La Liga

မက်ဆီရဲ့လောင်းရိပ်မမိရလို့ ကိုယ့်လောင်းရိပ် ကိုယ်ပြန်မိနေတဲ့ ဂရစ်ဇ်မန်း

ပြင်သစ်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းအနေနဲ့ ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ဂိုးပေါက်ကို တစ်ကြိမ်တောင် ကန်သွင်းနိုင်သေးခြင်းမရှိသေးဘဲ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ တစ်ကျော့ပြန် ခရီးစဉ်မှာ ခြေစွမ်းမပြနိုင်မှုနဲ့ အသားမကျမှုတွေနဲ့အတူ အငှားကစားသမားဘဝမှာ ဆက်လက်ရုန်းကန်နေရပါတယ်။

ဘာစီလိုနာအသင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ပွဲစဉ် ၅၀ ရာခိုင်နှုန်းကို ပါဝင်ကစားပေးမယ်ဆိုရင် အပြီးသတ်အပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဒုတိယအကြိမ် ကစားသမားဘဝကို စတင်မှုဟာ အလွန်ဆိုးရွားခဲ့တဲ့ ယခုရာသီ လာလီဂါပွဲစဉ် ၇ ပွဲ(ဘာစီလိုနာနဲ့ ၃ ပွဲ အပါအဝင်)မှာ ဂိုးပေါက်ကို တစ်ကြိမ်မှ ကန်သွင်းယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ၎င်းရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကြောင့် အခုအချိန်အထိ ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်သေးသလို ကြီးမားတဲ့အခွင့်အရေး ဖန်တီးပေးနိုင်ခြင်းလည်း မရှိသေးတာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်းကို ထည့်ကစားခဲ့တဲ့ ၃၁၅ မိနစ်မှာ ဂိုးမရရှိခဲ့ဘဲ ၎င်းမပါဝင်ခဲ့တဲ့ ပွဲစဉ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၉ ဂိုးလောက်အထိ ရရှိနေလောက်ပြီဖြစ်ပါတယ်။ စနေနေ့က အက်သလက်တီကို မက်ဒရစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယား အဆင့် ၁၉ နေရာက အလာဗက်စ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယခုရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဂရစ်ဇ်မန်းဟာ နောက်ထပ်တစ်ကြိမ် ပွဲစဉ်တလျှောက်လုံးမှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်ရဲ့တိုက်စစ်မှာ လူးဝစ္စ ဆွာရက်ဇ်နဲ့အတူ တွဲဖက်ကစားခဲ့ပေမယ့် တစ်ခါတုန်းက နည်းပြ ဆီမြွန်နီ လက်အောက်မှာ လာလီဂါပြိုင်ဘက်တွေကို ဂိုးတွေသွင်းယူပြီး အောင်ပွဲခံခဲ့တဲ့ ကစားသမားနဲ့ မတူကွဲပြားတဲ့ ကစားသမားတစ်ယောက်ပုံစံ ပေါက်နေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ် ဆိုစီဒက်ကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာအသင်းကို ပေါင် ၁၀၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ခြေစွမ်းပိုင်း ကျဆင်းမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး အက်သလက်တီကို ပရိသတ်တွေက ၂၀၁၈-၂၀၁၉ ရာသီ ဆက်ကစားနေတုန်းမှာ နူးကမ့်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို ခုချိန်ထိ အခဲမကြေနိုင်ဖြစ်နေကြတာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကစားသမားအဖြစ်နဲ့ အိမ်ကွင်းမှာ ပထမဆုံးပြန်ကစားရတဲ့ပွဲစဉ်မှာ ဂရစ်ဇ်မန်းဟာ ပွဲမစတင်မီ အက်သလက်တီကို မက်ဒရစ် ပရိသတ်တွေက ၎င်းရဲ့ နာမည်ကို အော်ပြီး လှောင်ပြောင်ခြင်းကိုတောင် ခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျာအို ဖီးလစ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့အချိန်မှာလည်း ဒုတိယအကြိမ် လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး အသင်းဥက္ကဌ အီဒွါဒို ဖာနန်ဒက်ဇ်က ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပရိသတ်တွေကို ၎င်းဘက် ပြန်ရောက်လာဖို့အတွက် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့အားလုံး သူ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး နာကျင်နေရတုန်းပါ။ အချိန်က ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုစားသွားမှာပါ။ သူ့အနေနဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်မှုကို ပြန်လည်ရရှိလာမှာပါ”

“ခွင့်လွှတ်ဖို့က သူနဲ့ပဲ ဆိုင်ပါတယ်။ ဘယ်လိုလဲ ဒါမှမဟုတ် ဘာလဲဆိုရင် ဂျာစီမှာ ချွေးတွေရွှဲပြီး ဂိုးတွေသွင်းရင်းနဲ့ပေ့ါ။ သူ အရေးကြီးတဲ့ ဂိုးတွေ ဖန်တီးပေးတဲ့အခါ နည်းနည်းချင်းစီကနေ သာမန်အခြေအနေကို ပြန်ရောက်သွားမှာပါ။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမား နောက်တစ်ကြိမ် ဖြစ်လာနိုင်လို့ပါ။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္တိုက္စစ္မႉး အြန္ထြာ ဂရစ္ဇ္မန္းအေနနဲ႔ ယခုရာသီ လာလီဂါၿပိဳင္ပြဲမွာ ဂိုးေပါက္ကို တစ္ႀကိမ္ေတာင္ ကန္သြင္းႏိုင္ေသးျခင္းမရွိေသးဘဲ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ တစ္ေက်ာ့ျပန္ ခရီးစဥ္မွာ ေျခစြမ္းမျပႏိုင္မႈနဲ႔ အသားမက်မႈေတြနဲ႔အတူ အငွားကစားသမားဘဝမွာ ဆက္လက္႐ုန္းကန္ေနရပါတယ္။

ဘာစီလိုနာအသင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ဂရစ္ဇ္မန္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းကို အငွားနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့ၿပီး အသင္းရဲ့ပြဲစဥ္ ၅၀ ရာခိုင္ႏႈန္းကို ပါဝင္ကစားေပးမယ္ဆိုရင္ အၿပီးသတ္အေျပာင္းအေရႊ႕ျဖစ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၀ အရြယ္ ျပင္သစ္တိုက္စစ္မႉးဟာ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ဒုတိယအႀကိမ္ ကစားသမားဘဝကို စတင္မႈဟာ အလြန္ဆိုးရြားခဲ့တဲ့ ယခုရာသီ လာလီဂါပြဲစဥ္ ၇ ပြဲ(ဘာစီလိုနာနဲ႔ ၃ ပြဲ အပါအဝင္)မွာ ဂိုးေပါက္ကို တစ္ႀကိမ္မွ ကန္သြင္းယူနိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ၎ရဲ့ ဆိုးရြားတဲ့ ေျခစြမ္းေၾကာင့္ အခုအခ်ိန္အထိ ဂိုးဖန္တီးမႈလည္း မျပဳလုပ္နိုင္ေသးသလို ႀကီးမားတဲ့အခြင့္အေရး ဖန္တီးေပးနိုင္ျခင္းလည္း မရွိေသးတာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဂရစ္ဇ္မန္းကို ထည့္ကစားခဲ့တဲ့ ၃၁၅ မိနစ္မွာ ဂိုးမရရွိခဲ့ဘဲ ၎မပါဝင္ခဲ့တဲ့ ပြဲစဥ္ေတြနဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ ၉ ဂိုးေလာက္အထိ ရရွိေနေလာက္ၿပီျဖစ္ပါတယ္။ စေနေန႔က အက္သလက္တီကို မက္ဒရစ္အသင္းဟာ လာလီဂါအမွတ္ေပးဇယား အဆင့္ ၁၉ ေနရာက အလာဗက္စ္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ယခုရာသီ ပထမဆုံးရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဂရစ္ဇ္မန္းဟာ ေနာက္ထပ္တစ္ႀကိမ္ ပြဲစဥ္တေလၽွာက္လုံးမွာ အက်ိဳးသက္ေရာက္မႈ မျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ အက္သလက္တီကို မက္ဒရစ္ရဲ့တိုက္စစ္မွာ လူးဝစၥ ဆြာရက္ဇ္နဲ႔အတူ တြဲဖက္ကစားခဲ့ေပမယ့္ တစ္ခါတုန္းက နည္းၿပ ဆီႁမြန္နီ လက္ေအာက္မွာ လာလီဂါၿပိဳင္ဘက္ေတြကို ဂိုးေတြသြင္းယူၿပီး ေအာင္ပြဲခံခဲ့တဲ့ ကစားသမားနဲ႔ မတူကြဲျပားတဲ့ ကစားသမားတစ္ေယာက္ပုံစံ ေပါက္ေနခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္ ဆိုစီဒက္ၾကယ္ပြင့္ေဟာင္းဟာ ဘာစီလိုနာအသင္းကို ေပါင္ ၁၀၈ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ေျခစြမ္းပိုင္း က်ဆင္းမႈနဲ႔ ၾကဳံေတြ႕ေနရတာျဖစ္ၿပီး အက္သလက္တီကို ပရိသတ္ေတြက ၂၀၁၈-၂၀၁၉ ရာသီ ဆက္ကစားေနတုန္းမွာ ႏူးကမ့္ကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးကို ခုခ်ိန္ထိ အခဲမေၾကနိုင္ျဖစ္ေနၾကတာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ကစားသမားအျဖစ္နဲ႔ အိမ္ကြင္းမွာ ပထမဆုံးျပန္ကစားရတဲ့ပြဲစဥ္မွာ ဂရစ္ဇ္မန္းဟာ ပြဲမစတင္မီ အက္သလက္တီကို မက္ဒရစ္ ပရိသတ္ေတြက ၎ရဲ့ နာမည္ကို ေအာ္ၿပီး ေလွာင္ေျပာင္ျခင္းကိုေတာင္ ခံခဲ့ရတာျဖစ္ပါတယ္။ ေပၚတိုအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဂ်ာအို ဖီးလစ္နဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့အခ်ိန္မွာလည္း ဒုတိယအႀကိမ္ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရၿပီး အသင္းဥကၠဌ အီဒြါဒို ဖာနန္ဒက္ဇ္က ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ပရိသတ္ေတြကို ၎ဘက္ ျပန္ေရာက္လာဖို႔အတြက္ လုပ္စရာေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔အားလုံး သူ လုပ္ခဲ့တာနဲ႔ပတ္သက္ၿပီး နာက်င္ေနရတုန္းပါ။ အခ်ိန္က ကၽြန္ေတာ္တို႔ရဲ့ ဒဏ္ရာေတြကို ကုစားသြားမွာပါ။ သူ႔အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ့ ယုံၾကည္မႈနဲ႔ ခ်စ္ခင္မႈကို ျပန္လည္ရရွိလာမွာပါ”

“ခြင့္လႊတ္ဖို႔က သူနဲ႔ပဲ ဆိုင္ပါတယ္။ ဘယ္လိုလဲ ဒါမွမဟုတ္ ဘာလဲဆိုရင္ ဂ်ာစီမွာ ေခၽြးေတြရႊဲၿပီး ဂိုးေတြသြင္းရင္းနဲ႔ေပ့ါ။ သူ အေရးႀကီးတဲ့ ဂိုးေတြ ဖန္တီးေပးတဲ့အခါ နည္းနည္းခ်င္းစီကေန သာမန္အေျခအေနကို ျပန္ေရာက္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းေကာင္းတဲ့ကစားသမား ေနာက္တစ္ႀကိမ္ ျဖစ္လာနိုင္လို႔ပါ။ ကၽြန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.