Analysis Premier League

ချဲလ်ဆီးဘက်က ရှိနေပြီး ဒီတစ်ပတ်အတွက် ပွဲကြီးပွဲကောင်းများကို ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တွေကို စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူ ပေါလ် မာဆန်က ခန့်မှန်းလိုက်ပြီး ချဲလ်ဆီး-မန်ချက်စတာစီးတီး ပွဲစဉ်နဲ့ အာဆင်နယ်-တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီတို့ ရှိနေပြီး ပွဲကောင်းတွေဖြစ်နေချိန်မှာ ပုံစံကောင်းမရတဲ့သူတွေကြောင့် ဘာတွေ ထင်မှတ်မထားတာ ဖြစ်ဦးမလဲတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ချဲလ်ဆီး Vs မန်ချက်စတာစီးတီး
ပြောဖို့ခက်တဲ့ ပွဲတစ်ပွဲပါပဲ။ ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ စပါးစ်ကိုရော အာဆင်နယ်ကိုပါ တစ်စစီ ဆုတ်ဖြဲနိုင်ခဲ့တာအတွက် သူတို့ကို အလေးသာပေးရပါလိမ့်မယ်။ တစ်ဖက်မှာ မန်စီးတီးကတော့ ငါးပွဲမှာ သွင်းဂိုးမရတာက နှစ်ပွဲဖြစ်ပြီး သူတို့ရဲ့ ဖြတ်သန်းလာသမျှ ရာသီတွေမှာ စိုးရိမ်စရာ ပုံစံနဲ့လည်း ကြုံနေရတာပါ။ သူတို့အနေနဲ့ တိုက်စစ်မှူးမရှိတဲ့ ဒဏ်ကို ခံနေရသလို ဒီဘရိုင်းနားကလည်း ခြေကျင်းဝတ်က စိတ်သိပ်ချမရသေးသလို ဖြစ်နေပါတယ်။ ချဲလ်ဆီးရဲ့ နှစ်ပွဲဆက် ရလဒ်ကောင်းထားတဲ့ ပုံစံက အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ဖြစ်နိုင်ပြီး မန်စီးတီးကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်။

မန်ချက်စတာယူနိုက်တက် Vs အက်စတန်ဗီလာ
မန်ချက်စတာယူနိုက်တက်ကတော့ နည်းနည်းထူးဆန်းနေတဲ့ အသင်းပါ။ သူတို့ရဲ့ ကစားပုံက သိပ်မကောင်းပေမယ့် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိထားခဲ့ပါတယ်။ သူတို့ရဲ့ ရလဒ်တွေကို ကြည့်ရရင် ခြေစွမ်းထက် ကံကောင်းမှုက ပိုနေပါတယ်။ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေ မရှိရင် သူတို့ ဘာဖြစ်နေမလဲ မပြောတတ်ပါဘူး။ မလေးစားတာတော့ မဟုတ်ပေမယ့် ဘီယာဆိုင်မှာ စုသောက်တဲ့သူတွေ ဖွဲ့ထားတဲ့ အသင်းလိုဖြစ်နေတဲ့ ယန်းဘွိုင်းစ် ကိုတောင် ရှုံးခဲ့သေးသလို ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ကပ်နိုင်ပြီး အိမ်ကွင်းမှာ ဆိုးရွားတဲ့ ပုံစံနဲ့ ရှုံးသွားခဲ့ပါတယ်။

ဗီလာကတော့ ချဲလ်ဆီးကို ရှုံးခဲ့ပေမယ့် ပထမပိုင်းမှာ သူတို့ ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာပါ။ အဲဗာတန်ကို အနိုင်ယူပြခဲ့တဲ့ ပုံစံနဲ့ဆိုရင်တော့ CR7 ကိုပဲ အားကိုးနေတဲ့ ယူနိုက်တက်တို့နဲ့ သရေကျသွားနိုင်ပါတယ်။ တစ်ဂိုးစီ သရေဆို မျှတနိုင်ပြီး သူတို့တွေအနေနဲ့ ကံကောင်းဦးမယ်ဆိုရင်တော့ အိမ်ကွင်းမှာ အနိုင်ရသွားနိုင်ပါတယ်။

အာဆင်နယ် Vs တော့တင်ဟမ်ဟော့စပါးစ်
ဒီတစ်ပတ်ရဲ့ အကြီးမားဆုံးပွဲတစ်ပွဲကတော့ မြောက်လန်ဒန်ဒါဘီပါ။ ပထမဆုံး သုံးပတ်မှာ ၉ မှတ်ရခဲ့တဲ့ တော့တင်ဟမ်တို့ ထိပ်ဆုံးမှာ ဟုတ်နေခဲ့ချိန်မှာ အာဆင်နယ်တို့က ရမှတ် သုညနဲ့ တန်းဆင်းဇုန်မှာပါ။ ဒီနောက်ပိုင်းမှာတော့ ရုတ်တရက် အာဆင်နယ်တို့ ပြန်ကောင်းလာခဲ့ပြီး စပါးစ်တို့ ပုံစံပြောင်းသွားခဲ့သလို နှစ်ပွဲဆက်တိုက် ရှုံးသွားခဲ့တာပါ။

ဟာရီကိန်းတော့ မြောက်လန်ဒန်ဒါဘီတွေမှာ အမြဲတမ်း အမောက်ထောင်ပြထားနိုင်ပေမယ့် စပါးစ်မှာက လက်ရှိမှာ ဆွန်နဲ့ ကိန်းကလွဲရင် ဘယ်သူကများ အာဆင်နယ်ကို ထိုးနှက်နိုင်မယ့်သူ ရှိလို့လဲ။ အာဆင်နယ်တို့အနေနဲ့ ခံစစ်မှာ ကျစ်လျစ်တဲ့ ပုံစံကောင်းကို ပြသနေခဲ့ပြီး အဲ့ဒါက စပါးစ်တို့ မလုပ်နိုင်ခဲ့တာ နှစ်ပတ်သုံးပတ်လောက် ရှိနေတဲ့အရာလည်းဖြစ်ပါတယ်။ အိမ်ကွင်းအားသာချက်အရ အာဆင်နယ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်မယ်ထင်ပါတယ်။

ဘရန့်ဖို့ဒ် Vs လီဗာပူးလ်
ဘရန့်ဖို့ဒ်ကတော့ ကျွန်တော့်ခန့်မှန်းချက်တွေကို စိတ်ပျက်ရအောင် အမြဲတမ်းလုပ်တတ်ပါတယ်။ ဝုလ်ဗ်စ်နဲ့ပွဲမှာ ဘယ်သူမှ သူတို့ကို အနိုင် မယူနိုင်မယ့် ပုံစံမျိုးကို ပြခဲ့ပေမယ့် တချို့အချိန်တွေမှာလည်း ကံကောင်းနေလို့သာ ရလဒ်ကောင်းနေတယ်လို့ ပြောလို့ရတာပါ။ လီဗာပူးလ်ဆိုတာကတော့ သူတို့အတွက် သူတို့အတွက် နောက်ထပ်ကြီးကြီးမားမားလှမ်းရမယ့် ခြေလှမ်းကြီးတစ်လှမ်းဖြစ်နေခဲ့ပါတယ်။

အေစီမီလန်လို အသင်းကောင်းတစ်သင်းကို နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ ပုံစံကောင်းကို အသိအမှတ်ပြုရမှာဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ တည်ငြိမ်နေတဲ့ ပုံစံကို ဘရန့်ဖို့ဒ်တို့ ရပ်တန့်နိုင်မယ် မထင်ပါဘူး။ အိမ်ရှင်တွေဘက်က ရပ်တည်ရမယ့် ပွဲမျိုးထဲမှာ ဒီပွဲပါတယ်လို့တော့ မထင်မိသလို အမှတ်ခွဲယူဖို့လည်း မဖြစ်နိုင်ဘဲ လီဗာပူးလ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ လွတ်လွတ်လပ်လပ် အနိုင်ယူသွားမှာပါ။

ကျန်ပွဲစဉ်တွေကိုတော့ ပေါလ်မာဆန်ရဲ့ ခန့်မှန်းမှုတွေမှာ လက်စတာစီးတီးက ဘန်လေကို သုံးဂိုး-ဂိုးမရှိနဲ့ နိုင်မယ်လို့ ဆိုခဲ့သလို အဲဗာတန်ကလည်း နော့ဝစ်ချ်ကို သုံးဂိုး-ဂိုးမရှိနဲ့ပဲ ကျော်ဖြတ်မယ်လို့ ခန့်မှန်းထားပြီး လိဒ်စ်ယူနိုက်တက်ကိုတော့ အဝေးကွင်းမှာ လာကစားမယ့် ဝက်စ်ဟမ်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူမယ်လို့ ဆိုထားခဲ့ပါတယ်။

ဝတ်ဖို့ဒ်တို့ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်လ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အရှုံးပေးရမယ်ဆိုတာက လက်ရှိနှစ်သင်းရဲ့ ပုံစံတွေအရ လက်ခံချင်စရာ မရှိတဲ့ ခန့်မှန်းချက်မျိုးဖြစ်နေပြီး ဆောက်သမ်တန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူမယ်ဆိုတဲ့ ဝုလ်ဗ်စ်ကလည်း ယုံချင်စရာ သိပ်မရှိသလို ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ဘရိုက်တန်တို့တော့ နှစ်ဂိုးစီ သရေကျလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ေတြကို စကိုင္းစပို႔စ္ရဲ႕ ေဘာလုံးကြၽမ္းက်င္သူ ေပါလ္ မာဆန္က ခန႔္မွန္းလိုက္ၿပီး ခ်ဲလ္ဆီး-မန္ခ်က္စတာစီးတီး ပြဲစဥ္နဲ႔ အာဆင္နယ္-ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီတို႔ ရွိေနၿပီး ပြဲေကာင္းေတြျဖစ္ေနခ်ိန္မွာ ပုံစံေကာင္းမရတဲ့သူေတြေၾကာင့္ ဘာေတြ ထင္မွတ္မထားတာ ျဖစ္ဦးမလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီး Vs မန္ခ်က္စတာစီးတီး
ေျပာဖို႔ခက္တဲ့ ပြဲတစ္ပြဲပါပဲ။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ စပါးစ္ကိုေရာ အာဆင္နယ္ကိုပါ တစ္စစီ ဆုတ္ၿဖဲႏိုင္ခဲ့တာအတြက္ သူတို႔ကို အေလးသာေပးရပါလိမ့္မယ္။ တစ္ဖက္မွာ မန္စီးတီးကေတာ့ ငါးပြဲမွာ သြင္းဂိုးမရတာက ႏွစ္ပြဲျဖစ္ၿပီး သူတို႔ရဲ႕ ျဖတ္သန္းလာသမွ် ရာသီေတြမွာ စိုးရိမ္စရာ ပုံစံနဲ႔လည္း ႀကဳံေနရတာပါ။ သူတို႔အေနနဲ႔ တိုက္စစ္မႉးမရွိတဲ့ ဒဏ္ကို ခံေနရသလို ဒီဘ႐ိုင္းနားကလည္း ေျခက်င္းဝတ္က စိတ္သိပ္ခ်မရေသးသလို ျဖစ္ေနပါတယ္။ ခ်ဲလ္ဆီးရဲ႕ ႏွစ္ပြဲဆက္ ရလဒ္ေကာင္းထားတဲ့ ပုံစံက အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ ျဖစ္ႏိုင္ၿပီး မန္စီးတီးကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရသြားပါလိမ့္မယ္။

မန္ခ်က္စတာယူႏိုက္တက္ Vs အက္စတန္ဗီလာ
မန္ခ်က္စတာယူႏိုက္တက္ကေတာ့ နည္းနည္းထူးဆန္းေနတဲ့ အသင္းပါ။ သူတို႔ရဲ႕ ကစားပုံက သိပ္မေကာင္းေပမယ့္ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲ အထိ အႏိုင္ရရွိထားခဲ့ပါတယ္။ သူတို႔ရဲ႕ ရလဒ္ေတြကို ၾကည့္ရရင္ ေျခစြမ္းထက္ ကံေကာင္းမႈက ပိုေနပါတယ္။ ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးေတြ မရွိရင္ သူတို႔ ဘာျဖစ္ေနမလဲ မေျပာတတ္ပါဘူး။ မေလးစားတာေတာ့ မဟုတ္ေပမယ့္ ဘီယာဆိုင္မွာ စုေသာက္တဲ့သူေတြ ဖြဲ႕ထားတဲ့ အသင္းလိုျဖစ္ေနတဲ့ ယန္းဘြိဳင္းစ္ ကိုေတာင္ ရႈံးခဲ့ေသးသလို ဝက္စ္ဟမ္းကို အေဝးကြင္းမွာ ကပ္ႏိုင္ၿပီး အိမ္ကြင္းမွာ ဆိုး႐ြားတဲ့ ပုံစံနဲ႔ ရႈံးသြားခဲ့ပါတယ္။

ဗီလာကေတာ့ ခ်ဲလ္ဆီးကို ရႈံးခဲ့ေပမယ့္ ပထမပိုင္းမွာ သူတို႔ ေကာင္းေကာင္းယွဥ္ကစားႏိုင္ခဲ့ၿပီး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔သာပါ။ အဲဗာတန္ကို အႏိုင္ယူျပခဲ့တဲ့ ပုံစံနဲ႔ဆိုရင္ေတာ့ CR7 ကိုပဲ အားကိုးေနတဲ့ ယူႏိုက္တက္တို႔နဲ႔ သေရက်သြားႏိုင္ပါတယ္။ တစ္ဂိုးစီ သေရဆို မွ်တႏိုင္ၿပီး သူတို႔ေတြအေနနဲ႔ ကံေကာင္းဦးမယ္ဆိုရင္ေတာ့ အိမ္ကြင္းမွာ အႏိုင္ရသြားႏိုင္ပါတယ္။

အာဆင္နယ္ Vs ေတာ့တင္ဟမ္ေဟာ့စပါးစ္
ဒီတစ္ပတ္ရဲ႕ အႀကီးမားဆုံးပြဲတစ္ပြဲကေတာ့ ေျမာက္လန္ဒန္ဒါဘီပါ။ ပထမဆုံး သုံးပတ္မွာ ၉ မွတ္ရခဲ့တဲ့ ေတာ့တင္ဟမ္တို႔ ထိပ္ဆုံးမွာ ဟုတ္ေနခဲ့ခ်ိန္မွာ အာဆင္နယ္တို႔က ရမွတ္ သုညနဲ႔ တန္းဆင္းဇုန္မွာပါ။ ဒီေနာက္ပိုင္းမွာေတာ့ ႐ုတ္တရက္ အာဆင္နယ္တို႔ ျပန္ေကာင္းလာခဲ့ၿပီး စပါးစ္တို႔ ပုံစံေျပာင္းသြားခဲ့သလို ႏွစ္ပြဲဆက္တိုက္ ရႈံးသြားခဲ့တာပါ။

ဟာရီကိန္းေတာ့ ေျမာက္လန္ဒန္ဒါဘီေတြမွာ အၿမဲတမ္း အေမာက္ေထာင္ျပထားႏိုင္ေပမယ့္ စပါးစ္မွာက လက္ရွိမွာ ဆြန္နဲ႔ ကိန္းကလြဲရင္ ဘယ္သူကမ်ား အာဆင္နယ္ကို ထိုးႏွက္ႏိုင္မယ့္သူ ရွိလို႔လဲ။ အာဆင္နယ္တို႔အေနနဲ႔ ခံစစ္မွာ က်စ္လ်စ္တဲ့ ပုံစံေကာင္းကို ျပသေနခဲ့ၿပီး အဲ့ဒါက စပါးစ္တို႔ မလုပ္ႏိုင္ခဲ့တာ ႏွစ္ပတ္သုံးပတ္ေလာက္ ရွိေနတဲ့အရာလည္းျဖစ္ပါတယ္။ အိမ္ကြင္းအားသာခ်က္အရ အာဆင္နယ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္မယ္ထင္ပါတယ္။

ဘရန႔္ဖို႔ဒ္ Vs လီဗာပူးလ္
ဘရန႔္ဖို႔ဒ္ကေတာ့ ကြၽန္ေတာ့္ခန႔္မွန္းခ်က္ေတြကို စိတ္ပ်က္ရေအာင္ အၿမဲတမ္းလုပ္တတ္ပါတယ္။ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ဘယ္သူမွ သူတို႔ကို အႏိုင္ မယူႏိုင္မယ့္ ပုံစံမ်ိဳးကို ျပခဲ့ေပမယ့္ တခ်ိဳ႕အခ်ိန္ေတြမွာလည္း ကံေကာင္းေနလို႔သာ ရလဒ္ေကာင္းေနတယ္လို႔ ေျပာလို႔ရတာပါ။ လီဗာပူးလ္ဆိုတာကေတာ့ သူတို႔အတြက္ သူတို႔အတြက္ ေနာက္ထပ္ႀကီးႀကီးမားမားလွမ္းရမယ့္ ေျခလွမ္းႀကီးတစ္လွမ္းျဖစ္ေနခဲ့ပါတယ္။

ေအစီမီလန္လို အသင္းေကာင္းတစ္သင္းကို ေနာက္က လိုက္ကစားၿပီး အႏိုင္ယူခဲ့တဲ့ လီဗာပူးလ္တို႔ရဲ႕ ပုံစံေကာင္းကို အသိအမွတ္ျပဳရမွာျဖစ္ၿပီး ေနာက္ပိုင္းပြဲေတြမွာ တည္ၿငိမ္ေနတဲ့ ပုံစံကို ဘရန႔္ဖို႔ဒ္တို႔ ရပ္တန႔္ႏိုင္မယ္ မထင္ပါဘူး။ အိမ္ရွင္ေတြဘက္က ရပ္တည္ရမယ့္ ပြဲမ်ိဳးထဲမွာ ဒီပြဲပါတယ္လို႔ေတာ့ မထင္မိသလို အမွတ္ခြဲယူဖို႔လည္း မျဖစ္ႏိုင္ဘဲ လီဗာပူးလ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ လြတ္လြတ္လပ္လပ္ အႏိုင္ယူသြားမွာပါ။

က်န္ပြဲစဥ္ေတြကိုေတာ့ ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းမႈေတြမွာ လက္စတာစီးတီးက ဘန္ေလကို သုံးဂိုး-ဂိုးမရွိနဲ႔ ႏိုင္မယ္လို႔ ဆိုခဲ့သလို အဲဗာတန္ကလည္း ေနာ့ဝစ္ခ်္ကို သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ေက်ာ္ျဖတ္မယ္လို႔ ခန႔္မွန္းထားၿပီး လိဒ္စ္ယူႏိုက္တက္ကိုေတာ့ အေဝးကြင္းမွာ လာကစားမယ့္ ဝက္စ္ဟမ္းက သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူမယ္လို႔ ဆိုထားခဲ့ပါတယ္။

ဝတ္ဖို႔ဒ္တို႔ကေတာ့ အိမ္ကြင္းမွာ နယူးကာဆယ္လ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အရႈံးေပးရမယ္ဆိုတာက လက္ရွိႏွစ္သင္းရဲ႕ ပုံစံေတြအရ လက္ခံခ်င္စရာ မရွိတဲ့ ခန႔္မွန္းခ်က္မ်ိဳးျဖစ္ေနၿပီး ေဆာက္သမ္တန္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူမယ္ဆိုတဲ့ ဝုလ္ဗ္စ္ကလည္း ယုံခ်င္စရာ သိပ္မရွိသလို ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ဘ႐ိုက္တန္တို႔ေတာ့ ႏွစ္ဂိုးစီ သေရက်လိမ့္မယ္လို႔ ခန႔္မွန္းထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.