ပိုင္းမွာ မီခယ္လ္ အာတီတာက ႏူႏို ဆန္တိုကို အသာရခဲ့တာပါ။

ပြဲအစမွာ ဆြန္ေဟာင္မင္နဲ႔ အူဘာမီယန္းတို႔ရဲ႕ ထိုးေဖာက္မႈတစ္ႀကိမ္စီ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရအၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေအာ္ဒီဂြါဒ္ ေပးတာကို ဆာကာက ညာျခမ္းကေန ဂိုးဧရိယာထဲအထိ ဆြဲေျပးၿပီးမွ အတြင္းကို ခ်ိဳးေပးခဲ့ရာမွာ စမစ္႐ိုးက ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ကြင္းလယ္လူ ပါေတးရဲ႕ ကန္ခ်က္ကို ဂိုးသမား လိုရစ္ ကာကြယ္ခဲ့ရသလို ဒီကေန ေထာင့္ကန္ေဘာရခဲ့ၿပီး ျပန္ထြက္လာတာကေန စမစ္႐ိုး ခ်ေပးတာကို အူဘာမီယန္းက ကန္ခ်က္ျပင္းျပင္းနဲ႔ အကဲစမ္းခဲ့ေသးေပမယ့္ ေထာင္ခ်ိဳးပုံ လိုေနခဲ့တဲ့အတြက္ ေဘာလုံးက ဘားေပၚကပဲ ေက်ာ္သြားခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဆြန္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ရမ္းစ္ေဒးလ္ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္ဆီက စတင္ခဲ့တဲ့ Build-up Play ကေန အာဆင္နယ္တို႔ စပါးစ္ရဲ႕ Pressing ကို ေဖာက္ထြက္ခဲ့ၿပီး ဘယ္ျခမ္းကေန တီယာနီ ေပးခဲ့တဲ့ ေဘာလုံးကို စမစ္႐ိုးက ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဧရိယာထဲအေရာက္မွာ အနိမ့္ေဘာ ခ်ိဳးေပးတာကို အူဘာမီယန္းက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ပိတ္သြင္းႏိုင္ခဲ့လို႔ ဒုတိယဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုး ထပ္ရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန စမစ္႐ိုး ခ်ေပးတဲ့ ေဘာလုံးကို ဆာကာက ညာေတာင္ပံကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဆြဲဝင္လာခဲ့ရာမွာ ဟာရီကိန္း ဆင္းၿပီး ဝင္ဖ်က္ေပမယ့္ မပ်က္ဘဲ ေဘာလုံးက ဆာကာဆီပဲ ျပန္အေရာက္မွာ ညာေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းသြားခဲ့ရမွာ လိုရစ္မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ဖိကစားႏိုင္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၅၅ ရာခိုင္ႏႈန္း ရယူႏိုင္ခဲ့ၿပီး စပါးစ္တို႔ကို စိတ္ဒဏ္ရာႀကီးႀကီးမားမား ရေအာင္လုပ္ႏိုင္ခဲ့သလို ဂိုးကန္သြင္းခြင့္ ၆ ႀကိမ္မွာ ၄ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို အားနည္းခ်က္ဆိုလို႔ ကြင္းလယ္လူ ေအာ္ဒီဂြါဒ္ရဲ႕ 1 Vs 1 အေနအထားေတြမွာ ေဘာလုံးကိုင္မထားႏိုင္တာပဲရွိခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ ကစားအားက်ဆင္းသြားခဲ့တာက သိသာၿပီး အဓိကအားျဖင့္ ႀကံ့ခိုင္မႈေကာင္းတဲ့ စပါးစ္ကြင္းလယ္နဲ႔ လုံးေထြးေနခဲ့ရတဲ့ ေအာ္ဒီဂြါဒ္နဲ႔ ခ်ာကာတို႔ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္သြားခဲ့တာေၾကာင့္ ႏူႏို ဆန္တိုရဲ႕ ကစားသမားႏွစ္ဦး အသစ္လဲထားတဲ့ ဧည့္သည္အသင္းက ကစားကြက္ပိုေကာင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာ အာဆင္နယ္တို႔ရဲ႕ ပင္နယ္တီေတာင္းဆိုမႈ ျငင္းပယ္ခံခဲ့ရၿပီး ပြဲကလည္း နည္းနည္းၾကမ္းလာခဲ့သလို ဆက္တိုက္ဖိကစားလာတဲ့ စပါးစ္ရဲ႕ တိုက္စစ္က ဆြန္ေဟာင္မင္နဲ႔ ကိန္းတို႔ရဲ႕ ထိုးေဖာက္မႈေတြကို ေနာက္ခံလူ တိုမီယာစုနဲ႔ ဂိုးသမား ရမ္းစ္ေဒးလ္တို႔ ဖ်က္ထုတ္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာ အာဆင္နယ္တို႔ လူကြၽံေထာင္ေခ်ာက္မွာ တီယာနီ မပါဘဲ က်န္ေနတာကေန ဟာရီကိန္းရဲ႕ ၿခိမ္းေျခာက္မႈက ဂိုးျပန္ေပးရဖို႔ နီးစပ္ခဲ့ၿပီး နည္းျပ အာတီတာကေတာ့ သူ႔ရဲ႕ နည္းျပအရည္အခ်င္းကို အမွတ္ေကာင္းေကာင္းေပးႏိုင္ရမယ့္ပြဲမွာ က်ဆင္းေနခဲ့တဲ့ ခ်ာကာ၊ ေအာ္ဒီဂြါဒ္နဲ႔ စမစ္႐ိုးတို႔ကို လူစားလဲဖို႔ ေႏွာင့္ေႏွးေနတာက ျပန္ေပးဆပ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ ဆာကာရဲ႕ အေဝးကန္ခ်က္ကို လိုရစ္ကာကြယ္သြားခဲ့ၿပီး ၇၉ မိနစ္မွာေတာ့ ပါေတး၊ ဆာကာနဲ႔ တိုမီယာစုတို႔ရဲ႕ သုံးပြင့္ဆိုင္ခံစစ္ အနည္းငယ္ ေပါ့ေလ်ာ့မိခ်ိန္မွာ ဘ႐ိုင္ယန္ ေဟးလ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ရက္ဂီလြန္က ဧရိယာထဲ ခ်ိဳးေပးခဲ့ရာမွာ ဆြန္က ေျပးဝင္ကန္သြင္းၿပီး စပါးစ္တို႔အတြက္ ေခ်ပဂိုးတစ္ဂိုးရယူခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ခ်ာကာ၊ ဆာကာနဲ႔ စမစ္႐ိုးတို႔အစား လိုကြန္ဂါ၊ မိတ္လန္းႏိုင္းလ္စ္နဲ႔ တာဗာရက္စ္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၁၀ အတြင္း ျပန္လည္ဝင္ေရာက္ႏိုင္ခဲ့တာပါ။

စပါးစ္အသင္းကေတာ့ ေနာက္ဆုံးသုံးပြဲဆက္တိုက္ရႈံးၿပီး အာဆင္နယ္ေအာက္ အဆင့္ ၁၁ ကို ေရာက္သြားခဲ့ခ်ိန္မွာ နည္းျပ အာတီတာအတြက္ေတာ့ ဒုတိယပိုင္းမွာ ကစားအားေလ်ာ့က်သြားခ်ိန္ေတြကို ဘယ္လိုျပင္ဆင္မလဲဆိုတာကို ေျပာင္းလဲတတ္ဖို႔ လိုအပ္ေနခဲ့သလို ပထမပိုင္းက ကစားဟန္ကို ဆက္ထိန္းထားႏိုင္ရင္ေတာ့ သူတို႔ေတြ ေျပာၾကတဲ့ Trust the Process ဆိုတာကို တစ္စထက္တစ္စေတာ့ ယုံၾကည္လို႔ ရႏိုင္မွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.