Premier League Transfer News

25 Sep နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ဂိုးသမား အေဒူယာ မန်ဒီကို လာမယ့် မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်အတွက် ပြန်လည်သုံးစွဲနိုင်ပြီလို့ နည်းပြ သောမတ်စ် တူဟယ်လ်က အတည်ပြုသွားခဲ့ပြီး မန်ဒီနဲ့အတူ ပြီးခဲ့တဲ့ ပွဲတွေမှာ ပွဲပြည့်မကစားသေးတဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ထည့်သွင်းလာမယ်လို့တော့ ပရိသတ်တွေက ခန့်မှန်းနေကြ။

– ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် ချဲလ်ဆီးကို ရှုံးနိမ့်ထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အနောက်လန်ဒန်က ပြိုင်ဘက်တွေကို ဂွါဒီယိုလာလက်ထက်မှာ တစ်ဂိုးပေးရတာနဲ့ အနိုင်ရတဲ့ပွဲက တစ်ပွဲသာ ရှိသေးတာဖြစ်လို့ ဒီနေ့ပွဲမှာ ဆိုးရွားတဲ့ မှတ်တမ်းတွေကို ကျော်ဖြတ်နိုင်ဖို့ အိမ်ရှင်တွေ ကြိုးစားရလိမ့်မယ်လို့ သတိပေးနေကြ။

– လာမယ့် နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းတဲ့ လစာငွေ ပမာဏကို သဘောမကျတာကြောင့် ငြင်းဆန်ထားခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတဲ့ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက တစ်ပတ်လုပ်ခ ပေါင်လေးသိန်းအထိ ပေးမယ်လို့ ဆွဲဆောင်နေကြ။

– ချဲလ်ဆီးပရိသတ်တွေအနေနဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ အင်တိုက်အားတိုက်ကစားတတ်တဲ့ လူငယ်နောက်ခံလူ ရီးစ် ဂျိမ်းစ်ကို ညာတောင်ပံမှာ ပွဲထွက်တာကို မြင်ချင်နေကြပြီး မန်ချက်စတာစီးတီးအသင်းရဲ့ အားကောင်းတဲ့ ဘယ်တောင်ပံကို ထိန်းချုပ်နိုင်ဖို့ ဆန္ဒရှိနေကြတယ်လို့ဆို။

– BBC Match of the Day ရဲ့ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ မာတင် ကီးယွန်းက ချဲလ်ဆီးအသင်းဟာ သူတို့ကို လျှော့တွက်သူတွေကို မှားယွင်းကြောင်း ပွဲတိုင်းမှာ ပြသနေတာကြောင့် မန်စီးတီးနဲ့ပွဲမှာလည်း ရလဒ်ကောင်းအောင် ကစားမှာဖြစ်သလို တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ထိန်းသိမ်းမယ့် အိမ်ရှင်တွေရဲ့ ညာအတွင်းလူကတော့ အဖြေပဲလို့ ထောက်ပြသွားခဲ့။

– အဝေးဘောတွေနဲ့ ပြန်ကျလာတဲ့ ဘောလုံးတွေကို အသုံးချပြီး ချဲလ်ဆီးအသင်းဟာ သူတို့ကို ယှဉ်ပြိုင်ကစားနေတတ်တာပဲဆိုတဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ မှတ်ချက်ကို နည်းပြ တူဟယ်လ်က ဒါဟာ သူတို့လို အသင်းမျိုးကို ရင်ဆိုင်ဖို့ များပြားတဲ့ တောင်းဆိုမှုတွေထဲက တစ်ချက်ဖြစ်ကြောင်းနဲ့ အဲ့ဒီလိုကစားနိုင်ဖို့ ဘောလုံးပေးပို့မှု စွမ်းရည်နဲ့ ကြံ့ခိုင်မှုကို ဘယ်လိုလေ့ကျင့်ထားရသလဲဆိုတဲ့အကြောင်းနဲ့ တုံ့ပြန်သွား။

– ချဲလ်ဆီးအသင်းအနေနဲ့ နောက်ခံလူ ရူဒီဂါတောင်းဆိုတဲ့ များပြားတဲ့ လစာငွေမျိုးကို ပေးမှာ မဟုတ်သလို လက်ရှိကမ်းလှမ်းထားတဲ့ ပေါင်တစ်သိန်းသုံးသောင်းထက်ပိုရင် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့တန်းတူ ပေါင်တစ်သိန်းခွဲအထိပဲ ဖြစ်နိုင်တာကြောင့် သဘောတူညီမှု မရရှိခဲ့ရင် သူ့ကို လက်လွှတ်ပြီး ဂျူဗင်တပ်စ်နောက်ခံလူ မက်သစ် ဒီလစ်ချ်ကို ခေါ်ယူသွားမယ်လို့ ခန့်မှန်းနေကြ။

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်အနေနဲ့ အက်စ်တန်ဗီလာနဲ့ပွဲမှာ ရရှိထားခဲ့တဲ့ အသေးစား ဒဏ်ရာကြောင့် မန်စီးတီးလိုအသင်းမျိုးနဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ မလုံလောက်ဘူးလို့ နည်းပြ တူဟယ်လ်က ရှင်းလင်းလိုက်ပြီး တောင်ပံကစားသမား ပူလီရှစ်ချ်ရဲ့ ကြံ့ခိုင်မှုကလည်း မပြည့်ဝသေးတာကြောင့် တီမို ဗာနာ ပွဲထွက်လာဖို့ ခန့်မှန်းနေကြ။

– အသင်းဖော် ဂျော်ဂျင်ညိုအနေနဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ယူရို ၂၀၂၀ ဆုဖလားတွေကို ရယူထားခဲ့တာကြောင့် လက်ရှိအချိန်ဟာ သူ့အတွက် အရာအားလုံးကို သိမ်းပိုက်နိုင်မယ့်အချိန်ဖြစ်ပြီး ဥရောပရွှေဘောလုံးဆု Ballon d’Or ဟာလည်း သူ့အတွက်ပဲလို့ လီယွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးသမား ေအဒူယာ မန္ဒီကို လာမယ့္ မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္အတြက္ ျပန္လည္သုံးစြဲႏိုင္ၿပီလို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္က အတည္ျပဳသြားခဲ့ၿပီး မန္ဒီနဲ႔အတူ ၿပီးခဲ့တဲ့ ပြဲေတြမွာ ပြဲျပည့္မကစားေသးတဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ထည့္သြင္းလာမယ္လို႔ေတာ့ ပရိသတ္ေတြက ခန႔္မွန္းေနၾက။

– ၿပီးခဲ့တဲ့ သုံးပြဲဆက္တိုက္ ခ်ဲလ္ဆီးကို ရႈံးနိမ့္ထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေနာက္လန္ဒန္က ၿပိဳင္ဘက္ေတြကို ဂြါဒီယိုလာလက္ထက္မွာ တစ္ဂိုးေပးရတာနဲ႔ အႏိုင္ရတဲ့ပြဲက တစ္ပြဲသာ ရွိေသးတာျဖစ္လို႔ ဒီေန႔ပြဲမွာ ဆိုး႐ြားတဲ့ မွတ္တမ္းေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အိမ္ရွင္ေတြ ႀကိဳးစားရလိမ့္မယ္လို႔ သတိေပးေနၾက။

– လာမယ့္ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ကမ္းလွမ္းတဲ့ လစာေငြ ပမာဏကို သေဘာမက်တာေၾကာင့္ ျငင္းဆန္ထားခဲ့တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူလိုေနတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြက တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းအထိ ေပးမယ္လို႔ ဆြဲေဆာင္ေနၾက။

– ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ တိုက္စစ္မွာေရာ ခံစစ္မွာပါ အင္တိုက္အားတိုက္ကစားတတ္တဲ့ လူငယ္ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ကို ညာေတာင္ပံမွာ ပြဲထြက္တာကို ျမင္ခ်င္ေနၾကၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ႕ အားေကာင္းတဲ့ ဘယ္ေတာင္ပံကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ဆႏၵရွိေနၾကတယ္လို႔ဆို။

– BBC Match of the Day ရဲ႕ ေဘာလုံးကြၽမ္းက်င္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ မာတင္ ကီးယြန္းက ခ်ဲလ္ဆီးအသင္းဟာ သူတို႔ကို ေလွ်ာ့တြက္သူေတြကို မွားယြင္းေၾကာင္း ပြဲတိုင္းမွာ ျပသေနတာေၾကာင့္ မန္စီးတီးနဲ႔ပြဲမွာလည္း ရလဒ္ေကာင္းေအာင္ ကစားမွာျဖစ္သလို တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ထိန္းသိမ္းမယ့္ အိမ္ရွင္ေတြရဲ႕ ညာအတြင္းလူကေတာ့ အေျဖပဲလို႔ ေထာက္ျပသြားခဲ့။

– အေဝးေဘာေတြနဲ႔ ျပန္က်လာတဲ့ ေဘာလုံးေတြကို အသုံးခ်ၿပီး ခ်ဲလ္ဆီးအသင္းဟာ သူတို႔ကို ယွဥ္ၿပိဳင္ကစားေနတတ္တာပဲဆိုတဲ့ မန္စီးတီး နည္းျပ ဂြါဒီယိုလာရဲ႕ မွတ္ခ်က္ကို နည္းျပ တူဟယ္လ္က ဒါဟာ သူတို႔လို အသင္းမ်ိဳးကို ရင္ဆိုင္ဖို႔ မ်ားျပားတဲ့ ေတာင္းဆိုမႈေတြထဲက တစ္ခ်က္ျဖစ္ေၾကာင္းနဲ႔ အဲ့ဒီလိုကစားႏိုင္ဖို႔ ေဘာလုံးေပးပို႔မႈ စြမ္းရည္နဲ႔ ႀကံ့ခိုင္မႈကို ဘယ္လိုေလ့က်င့္ထားရသလဲဆိုတဲ့အေၾကာင္းနဲ႔ တုံ႔ျပန္သြား။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေနာက္ခံလူ ႐ူဒီဂါေတာင္းဆိုတဲ့ မ်ားျပားတဲ့ လစာေငြမ်ိဳးကို ေပးမွာ မဟုတ္သလို လက္ရွိကမ္းလွမ္းထားတဲ့ ေပါင္တစ္သိန္းသုံးေသာင္းထက္ပိုရင္ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔တန္းတူ ေပါင္တစ္သိန္းခြဲအထိပဲ ျဖစ္ႏိုင္တာေၾကာင့္ သေဘာတူညီမႈ မရရွိခဲ့ရင္ သူ႔ကို လက္လႊတ္ၿပီး ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မက္သစ္ ဒီလစ္ခ်္ကို ေခၚယူသြားမယ္လို႔ ခန႔္မွန္းေနၾက။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္အေနနဲ႔ အက္စ္တန္ဗီလာနဲ႔ပြဲမွာ ရရွိထားခဲ့တဲ့ အေသးစား ဒဏ္ရာေၾကာင့္ မန္စီးတီးလိုအသင္းမ်ိဳးနဲ႔ ပြဲစဥ္မွာ ပါဝင္ကစားဖို႔ မလုံေလာက္ဘူးလို႔ နည္းျပ တူဟယ္လ္က ရွင္းလင္းလိုက္ၿပီး ေတာင္ပံကစားသမား ပူလီရွစ္ခ်္ရဲ႕ ႀကံ့ခိုင္မႈကလည္း မျပည့္ဝေသးတာေၾကာင့္ တီမို ဗာနာ ပြဲထြက္လာဖို႔ ခန႔္မွန္းေနၾက။

– အသင္းေဖာ္ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ခ်န္ပီယံလိဂ္ဖလားနဲ႔ ယူ႐ို ၂၀၂၀ ဆုဖလားေတြကို ရယူထားခဲ့တာေၾကာင့္ လက္ရွိအခ်ိန္ဟာ သူ႔အတြက္ အရာအားလုံးကို သိမ္းပိုက္ႏိုင္မယ့္အခ်ိန္ျဖစ္ၿပီး ဥေရာပေ႐ႊေဘာလုံးဆု Ballon d’Or ဟာလည္း သူ႔အတြက္ပဲလို႔ လီယြန္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.