Match Report Premier League

ပွဲစကတည်းက မှားပြီးရင်းမှားတဲ့ တူဟယ်လ်ရဲ့ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ ပက်ပ်ရဲ့ မန်စီးတီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သိပ်ကို Passive ဖြစ်လွန်းတဲ့ ၃-၅-၂ မဟုတ်ဘဲ ၅-၃-၂ ဆန်ဆန်ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်တန်းက ပုံမှန်ပွဲထွက်နေကျသူတွေရှေ့က ကွန်တေ၊ ဂျော်ဂျင်ညို၊ ကိုဗာချစ်တို့ သုံးယောက်စလုံးကို သုံးခဲ့သလို တောင်ပံတွေမှာတော့ အလွန်ဆိုနဲ့ ရီးစ်ဂျိမ်းစ်ကို သုံးခဲ့ပြီး တိုက်စစ်မှာတော့ လူကာကူးနဲ့ ဗာနာတို့ တွဲဖက်ကစားလာခဲ့ပါတယ်။

ဧည့်သည် မန်ချက်စတာစီးတီးတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ Possession Based False 9 နဲ့ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ခံစစ်ထိုင်ကို မဖျက်ခဲ့ချိန်မှာ ရိုဒရီကို ကွင်းလယ်မှာ ထိုင်ဖျက်ဖို့ ချဲလ်ဆီးပေးတဲ့ သင်ခန်းစာတွေအရ ထည့်သွင်းခဲ့ပြီး တိုက်စစ်မှာတော့ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ ဂျေဆူးစ်နဲ့ ဖိုဒန်တို့ အုပ်စုဖွဲ့ပြီး ပွဲထွက်လာခဲ့ကြတာပါ။

ချဲလ်ဆီးအသင်းရဲ့ တောင်ပံမှာ ခံစစ်သမားတွေ သုံးတဲ့ ကစားကွက်က တော်တော်လေး ပျင်းစရာကောင်းသလို တိုက်စစ်ကို ပုံဖော်ပေးမယ့် မေဆန်မောင့် ဒဏ်ရာရနေတာကြောင့် အသင်းကြီးချင်းအတွေ့မှာ အိမ်ကွင်းမှာ ခံစစ်ပိတ်ပြီး ကစားနေတဲ့ပုံစံမျိုးနဲ့ ပရိသတ်တွေကို မျက်နှာပျက်စရာမျိုး ဖန်တီးမိခဲ့ပြီး တိုက်စစ်လမ်းကြောင်းတွေကိုလည်း သက်ဆိုင်ရာတောင်ပံတွေက အချိန်မီ မချိတ်ဆက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မန်စီးတီးကတော့ ကစားနေကျပုံစံအတိုင်း ဘောလုံးကိုင်ထားခဲ့ပြီး တိုက်စစ်ကစားနေခဲ့သလို ချဲလ်ဆီးတို့ကတော့ ခံစစ်ကစားရင်း ကောင်တာနဲ့ ထိုးဖောက်ဖို့ လုပ်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တီမို ဗာနာ ထိုးဖောက်ပြီး ချိုးပေးတာကို လူကာကူး ကန်သွင်းရာမှာ ကန်ဆယ်လို ပိတ်ဆို့သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ နစ်နာခဲ့ရပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ဘယ်ခြမ်းက ထိုးဖောက်ခဲ့ရာမှာ အသင်းကြီးတွေနဲ့ဆိုရင် ရုန်းကန်ရလေ့ရှိပြီး လီဗာပူးလ်နဲ့ပွဲမှာ ပုံမလာခဲ့တဲ့ အလွန်ဆိုရဲ့ ဒီနေ့ပွဲမှာလည်း ပျက်နေတဲ့ ပုံစံအရ တိုက်စစ်မှူး ဗာနာတစ်ယောက်တည်း ရုန်းနေခဲ့ရသလို ရီးစ်ဂျိမ်းစ်ကို သီယာဂို ဆေးလ်ဗားနဲ့ လဲခဲ့ရအပြီး တိုက်စစ်အားသန်တဲ့ ကစားသမားဆိုလို့ ရှေ့တန်းနှစ်ယောက်ကလွဲရင် ကိုဗာချစ်ကိုသာ ဘုရားစူး လက်ညှိုးထိုးရမယ့်အချိန်မှာ မန်စီးတီးကစားကွက်အောက်မှာ နစ်နေခဲ့တာပါ။

စီးတီးတို့ရဲ့ အတိုးအလှုပ်တွေကို ချဲလ်ဆီးတို့ ခံစစ်မှာ ၈ ယောက်အထိ ဆင်းဖျက်နေခဲ့ပြီး ဒါက ပွဲကို ရသပျက်စေသလို တူတူတန်တန် အပြန်အလှန်ကစားနိုင်မှုကနေ ဝေးကွာစေခဲ့ပြီး ပထမပိုင်းမှာ ဇီးဇီးဖြစ်ခဲ့ပေမယ့် လက်ဝှေ့စကားနဲ့ ပြောရရင် ဂွါဒီယိုလာက တူဟယ်လ်ကို အစီးသရေ ထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း စစချင်းမှာ ဆက်တိုက်ထိုးဖောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးရဲ့ ခံစစ်ရှေ့မှာ စီးတီးတို့ရဲ့ ကန်ချက်တွေက သိပ်ပုံမလာခဲ့ပေမယ့် ပွဲချိန် ၅၂ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ပြန်ပေးခဲ့တာကို ကန်ဆယ်လို ကန်သွင်းရာမှာ လူထိပြီး လည်လာတဲ့ ဘောလုံးက ဂျေဆူးစ်ဆီ ရောက်သွားခဲ့ပြီး ဘရာဇီးလ်သားရဲ့ တစ်ပတ်လှည့်ကန်ချက်က ဂျော်ဂျင်ညိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဘယ်ခြမ်းက ဆွဲဝင်လာတဲ့ ဂရီးလစ်ရှ်ရဲ့ အနိမ့်ဘောကန်ချက်ကို မန်ဒီ လက်ဖျားနဲ့ ပုတ်ထုတ်ခဲ့ရသလို တန်ပြန်တိုက်စစ်ကနေ ကန်ဆယ်လို ဘောလုံးရပြီး အနိမ့်ဘောချိုးပေးခဲ့တာကို ဂျေဆူးစ် ကန်သွင်းခဲ့ပေမယ့် သီယာဂို ဆေးလ်ဗားက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ အသင်းကြီးချင်း ယှဉ်တဲ့ ကစားအား Intensity ကို မလိုက်နိုင်ဘဲ ကစားအားကျလာခဲ့တဲ့ အလွန်ဆိုကြောင့် ချဲလ်ဆီး ဘယ်ခြမ်းက သေသွားခဲ့သလို ချေးလ်ဝဲလ်ကို လဲသင့်တာကို ခေါင်းမာပြီး ဟာဗတ်ဇ်ကိုသာ ထည့်ခဲ့တဲ့ တူဟယ်လ်ကြောင့် ကစားကွက်က ဘာမှ တိုးတက်မှု ရှိမလာခဲ့ဘဲ ပွဲချိန် ၆၃ မိနစ်မှာ လူကာကူး တစ်ဂိုးပြန်သွင်းနိုင်ပေမယ့် သိသိသာသာ လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ချဲလ်ဆီးတို့ ဖိကစားလာခဲ့ချိန်မှာ မန်စီးတီးတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ရင်ခုန်စရာ လျင်မြန်လွန်းခဲ့သလို အိမ်ရှင်ပရိသတ်တွေ ထိတ်လန့်ခဲ့ရပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ ဂရီးလစ်ရှ်ရဲ့ အနီးကပ်ကန်ချက်ကို တစ်ယောက်ချင်းအတွေ့မှာ မန်ဒီက ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်။

လက်ကျန်အချိန်တွေမှာတော့ ကိုယ့်ခြေထောက်ကိုယ် မနည်းသယ်နေရတဲ့ အလွန်ဆိုကြောင့် ညာခြမ်းက အက်ဇ်ပီလီကွေတာတစ်ယောက်တည်း ထိုးဖောက်နေခဲ့ရပြီး လူစားဝင်လာတဲ့ လော့ဖ်တပ်စ်-ချိခ်ကလည်း အလှအပတွေနဲ့ နောက်ပြန်ပေးတာကလွဲရင် ဘာမှ မစွံခဲ့တာကြောင့် ချဲလ်ဆီးတို့ နှမလက်လျှော့နေလေတော့ဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်ချက်စတာစီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အောင်ပွဲခံခဲ့ပြီး ချဲလ်ဆီးနဲ့ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တို့ကို ကျော်တက်နိုင်ခဲ့သလို အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ချိန်မှာ ကွင်းလယ်နဲ့ တိုက်စစ်မှာ အခွင့်အရေးတွေကို ဖန်တီးဖို့ ကြိုတင်ပြင်ဆင် စဉ်းစားနိုင်ခြင်း မရှိခဲ့တဲ့ တူဟယ်လ်နဲ့ အိမ်ရှင် အနောက်လန်ဒန်သားတွေကတော့ ရမှတ်တူနဲ့ အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သိပ္ကို Passive ျဖစ္လြန္းတဲ့ ၃-၅-၂ မဟုတ္ဘဲ ၅-၃-၂ ဆန္ဆန္ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၿပီး ခံစစ္တန္းက ပုံမွန္ပြဲထြက္ေနက်သူေတြေရွ႕က ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္တို႔ သုံးေယာက္စလုံးကို သုံးခဲ့သလို ေတာင္ပံေတြမွာေတာ့ အလြန္ဆိုနဲ႔ ရီးစ္ဂ်ိမ္းစ္ကို သုံးခဲ့ၿပီး တိုက္စစ္မွာေတာ့ လူကာကူးနဲ႔ ဗာနာတို႔ တြဲဖက္ကစားလာခဲ့ပါတယ္။

ဧည့္သည္ မန္ခ်က္စတာစီးတီးတို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ အသားေပးတဲ့ Possession Based False 9 နဲ႔ ၄-၃-၃ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး ခံစစ္ထိုင္ကို မဖ်က္ခဲ့ခ်ိန္မွာ ႐ိုဒရီကို ကြင္းလယ္မွာ ထိုင္ဖ်က္ဖို႔ ခ်ဲလ္ဆီးေပးတဲ့ သင္ခန္းစာေတြအရ ထည့္သြင္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ ဂရီးလစ္ရွ္၊ ေဂ်ဆူးစ္နဲ႔ ဖိုဒန္တို႔ အုပ္စုဖြဲ႕ၿပီး ပြဲထြက္လာခဲ့ၾကတာပါ။

ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံမွာ ခံစစ္သမားေတြ သုံးတဲ့ ကစားကြက္က ေတာ္ေတာ္ေလး ပ်င္းစရာေကာင္းသလို တိုက္စစ္ကို ပုံေဖာ္ေပးမယ့္ ေမဆန္ေမာင့္ ဒဏ္ရာရေနတာေၾကာင့္ အသင္းႀကီးခ်င္းအေတြ႕မွာ အိမ္ကြင္းမွာ ခံစစ္ပိတ္ၿပီး ကစားေနတဲ့ပုံစံမ်ိဳးနဲ႔ ပရိသတ္ေတြကို မ်က္ႏွာပ်က္စရာမ်ိဳး ဖန္တီးမိခဲ့ၿပီး တိုက္စစ္လမ္းေၾကာင္းေတြကိုလည္း သက္ဆိုင္ရာေတာင္ပံေတြက အခ်ိန္မီ မခ်ိတ္ဆက္ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

မန္စီးတီးကေတာ့ ကစားေနက်ပုံစံအတိုင္း ေဘာလုံးကိုင္ထားခဲ့ၿပီး တိုက္စစ္ကစားေနခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ ခံစစ္ကစားရင္း ေကာင္တာနဲ႔ ထိုးေဖာက္ဖို႔ လုပ္ခဲ့ၿပီး ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန တီမို ဗာနာ ထိုးေဖာက္ၿပီး ခ်ိဳးေပးတာကို လူကာကူး ကန္သြင္းရာမွာ ကန္ဆယ္လို ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ဘယ္ျခမ္းက ထိုးေဖာက္ခဲ့ရာမွာ အသင္းႀကီးေတြနဲ႔ဆိုရင္ ႐ုန္းကန္ရေလ့ရွိၿပီး လီဗာပူးလ္နဲ႔ပြဲမွာ ပုံမလာခဲ့တဲ့ အလြန္ဆိုရဲ႕ ဒီေန႔ပြဲမွာလည္း ပ်က္ေနတဲ့ ပုံစံအရ တိုက္စစ္မႉး ဗာနာတစ္ေယာက္တည္း ႐ုန္းေနခဲ့ရသလို ရီးစ္ဂ်ိမ္းစ္ကို သီယာဂို ေဆးလ္ဗားနဲ႔ လဲခဲ့ရအၿပီး တိုက္စစ္အားသန္တဲ့ ကစားသမားဆိုလို႔ ေရွ႕တန္းႏွစ္ေယာက္ကလြဲရင္ ကိုဗာခ်စ္ကိုသာ ဘုရားစူး လက္ညႇိဳးထိုးရမယ့္အခ်ိန္မွာ မန္စီးတီးကစားကြက္ေအာက္မွာ နစ္ေနခဲ့တာပါ။

စီးတီးတို႔ရဲ႕ အတိုးအလႈပ္ေတြကို ခ်ဲလ္ဆီးတို႔ ခံစစ္မွာ ၈ ေယာက္အထိ ဆင္းဖ်က္ေနခဲ့ၿပီး ဒါက ပြဲကို ရသပ်က္ေစသလို တူတူတန္တန္ အျပန္အလွန္ကစားႏိုင္မႈကေန ေဝးကြာေစခဲ့ၿပီး ပထမပိုင္းမွာ ဇီးဇီးျဖစ္ခဲ့ေပမယ့္ လက္ေဝွ႔စကားနဲ႔ ေျပာရရင္ ဂြါဒီယိုလာက တူဟယ္လ္ကို အစီးသေရ ထိုးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒုတိယပိုင္း စစခ်င္းမွာ ဆက္တိုက္ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးရဲ႕ ခံစစ္ေရွ႕မွာ စီးတီးတို႔ရဲ႕ ကန္ခ်က္ေတြက သိပ္ပုံမလာခဲ့ေပမယ့္ ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေနာက္ျပန္ေပးခဲ့တာကို ကန္ဆယ္လို ကန္သြင္းရာမွာ လူထိၿပီး လည္လာတဲ့ ေဘာလုံးက ေဂ်ဆူးစ္ဆီ ေရာက္သြားခဲ့ၿပီး ဘရာဇီးလ္သားရဲ႕ တစ္ပတ္လွည့္ကန္ခ်က္က ေဂ်ာ္ဂ်င္ညိဳနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ခဲ့ဘဲ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဘယ္ျခမ္းက ဆြဲဝင္လာတဲ့ ဂရီးလစ္ရွ္ရဲ႕ အနိမ့္ေဘာကန္ခ်က္ကို မန္ဒီ လက္ဖ်ားနဲ႔ ပုတ္ထုတ္ခဲ့ရသလို တန္ျပန္တိုက္စစ္ကေန ကန္ဆယ္လို ေဘာလုံးရၿပီး အနိမ့္ေဘာခ်ိဳးေပးခဲ့တာကို ေဂ်ဆူးစ္ ကန္သြင္းခဲ့ေပမယ့္ သီယာဂို ေဆးလ္ဗားက ဂိုးစည္းေပၚကေန ရွင္းထုတ္ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် အသင္းႀကီးခ်င္း ယွဥ္တဲ့ ကစားအား Intensity ကို မလိုက္ႏိုင္ဘဲ ကစားအားက်လာခဲ့တဲ့ အလြန္ဆိုေၾကာင့္ ခ်ဲလ္ဆီး ဘယ္ျခမ္းက ေသသြားခဲ့သလို ေခ်းလ္ဝဲလ္ကို လဲသင့္တာကို ေခါင္းမာၿပီး ဟာဗတ္ဇ္ကိုသာ ထည့္ခဲ့တဲ့ တူဟယ္လ္ေၾကာင့္ ကစားကြက္က ဘာမွ တိုးတက္မႈ ရွိမလာခဲ့ဘဲ ပြဲခ်ိန္ ၆၃ မိနစ္မွာ လူကာကူး တစ္ဂိုးျပန္သြင္းႏိုင္ေပမယ့္ သိသိသာသာ လူကြၽံေနခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ ခ်ဲလ္ဆီးတို႔ ဖိကစားလာခဲ့ခ်ိန္မွာ မန္စီးတီးတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြကလည္း ရင္ခုန္စရာ လ်င္ျမန္လြန္းခဲ့သလို အိမ္ရွင္ပရိသတ္ေတြ ထိတ္လန႔္ခဲ့ရၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဂရီးလစ္ရွ္ရဲ႕ အနီးကပ္ကန္ခ်က္ကို တစ္ေယာက္ခ်င္းအေတြ႕မွာ မန္ဒီက ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့ပါတယ္။

လက္က်န္အခ်ိန္ေတြမွာေတာ့ ကိုယ့္ေျခေထာက္ကိုယ္ မနည္းသယ္ေနရတဲ့ အလြန္ဆိုေၾကာင့္ ညာျခမ္းက အက္ဇ္ပီလီေကြတာတစ္ေယာက္တည္း ထိုးေဖာက္ေနခဲ့ရၿပီး လူစားဝင္လာတဲ့ ေလာ့ဖ္တပ္စ္-ခ်ိခ္ကလည္း အလွအပေတြနဲ႔ ေနာက္ျပန္ေပးတာကလြဲရင္ ဘာမွ မစြံခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ႏွမလက္ေလွ်ာ့ေနေလေတာ့ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မန္ခ်က္စတာစီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေအာင္ပြဲခံခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေက်ာ္တက္ႏိုင္ခဲ့သလို အဆင့္ ၂ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ခ်ိန္မွာ ကြင္းလယ္နဲ႔ တိုက္စစ္မွာ အခြင့္အေရးေတြကို ဖန္တီးဖို႔ ႀကိဳတင္ျပင္ဆင္ စဥ္းစားႏိုင္ျခင္း မရွိခဲ့တဲ့ တူဟယ္လ္နဲ႔ အိမ္ရွင္ အေနာက္လန္ဒန္သားေတြကေတာ့ ရမွတ္တူနဲ႔ အဆင့္ ၃ ေနရာကို ဆင္းေပးခဲ့ရပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.