Ligue1 Premier League Transfer News

အန္ဂိုလို ကန္ေတလက္သစ္ကို အာဆင္နယ္တုိ႔ ကမ္းလွမ္းဖို႔ သတင္းထြက္ေပၚလာ

အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ပုိင္းအတြက္ ေဈးႀကီးတဲ့ ကစားသမားေတြနဲ႔ အသံတိတ္သြားခဲ့ၿပီး ရက္အနည္းငယ္ၾကာတဲ့အခါမွာ အလယ္အလတ္တန္းထဲက ကစားသမားတစ္ဦးျဖစ္တဲ့ လီဂူးဝမ္းကလပ္ စေတဒီ ဘရက္စ္တြာ(ဘရက္စ္)အသင္းရဲ႕ ကြင္းလယ္လူ အီဘရာဟီမာ ဂ်ယ္လို (Diallo)နဲ႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကြင္းလယ္အဖ်က္ကစားသမားဟာ အန္ဂိုလို ကန္ေတလက္သစ္လို႔ ခ်ီးက်ဴးခံထားရသူျဖစ္ၿပီး ျပင္သစ္ လီဂူးဝမ္းကလပ္ မိုနာကို အကယ္ဒမီထြက္ ကစားသမားျဖစ္ၿပီး လက္ရွိမွာေတာ့ ဘရက္စ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားရာကေန အၿပီးသတ္ ေျပာင္းေရႊ႕ကစားခဲ့သူလည္းျဖစ္ပါတယ္။

ေဒါ့မြန္နဲ႔ စတင္နာမည္ရလာၿပီး ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ကစားခဲ့တဲ့ အက္ဘ္ဒူ ဂ်ယ္လိုရဲ႕ ညီျဖစ္တဲ့ အီဘရာဟီမာအေနနဲ႔ ေျခစြမ္းအရ အမ်ားႀကီးေမွ်ာ္လင့္ေနႏုိင္တာလည္းျဖစ္ၿပီး ဘရက္စ္အသင္းဘက္ကေတာ့ ေပါင္သန္း ၂၀ ရရွိရင္ ေရာင္းခ်သြားမယ္ဆုိလို႔ အာဆင္နယ္တုိ႔ စိတ္ဝင္စားေနတာခဲ့တာပါ။

ဂ်ယ္လိုကို ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလက လက္စတာစီးတီးအသင္းကလည္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၆ သန္းနဲ႔ ကမ္းလွမ္းခဲ့ဖူးၿပီး ဒီတစ္ခါမွာေတာ့ ပုံရိပ္ပုိျမင့္မားၿပီး ျပင္သစ္သားေတြအတြက္ ေရြးခ်ယ္စရာေကာင္းတစ္ခုျဖစ္တဲ့ အာဆင္နယ္အသင္းအေနနဲ႔ စည္း႐ုံးသြားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ကင္းေထာက္ေတြအေနနဲ႔ ဒီရာသီမွာ ဂ်ယ္လိုကို သုံးေလးႀကိမ္ ေစာင့္ၾကည့္ထားခဲ့ဖူးၿပီး နည္းျပ မီခယ္ အာတီတာအတြက္ စိတ္ဝင္စားစရာပစ္မွတ္ျဖစ္ေနသလို ကမာၻနဲ႔အဝွမ္း စီးပြားေရးက်ဆင္းေနခ်ိန္မွာ ေပါင္သန္း ၂၀ ထက္ ေလွ်ာ့ေပါ့ၿပီးေတာ့လည္း ေခၚယူရရွိႏုိင္မယ္လို႔ ခန္႔မွန္းရပါတယ္။

REF: METRO
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ပိုင်းအတွက် ဈေးကြီးတဲ့ ကစားသမားတွေနဲ့ အသံတိတ်သွားခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ အလယ်အလတ်တန်းထဲက ကစားသမားတစ်ဦးဖြစ်တဲ့ လီဂူးဝမ်းကလပ် စတေဒီ ဘရက်စ်တွာ(ဘရက်စ်)အသင်းရဲ့ ကွင်းလယ်လူ အီဘရာဟီမာ ဂျယ်လို (Diallo)နဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမားဟာ အန်ဂိုလို ကန်တေလက်သစ်လို့ ချီးကျူးခံထားရသူဖြစ်ပြီး ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကို အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး လက်ရှိမှာတော့ ဘရက်စ်အသင်းကို အငှားနဲ့ သွားရောက်ကစားရာကနေ အပြီးသတ် ပြောင်းရွှေ့ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဒေါ့မွန်နဲ့ စတင်နာမည်ရလာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ အက်ဘ်ဒူ ဂျယ်လိုရဲ့ ညီဖြစ်တဲ့ အီဘရာဟီမာအနေနဲ့ ခြေစွမ်းအရ အများကြီးမျှော်လင့်နေနိုင်တာလည်းဖြစ်ပြီး ဘရက်စ်အသင်းဘက်ကတော့ ပေါင်သန်း ၂၀ ရရှိရင် ရောင်းချသွားမယ်ဆိုလို့ အာဆင်နယ်တို့ စိတ်ဝင်စားနေတာခဲ့တာပါ။

ဂျယ်လိုကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလက လက်စတာစီးတီးအသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး ဒီတစ်ခါမှာတော့ ပုံရိပ်ပိုမြင့်မားပြီး ပြင်သစ်သားတွေအတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ စည်းရုံးသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ကင်းထောက်တွေအနေနဲ့ ဒီရာသီမှာ ဂျယ်လိုကို သုံးလေးကြိမ် စောင့်ကြည့်ထားခဲ့ဖူးပြီး နည်းပြ မီခယ် အာတီတာအတွက် စိတ်ဝင်စားစရာပစ်မှတ်ဖြစ်နေသလို ကမ္ဘာနဲ့အဝှမ်း စီးပွားရေးကျဆင်းနေချိန်မှာ ပေါင်သန်း ၂၀ ထက် လျှော့ပေါ့ပြီးတော့လည်း ခေါ်ယူရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

REF: METRO
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.