Premier League

ချဲလ်ဆီးဂိုးသမား ကီပါရဲ့ အပြင်းအထန် လေ့ကျင့်မှုအတွက် ချီးကျူးလိုက်တဲ့ အသင်းဖော်

ချဲလ်ဆီးဂိုးသမား ကီပါ အာရီဇာဘာလာဂါအနေနဲ့ ပြီးခဲ့တဲ့ အသင်းရဲ့ ပွဲစဉ်တွေမှာ ဦးစားပေးဂိုးသမား အေဒူယာ မန်ဒီ မပါဝင်နိုင်ချိန်မှာ အေးအေးဆေးဆေးပုံစံနဲ့ အဆင်သင့်ဖြစ်မှုကို ပြသနေပြီး ဖလားပွဲတွေမှာသာမက ပရီးမီးယားလိဂ်ပွဲတွေမှာပါ ပါဝင်ကစားဖို့ အခက်အခဲမရှိဘဲ နားလည်မှု ရှိရှိနဲ့ အသားတကျ ပူးပေါင်းနိုင်စွမ်းကို ပြသထားခဲ့ပါတယ်။

ဒီနောက်မှာတော့ စပိန်သားရဲ့ ကြိုးစားအားထုတ်မှုတွေကို လူတွေက သတိပြုမိခဲ့ကြပြီး ပြီးခဲ့တဲ့ ရာသီတွေက ဦးစားပေးနေရာကနေ ဖယ်ရှားခြင်းခံခဲ့ရပေမယ့် ဇွဲမလျှော့ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်နေမှုတွေနဲ့ သူ့ရဲ့ ရသမျှ အခန်းကဏ္ဍအတွက် အာရုံစူးစိုက်ထားပုံတွေကလည်း မြင်သာထင်သာရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာတော့ ကီပါအနေနဲ့ အသင်းအတွက် ပွဲထွက်ကစားထားရပြီး နှစ်ပွဲစလုံးမှာ Clean Sheet ရယူထားနိုင်ခဲ့သလို နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ချီးကျူးမှုကိုလည်း ရရှိထားခဲ့ချိန်မှာ သူ့ရဲ့ အသင်းဖော်တစ်ဦးဖြစ်တဲ့ ထရီဗို ချာလိုဘာက ကော့ဘ်ဟမ်းထရိန်နင်စင်တာမှာ စပိန်သားရဲ့ အားထုတ်လုပ်ဆောင်မှုတွေကို ထုတ်ဖော်သွားခဲ့တာဖြစ်ပါတယ်။

“ကီပါရဲ့ စိတ်နေစိတ်ထားက လုံးဝ အပြုသဘောဆောင်ပါတယ်။ အမြဲတမ်း မျက်နှာပေါ်မှာ အပြုံးကို တွေ့ရမယ်။ အသင်းဖော်တွေ လိုအပ်တာ ရှိရင် ကူညီပေးသွားတယ်။ ကွင်းထဲကမှာ ကစားနေတဲ့သူတွေကိုလည်း အော်ဟစ်အားပေးတတ်ပါသေးတယ်”လို့ ချာလိုဘာက သူတို့တွေရဲ့ ထရိန်နင်မှာ စီနီယာဂိုးသမားရဲ့ ကူညီတတ်ပုံတွေနဲ့ အစချီပါတယ်။

ချာလိုဘာက ကီပါဟာ လေ့ကျင့်ရေးကွင်းမှာတော့ ပွဲထွက်ကစားချိန်မှာပါ တစ်ရာရာခိုင်နှုန်း ပေးဆပ်ထားသူဖြစ်ကြောင်း ပြောကြားလိုက်ပြီး အမြဲတမ်းအတွက် အဆင်သင့်ရှိနေသလို ဆီနီဂေါသား မန်ဒီ ဒဏ်ရာရသွားချိန်မှာလည်း အစားဝင်ပြီး အမှားအယွင်းမရှိခဲ့တဲ့ ပုံစံကလည်း အားလုံးကို စိတ်အေးစေခဲ့တယ်လို့ ဆိုပါတယ်။

ကီပါရဲ့ အားလုံးသိကြတဲ့ အထင်ရှားဆုံး အရည်အသွေးကတော့ ပင်နယ်တီတွေကို ကာကွယ်ရာမှာ ကျွမ်းကျင်တာဖြစ်ပြီး ၂၆ နှစ်သားအနေနဲ့ ဗီလာရီးရဲလ်နဲ့ ဥရောပဆူပါလိဂ်ဖိုင်နယ်မှာ လူစားဝင်ကစားပြီး ပြိုင်ဘက်ရဲ့ ကန်သွင်းမှုနှစ်ကြိမ်ကို ကာကွယ်ပေးခဲ့သလို ပြီးခဲ့တဲ့ ကာရာဘောင်းဖလားမှာလည်း အက်စတန် ဗီလာကွင်းလယ်လူ မာဗဲလပ်စ် နာကမ်ဘာရဲ့ ပင်နယ်တီကို ကာကွယ်ပေးသွားခဲ့တာပါ။

ဒီတစ်ပတ်မှာလည်း မန်ချက်စတာစီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မန်ဒီရဲ့ ကြံ့ခိုင်မှုအရ ပွဲထွက်နိုင်ဖို့ မသေချာသေးချိန်မှာ ကီပါအနေနဲ့ သုံးပွဲဆက်တိုက်ပွဲထွက်မှုအဖြစ် ပါဝင်ကစားရဖွယ်ရှိနေပြီး အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရဖို့အတွက် လုပ်ဆောင်ရင်း ဟိုတုန်းက ဝေဖန်ခံခဲ့ရမှုတွေကို ချေဖျက်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဂိုးသမား ကီပါ အာရီဇာဘာလာဂါအေနနဲ႔ ၿပီးခဲ့တဲ့ အသင္းရဲ႕ ပြဲစဥ္ေတြမွာ ဦးစားေပးဂိုးသမား ေအဒူယာ မန္ဒီ မပါဝင္ႏိုင္ခ်ိန္မွာ ေအးေအးေဆးေဆးပုံစံနဲ႔ အဆင္သင့္ျဖစ္မႈကို ျပသေနၿပီး ဖလားပြဲေတြမွာသာမက ပရီးမီးယားလိဂ္ပြဲေတြမွာပါ ပါဝင္ကစားဖို႔ အခက္အခဲမရွိဘဲ နားလည္မႈ ရွိရွိနဲ႔ အသားတက် ပူးေပါင္းႏိုင္စြမ္းကို ျပသထားခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ စပိန္သားရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို လူေတြက သတိျပဳမိခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ရာသီေတြက ဦးစားေပးေနရာကေန ဖယ္ရွားျခင္းခံခဲ့ရေပမယ့္ ဇြဲမေလွ်ာ့ဘဲ ျပင္းျပင္းထန္ထန္ ေလ့က်င့္ေနမႈေတြနဲ႔ သူ႔ရဲ႕ ရသမွ် အခန္းက႑အတြက္ အာ႐ုံစူးစိုက္ထားပုံေတြကလည္း ျမင္သာထင္သာရွိခဲ့တာပါ။

ၿပီးခဲ့တဲ့ ပြဲစဥ္ ၂ ပြဲမွာေတာ့ ကီပါအေနနဲ႔ အသင္းအတြက္ ပြဲထြက္ကစားထားရၿပီး ႏွစ္ပြဲစလုံးမွာ Clean Sheet ရယူထားႏိုင္ခဲ့သလို နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ခ်ီးက်ဴးမႈကိုလည္း ရရွိထားခဲ့ခ်ိန္မွာ သူ႔ရဲ႕ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ ထရီဗို ခ်ာလိုဘာက ေကာ့ဘ္ဟမ္းထရိန္နင္စင္တာမွာ စပိန္သားရဲ႕ အားထုတ္လုပ္ေဆာင္မႈေတြကို ထုတ္ေဖာ္သြားခဲ့တာျဖစ္ပါတယ္။

“ကီပါရဲ႕ စိတ္ေနစိတ္ထားက လုံးဝ အျပဳသေဘာေဆာင္ပါတယ္။ အၿမဲတမ္း မ်က္ႏွာေပၚမွာ အၿပဳံးကို ေတြ႕ရမယ္။ အသင္းေဖာ္ေတြ လိုအပ္တာ ရွိရင္ ကူညီေပးသြားတယ္။ ကြင္းထဲကမွာ ကစားေနတဲ့သူေတြကိုလည္း ေအာ္ဟစ္အားေပးတတ္ပါေသးတယ္”လို႔ ခ်ာလိုဘာက သူတို႔ေတြရဲ႕ ထရိန္နင္မွာ စီနီယာဂိုးသမားရဲ႕ ကူညီတတ္ပုံေတြနဲ႔ အစခ်ီပါတယ္။

ခ်ာလိုဘာက ကီပါဟာ ေလ့က်င့္ေရးကြင္းမွာေတာ့ ပြဲထြက္ကစားခ်ိန္မွာပါ တစ္ရာရာခိုင္ႏႈန္း ေပးဆပ္ထားသူျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး အၿမဲတမ္းအတြက္ အဆင္သင့္ရွိေနသလို ဆီနီေဂါသား မန္ဒီ ဒဏ္ရာရသြားခ်ိန္မွာလည္း အစားဝင္ၿပီး အမွားအယြင္းမရွိခဲ့တဲ့ ပုံစံကလည္း အားလုံးကို စိတ္ေအးေစခဲ့တယ္လို႔ ဆိုပါတယ္။

ကီပါရဲ႕ အားလုံးသိၾကတဲ့ အထင္ရွားဆုံး အရည္အေသြးကေတာ့ ပင္နယ္တီေတြကို ကာကြယ္ရာမွာ ကြၽမ္းက်င္တာျဖစ္ၿပီး ၂၆ ႏွစ္သားအေနနဲ႔ ဗီလာရီးရဲလ္နဲ႔ ဥေရာပဆူပါလိဂ္ဖိုင္နယ္မွာ လူစားဝင္ကစားၿပီး ၿပိဳင္ဘက္ရဲ႕ ကန္သြင္းမႈႏွစ္ႀကိမ္ကို ကာကြယ္ေပးခဲ့သလို ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားမွာလည္း အက္စတန္ ဗီလာကြင္းလယ္လူ မာဗဲလပ္စ္ နာကမ္ဘာရဲ႕ ပင္နယ္တီကို ကာကြယ္ေပးသြားခဲ့တာပါ။

ဒီတစ္ပတ္မွာလည္း မန္ခ်က္စတာစီးတီးနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ မန္ဒီရဲ႕ ႀကံ့ခိုင္မႈအရ ပြဲထြက္ႏိုင္ဖို႔ မေသခ်ာေသးခ်ိန္မွာ ကီပါအေနနဲ႔ သုံးပြဲဆက္တိုက္ပြဲထြက္မႈအျဖစ္ ပါဝင္ကစားရဖြယ္ရွိေနၿပီး အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႏိုင္ပြဲရဖို႔အတြက္ လုပ္ေဆာင္ရင္း ဟိုတုန္းက ေဝဖန္ခံခဲ့ရမႈေတြကို ေခ်ဖ်က္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.