ခ်ဲလ္ဆီးအသင္းမွာ နည္းျပႏွစ္ဦးနဲ႔ လက္တြဲၿပီးၿပီျဖစ္တဲ့ ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္က သူ႕အေနနဲ႔ နည္းျပသစ္ ဖရန္႔ လမ္းပတ္ကုိ ပိုမို သေဘာက်ၿပီး နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီလက္ထက္က တစ္ခါလာလည္း ဒါပဲျဖစ္တဲ့ ထရိန္နင္က ညႊန္ၾကားခ်က္ေတြကို ပ်င္းရိၿငီးေငြ႕ေနခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ ခ႐ိုေအးရွားကြင္းလယ္လူဟာ ခ်ဲလ္ဆီးအသင္းကို ေရာက္မလာခင္ ဒိုင္နမို ဇာဂရက္ဘ္၊ အင္တာမီလန္နဲ႔ ရီးရဲလ္ မက္ဒရစ္အသင္းေတြမွာ ကစားဖူးခဲ့ၿပီး သူ႕ရဲ႕ ခ႐ိုေအးရွားအသားက် All Round Style ကစားႏုိင္မွဳက သူပါတဲ့ ပြဲေတြမွာ ပုိမိုၿမဳိင္ဆုိင္ေစတာလည္း ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းကေန တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့ၿပီးမွာ ဆာရီနဲ႔ တစ္ရာသီ လက္တြဲခဲ့ဖူးတဲ့ ကိုဗာခ်စ္က သူ႕အေနနဲ႔ နည္းျပေဟာင္းကို အျပစ္မေျပာလိုေပမယ့္ ထူးျခားေကာင္းမြန္တဲ့ လမ္းပတ္ရဲ႕ ညႊန္ၾကားမွဳနဲ႔ ဉာဏ္ရည္ဉာဏ္ေသြးကိုေတာ့ မျဖစ္မေန ခ်ီးက်ဴးရမွာျဖစ္ေၾကာင္း ဆုိပါတယ္။
“ကၽြန္ေတာ္က ခ်ဲလ္ဆီးကို ဆာရီလက္ေအာက္မွာ ေရာက္လာခဲ့တာပါ။ ဒါေပမယ့္ လမ္းပတ္ကိုပဲ ထူးျခားတဲ့ နည္းျပလို႔ ေျပာခ်င္ပါတယ္။ သူ႕မွာ ခုထက္ထိ ကစားသမားဘဝက စိတ္အားထက္သန္တဲ့ ပုံစံကို ထိန္းသိမ္းထားဆဲျဖစ္ၿပီး ဒါကို နည္းျပအသြင္ေျပာင္းလဲယူႏုိင္ခဲ့တာက ကၽြန္ေတာ္တို႔ အားလုံးရဲ႕ အထင္ႀကီးေလးစားမွဳကို ရရွိေစပါတယ္”လုိ႔ ကိုဗာခ်စ္က ဖိုးဖိုးတူးမဂၢဇင္းကို ေျပာပါတယ္။
ကိုဗာခ်စ္က ဆာရီလက္ထက္က ထရိန္နင္ေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီေပမယ့္လည္း ပုံစံနဲ႔ နည္းစနစ္ကေတာ့ တစ္မ်ဳိးတည္းလိုပဲ ျဖစ္ခဲ့ေၾကာင္း၊ လမ္းပတ္လက္ထက္မွာေတာ့ အင္တုိက္အားတုိက္နဲ႔ သူ႕ရွိသမွ် စဥ္းစားရသမွ် နည္းဗ်ဴဟာေတြကို အင္တုိက္အားတုိက္ ညႊန္ၾကားျပသ ေပးေနတာက သိသာတဲ့ ကြာျခားခ်က္ျဖစ္ၿပီး သူ႕အတြက္လည္း အံဝင္ေစခဲ့တဲ့ ပုံစံမ်ဳိးျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။
REF: FOUR FOUR TWO
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: ချဲလ်ဆီးအသင်းမှာ နည်းပြနှစ်ဦးနဲ့ လက်တွဲပြီးပြီဖြစ်တဲ့ ကွင်းလယ်လူ မက်တီယို ကိုဗာချစ်က သူ့အနေနဲ့ နည်းပြသစ် ဖရန့် လမ်းပတ်ကို ပိုမို သဘောကျပြီး နည်းပြဟောင်း မော်ရီဇီယို ဆာရီလက်ထက်က တစ်ခါလာလည်း ဒါပဲဖြစ်တဲ့ ထရိန်နင်က ညွှန်ကြားချက်တွေကို ပျင်းရိငြီးငွေ့နေခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ခရိုအေးရှားကွင်းလယ်လူဟာ ချဲလ်ဆီးအသင်းကို ရောက်မလာခင် ဒိုင်နမို ဇာဂရက်ဘ်၊ အင်တာမီလန်နဲ့ ရီးရဲလ် မက်ဒရစ်အသင်းတွေမှာ ကစားဖူးခဲ့ပြီး သူ့ရဲ့ ခရိုအေးရှားအသားကျ All Round Style ကစားနိုင်မှုက သူပါတဲ့ ပွဲတွေမှာ ပိုမိုမြိုင်ဆိုင်စေတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီးမှာ ဆာရီနဲ့ တစ်ရာသီ လက်တွဲခဲ့ဖူးတဲ့ ကိုဗာချစ်က သူ့အနေနဲ့ နည်းပြဟောင်းကို အပြစ်မပြောလိုပေမယ့် ထူးခြားကောင်းမွန်တဲ့ လမ်းပတ်ရဲ့ ညွှန်ကြားမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မဖြစ်မနေ ချီးကျူးရမှာဖြစ်ကြောင်း ဆိုပါတယ်။
“ကျွန်တော်က ချဲလ်ဆီးကို ဆာရီလက်အောက်မှာ ရောက်လာခဲ့တာပါ။ ဒါပေမယ့် လမ်းပတ်ကိုပဲ ထူးခြားတဲ့ နည်းပြလို့ ပြောချင်ပါတယ်။ သူ့မှာ ခုထက်ထိ ကစားသမားဘဝက စိတ်အားထက်သန်တဲ့ ပုံစံကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ဒါကို နည်းပြအသွင်ပြောင်းလဲယူနိုင်ခဲ့တာက ကျွန်တော်တို့ အားလုံးရဲ့ အထင်ကြီးလေးစားမှုကို ရရှိစေပါတယ်”လို့ ကိုဗာချစ်က ဖိုးဖိုးတူးမဂ္ဂဇင်းကို ပြောပါတယ်။
ကိုဗာချစ်က ဆာရီလက်ထက်က ထရိန်နင်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီပေမယ့်လည်း ပုံစံနဲ့ နည်းစနစ်ကတော့ တစ်မျိုးတည်းလိုပဲ ဖြစ်ခဲ့ကြောင်း၊ လမ်းပတ်လက်ထက်မှာတော့ အင်တိုက်အားတိုက်နဲ့ သူ့ရှိသမျှ စဉ်းစားရသမျှ နည်းဗျူဟာတွေကို အင်တိုက်အားတိုက် ညွှန်ကြားပြသ ပေးနေတာက သိသာတဲ့ ကွာခြားချက်ဖြစ်ပြီး သူ့အတွက်လည်း အံဝင်စေခဲ့တဲ့ ပုံစံမျိုးဖြစ်တယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: FOUR FOUR TWO
PHOTOS CREDIT TO OWNERS
SPORTS A2Z.