Premier League

ရက်ရောမှုတွေကို ပြသခဲ့ပြီး စိတ်သဘောထားကောင်းသူ ချဲလ်ဆီးနည်းပြ တူဟယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ကစားသမားတွေကို ရင်းနှီးနွေးထွေးစွာနဲ့ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်တာသာမကဘဲ အပြင်က လူမှုဘဝမှာလည်း စိတ်သဘောထားကောင်းမွန်စွာနဲ့ ရက်ရောမှုတွေကို ပြသနိုင်ခဲ့ပြီး ဇနီးဖြစ်သူ ဆစ်ဆီနဲ့ စိတ်တူ သဘောတူ ကူညီဖေးမတတ်သူလည်းဖြစ်ပါတယ်။

ဂျာမန်နည်းပြဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေစဉ်မှာ မယုံနိုင်စရာ ရက်ရောမှုနှစ်ခုကို ပြသခဲ့တာဖြစ်ပြီး ဒီအတွက် ပရိသတ်တွေက သာဓုခေါ်ခဲ့ကြသလို ဇနီးဖြစ်သူ ယူဆောင်လာတဲ့ ကမ်းလှမ်းမှုကို အကောင်းဆုံးဖြေရှင်းပေးခဲ့တာဖြစ်ပြီး ချဲလ်ဆီးကို မပြောင်းခင်မှာတော့ ပိုမိုအံ့ဩစရာ ကူညီမှုကို လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

တူဟယ်လ်တို့ ပါရီမှာ နေစဉ်က စိန်းမြစ်ကမ်းပေါ်က ပီအက်စ်ဂျီကွင်း ပါ့ခ်ဒေပင့်နဲ့ ၈ မိနစ်ကြာ ကားမောင်းရတဲ့ လူကုံထံရပ်ကွက်မှာ နေထိုင်ခဲ့ပြီး အဲ့ဒီအိမ်ကြီးမှာ အိမ်အကူလုပ်နေတဲ့ သန့်ရှင်းရေး အမျိုးသမီးဟာ သူ့ရဲ့ သားဖြစ်သူကို နှလုံးခွဲစိတ်ကုသနိုင်ဖို့ အချိန်ပိုလုပ်နေရတာကို ဆစ်ဆီက သိရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူဆီ အခြေအနေကို ပြောပြခဲ့ရာမှာ တူဟယ်အနေနဲ့ လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ ခွဲစိတ်ကုသဖို့အတွက် ကျသင့်မယ့် ငွေကြေးပမာဏကို ချက်လက်မှတ်ရေးပေးခဲ့သလို အိမ်ဖော်အမျိုးသမီးအတွက် ကူညီစောင့်ရှောက်ပေးခဲ့သလို ဒါတွေကတော့ ဒီလောက်နဲ့ မပြီးဆုံးသေးတာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ပီအက်စ်ဂျီနောက်ဆုံးနေ့ရက်တွေမှာ တူဟယ်လ်အနေနဲ့ အဆိုပါအမျိုးသမီးနဲ့ စကားပြောဖြစ်ခဲ့ပြီး ဖိလစ်ပိုင်သူ အိမ်အကူအနေနဲ့ သူ့ရဲ့ အိပ်မက်ဟာ ဇာတိမြေမှာ အိမ်ကောင်းကောင်းတစ်လုံး ပိုင်ဆိုင်နိုင်ဖို့ဖြစ်ကြောင်းကို သိရှိသွားခဲ့ရာမှာ သူ့အနေနဲ့ ချဲလ်ဆီးကို မထွက်ခွာခင် ဖြည့်ဆည်းပေးဖို့ စီစဉ်ခဲ့တာပါ။

ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ချဲလ်ဆီးအသင်းကို တာဝန်မယူခင် ပါရီကနေ ပြောင်းရွှေ့ခဲ့ချိန်မှာတော့ တူဟယ်လ်အနေနဲ့ ကြီးမားတဲ့ အိမ်ကြီးရဲ့ သော့ကို ဖိလစ်ပိုင်အမျိုးသမီးလက်ကို အပ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးခဲ့သလို ဒီလို ကြီးမားတဲ့ အလှူဒါနကြောင့်ပဲ အသင်းသစ်ကို ရောက်ရောက်ချင်းမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာလားလို့ ထင်ချင်စရာတောင်ဖြစ်ခဲ့ပါတယ်။

တူဟယ်လ်ရဲ့ နူးညံ့နွေးထွေးတဲ့ နှလုံးသားဟာ သူ့ရဲ့ ချန်ပီယံလိဂ်ကို ချက်ချင်းရယူနိုင်ခဲ့တဲ့ ဖြစ်ရပ်ထက်တောင်မှ ဘောလုံးပရိသတ်တွေအနေနဲ့ အားကျစရာဖြစ်ခဲ့ရပြီး ဇာတိမြေကနေ ပြင်သစ်အထိ စွန့်စားပြီး အလုပ်လာရောက်လုပ်ကိုင်နေရတဲ့ အမျိုးသမီးအတွက်တော့ ဝမ်းသာမဆုံးလည်း ဖြစ်ခဲ့ရတာပါ။

ချဲလ်ဆီးနည်းပြ တူဟယ်လ်ဟာ ဒီရာသီအစမှာ အသင်းရဲ့ ကွင်းပိတ်ခြေစမ်းပွဲဖြစ်တဲ့ ဝီးမောက်သ်ကို ဆယ့်သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်ဖက်အသင်းသားတွေကို လာရောက်ကစားပေးလို့ ကျေးဇူးတင်ကြောင်း ပြောခဲ့တာအတွက်လည်း သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ စိတ်နေသဘောထားကို ချီးကျူးခံနေခဲ့ရပြီး ပြိုင်ဘက်အသင်းသား အိုလီ ဟားဖီးလ်ကတော့ ဒီလိုပြောပြသွားပါတယ်။

“သူက ကျွန်တော်တို့ကို လာကစားပေးလို့ ကျေးဇူးတင်ကြောင်းပြောတယ်ဗျ။ ကျွန်တော်တို့ရဲ့ ကစားပုံကို အသိအမှတ်ပြုခဲ့ပြီး အလုပ်မဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ကြိုးစားပြသမျှနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ပုံအတွက်လည်း စကားကောင်းပြောသွားပြီး သူတို့တွေရဲ့ အစီအစဉ်အတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပေးခဲ့လို့လည်း ကျေးဇူးတင်သွားပါတယ်”လို့ ဟားဖီးလ်က တူဟယ်လ်အကြောင်းကို ဖောက်သည်ချခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ဟာ သူ႔ရဲ႕ နည္းျပဘဝမွာ ကစားသမားေတြကို ရင္းႏွီးေႏြးေထြးစြာနဲ႔ ေအာင္ေအာင္ျမင္ျမင္ ကိုင္တြယ္ႏိုင္တာသာမကဘဲ အျပင္က လူမႈဘဝမွာလည္း စိတ္သေဘာထားေကာင္းမြန္စြာနဲ႔ ရက္ေရာမႈေတြကို ျပသႏိုင္ခဲ့ၿပီး ဇနီးျဖစ္သူ ဆစ္ဆီနဲ႔ စိတ္တူ သေဘာတူ ကူညီေဖးမတတ္သူလည္းျဖစ္ပါတယ္။

ဂ်ာမန္နည္းျပဟာ ပီအက္စ္ဂ်ီအသင္းကို ကိုင္တြယ္ေနစဥ္မွာ မယုံႏိုင္စရာ ရက္ေရာမႈႏွစ္ခုကို ျပသခဲ့တာျဖစ္ၿပီး ဒီအတြက္ ပရိသတ္ေတြက သာဓုေခၚခဲ့ၾကသလို ဇနီးျဖစ္သူ ယူေဆာင္လာတဲ့ ကမ္းလွမ္းမႈကို အေကာင္းဆုံးေျဖရွင္းေပးခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကို မေျပာင္းခင္မွာေတာ့ ပိုမိုအံ့ဩစရာ ကူညီမႈကို လုပ္ခဲ့တာလည္းျဖစ္ပါတယ္။

တူဟယ္လ္တို႔ ပါရီမွာ ေနစဥ္က စိန္းျမစ္ကမ္းေပၚက ပီအက္စ္ဂ်ီကြင္း ပါ့ခ္ေဒပင့္နဲ႔ ၈ မိနစ္ၾကာ ကားေမာင္းရတဲ့ လူကုံထံရပ္ကြက္မွာ ေနထိုင္ခဲ့ၿပီး အဲ့ဒီအိမ္ႀကီးမွာ အိမ္အကူလုပ္ေနတဲ့ သန႔္ရွင္းေရး အမ်ိဳးသမီးဟာ သူ႔ရဲ႕ သားျဖစ္သူကို ႏွလုံးခြဲစိတ္ကုသႏိုင္ဖို႔ အခ်ိန္ပိုလုပ္ေနရတာကို ဆစ္ဆီက သိရွိသြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ခင္ပြန္းျဖစ္သူဆီ အေျခအေနကို ေျပာျပခဲ့ရာမွာ တူဟယ္အေနနဲ႔ လုံးဝတုံ႔ဆိုင္းျခင္းမရွိဘဲ ခြဲစိတ္ကုသဖို႔အတြက္ က်သင့္မယ့္ ေငြေၾကးပမာဏကို ခ်က္လက္မွတ္ေရးေပးခဲ့သလို အိမ္ေဖာ္အမ်ိဳးသမီးအတြက္ ကူညီေစာင့္ေရွာက္ေပးခဲ့သလို ဒါေတြကေတာ့ ဒီေလာက္နဲ႔ မၿပီးဆုံးေသးတာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ ပီအက္စ္ဂ်ီေနာက္ဆုံးေန႔ရက္ေတြမွာ တူဟယ္လ္အေနနဲ႔ အဆိုပါအမ်ိဳးသမီးနဲ႔ စကားေျပာျဖစ္ခဲ့ၿပီး ဖိလစ္ပိုင္သူ အိမ္အကူအေနနဲ႔ သူ႔ရဲ႕ အိပ္မက္ဟာ ဇာတိေျမမွာ အိမ္ေကာင္းေကာင္းတစ္လုံး ပိုင္ဆိုင္ႏိုင္ဖို႔ျဖစ္ေၾကာင္းကို သိရွိသြားခဲ့ရာမွာ သူ႔အေနနဲ႔ ခ်ဲလ္ဆီးကို မထြက္ခြာခင္ ျဖည့္ဆည္းေပးဖို႔ စီစဥ္ခဲ့တာပါ။

ပီအက္စ္ဂ်ီကေန ထြက္ခြာၿပီး ခ်ဲလ္ဆီးအသင္းကို တာဝန္မယူခင္ ပါရီကေန ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာေတာ့ တူဟယ္လ္အေနနဲ႔ ႀကီးမားတဲ့ အိမ္ႀကီးရဲ႕ ေသာ့ကို ဖိလစ္ပိုင္အမ်ိဳးသမီးလက္ကို အပ္ခဲ့ၿပီး ပိုင္ဆိုင္မႈေတြကို လႊဲေျပာင္းေပးခဲ့သလို ဒီလို ႀကီးမားတဲ့ အလႉဒါနေၾကာင့္ပဲ အသင္းသစ္ကို ေရာက္ေရာက္ခ်င္းမွာ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့တာလားလို႔ ထင္ခ်င္စရာေတာင္ျဖစ္ခဲ့ပါတယ္။

တူဟယ္လ္ရဲ႕ ႏူးညံ့ေႏြးေထြးတဲ့ ႏွလုံးသားဟာ သူ႔ရဲ႕ ခ်န္ပီယံလိဂ္ကို ခ်က္ခ်င္းရယူႏိုင္ခဲ့တဲ့ ျဖစ္ရပ္ထက္ေတာင္မွ ေဘာလုံးပရိသတ္ေတြအေနနဲ႔ အားက်စရာျဖစ္ခဲ့ရၿပီး ဇာတိေျမကေန ျပင္သစ္အထိ စြန႔္စားၿပီး အလုပ္လာေရာက္လုပ္ကိုင္ေနရတဲ့ အမ်ိဳးသမီးအတြက္ေတာ့ ဝမ္းသာမဆုံးလည္း ျဖစ္ခဲ့ရတာပါ။

ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္ဟာ ဒီရာသီအစမွာ အသင္းရဲ႕ ကြင္းပိတ္ေျခစမ္းပြဲျဖစ္တဲ့ ဝီးေမာက္သ္ကို ဆယ့္သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ တစ္ဖက္အသင္းသားေတြကို လာေရာက္ကစားေပးလို႔ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တာအတြက္လည္း သူ႔ရဲ႕ ထူးျခားေကာင္းမြန္တဲ့ စိတ္ေနသေဘာထားကို ခ်ီးက်ဴးခံေနခဲ့ရၿပီး ၿပိဳင္ဘက္အသင္းသား အိုလီ ဟားဖီးလ္ကေတာ့ ဒီလိုေျပာျပသြားပါတယ္။

“သူက ကြၽန္ေတာ္တို႔ကို လာကစားေပးလို႔ ေက်းဇူးတင္ေၾကာင္းေျပာတယ္ဗ်။ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံကို အသိအမွတ္ျပဳခဲ့ၿပီး အလုပ္မျဖစ္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ႀကိဳးစားျပသမွ်နဲ႔ အေကာင္းဆုံး ယွဥ္ၿပိဳင္ပုံအတြက္လည္း စကားေကာင္းေျပာသြားၿပီး သူတို႔ေတြရဲ႕ အစီအစဥ္အတြက္ အစိတ္အပိုင္းတစ္ခုျဖစ္ေပးခဲ့လို႔လည္း ေက်းဇူးတင္သြားပါတယ္”လို႔ ဟားဖီးလ္က တူဟယ္လ္အေၾကာင္းကို ေဖာက္သည္ခ်ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.