Match Report Premier League

တစ်ပွဲတစ်ဂိုးခံစစ်ကို ကယ်မယ့်သူ မရှိဘဲ ဗီလာကို အိမ်ကွင်းမှာ ရှုံးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို ထုတ်သုံးခဲ့ပြီး ခံစစ်မှာ မက်ဂွိုင်းယား၊ ဗာရွန်း၊ လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာ၊ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မက်တော်မီနေး၊ တိုက်စစ်မှာ ရော်နယ်လ်ဒို၊ ဂရင်းဝုဒ်၊ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ၄-၃-၃ နဲ့ ၄-၂-၄ ကြား အရှင်ကစားခဲ့ကြသလို နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီပွဲကို ကြီးကြီးမားမား မျှော်လင့်လာပုံလည်းရပါတယ်။

အက်စတန်ဗီလာတို့ကတော့ ၃-၅-၂ ပုံစံကိုပဲ ဆက်သုံးခဲ့ပြီး ကွင်းလယ်မှာ အသားမကျသေးဘဲ ခြေစွမ်းမပြနိုင်တဲ့ ဘွင်ဒီယာကို ချန်ထားခဲ့ချိန်မှာ လုပ်အားနှုန်းနဲ့ ကောင်တာဦးစားပေးကစားကွက်ကိုပဲ တည်ဆောက်ခဲ့သလို တောင်ပံအစွန်လူတွေဖြစ်တဲ့ ကတ်ရှ်နဲ့ တားဂက်၊ တိုက်စစ်က ဝပ်ကင်းစ်နဲ့ အင်းစ်တို့က အဓိက ကစားသမားတွေလည်းဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂ မိနစ်မှာပဲ လုခ်ရှောပေးတာကို ဘရူနို ဖာနန်ဒက်စ်ရဲ့ ကရော်ကမယ် ကန်လိုက်တဲ့ ကန်ချက်က ဒီထက်ကောင်းသင့်တယ်ဆိုတဲ့ အတွေးနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို စိတ်မသန့်မှု ပေးခဲ့သလို ဂရင်းဝုဒ်ကလည်း ဒီနေ့မှာ ဘောလုံးအပေးအကမ်းတွေကို တွန့်တိုနေခဲ့တာ တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဗီလာတို့ ညာတောင်ပံက ထိုးဖောက်လာခဲ့ပြီး ကတ်ရှ်ရဲ့ အနိမ့်ဘောကို တားဂက်က ပိတ်သွင်းခွင့်ရခဲ့ပေမယ့် နောက်တန်းခြေနဲ့ လွဲချော်ပစ်ခဲ့တာက သူတို့တွေအတွက် အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ရပြီး ယူနိုက်တက်တို့ရဲ့ ခံစစ်ကတော့ ဒီနေ့မှာ သိပ်လမိုင်းမကပ်ဘဲ ဖရိုဖရဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဝပ်ကင်းစ်ကို နောက်က မက်ဂွိုင်းယား ဘောလုံးမထိဘဲ ဖျက်တာကို ကိုယ့်မြေးလေး လုပ်ချင်တာလုပ် ကြည့်ကောင်းတယ်ဆိုတဲ့ အဘိုးရဲ့ ပုံစံမျိုးနဲ့ ပြောင်ပြောင်ကြီး မျက်ကွယ်ပြုခဲ့တဲ့ မိုက်ဒင်းန်ကြောင့် ‌ယူနိုက်တက်တို့ ကောင်တာပြန်ထိုးဖောက်ခွင့်ရခဲ့ပေမယ့် ပေါ့ဘာပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ အခွင့်အရေးသာတဲ့ ဖာနန်ဒက်စ်ကို ပေးရမယ့်အစား တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ဂရင်းဝုဒ်ကြောင့် ဂိုးမရဘဲဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ ကစားကွက်တည်ဆောက်မှုအပိုင်းနဲ့ ဘောလုံးဖြန့်ဝေမှုအပိုင်းကတော့ ဒီနေ့မှာ စိတ်ပျက်စရာကောင်းခဲ့ပြီး ယူနိုက်တက်တို့ရဲ့ ကွင်းလယ်က ဘောလုံးပေးပို့ပုံ တိကျမှုဟာ ၇၇ ရာခိုင်နှုန်းသာ ရှိခဲ့တာက အားနည်းမှုအဖြစ် ရှုမြင်ခဲ့ရသလို ရော်နယ်လ်ဒိုအတွက် ပေးပို့ခဲ့တဲ့ အမြင့်ဘောတွေကလည်း သိပ်မတိကျချိန်မှာ တိုင်ရုန်းမင်းစ်တို့အုပ်စု အလွယ်တကူ ကာကွယ်နိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ မက်ဂွိုင်းယား နောက်ပြန်အပေးကောင်းတာကို ဒဟေးယား မထိန်းရဲဘဲ အလျင်အမြန်ရှင်းထုတ်တာက ဝပ်ကင်းစ် ရောက်သွားခဲ့ပေမယ့် ဗီလာတိုက်စစ်မှူးအနေနဲ့ ဂိုးသမားတည့်တည့်ပဲ ကန်ခဲ့လို့ ယူနိုက်တက်တို့ ဂိုးမပေးရသေးဘဲ ကံကောင်းနေခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ် ချိုးပေးတာကနေ ပြန်ထွက်လာတာကို ပေါ့ဘာကန်ခဲ့ပေမယ့် တိုင်ဘေးက လွဲချော်ခဲ့ပြန်ပါတယ်။

ဒီနေ့ပွဲမှာ ရော်နယ်လ်ဒိုကတော့ သူ့နိုင်ငံအသင်းဖော်ရဲ့ အလောတကြီးလုပ်ပုံတွေကို စိတ်ပျက်နေပုံရသလို အချိတ်အဆက်မမိတာတွေကလည်း ဗီလာရဲ့ ခံစစ်အားပြုပုံကို ကျော်ဖြတ်ရခက်စေပြီး ပွဲချိန် ၂၉ မိနစ်မှာ လုခ်ရှော ဒဏ်ရရခဲ့လို့ ဒါလော့နဲ့ လဲခဲ့ရသလို ပွဲချိန် ၄၂ မိနစ်မှာ ဖရီးကစ်ကနေ မက်ဂွိုင်းယားရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ဗီလာဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ရဲ့ တိုက်စစ်ချိတ်ဆက်ပုံဖော်မှုတွေနဲ့ ကွင်းလယ်ဖန်တီးမှုတွေက တိုးတက်လာခြင်းမရှိဘဲ ပွဲတိုင်းဂိုးသွင်းတဲ့ ရော်နယ်လ်ဒိုပါ လုပ်မရကိုင်မရဖြစ်ခဲ့သလို ဆန်ချို၊ လင်ဂတ်တို့ကို ထည့်သင့်ပြီး အတိုးအလှုပ်တွေ ရှာဖွေသင့်ချိန်မှာလည်း နည်းပြ ဆိုးလ်ရှားအနေနဲ့ ပျက်ကွက်ခဲ့တာကို တွေ့ရပါတယ်။

ဂရင်းဝုဒ်ကတော့ ဖြုန်းတီးမှု ဘာသာရပ်မှာ အမှတ် ၁၀၀ အပြည့်ရခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ နှစ်ယောက်ကိုတောင် မျက်စိထဲ မထားဘဲဖြစ်နေခဲ့တာက အသင်းရဲ့ အခန်းကဏ္ဍ ခွဲဝေမှုနဲ့ စည်းလုံးမှုကို မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ပွဲချိန် ၆၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝပ်ကင်းစ်ရဲ့ ခြိမ်းခြောက်မှုကို ဒဟေးယား ပုတ်ထုတ်ခဲ့ရပါတယ်။

ပေါ့ဘာရဲ့ ကန်ချက်တွေကလည်း ဒီနေ့မှာ တိုင်ဘေးတွေပဲ များနေခဲ့ပြီး ဂရင်းဝုဒ်နဲ့ သူနဲ့ ပေါင်းရင် အသင်းရဲ့ ကန်ခွင့် ၂၈ ကြိမ်ကို တော်တော်များများ လိုင်စင်ဆွဲထားခဲ့သလို ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ မက်ဂွိုင်းယားအစား လင်ဒီလော့ဖ်နဲ့ မက်တော်မီနေးအစား ကာဗာနီတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဖိကစားတာကလွဲပြီး သိပ်တော့ မထူးခြားခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ထောင့်ကန်ဘောကန်ဖို့ လုပ်နေစဉ်မှာ ကာဗာနီနဲ့ ဗီလာရဲ့ ဟော့စ်တို့ ထုပ်ဆီးတိုးနေခဲ့ကြပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ကန်တင်ပေးရာမှာတော့ ကာဗာနီကို ခွာပြီး ပြေးထွက်သွားတဲ့ ဟော့စ်က ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ ကြိုးစားခဲ့ရာမှာ ဂိုးသမား ဒဟေးယား ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပြီး ယူနိုက်တက်တို့ အိမ်ကွင်းမှာ ရှုံးနိမ့်နေခဲ့ပါတယ်။

ပွဲချိန် ၉၁ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို ကာဗာနီ ခေါင်းတိုက်ဖို့ ကြိုးစားရာမှာ ဂိုးသွင်းရှင်နောက်ခံလူ ဟော့စ်ရဲ့ လက်နဲ့ ထိမိခဲ့ပြီး ဒိုင်လူကြီး မိုက်ဒင်းန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့သလို ဒီအခွင့်အရေးကို ရော်နယ်လ်ဒို မကန်ဘဲ ကန်နေကျ ဘရူနို ဖာနန်ဒက်စ်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား မာတီနက်ဇ်ရဲ့ ဖိအားကို မခံနိုင်တဲ့ ပုံစံနဲ့ ဂိုးဘားပေါ် ကျော်ကန်သွားခဲ့လို့ ချေပဂိုးနဲ့ လွဲခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ အက်စတန်ဗီလာတို့ အောင်ပွဲခံခဲ့ပြီး တစ်ပွဲကို တစ်ဂိုးနှုန်းပေးပြီး တာဝန်ကျေနေတဲ့ ခံစစ်ပိုင်းကိုတော့ ဒီနေ့လိုမျိုး တိုက်စစ်ပိုင်းရဲ့ ဘယ်သူကမှ ကယ်တင်နိုင်စွမ်း မရှိတော့ချိန်မှာ ပွဲကျပ်ကာလမှာ ရလဒ်ဆိုးနိုင်တယ်လို့ ခန့်မှန်းခံထားရတဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ စောစောစီးစီးပဲ ရလဒ်ဆိုးသွားခဲ့ပြီး အမှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် မန်စီးတီးတို့ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို ထုတ္သုံးခဲ့ၿပီး ခံစစ္မွာ မက္ဂြိဳင္းယား၊ ဗာ႐ြန္း၊ လုခ္ေရွာနဲ႔ ဝန္ဘစ္ဆာကာ၊ ကြင္းလယ္မွာ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနး၊ တိုက္စစ္မွာ ေရာ္နယ္လ္ဒို၊ ဂရင္းဝုဒ္၊ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ၄-၃-၃ နဲ႔ ၄-၂-၄ ၾကား အရွင္ကစားခဲ့ၾကသလို နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒီပြဲကို ႀကီးႀကီးမားမား ေမွ်ာ္လင့္လာပုံလည္းရပါတယ္။

အက္စတန္ဗီလာတို႔ကေတာ့ ၃-၅-၂ ပုံစံကိုပဲ ဆက္သုံးခဲ့ၿပီး ကြင္းလယ္မွာ အသားမက်ေသးဘဲ ေျခစြမ္းမျပႏိုင္တဲ့ ဘြင္ဒီယာကို ခ်န္ထားခဲ့ခ်ိန္မွာ လုပ္အားႏႈန္းနဲ႔ ေကာင္တာဦးစားေပးကစားကြက္ကိုပဲ တည္ေဆာက္ခဲ့သလို ေတာင္ပံအစြန္လူေတြျဖစ္တဲ့ ကတ္ရွ္နဲ႔ တားဂက္၊ တိုက္စစ္က ဝပ္ကင္းစ္နဲ႔ အင္းစ္တို႔က အဓိက ကစားသမားေတြလည္းျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂ မိနစ္မွာပဲ လုခ္ေရွာေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကေရာ္ကမယ္ ကန္လိုက္တဲ့ ကန္ခ်က္က ဒီထက္ေကာင္းသင့္တယ္ဆိုတဲ့ အေတြးနဲ႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကို စိတ္မသန႔္မႈ ေပးခဲ့သလို ဂရင္းဝုဒ္ကလည္း ဒီေန႔မွာ ေဘာလုံးအေပးအကမ္းေတြကို တြန႔္တိုေနခဲ့တာ ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ဗီလာတို႔ ညာေတာင္ပံက ထိုးေဖာက္လာခဲ့ၿပီး ကတ္ရွ္ရဲ႕ အနိမ့္ေဘာကို တားဂက္က ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ေနာက္တန္းေျခနဲ႔ လြဲေခ်ာ္ပစ္ခဲ့တာက သူတို႔ေတြအတြက္ အခြင့္အေရးေကာင္း ဆုံးရႈံးခဲ့ရၿပီး ယူႏိုက္တက္တို႔ရဲ႕ ခံစစ္ကေတာ့ ဒီေန႔မွာ သိပ္လမိုင္းမကပ္ဘဲ ဖ႐ိုဖရဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဝပ္ကင္းစ္ကို ေနာက္က မက္ဂြိဳင္းယား ေဘာလုံးမထိဘဲ ဖ်က္တာကို ကိုယ့္ေျမးေလး လုပ္ခ်င္တာလုပ္ ၾကည့္ေကာင္းတယ္ဆိုတဲ့ အဘိုးရဲ႕ ပုံစံမ်ိဳးနဲ႔ ေျပာင္ေျပာင္ႀကီး မ်က္ကြယ္ျပဳခဲ့တဲ့ မိုက္ဒင္းန္ေၾကာင့္ ‌ယူႏိုက္တက္တို႔ ေကာင္တာျပန္ထိုးေဖာက္ခြင့္ရခဲ့ေပမယ့္ ေပါ့ဘာေပးလိုက္တဲ့ ေဘာလုံးကို ဂိုးဧရိယာထဲမွာ အခြင့္အေရးသာတဲ့ ဖာနန္ဒက္စ္ကို ေပးရမယ့္အစား တစ္ကိုယ္ေကာင္းဆန္ခဲ့တဲ့ ဂရင္းဝုဒ္ေၾကာင့္ ဂိုးမရဘဲျဖစ္ခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ ကစားကြက္တည္ေဆာက္မႈအပိုင္းနဲ႔ ေဘာလုံးျဖန႔္ေဝမႈအပိုင္းကေတာ့ ဒီေန႔မွာ စိတ္ပ်က္စရာေကာင္းခဲ့ၿပီး ယူႏိုက္တက္တို႔ရဲ႕ ကြင္းလယ္က ေဘာလုံးေပးပို႔ပုံ တိက်မႈဟာ ၇၇ ရာခိုင္ႏႈန္းသာ ရွိခဲ့တာက အားနည္းမႈအျဖစ္ ရႈျမင္ခဲ့ရသလို ေရာ္နယ္လ္ဒိုအတြက္ ေပးပို႔ခဲ့တဲ့ အျမင့္ေဘာေတြကလည္း သိပ္မတိက်ခ်ိန္မွာ တိုင္႐ုန္းမင္းစ္တို႔အုပ္စု အလြယ္တကူ ကာကြယ္ႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ မက္ဂြိဳင္းယား ေနာက္ျပန္အေပးေကာင္းတာကို ဒေဟးယား မထိန္းရဲဘဲ အလ်င္အျမန္ရွင္းထုတ္တာက ဝပ္ကင္းစ္ ေရာက္သြားခဲ့ေပမယ့္ ဗီလာတိုက္စစ္မႉးအေနနဲ႔ ဂိုးသမားတည့္တည့္ပဲ ကန္ခဲ့လို႔ ယူႏိုက္တက္တို႔ ဂိုးမေပးရေသးဘဲ ကံေကာင္းေနခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ခ်ိဳးေပးတာကေန ျပန္ထြက္လာတာကို ေပါ့ဘာကန္ခဲ့ေပမယ့္ တိုင္ေဘးက လြဲေခ်ာ္ခဲ့ျပန္ပါတယ္။

ဒီေန႔ပြဲမွာ ေရာ္နယ္လ္ဒိုကေတာ့ သူ႔ႏိုင္ငံအသင္းေဖာ္ရဲ႕ အေလာတႀကီးလုပ္ပုံေတြကို စိတ္ပ်က္ေနပုံရသလို အခ်ိတ္အဆက္မမိတာေတြကလည္း ဗီလာရဲ႕ ခံစစ္အားျပဳပုံကို ေက်ာ္ျဖတ္ရခက္ေစၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာ လုခ္ေရွာ ဒဏ္ရရခဲ့လို႔ ဒါေလာ့နဲ႔ လဲခဲ့ရသလို ပြဲခ်ိန္ ၄၂ မိနစ္မွာ ဖရီးကစ္ကေန မက္ဂြိဳင္းယားရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကို ဗီလာဂိုးသမား မာတီနက္ဇ္ ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းက ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ခ်ိတ္ဆက္ပုံေဖာ္မႈေတြနဲ႔ ကြင္းလယ္ဖန္တီးမႈေတြက တိုးတက္လာျခင္းမရွိဘဲ ပြဲတိုင္းဂိုးသြင္းတဲ့ ေရာ္နယ္လ္ဒိုပါ လုပ္မရကိုင္မရျဖစ္ခဲ့သလို ဆန္ခ်ိဳ၊ လင္ဂတ္တို႔ကို ထည့္သင့္ၿပီး အတိုးအလႈပ္ေတြ ရွာေဖြသင့္ခ်ိန္မွာလည္း နည္းျပ ဆိုးလ္ရွားအေနနဲ႔ ပ်က္ကြက္ခဲ့တာကို ေတြ႕ရပါတယ္။

ဂရင္းဝုဒ္ကေတာ့ ျဖဳန္းတီးမႈ ဘာသာရပ္မွာ အမွတ္ ၁၀၀ အျပည့္ရခဲ့ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ ႏွစ္ေယာက္ကိုေတာင္ မ်က္စိထဲ မထားဘဲျဖစ္ေနခဲ့တာက အသင္းရဲ႕ အခန္းက႑ ခြဲေဝမႈနဲ႔ စည္းလုံးမႈကို ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝပ္ကင္းစ္ရဲ႕ ၿခိမ္းေျခာက္မႈကို ဒေဟးယား ပုတ္ထုတ္ခဲ့ရပါတယ္။

ေပါ့ဘာရဲ႕ ကန္ခ်က္ေတြကလည္း ဒီေန႔မွာ တိုင္ေဘးေတြပဲ မ်ားေနခဲ့ၿပီး ဂရင္းဝုဒ္နဲ႔ သူနဲ႔ ေပါင္းရင္ အသင္းရဲ႕ ကန္ခြင့္ ၂၈ ႀကိမ္ကို ေတာ္ေတာ္မ်ားမ်ား လိုင္စင္ဆြဲထားခဲ့သလို ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ မက္ဂြိဳင္းယားအစား လင္ဒီေလာ့ဖ္နဲ႔ မက္ေတာ္မီေနးအစား ကာဗာနီတို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ဖိကစားတာကလြဲၿပီး သိပ္ေတာ့ မထူးျခားခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကန္ဖို႔ လုပ္ေနစဥ္မွာ ကာဗာနီနဲ႔ ဗီလာရဲ႕ ေဟာ့စ္တို႔ ထုပ္ဆီးတိုးေနခဲ့ၾကၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ကန္တင္ေပးရာမွာေတာ့ ကာဗာနီကို ခြာၿပီး ေျပးထြက္သြားတဲ့ ေဟာ့စ္က ျပင္းထန္အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ ႀကိဳးစားခဲ့ရာမွာ ဂိုးသမား ဒေဟးယား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရၿပီး ယူႏိုက္တက္တို႔ အိမ္ကြင္းမွာ ရႈံးနိမ့္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို ကာဗာနီ ေခါင္းတိုက္ဖို႔ ႀကိဳးစားရာမွာ ဂိုးသြင္းရွင္ေနာက္ခံလူ ေဟာ့စ္ရဲ႕ လက္နဲ႔ ထိမိခဲ့ၿပီး ဒိုင္လူႀကီး မိုက္ဒင္းန္က ပင္နယ္တီ သတ္မွတ္ေပးခဲ့သလို ဒီအခြင့္အေရးကို ေရာ္နယ္လ္ဒို မကန္ဘဲ ကန္ေနက် ဘ႐ူႏို ဖာနန္ဒက္စ္က ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား မာတီနက္ဇ္ရဲ႕ ဖိအားကို မခံႏိုင္တဲ့ ပုံစံနဲ႔ ဂိုးဘားေပၚ ေက်ာ္ကန္သြားခဲ့လို႔ ေခ်ပဂိုးနဲ႔ လြဲခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ အက္စတန္ဗီလာတို႔ ေအာင္ပြဲခံခဲ့ၿပီး တစ္ပြဲကို တစ္ဂိုးႏႈန္းေပးၿပီး တာဝန္ေက်ေနတဲ့ ခံစစ္ပိုင္းကိုေတာ့ ဒီေန႔လိုမ်ိဳး တိုက္စစ္ပိုင္းရဲ႕ ဘယ္သူကမွ ကယ္တင္ႏိုင္စြမ္း မရွိေတာ့ခ်ိန္မွာ ပြဲက်ပ္ကာလမွာ ရလဒ္ဆိုးႏိုင္တယ္လို႔ ခန႔္မွန္းခံထားရတဲ့ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ေစာေစာစီးစီးပဲ ရလဒ္ဆိုးသြားခဲ့ၿပီး အမွတ္ေပးဇယားမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးတို႔ရဲ႕ ေက်ာ္တက္ျခင္းကို ခံခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.