Premier League

ကလော့ပ်ကို အရာအားလုံး ဒင်းကြောင့်လို့ ပေါက်ကွဲသွားခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူ့ကို အသင်းရဲ့ ပင်နယ်တီ အခွင့်အရေးတွေ ပယ်ချခံခဲ့ရတာအတွက် မေးမြန်းလာမှုတွေကို ပြန်လည်ဖြေကြားရာမှာ ပြိုင်ဘက် လီဗာပူးလ်နည်းပြ ယာဂန် ကလောပ့်ကို လက်ညှိုးညွှန်လိုက်ပြီး ပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။

နော်ဝေသားနည်းပြအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာမှုနဲ့အတူ ထူးထူးခြားခြားဖြစ်နေခဲ့တဲ့ နောက်ထပ်အရာတစ်ခုဖြစ်တဲ့ ပင်နယ်တီရနိုင်ခွင့်တွေ ပယ်ချခံခဲ့ရတာအပေါ် မေးမြန်းမှုတွေအတွက် သူတို့တွေအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ အနည်းဆုံး ပင်နယ်တီသုံးလုံး ရရှိခဲ့သင့်တယ်လို့ ပြောကြားသွားခဲ့တာပါ။

“ကျွန်တော်တို့အနေနဲ့ ထိုက်တန်သမျှကို ရယူနိုင်ဖို့တော့ မျှော်လင့်ရမှာပါပဲ။ ပြီးခဲ့တဲ့ ပွဲနှစ်ပွဲမှာ ကျွန်တော်တို့အနေနဲ့ အနည်းဆုံး ပင်နယ်တီ သုံးကြိမ် ရရှိသင့်ပါတယ်”လို့ ဆိုးလ်ရှားက ဆိုခဲ့ပြီး “ဒါပေမယ့် ကျွန်တော်တို့မှာ ပင်နယ်တီတွေ ရဖို့ကို လိုက်ပြီး မျက်စိဒေါက်ထောက်ကြည့် လက်ညှိုးထိုးနေတဲ့ ပြိုင်ဘက် နည်းပြတစ်ယောက်တော့ ရှိနေတယ်လေ”လို့လည်း ခနဲ့လိုက်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ အညှောင့်ထိုးမှုအောက်မှာ ပင်နယ်တီတွေက ရဖို့ ပိုခက်ခဲသွားတယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်ကတည်းကစပြီး ပင်နယ်တီအတွက် ဆုံးဖြတ်ချက်တွေက ကြီးကြီးမားမား ကွာခြားသွားခဲ့တာပါ။ ဒါပေမယ့် ဒါတွေက ဒိုင်လူကြီးတွေရဲ့ ကိစ္စဖြစ်ပြီး သူတို့တွေအနေနဲ့ ကျွန်တော်တို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အမြန်ဆုံးပြောင်းလဲပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့တာပါ။

ဆိုးလ်ရှားပြောခဲ့သလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက လီဗာပူးလ်နည်းပြ ကလော့ပ်ရဲ့ လက်ညှိုးက သူတို့ဘက် လှည့်လာခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ပင်နယ်တီ မရခဲ့တာအတွက် သူ့ရဲ့ ပရီးမီးယားလိဂ် ၅ နှစ်ခွဲထက် မန်ချက်စတာယူနိုက်တက်ရဲ့ နှစ်နှစ်က ပင်နယ်တီရတာ ပိုများနေတယ်လို့ ဝေဖန်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အချက်အလက်တွေအရတော့ ဆိုးလ်ရှားပြောသလောက် မဆိုးရွားသေးဘဲ ကလော့ပ်ရဲ့ စကားအပြီးမှာ လက်ရှိအချိန်အထိ မန်ယူနိုက်တက်တို့က ပင်နယ်တီ ၇ ကြိမ် ရရှိထားချိန်မှာ လီဗာပူးလ်က ၃ ကြိမ်သာ ရရှိထားခဲ့တာပါ။ ဆိုးလ်ရှားရဲ့ ဒီအသင်းကို ကိုင်တွယ်မှုဖြစ်တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ လက်ရှိအချိန်အထိတော့ ပင်နယ်တီ ၄၉ ကြိမ် စုဆောင်းနိုင်ခဲ့သလို လီဗာပူးလ်တို့ကတော့ အဲ့ဒီတုန်းကနေ ခုချိန်ထိ ၂၂ ကြိမ်ပဲ ရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲက ပင်နယ်တီနှစ်ကြိမ်အတွက် ဒိုင်လူကြီးအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်နဲ့ ပယ်ချသွားခဲ့ရတာလို့ ထင်မြင်ရပြီး ရော်နယ်လ်ဒိုရဲ့ ပထမတစ်ကြိမ် ပင်နယ်တီက ဘောလုံးထုတ်တဲ့ လမ်းကြောင်းနဲ့ ဆိုဖာလ်ကို လူချင်းတိုးမိခဲ့တဲ့ လမ်းကြောင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေတာက VAR အတွက် သံသယဝင်စေခဲ့သလို ဇူးမားနဲ့ ဖြစ်ရပ်မှာလည်း ပြင်သစ်သားရဲ့ ခြေထောက်က သူ့ကို လာထိအောင် ပါးနပ်ခဲ့သင့်တယ်လို့ ကျွမ်းကျင်သူတချို့က ထောက်ပြထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ သူ႔ကို အသင္းရဲ႕ ပင္နယ္တီ အခြင့္အေရးေတြ ပယ္ခ်ခံခဲ့ရတာအတြက္ ေမးျမန္းလာမႈေတြကို ျပန္လည္ေျဖၾကားရာမွာ ၿပိဳင္ဘက္ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာပ့္ကို လက္ညႇိဳးၫႊန္လိုက္ၿပီး ေပါက္ကြဲသြားခဲ့တယ္လို႔ သိရပါတယ္။

ေနာ္ေဝသားနည္းျပအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ျပန္လည္ေရာက္ရွိလာမႈနဲ႔အတူ ထူးထူးျခားျခားျဖစ္ေနခဲ့တဲ့ ေနာက္ထပ္အရာတစ္ခုျဖစ္တဲ့ ပင္နယ္တီရႏိုင္ခြင့္ေတြ ပယ္ခ်ခံခဲ့ရတာအေပၚ ေမးျမန္းမႈေတြအတြက္ သူတို႔ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ အနည္းဆုံး ပင္နယ္တီသုံးလုံး ရရွိခဲ့သင့္တယ္လို႔ ေျပာၾကားသြားခဲ့တာပါ။

“ကြၽန္ေတာ္တို႔အေနနဲ႔ ထိုက္တန္သမွ်ကို ရယူႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ရမွာပါပဲ။ ၿပီးခဲ့တဲ့ ပြဲႏွစ္ပြဲမွာ ကြၽန္ေတာ္တို႔အေနနဲ႔ အနည္းဆုံး ပင္နယ္တီ သုံးႀကိမ္ ရရွိသင့္ပါတယ္”လို႔ ဆိုးလ္ရွားက ဆိုခဲ့ၿပီး “ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ပင္နယ္တီေတြ ရဖို႔ကို လိုက္ၿပီး မ်က္စိေဒါက္ေထာက္ၾကည့္ လက္ညႇိဳးထိုးေနတဲ့ ၿပိဳင္ဘက္ နည္းျပတစ္ေယာက္ေတာ့ ရွိေနတယ္ေလ”လို႔လည္း ခနဲ႔လိုက္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္က သူ႔ရဲ႕ အေညႇာင့္ထိုးမႈေအာက္မွာ ပင္နယ္တီေတြက ရဖို႔ ပိုခက္ခဲသြားတယ္လို႔ ထင္ပါတယ္။ အဲ့ဒီအခ်ိန္ကတည္းကစၿပီး ပင္နယ္တီအတြက္ ဆုံးျဖတ္ခ်က္ေတြက ႀကီးႀကီးမားမား ကြာျခားသြားခဲ့တာပါ။ ဒါေပမယ့္ ဒါေတြက ဒိုင္လူႀကီးေတြရဲ႕ ကိစၥျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ကြၽန္ေတာ္တို႔အတြက္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို အျမန္ဆုံးေျပာင္းလဲေပးႏိုင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာသြားခဲ့တာပါ။

ဆိုးလ္ရွားေျပာခဲ့သလိုပဲ ၿပီးခဲ့တဲ့ ဇန္နဝါရီတုန္းက လီဗာပူးလ္နည္းျပ ကေလာ့ပ္ရဲ႕ လက္ညႇိဳးက သူတို႔ဘက္ လွည့္လာခဲ့တာျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ပင္နယ္တီ မရခဲ့တာအတြက္ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ၅ ႏွစ္ခြဲထက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ႏွစ္ႏွစ္က ပင္နယ္တီရတာ ပိုမ်ားေနတယ္လို႔ ေဝဖန္ထားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အခ်က္အလက္ေတြအရေတာ့ ဆိုးလ္ရွားေျပာသေလာက္ မဆိုး႐ြားေသးဘဲ ကေလာ့ပ္ရဲ႕ စကားအၿပီးမွာ လက္ရွိအခ်ိန္အထိ မန္ယူႏိုက္တက္တို႔က ပင္နယ္တီ ၇ ႀကိမ္ ရရွိထားခ်ိန္မွာ လီဗာပူးလ္က ၃ ႀကိမ္သာ ရရွိထားခဲ့တာပါ။ ဆိုးလ္ရွားရဲ႕ ဒီအသင္းကို ကိုင္တြယ္မႈျဖစ္တဲ့ ၂၀၁၈ ဒီဇင္ဘာကေန လက္ရွိအခ်ိန္အထိေတာ့ ပင္နယ္တီ ၄၉ ႀကိမ္ စုေဆာင္းႏိုင္ခဲ့သလို လီဗာပူးလ္တို႔ကေတာ့ အဲ့ဒီတုန္းကေန ခုခ်ိန္ထိ ၂၂ ႀကိမ္ပဲ ရရွိခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲက ပင္နယ္တီႏွစ္ႀကိမ္အတြက္ ဒိုင္လူႀကီးအေနနဲ႔ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ပယ္ခ်သြားခဲ့ရတာလို႔ ထင္ျမင္ရၿပီး ေရာ္နယ္လ္ဒိုရဲ႕ ပထမတစ္ႀကိမ္ ပင္နယ္တီက ေဘာလုံးထုတ္တဲ့ လမ္းေၾကာင္းနဲ႔ ဆိုဖာလ္ကို လူခ်င္းတိုးမိခဲ့တဲ့ လမ္းေၾကာင္းခ်င္း ဆန႔္က်င္ဘက္ ျဖစ္ေနတာက VAR အတြက္ သံသယဝင္ေစခဲ့သလို ဇူးမားနဲ႔ ျဖစ္ရပ္မွာလည္း ျပင္သစ္သားရဲ႕ ေျခေထာက္က သူ႔ကို လာထိေအာင္ ပါးနပ္ခဲ့သင့္တယ္လို႔ ကြၽမ္းက်င္သူတခ်ိဳ႕က ေထာက္ျပထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.