Analysis Article

၂၀၂၁ စက်တင်ဘာ ဘယ်လွန်ဒေါ အဆင့်သတ်မှတ်ချက်မှာ ဘယ်သူဦးဆောင်နေလဲ

ဘယ်လွန်ဒေါဆုဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုတံဆိပ်ဖြစ်ပြီး ပြင်သစ်မဂ္ဂဇင်း France Football က ကမ္ဘာပေါ်က စွမ်းဆောင်ရည်အကောင်းဆုံးဘောလုံးသမားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆုရှင်ကို ဂျာနယ်လစ်၊ နိုင်ငံတကာလက်ရွေးစင် အသင်းခေါင်းဆောင်နဲ့ နည်းပြတွေဆီက မဲတွေကို စုပေါင်းပြီး ရွေးချယ်တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွက် ဘယ်လွန်ဒေါဆုပေးပွဲကို ဖျက်သိမ်းခဲ့ရတာကြောင့် ဒီနှစ်ရဲ့ အနိုင်ရသူကို ခန့်မှန်းဖို့ တော်တော်လေး ခက်ခဲလာတော့မှာဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆုကို ရရှိဖို့အတွက် ရေပန်းစားနေတဲ့ ကစားသမားတွေ အများအပြားရှိနေပြီး စက်တင်ဘာလအတွက် ဘယ်လွန်ဒေါအဆင့်သတ်မှတ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ခီလီယန် အမ်ဘာပေ (ပြင်သစ်၊ ပီအက်စ်ဂျီ)
ပြင်သစ်တိုက်စစ်မှူးအတွက် ယူရို ၂၀၂၀ ပြိုင်ပွဲဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၄ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ နီးစပ်ခဲ့ပေမယ့်လည်း ထွက်ခွာခွင့်မရခဲ့တာကြောင့် ပြင်သစ်မှာပဲ ဆက်နေခဲ့ရသူဖြစ်ပါတယ်။ အမ်ဘာပေဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ အလွန်ကောင်းမွန်တဲ့ ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၄၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို ပြင်သစ်အက်ဖ်အေဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကိုလည်း ရရှိခဲ့ပါတယ်။ အမ်ဘာပေဟာ ယခုရာသီမှာလည်း ပြိုင်ပွဲစုံ ၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

၉။ ဟာရီကိန်း(အင်္ဂလန်၊ တော့တင်ဟမ်ဟော့စပါး)
ဟာရီကိန်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးရှင်ဆုတို့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၇ ပွဲမှာ သွင်းဂိုး ၄ ဂိုးသွင်းယူပေးပြီး အကောင်းဆုံးခြေစွမ်းပြသခဲ့သလို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ပေးခဲ့ပြီး အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့ရာမှာ အောင်မြင်မှု မရရှိခဲ့တဲ့နောက် ယခုရာသီမှာတော့ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

၈။ ရိုမီလူ လူကာကူ(ဘယ်လ်ဂျီယံ၊ ချဲလ်ဆီး)
လူကာကူဟာ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာက ယခုနွေရာသီရဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ လူကာကူဟာ ၁၁ နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလားကို ပြန်လည်ရရှိခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ အကောင်းဆုံးကစားသမားဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ ၂၀၂၀-၂၀၂၁ ရာသီအတွင်း စီးရီးအေထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ လူကာကူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် ခြေစွမ်းကောင်းပြသခဲ့ပြီး ၅ ပွဲမှာ ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီကို ချဲလ်ဆီးအသင်းနဲ့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ၆ ပွဲမှာ ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ယခုနှစ် ဘယ်လွန်ဒေါဆုအတွက် အမှန်တကယ် ယှဉ်ပြိုင်နိုင်သူဖြစ်လာခဲ့တာဖြစ်ပါတယ်။

၇။ အာလင်း ဟာလန်း(နော်ဝေ၊ ဒေါ့မွန်)
ဘယ်လွန်ဒေါ အဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်တဲ့ ကစားသမားအများစုနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဟာလန်းဟာ တိတ်ဆိတ်တဲ့ နွေရာသီကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ နော်ဝေအသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ဟာလန်းဟာ ဥရောပထိပ်တန်းပြိုင်ပွဲကြီးမှာ ပါဝင်ကစားပေးဖို့ အခွင့်အရေးမရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာ ပါဝင်မကစားခဲ့ရတဲ့အတွက် ရာသီသစ်မှာ သွင်းဂိုးတွေ အများအပြားနဲ့ ဖောက်ခွဲပြခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ သွင်းဂိုး ၄၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ပေးထားတဲ့ ဟာလန်းဟာ DFB ပိုကယ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း နောက်ထပ်မယုံနိုင်ဖွယ်ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေပုံရပါတယ်။

၆။ ကာရင် ဘန်ဇီးမား(ပြင်သစ်၊ ရီးရဲလ်မက်ဒရစ်)
ကာရင် ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၆ နှစ်ကြာ ဝေးကွာနေခဲ့ပြီးနောက် ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပြီးနောက် ကောင်းမွန်တဲ့ နွေရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ၄ ပွဲမှာ ၄ ဂိုးသွင်းယူပေးခဲ့တဲ့ ဘန်ဇီးမားဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ယခုရာသီသစ်မှာလည်း ဘန်ဇီးမားဟာ ၇ ပွဲသာ ကစားရသေးပေမယ့် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိတောင် အံ့အားသင့်ဖွယ် ပြုလုပ်ပေးထားနိုင်ခဲ့ပြီဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ရောက်နေပြီဖြစ်ပေမယ့်လည်း ကစားအားက အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဖြစ်တာကြောင့် ဘယ်လွန်ဒေါဆုအတွက် ပြိုင်ပွဲထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

၅။ အန်ဂိုလို ကွန်တေ(ပြင်သစ်၊ ချဲလ်ဆီး)
ယူအီးအက်ဖ်အေချန်ပီယံလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တဲ့ ကန်တေဟာ ၂၀၂၀-၂၀၂၁ ရာသီကုန်ကာလတွေမှာ ချဲလ်ဆီးအသင်းအတွက် စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည် ပြသခဲ့သူဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ဒုတိယအကျော့ကနေ ဗိုလ်လုပွဲအထိ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး ယူအီးအက်ဖ်အေစူပါဖလားကိုလည်း ရရှိခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပေမယ့်လည်း ယခုရာသီမှာ ချဲလ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းပြသနေတာကြောင့် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ယခုနှစ် ဘယ်လွန်ဒေါဆုအတွက် ပြိုင်ပွဲထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

၄။ ခရစ္စတီယာနို ရော်နယ်ဒို(ပေါ်တူဂီ၊ မန်ချက်စတာယူနိုက်တက်)
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယခုနွေရာသီမှာ အကြိမ်ပေါင်းများစွာ သတင်းဌာနတွေရဲ့ ခေါင်းစည်းပိုင်းမှာ နေရာယူခဲ့ပြီး ဂျူဗင်တပ်အတွက် ၃၃ ပွဲကစားပေးခဲ့ရာမှာ ၂၉ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီးရီးအေရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် နောက်ထပ်ရွှေဖိနပ်ဆုကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ပြီးတဲ့နောက် နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၃ ပွဲပါဝင်ကစားပေးထားခဲ့ရာမှာ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လည်း ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

၃။ ဂျော်ဂျင်ညို(အီတလီ၊ ချဲလ်ဆီး)
ဘယ်ကစားသမားကမှ အီတလီကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုလောက် ကောင်းမွန်တဲ့ နွေရာသီကို မပိုင်ဆိုင်ခဲ့ဘဲ ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။ ဂျော်ဂျင်ညိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းအပေါ်မှာလည်း လွှမ်းမိုးနိုင်ခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုရှင်အဖြစ်လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နည်းဗျူဟာပိုင်းမှာ မွေးရာပါ ပါရမီရှိသူဖြစ်ပြီး ကွင်းလယ်ခံစစ်ကနေ ခံစစ်တာဝန်တွေကို ကျေပွန်အောင် ကစားပေးနိုင်သလို အလွန်ကောင်းမွန်တဲ့ ဘောလုံးဖြန့်ဝေရေးကို ပြုလုပ်နိုင်သူဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကြားဖြတ်လုယူမှု ၂၅ ကြိမ်၊ ဘောလုံးပြန်ဆယ်ယူမှု ၄၆ ကြိမ်နဲ့ ပြစ်ဒဏ်ဘောရရှိမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံနဲ့ ကလပ်အသင်းရဲ့ အောင်မြင်မှုတွေဟာ သူ့ရဲ့ တစ်ဦးချင်းစွမ်းရည်ကောင်းမွန်မှုကြောင့် ရရှိခဲ့လားဆိုတာ မသေချာပေမယ့် ထိပ်တန်းအဆင့်ဘောလုံးသမားတစ်ယောက်ဆိုတဲ့အချက်ကိုတော့ သံသယဖြစ်စရာမရှိပါဘူး။

၂။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ပိုလန်၊ ဘိုင်ယန်မြူးနစ်)
လီဗန်ဒေါ့ဗ်စကီးဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ဖျက်သိမ်းခဲ့ရတဲ့ ၂၀၂၀ ဘယ်လွန်ဒေါဆုပေးပွဲရဲ့ အနိုင်ရရှိသူလို့ သတ်မှတ်ခြင်းခံခဲ့ရပြီး ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါ၊ ကလပ်ကမ္ဘာ့ဖလား၊ DFL စူပါဖလားတို့ကို ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ပိုလန်အသင်းအတွက် ၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၄၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီကိုလည်း အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ၈ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီခြေစွမ်းကိုသာ ဒီဇင်ဘာလအထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုတံဆိပ်ကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်တဲ့အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။

၁။ လီယွန်နယ် မက်ဆီ(အာဂျင်တီးနား၊ ပီအက်စ်ဂျီ)
လီယွန်နယ် မက်ဆီရဲ့ ရာသီသစ်က ကိန်းဂဏန်းတွေက အသင်းသစ်နဲ့ အကောင်းဆုံးစတင်နိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် သူ့ရဲ့ လွှမ်းမိုးမှုက အဲဒီကိန်းဂဏန်းတွေထက်ကို ကျော်လွန်ပြီး ရှိနေတာဖြစ်ပါတယ်။ မက်ဆီဟာ အကောင်းဆုံးနွေရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲမှာ ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံးကစားသမားဆုတို့ကို ရရှိတဲ့အထိ အာဂျင်တီးနာအသင်း ဗိုလ်စွဲနိုင်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၃၀ သွင်းယူပေးခဲ့ပြီး ပီချီချီဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီ ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မက်ဆီသာ အဲဒီလိုသွင်းဂိုးတွေနဲ့ ခြေစွမ်းမျိုး ပြန်လည်ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ဒီနှစ်မှာ ဘယ်လွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ရရှိဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္လြန္ေဒါဆုဟာ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုတံဆိပ္ျဖစ္ၿပီး ျပင္သစ္မဂၢဇင္း France Football က ကမာၻေပၚက စြမ္းေဆာင္ရည္အေကာင္းဆုံးေဘာလုံးသမားေတြကို ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ ဆုျဖစ္ပါတယ္။ ဘယ္လြန္ေဒါဆုရွင္ကို ဂ်ာနယ္လစ္၊ ႏိုင္ငံတကာလက္ေ႐ြးစင္ အသင္းေခါင္းေဆာင္နဲ႔ နည္းျပေတြဆီက မဲေတြကို စုေပါင္းၿပီး ေ႐ြးခ်ယ္တာျဖစ္ပါတယ္။ ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္အတြက္ ဘယ္လြန္ေဒါဆုေပးပြဲကို ဖ်က္သိမ္းခဲ့ရတာေၾကာင့္ ဒီႏွစ္ရဲ႕ အႏိုင္ရသူကို ခန႔္မွန္းဖို႔ ေတာ္ေတာ္ေလး ခက္ခဲလာေတာ့မွာျဖစ္ပါတယ္။ ဘယ္လြန္ေဒါဆုကို ရရွိဖို႔အတြက္ ေရပန္းစားေနတဲ့ ကစားသမားေတြ အမ်ားအျပားရွိေနၿပီး စက္တင္ဘာလအတြက္ ဘယ္လြန္ေဒါအဆင့္သတ္မွတ္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁၀။ခီလီယန္ အမ္ဘာေပ (ျပင္သစ္၊ ပီအက္စ္ဂ်ီ)
ျပင္သစ္တိုက္စစ္မႉးအတြက္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဟာ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ၄ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ဂိုးမသြင္းယူႏိုင္ခဲ့ဘဲ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ထြက္ခြာခြင့္မရခဲ့တာေၾကာင့္ ျပင္သစ္မွာပဲ ဆက္ေနခဲ့ရသူျဖစ္ပါတယ္။ အမ္ဘာေပဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ အလြန္ေကာင္းမြန္တဲ့ ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၄၇ ပြဲမွာ သြင္းဂိုး ၄၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သလို ျပင္သစ္အက္ဖ္ေအဖလားနဲ႔ ျပင္သစ္စူပါဖလားတို႔ကိုလည္း ရရွိခဲ့ပါတယ္။ အမ္ဘာေပဟာ ယခုရာသီမွာလည္း ၿပိဳင္ပြဲစုံ ၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။

၉။ ဟာရီကိန္း(အဂၤလန္၊ ေတာ့တင္ဟမ္ေဟာ့စပါး)
ဟာရီကိန္းဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုနဲ႔ ဂိုးဖန္တီးရွင္ဆုတို႔ကို ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ၇ ပြဲမွာ သြင္းဂိုး ၄ ဂိုးသြင္းယူေပးၿပီး အေကာင္းဆုံးေျခစြမ္းျပသခဲ့သလို ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။ ၂၀၂၀-၂၀၂၁ ရာသီမွာ စပါးအသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ ျပဳလုပ္ေပးခဲ့ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ေအာင္ျမင္မႈ မရရွိခဲ့တဲ့ေနာက္ ယခုရာသီမွာေတာ့ အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

၈။ ႐ိုမီလူ လူကာကူ(ဘယ္လ္ဂ်ီယံ၊ ခ်ဲလ္ဆီး)
လူကာကူဟာ ကမာၻေပၚက အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသထားႏိုင္ခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တာက ယခုေႏြရာသီရဲ႕ စိတ္လႈပ္ရွားစရာဇာတ္လမ္းေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ လူကာကူဟာ ၁၁ ႏွစ္ၾကာ ေဝးကြာေနတဲ့ စီးရီးေအဖလားကို ျပန္လည္ရရွိခဲ့တဲ့ အင္တာမီလန္အသင္းရဲ႕ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းခ်က္ထုတ္စရာမရွိဘဲ ၂၀၂၀-၂၀၂၁ ရာသီအတြင္း စီးရီးေအထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ ၄၄ ပြဲမွာ သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ေပးခဲ့ပါတယ္။ လူကာကူဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း ဘယ္လ္ဂ်ီယံအသင္းအတြက္ ေျခစြမ္းေကာင္းျပသခဲ့ၿပီး ၅ ပြဲမွာ ၄ ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီကို ခ်ဲလ္ဆီးအသင္းနဲ႔ ေကာင္းမြန္စြာ စတင္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၆ ပြဲမွာ ၄ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ယခုႏွစ္ ဘယ္လြန္ေဒါဆုအတြက္ အမွန္တကယ္ ယွဥ္ၿပိဳင္ႏိုင္သူျဖစ္လာခဲ့တာျဖစ္ပါတယ္။

၇။ အာလင္း ဟာလန္း(ေနာ္ေဝ၊ ေဒါ့မြန္)
ဘယ္လြန္ေဒါ အဆင့္သတ္မွတ္ခ်က္ထဲမွာ ပါဝင္တဲ့ ကစားသမားအမ်ားစုနဲ႔ ဆန႔္က်င္ဘက္အေနနဲ႔ ဟာလန္းဟာ တိတ္ဆိတ္တဲ့ ေႏြရာသီကို ျဖတ္သန္းခဲ့ရတာျဖစ္ပါတယ္။ ေနာ္ေဝအသင္းဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမေအာင္ျမင္ခဲ့တာေၾကာင့္ ဟာလန္းဟာ ဥေရာပထိပ္တန္းၿပိဳင္ပြဲႀကီးမွာ ပါဝင္ကစားေပးဖို႔ အခြင့္အေရးမရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီၿပိဳင္ပြဲမွာ ပါဝင္မကစားခဲ့ရတဲ့အတြက္ ရာသီသစ္မွာ သြင္းဂိုးေတြ အမ်ားအျပားနဲ႔ ေဖာက္ခြဲျပခဲ့ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီမွာ ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၄၁ ပြဲမွာ သြင္းဂိုး ၄၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ဟာလန္းဟာ DFB ပိုကယ္ဖလားကိုလည္း ဆြတ္ခူးႏိုင္ခဲ့ၿပီး ယခုႏွစ္မွာလည္း ေနာက္ထပ္မယုံႏိုင္ဖြယ္ရာသီတစ္ခုကို ပိုင္ဆိုင္ႏိုင္ဖို႔ ျပင္ဆင္ေနပုံရပါတယ္။

၆။ ကာရင္ ဘန္ဇီးမား(ျပင္သစ္၊ ရီးရဲလ္မက္ဒရစ္)
ကာရင္ ဘန္ဇီးမားဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ ၆ ႏွစ္ၾကာ ေဝးကြာေနခဲ့ၿပီးေနာက္ ျပန္လည္ေခၚယူျခင္းခံခဲ့ရၿပီးေနာက္ ေကာင္းမြန္တဲ့ ေႏြရာသီကို ပိုင္ဆိုင္ခဲ့ပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ ၄ ပြဲမွာ ၄ ဂိုးသြင္းယူေပးခဲ့တဲ့ ဘန္ဇီးမားဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ရီးရဲလ္မက္ဒရစ္အတြက္ ၿပိဳင္ပြဲစုံ ၄၆ ပြဲမွာ သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး အသင္းရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ ယခုရာသီသစ္မွာလည္း ဘန္ဇီးမားဟာ ၇ ပြဲသာ ကစားရေသးေပမယ့္ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိေတာင္ အံ့အားသင့္ဖြယ္ ျပဳလုပ္ေပးထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ေရာက္ေနၿပီျဖစ္ေပမယ့္လည္း ကစားအားက အေကာင္းဆုံးအေနအထားမွာ ရွိေနဆဲျဖစ္တာေၾကာင့္ ဘယ္လြန္ေဒါဆုအတြက္ ၿပိဳင္ပြဲထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

၅။ အန္ဂိုလို ကြန္ေတ(ျပင္သစ္၊ ခ်ဲလ္ဆီး)
ယူအီးအက္ဖ္ေအခ်န္ပီယံလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကြင္းလယ္ကစားသမားျဖစ္တဲ့ ကန္ေတဟာ ၂၀၂၀-၂၀၂၁ ရာသီကုန္ကာလေတြမွာ ခ်ဲလ္ဆီးအသင္းအတြက္ စိတ္လႈပ္ရွားဖြယ္ စြမ္းေဆာင္ရည္ ျပသခဲ့သူျဖစ္ပါတယ္။ ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ကေန ဗိုလ္လုပြဲအထိ ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို ၄ ႀကိမ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့ၿပီး ယူအီးအက္ဖ္ေအစူပါဖလားကိုလည္း ရရွိခဲ့ပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အေကာင္းဆုံးပုံစံ မျပသႏိုင္ခဲ့ေပမယ့္လည္း ယခုရာသီမွာ ခ်ဲလ္ဆီးအတြက္ အေကာင္းဆုံးေျခစြမ္းျပသေနတာေၾကာင့္ ျပင္သစ္ကြင္းလယ္ကစားသမားဟာ ယခုႏွစ္ ဘယ္လြန္ေဒါဆုအတြက္ ၿပိဳင္ပြဲထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

၄။ ခရစၥတီယာႏို ေရာ္နယ္ဒို(ေပၚတူဂီ၊ မန္ခ်က္စတာယူႏိုက္တက္)
ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ယခုေႏြရာသီမွာ အႀကိမ္ေပါင္းမ်ားစြာ သတင္းဌာနေတြရဲ႕ ေခါင္းစည္းပိုင္းမွာ ေနရာယူခဲ့ၿပီး ဂ်ဴဗင္တပ္အတြက္ ၃၃ ပြဲကစားေပးခဲ့ရာမွာ ၂၉ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ စီးရီးေအရဲ႕ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ ၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ေ႐ႊဖိနပ္ဆုကိုလည္း ထပ္မံရရွိခဲ့ပါတယ္။ ၿပီးတဲ့ေနာက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၃ ပြဲပါဝင္ကစားေပးထားခဲ့ရာမွာ ၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္လည္း ေရာ္နယ္ဒိုဟာ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။

၃။ ေဂ်ာ္ဂ်င္ညိဳ(အီတလီ၊ ခ်ဲလ္ဆီး)
ဘယ္ကစားသမားကမွ အီတလီကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳေလာက္ ေကာင္းမြန္တဲ့ ေႏြရာသီကို မပိုင္ဆိုင္ခဲ့ဘဲ ခ်န္ပီယံလိဂ္နဲ႔ ယူအီးအက္ဖ္ေအစူပါဖလားတို႔ကို အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ညိဳဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအသင္းအေပၚမွာလည္း လႊမ္းမိုးႏိုင္ခဲ့ၿပီး ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆုရွင္အျဖစ္လည္း ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ နည္းဗ်ဴဟာပိုင္းမွာ ေမြးရာပါ ပါရမီရွိသူျဖစ္ၿပီး ကြင္းလယ္ခံစစ္ကေန ခံစစ္တာဝန္ေတြကို ေက်ပြန္ေအာင္ ကစားေပးႏိုင္သလို အလြန္ေကာင္းမြန္တဲ့ ေဘာလုံးျဖန႔္ေဝေရးကို ျပဳလုပ္ႏိုင္သူျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ၾကားျဖတ္လုယူမႈ ၂၅ ႀကိမ္၊ ေဘာလုံးျပန္ဆယ္ယူမႈ ၄၆ ႀကိမ္နဲ႔ ျပစ္ဒဏ္ေဘာရရွိမႈ ၁၈ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ႏိုင္ငံနဲ႔ ကလပ္အသင္းရဲ႕ ေအာင္ျမင္မႈေတြဟာ သူ႔ရဲ႕ တစ္ဦးခ်င္းစြမ္းရည္ေကာင္းမြန္မႈေၾကာင့္ ရရွိခဲ့လားဆိုတာ မေသခ်ာေပမယ့္ ထိပ္တန္းအဆင့္ေဘာလုံးသမားတစ္ေယာက္ဆိုတဲ့အခ်က္ကိုေတာ့ သံသယျဖစ္စရာမရွိပါဘူး။

၂။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ပိုလန္၊ ဘိုင္ယန္ျမဴးနစ္)
လီဗန္ေဒါ့ဗ္စကီးဟာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ဖ်က္သိမ္းခဲ့ရတဲ့ ၂၀၂၀ ဘယ္လြန္ေဒါဆုေပးပြဲရဲ႕ အႏိုင္ရရွိသူလို႔ သတ္မွတ္ျခင္းခံခဲ့ရၿပီး ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဘြန္ဒက္စ္လီဂါ၊ ကလပ္ကမာၻ႔ဖလား၊ DFL စူပါဖလားတို႔ကို ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ရာသီမွာ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကေန ထြက္ခဲ့ရတဲ့ ပိုလန္အသင္းအတြက္ ၃ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၃ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ၂၀၂၀-၂၀၂၁ ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၄၀ မွာ ၄၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီကိုလည္း အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အတြက္ ၈ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီေျခစြမ္းကိုသာ ဒီဇင္ဘာလအထိ ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့မယ္ဆိုရင္ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံးတစ္ဦးခ်င္းဆုတံဆိပ္ကို လက္ဝယ္ပိုင္ပိုင္ ရရွိႏိုင္တဲ့အခြင့္အေရးရွိလာမွာျဖစ္ပါတယ္။

၁။ လီယြန္နယ္ မက္ဆီ(အာဂ်င္တီးနား၊ ပီအက္စ္ဂ်ီ)
လီယြန္နယ္ မက္ဆီရဲ႕ ရာသီသစ္က ကိန္းဂဏန္းေတြက အသင္းသစ္နဲ႔ အေကာင္းဆုံးစတင္ႏိုင္ျခင္းမရွိခဲ့ဘူးလို႔ ေျပာေကာင္းေျပာႏိုင္ေပမယ့္ သူ႔ရဲ႕ လႊမ္းမိုးမႈက အဲဒီကိန္းဂဏန္းေတြထက္ကို ေက်ာ္လြန္ၿပီး ရွိေနတာျဖစ္ပါတယ္။ မက္ဆီဟာ အေကာင္းဆုံးေႏြရာသီကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ၂၀၂၁ ကိုပါအေမရိကၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆုနဲ႔ အေကာင္းဆုံးကစားသမားဆုတို႔ကို ရရွိတဲ့အထိ အာဂ်င္တီးနာအသင္း ဗိုလ္စြဲႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီ ဘာစီလိုနာအသင္းအတြက္ သြင္းဂိုး ၃၀ သြင္းယူေပးခဲ့ၿပီး ပီခ်ီခ်ီဖလားကိုလည္း ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၀-၂၀၂၁ ရာသီ ၿပိဳင္ပြဲစုံ ၄၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၃၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တဲ့ မက္ဆီဟာ ကိုပါအေမရိကၿပိဳင္ပြဲမွာလည္း အာဂ်င္တီးနားအသင္းအတြက္ ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ မက္ဆီသာ အဲဒီလိုသြင္းဂိုးေတြနဲ႔ ေျခစြမ္းမ်ိဳး ျပန္လည္ရွာေဖြေတြ႕ရွိခဲ့မယ္ဆိုရင္ ဒီႏွစ္မွာ ဘယ္လြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ စံခ်ိန္တင္ ရရွိဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.