Bundesliga Premier League Transfer News

ဆန်ချိုအတွက် ဈေးနှုန်းလျှော့ချပေးနိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့တဲ့ ဒေါ့မွန်အမှုဆောင် ခရေမာ






SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မန်နေဂျင်းဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားရတဲ့ ကာစတန် ခရေမာက သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ဈေးနှုန်းလျှော့ချပေးသွားဖွယ်ရာရှိတယ်လို့ ဆိုခဲ့လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအဖို့ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

ခရေမာက သူ့အနေနဲ့ လက်ရှိကိုဗစ်-၁၉ ရိုက်ခတ်နေတဲ့ ဘောလုံးလောကမှာ အရင်အခြေအနေအတိုင်း ဈေးရရှိဖို့က မဖြစ်နိုင်ဘဲ ဝယ်လိုအား လျော့နည်းလာတာနဲ့အညီ ဈေးတွေလည်း လျော့ကျလာလိမ့်မယ်လို့ ဆိုခဲ့တာကြောင့် ဆန်ချိုကို လေးလေးနက်နက် ဆက်သွယ်နေခဲ့တဲ့ ယူနိုက်တက် အတွက်တော့ သတင်းကောင်းလည်းဖြစ်ခဲ့ပါတယ်။

နောက်ဆုံးညှိနှိုင်းမှုတွေမှာ ဒေါ့မွန်အသင်းက ပေါင်သန်း ၁၂၀ အထိ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့သလို ပေါင်သန်း ၁၀၀ အောက်အထိတော့ လျှော့ချမပေးနိုင်ဘူးလို့ ခပ်တင်းတင်းဆိုထားခဲ့တာကြောင့် အင်္ဂလန်တောင်ပံကစားသမားရဲ့ အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်က ပျယ်ပြယ်လုခမန်းဖြစ်နေခဲ့ရာမှာ ခုတော့ အခြေအနေ ပြောင်းလဲစပြုလာခဲ့တာပါ။

“ပုံမှန်ဆိုရင် ခုချိန်လောက်ဆို နောက်ရာသီအတွက် လူစာရင်းနဲ့ ရောင်းမယ့် လူစာရင်းက သေချာပြီးသွားပြီဗျ။ ကစားသမားတွေကို မရောင်းရသေးပေမယ့် အစီအစဉ်ကတော့ လုပ်ပြီးသွားပြီပေါ့လေ။ ဒါပေမယ့် ခုချိန်မှာတော့ အားလုံးက အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ရာသီအတွက် ဇူလိုင်လဆန်း၊ ဒါမှမဟုတ် သြဂုတ်လဆန်းမှာတောင် ကျွန်တော့်အနေနဲ့ ရာသီသစ်အတွက် အစီအစဉ်တွေ ပြည့်စုံအောင် ချမှတ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး”လို့ ခရေမာက ဆိုပါတယ်။

ဒါ့အပြင် ခရေမာက လာမယ့်ရာသီမှာ အငှားကစားသမားဈေးကွက်က ပိုမိုကြီးမားလာမယ်လို့လည်း ပြောကြားသွားခဲ့ပြီး အပြောင်းအရွှေ့တွေအတွက် အားလုံး စိတ်ရှည်ရမှာဖြစ်သလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုမှုတွေကိုလည်း လျှော့ချပေးရလိမ့်မယ်လို့ သူ့အနေနဲ့တော့ အလွန်ကို သေချာနေကြောင်း ပြောကြားသွားခဲ့အတွက် ဆန်ချိုရဲ့ ဈေးနှုန်းအတွက် အဆင်မပြေလို့ အားမလို အားမရဖြစ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာဖြစ်လာနိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

REF: METRO VIA LEADERS IN SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.