Match Report Premier League

အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ဘရန့်ဖို့ဒ်နဲ့ သရေကျတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ပြီးခဲ့တဲ့ ပွဲက ချန်လှပ်ထားတဲ့ ကစားသမားတွေကို အင်အားပြည့် ပြန်လည်သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ အဲလီးယော့ရဲ့ ကွက်လပ်အတွက် ကားတစ် ဂျုံးစ်ကို ထည့်သွင်းခဲ့သလို တိုက်စစ်မှာတော့ ဆာလားနဲ့ မာနေးတို့ကို ဖာမီနိုအစား ဂျိုတာနဲ့ တွဲပေးခဲ့ပြီး အဝေးကွင်းနိုင်ပွဲအတွက် ပြင်ဆင်လာခဲ့ပါတယ်။

ပြိုင်ဘက် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ရှုံးပွဲတွေ့ထားခဲ့တဲ့အတွက် လီဗာပူးလ်တို့အနေနဲ့ ဒီပွဲကို တန်းတက်အသင်းတစ်သင်းနဲ့ တွေ့ချိန်မှာ အခွင့်အရေးယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ဘရန့်ဖို့ဒ်ကလည်း သူတို့ရဲ့ တိုနီ၊ အမ်ဘူးမိုတို့ရဲ့ တိုက်စစ်နဲ့ အိမ်ကွင်း ကွန်မြူနတီမှာ ကောင်းကောင်းတုံ့ပြန်နိုင်စွမ်းကို ပြသခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ ကွင်းလယ်မှာ အနီးကပ်လူပေးပြီး ဝေ့နေမှုကနေ ဂျုံးစ်က လုယူလို့ ပျက်ခဲ့တဲ့ ဘောလုံးကို ဂျိုတာက ခင်းပေးရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဆာလားက ဂိုးသမား ဒေးဗစ် ရာယာနဲ့ တစ်ဦးချင်းအတွေ့မှာ ပေါင်ကြားထဲကနေ ကန်သွင်းနိုင်ခဲ့ပေမယ့် နည်းနည်းပျော့ခဲ့တာကြောင့် ပြေးလိုက်လာတဲ့ နောက်ခံလူ အာယေးက ဂိုးစည်းနားကနေ ဖျက်ထုတ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၉ မိနစ်မှာ အမ်ဘူးမိုနဲ့ လီဗာပူးလ်နောက်တန်းတွေ လုံးထွေးပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို တိုနီက အနီးကပ်အနေအထားကနေ ဘားကျော်ကန်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ရာယာကန်တင်လိုက်တဲ့ ဘောလုံးကို တိုနီ ခေါင်းတိုက်ချရာမှာ အမ်ဘူးမိုက ဂိုးသမား အယ်လ်ဆန်ရဲ့ဘေးက ကန်သွင်းနိုင်ခဲ့ပေမယ့် နောက်ခံလူ မာတစ်ပ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားနိုင်ခဲ့လို့ ဘရန့်ဖို့ဒ်နဲ့ ဘဲစားဘဲချေဖြစ်နေပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးလ်တို့အနေနဲ့ ဘောလုံးကိုင်ကစားနိုင်ခဲ့တာကသာ ဘရန့်ဖို့ဒ်တို့ထက် သာလွန်ခဲ့ပြီး အိမ်ရှင်တွေအနေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အပိုင်းမှာ ယှဉ်နိုင်ခဲ့သလို မကြာခဏ သွေးတိုးစမ်းနေခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ညာခြမ်းက ကာနို့စ်ရဲ့ ပေးပို့မှုကို တိုနီက နောက်ပေါက်နဲ့ ချပေးရာမှာ နောက်ခံလူတွေကြားကနေ လွတ်ထွက်သွားတဲ့ ဘောလုံးကို ယန်ဆန်က လွဲချော်ခဲ့ပေမယ့် နောက်ကပါလာတဲ့ ပင်းနော့ခ်က ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ညာတောင်ပံက အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောကို ဘရန့်ဖို့ဒ်နောက်ခံလူတွေရဲ့ ခေါင်းတိုက်ဖျက်ထုတ်မှု ချိန်သားလွဲပြီး ဘယ်သူနဲ့မှ မထိဘဲ ကျလာတာကို ဘယ်ခြမ်းမှာ လွတ်နေတဲ့ ဂျိုတာက ခေါင်းတိုက်ပြီး ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ဂိုးစည်းထိပ်ကနေ လီဗာပူးလ်ကွင်းလယ်လူ ဂျုံးစ် ကန်သွင်းတဲ့ ဘောလုံး တိုင်ထိပြီး ပြန်ထွက်ခဲ့တာကို လူမကျွံအောင် သတိကြီးကြီးနဲ့ ပြေးထွက်သွားတဲ့ ဂျိုတာက ပိတ်သွင်းခဲ့ပေမယ့် ဘရန့်ဖို့ဒ်ဂိုးသမား ရာယာက အနီးကပ်ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ဘရန့်ဖို့ဒ်ခံစစ်ပိုင်းက အရင်ပွဲတွေလောက် မကျစ်လျစ်သလို လီဗာပူးလ်ရဲ့ အရှိန်အဝါကို တွန်းလှန်နေရပုံပေါ်ပြီး အမှားတွေကို လိုက်လံချေဖျက်သွားနိုင်ခဲ့လို့သာ ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့တာဖြစ်သလို ကလော့ပ်ရဲ့ လူတွေကလည်း အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ ပျက်ကွက်နေလို့ ဒုတိယပိုင်းမှာလည်း ပြိုင်ဆိုင်မှုက ကြီးမားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ကွင်းလယ်ကနေ ဖာဘင်ညို နောက်တန်းတွေပေါ်ကို ကျော်ချပြီး ပေးပို့ခဲ့ရာမှာ ဆာလားက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပြီး အီဂျစ်သားကတော့ ဒီနေ့မှာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ကို ၁၅၁ ပွဲနဲ့ ပြည့်မြောက်ခဲ့တာဖြစ်ပြီး အမြန်ဆုံးစံချိန်ရခဲ့တဲ့ လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ ချေပဂိုးရဖို့ တစ်သင်းလုံးတက်ပြီး တိုက်စစ်ဆင်ခဲ့ရာမှာ ညာခြမ်းက ဖြတ်တင်ဘောကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ရှင်းမထုတ်နိုင်ခဲ့လို့ ပြန်ကျလာတာကို နောက်ခံလူ ယန်ဆန်ရဲ့ ကန်ချက်က ဘားထိပြီး ထွက်ခဲ့ရာမှာ နောက်က ပါလာတဲ့ ကွင်းလယ်လူ ယာနဲ့လ်က သူ့ကို လာကြည့်တဲ့ ဂျာမနီလက်ရွေးစင်နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ရှေ့မှာ လီဗာပူးလ်နောက်ခံလူတွေကြားကနေ ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နှစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ လီဗာပူးလ်တို့ တတိယဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းမှာ ရောဘတ်ဆန်နဲ့ အပေးအယူလုပ်လာပြီး ဘောလုံးရခဲ့တဲ့ ကားတစ် ဂျုံးစ်က ဂိုးဧရိယာထိပ်က လှမ်းကန်ခဲ့ရာမှာ ဘရန့်ဖို့ဒ်နောက်ခံလူ အာယေးနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ဘဲ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပြီး သူ့မှာတော့ ဂိုးသွင်းသွင်းချင်း ဖာမီနိုနဲ့ လူစားလဲခံခဲ့ရလို့ မပျော်မရွှင်ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်ထဲမှာ ဆာလားက အလွတ်တစ်ကြိမ်၊ မာနေးက နောက်ခံလူနဲ့ ယှဉ်ပြေးပြီး တစ်ကြိမ် ကန်ခွင့်ရခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲဖြစ်ခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့ဘက် ကစားသမားနှစ်ဦး ထပ်မံလဲကစားခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ရာမှာတော့ အလုပ်ဖြစ်ခဲ့ပြီး လီဗာပူးလ်တို့ကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဝစ်ဆာက ကွင်းထဲရောက်အပြီး ၄ မိနစ်အကြာ ပွဲချိန် ၈၂ မိနစ်မှာတော့ ညာတောင်ပံက ကာနို့စ်ရဲ့ ဖြတ်တင်ဘောကို တိုနီနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ယှဉ်တိုက်ပြီး ကျလာခဲ့တဲ့ ဘောလုံးက သူ့ရှေ့ကို ကျလာတာကနေ ဂိုးသမား အယ်လစ်ဆန် မကာကွယ်နိုင်ခင် အမြန်ကန်သွင်းနိုင်ခဲ့လို့ ဘရန့်ဖို့ဒ်တို့ ချေပဂိုးပြန်ရှာဖွေနိုင်ခဲ့ပါတယ်။

ဝစ်ဆာအတွက် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရရှိခဲ့အပြီးမှာ ဂိုးရဖို့ နှစ်ဖက်စလုံးရဲ့ ထပ်မံကြိုးစားမှုတွေက မအောင်မြင်ခဲ့ဘဲ လီဗာပူးလ်ရဲ့ ပင်နယ်တီတောင်းဆိုမှုနှစ်ကြိမ်ကိုလည်း ပယ်ချခံခဲ့ရအပြီးမှာတော့ သုံးဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီး ရှုံးပွဲမရှိသေးတဲ့ မာဆေးဆိုဒ်သားတွေအနေနဲ့ ပြိုင်ဘက်တွေ အမှတ်လျော့ချိန်မှာ အမှတ်ပေးဇယားကို အပြတ်အသတ် ဦးဆောင်နိုင်ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး တစ်မှတ်နဲ့သာ အဆင့် ၁ မှာ ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၿပီးခဲ့တဲ့ ပြဲက ခ်န္လွပ္ထားတဲ့ ကစားသမားေတြကို အင္အားျပည့္ ျပန္လည္သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဲလီးေယာ့ရဲ႕ ကြက္လပ္အတြက္ ကားတစ္ ဂ်ဳံးစ္ကို ထည့္သြင္းခဲ့သလို တိုက္စစ္မွာေတာ့ ဆာလားနဲ႔ မာေနးတို႔ကို ဖာမီႏိုအစား ဂ်ိဳတာနဲ႔ တြဲေပးခဲ့ၿပီး အေဝးကြင္းႏိုင္ပြဲအတြက္ ျပင္ဆင္လာခဲ့ပါတယ္။

ၿပိဳင္ဘက္ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ရႈံးပြဲေတြ႕ထားခဲ့တဲ့အတြက္ လီဗာပူးလ္တို႔အေနနဲ႔ ဒီပြဲကို တန္းတက္အသင္းတစ္သင္းနဲ႔ ေတြ႕ခ်ိန္မွာ အခြင့္အေရးယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဘရန႔္ဖို႔ဒ္ကလည္း သူတို႔ရဲ႕ တိုနီ၊ အမ္ဘူးမိုတို႔ရဲ႕ တိုက္စစ္နဲ႔ အိမ္ကြင္း ကြန္ျမဴနတီမွာ ေကာင္းေကာင္းတုံ႔ျပန္ႏိုင္စြမ္းကို ျပသခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ဘရန႔္ဖို႔ဒ္ရဲ႕ ကြင္းလယ္မွာ အနီးကပ္လူေပးၿပီး ေဝ့ေနမႈကေန ဂ်ဳံးစ္က လုယူလို႔ ပ်က္ခဲ့တဲ့ ေဘာလုံးကို ဂ်ိဳတာက ခင္းေပးရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ ဆာလားက ဂိုးသမား ေဒးဗစ္ ရာယာနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေပါင္ၾကားထဲကေန ကန္သြင္းႏိုင္ခဲ့ေပမယ့္ နည္းနည္းေပ်ာ့ခဲ့တာေၾကာင့္ ေျပးလိုက္လာတဲ့ ေနာက္ခံလူ အာေယးက ဂိုးစည္းနားကေန ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာ အမ္ဘူးမိုနဲ႔ လီဗာပူးလ္ေနာက္တန္းေတြ လုံးေထြးၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို တိုနီက အနီးကပ္အေနအထားကေန ဘားေက်ာ္ကန္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ရာယာကန္တင္လိုက္တဲ့ ေဘာလုံးကို တိုနီ ေခါင္းတိုက္ခ်ရာမွာ အမ္ဘူးမိုက ဂိုးသမား အယ္လ္ဆန္ရဲ႕ေဘးက ကန္သြင္းႏိုင္ခဲ့ေပမယ့္ ေနာက္ခံလူ မာတစ္ပ္က ဂိုးစည္းေပၚကေန ရွင္းထုတ္သြားႏိုင္ခဲ့လို႔ ဘရန႔္ဖို႔ဒ္နဲ႔ ဘဲစားဘဲေခ်ျဖစ္ေနပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးလ္တို႔အေနနဲ႔ ေဘာလုံးကိုင္ကစားႏိုင္ခဲ့တာကသာ ဘရန႔္ဖို႔ဒ္တို႔ထက္ သာလြန္ခဲ့ၿပီး အိမ္ရွင္ေတြအေနနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈ အပိုင္းမွာ ယွဥ္ႏိုင္ခဲ့သလို မၾကာခဏ ေသြးတိုးစမ္းေနခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ညာျခမ္းက ကာႏို႔စ္ရဲ႕ ေပးပို႔မႈကို တိုနီက ေနာက္ေပါက္နဲ႔ ခ်ေပးရာမွာ ေနာက္ခံလူေတြၾကားကေန လြတ္ထြက္သြားတဲ့ ေဘာလုံးကို ယန္ဆန္က လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ကပါလာတဲ့ ပင္းေနာ့ခ္က ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ညာေတာင္ပံက အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ျဖတ္တင္ေဘာကို ဘရန႔္ဖို႔ဒ္ေနာက္ခံလူေတြရဲ႕ ေခါင္းတိုက္ဖ်က္ထုတ္မႈ ခ်ိန္သားလြဲၿပီး ဘယ္သူနဲ႔မွ မထိဘဲ က်လာတာကို ဘယ္ျခမ္းမွာ လြတ္ေနတဲ့ ဂ်ိဳတာက ေခါင္းတိုက္ၿပီး ရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ဂိုးစည္းထိပ္ကေန လီဗာပူးလ္ကြင္းလယ္လူ ဂ်ဳံးစ္ ကန္သြင္းတဲ့ ေဘာလုံး တိုင္ထိၿပီး ျပန္ထြက္ခဲ့တာကို လူမကြၽံေအာင္ သတိႀကီးႀကီးနဲ႔ ေျပးထြက္သြားတဲ့ ဂ်ိဳတာက ပိတ္သြင္းခဲ့ေပမယ့္ ဘရန႔္ဖို႔ဒ္ဂိုးသမား ရာယာက အနီးကပ္ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ဘရန႔္ဖို႔ဒ္ခံစစ္ပိုင္းက အရင္ပြဲေတြေလာက္ မက်စ္လ်စ္သလို လီဗာပူးလ္ရဲ႕ အရွိန္အဝါကို တြန္းလွန္ေနရပုံေပၚၿပီး အမွားေတြကို လိုက္လံေခ်ဖ်က္သြားႏိုင္ခဲ့လို႔သာ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိခဲ့တာျဖစ္သလို ကေလာ့ပ္ရဲ႕ လူေတြကလည္း အခြင့္အေရးေတြကို အသုံးခ်ႏိုင္ဖို႔ ပ်က္ကြက္ေနလို႔ ဒုတိယပိုင္းမွာလည္း ၿပိဳင္ဆိုင္မႈက ႀကီးမားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဖာဘင္ညိဳ ေနာက္တန္းေတြေပၚကို ေက်ာ္ခ်ၿပီး ေပးပို႔ခဲ့ရာမွာ ဆာလားက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး အနီးကပ္ပိတ္သြင္းယူႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး အီဂ်စ္သားကေတာ့ ဒီေန႔မွာ သူ႔ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀ ကို ၁၅၁ ပြဲနဲ႔ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး အျမန္ဆုံးစံခ်ိန္ရခဲ့တဲ့ လီဗာပူးလ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ေခ်ပဂိုးရဖို႔ တစ္သင္းလုံးတက္ၿပီး တိုက္စစ္ဆင္ခဲ့ရာမွာ ညာျခမ္းက ျဖတ္တင္ေဘာကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ရွင္းမထုတ္ႏိုင္ခဲ့လို႔ ျပန္က်လာတာကို ေနာက္ခံလူ ယန္ဆန္ရဲ႕ ကန္ခ်က္က ဘားထိၿပီး ထြက္ခဲ့ရာမွာ ေနာက္က ပါလာတဲ့ ကြင္းလယ္လူ ယာနဲ႔လ္က သူ႔ကို လာၾကည့္တဲ့ ဂ်ာမနီလက္ေ႐ြးစင္နည္းျပ ဟန္ဆီ ဖလစ္ခ္ရဲ႕ေရွ႕မွာ လီဗာပူးလ္ေနာက္ခံလူေတြၾကားကေန ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ တတိယဂိုးနဲ႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး ကြင္းလယ္ဘယ္ျခမ္းမွာ ေရာဘတ္ဆန္နဲ႔ အေပးအယူလုပ္လာၿပီး ေဘာလုံးရခဲ့တဲ့ ကားတစ္ ဂ်ဳံးစ္က ဂိုးဧရိယာထိပ္က လွမ္းကန္ခဲ့ရာမွာ ဘရန႔္ဖို႔ဒ္ေနာက္ခံလူ အာေယးနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂိုးသမား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ သုံးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ၿပီး သူ႔မွာေတာ့ ဂိုးသြင္းသြင္းခ်င္း ဖာမီႏိုနဲ႔ လူစားလဲခံခဲ့ရလို႔ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၇ မိနစ္ထဲမွာ ဆာလားက အလြတ္တစ္ႀကိမ္၊ မာေနးက ေနာက္ခံလူနဲ႔ ယွဥ္ေျပးၿပီး တစ္ႀကိမ္ ကန္ခြင့္ရခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲျဖစ္ခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ဘက္ ကစားသမားႏွစ္ဦး ထပ္မံလဲကစားခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့ရာမွာေတာ့ အလုပ္ျဖစ္ခဲ့ၿပီး လီဗာပူးလ္တို႔ကို ျပန္လည္ၿခိမ္းေျခာက္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာ လူစားဝင္လာခဲ့တဲ့ တိုက္စစ္မႉး ဝစ္ဆာက ကြင္းထဲေရာက္အၿပီး ၄ မိနစ္အၾကာ ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ညာေတာင္ပံက ကာႏို႔စ္ရဲ႕ ျဖတ္တင္ေဘာကို တိုနီနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ယွဥ္တိုက္ၿပီး က်လာခဲ့တဲ့ ေဘာလုံးက သူ႔ေရွ႕ကို က်လာတာကေန ဂိုးသမား အယ္လစ္ဆန္ မကာကြယ္ႏိုင္ခင္ အျမန္ကန္သြင္းႏိုင္ခဲ့လို႔ ဘရန႔္ဖို႔ဒ္တို႔ ေခ်ပဂိုးျပန္ရွာေဖြႏိုင္ခဲ့ပါတယ္။

ဝစ္ဆာအတြက္ ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ရရွိခဲ့အၿပီးမွာ ဂိုးရဖို႔ ႏွစ္ဖက္စလုံးရဲ႕ ထပ္မံႀကိဳးစားမႈေတြက မေအာင္ျမင္ခဲ့ဘဲ လီဗာပူးလ္ရဲ႕ ပင္နယ္တီေတာင္းဆိုမႈႏွစ္ႀကိမ္ကိုလည္း ပယ္ခ်ခံခဲ့ရအၿပီးမွာေတာ့ သုံးဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ရႈံးပြဲမရွိေသးတဲ့ မာေဆးဆိုဒ္သားေတြအေနနဲ႔ ၿပိဳင္ဘက္ေတြ အမွတ္ေလ်ာ့ခ်ိန္မွာ အမွတ္ေပးဇယားကို အျပတ္အသတ္ ဦးေဆာင္ႏိုင္ရမယ့္ အခြင့္အေရးကို ဆုံးရႈံးခဲ့ရၿပီး တစ္မွတ္နဲ႔သာ အဆင့္ ၁ မွာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.