La Liga Premier League Transfer News

ဘာစီလိုနာနဲ႔ အခ်ိတ္အဆက္ရွိေနတဲ့ ေနာက္ခံလူကို ေခၚယူဖို႔ ခ်ဲလ္ဆီးတုိ႔ စုံစမ္းထား

ဘာစီလိုနာအသင္းကေန ဂီတာေဖးအသင္းကို ေရာင္းခ်ထားခဲ့ၿပီး ျပန္လည္ေခၚယူခြင့္ Buy Back Clause ထည့္သြင္းထားတဲ့ ဘယ္ေနာက္ခံလူ မာခ္ ကူကူရယ္လာကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ခ်ိတ္ဆက္ေနၿပီး မိခင္ကာတာလန္အသင္းဘက္က စိတ္မဝင္စားတဲ့ အေျခအေနေၾကာင့္ ေခၚယူခြင့္ရႏုိင္တယ္လုိ႔ ဆုိပါတယ္။

လာမာစီယာအကယ္ဒမီမွာ ငါးႏွစ္ကစားခဲ့ၿပီး ဘာစီလိုနာဘီအသင္းကေန အီဘာအသင္းကို အငွားနဲ႔ သြားေရာက္ကစားခဲ့တဲ့ ကူကူရယ္လာရဲ႕ အေျပာင္းအေရႊ႕ေတြကေတာ့ မ်က္စိလည္ခ်င္စရာျဖစ္ေနၿပီး အီဘာကို ေရာင္းခ်ၿပီးမွ ဘာစီလိုနာက ျပန္ေခၚခဲ့သလို လက္ရွိမွာလည္း ဂီတာေဖးကို အငွားခ်ၿပီးမွ ထပ္ေရာင္းခဲ့ၿပီး ျပန္လည္ေခၚယူခြင့္ ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းတစ္ေလွ်ာက္မွာ ေနရာစုံကစားႏုိင္တဲ့ စပိန္ကစားသမားေတြရဲ႕ နည္းစနစ္ပိုင္း ေက်ညက္တဲ့ ပုံစံက် ကူကူရယ္လာကို အာဆင္နယ္အသင္းကလည္း ေစာင့္ၾကည့္ခဲ့ဖူးေပမယ့္ ကီရန္ တီယာနီကို ေခၚယူသြားခဲ့တဲ့ေနာက္ပုိင္း လက္ရွိစိတ္ဝင္စားမွဳ ျပသခဲ့တာကေတာ့ အဲလက္စ္ တဲလက္စ္နဲ႔ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို မေခၚယူႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းပဲ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ေငြပုိေငြလွ်ံမရွိေတာ့ခ်ိန္မွာ ဒီအသက္ ၂၁ ႏွစ္အရြယ္ ဘယ္ေနာက္ခံလူရဲ႕ ေပါင္ ၁၃.၄ သန္း(ယူ႐ို ၁၅ သန္း)တန္ ျပန္လည္ေခၚယူခြင့္ကို အသုံးခ်ဖို႔ လုပ္ေဆာင္ေတာ့မွာ မဟုတ္ဘဲ ဂီတာေဖးအသင္းအေနနဲ႔ေတာ့ သူ႕ကို စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၂၀ (ယူ႐ို ၂၅ သန္း)နဲ႔ ေရာင္းခ်ခြင့္ရွိမွာလည္း ျဖစ္ပါတယ္။

ကူကူရယ္လာအေနနဲ႔ ကိုယ္လုံးကိုယ္ထည္ေသးငယ္ၿပီး လ်င္ျမန္တဲ့ ပုံစံေၾကာင့္ ဘာစီလိုနာေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာနဲ႔ ႏွဳိင္းယွဥ္စဥ္းစားေနၾကၿပီး ပရီးမီးယားလိဂ္မွာေတာ့ သူ႕ရဲ႕ ႀကံ့ခိုင္မွဳကို အနည္းငယ္ ထည့္သြင္းစဥ္းစားရဖြယ္ရွိေနသလို စပိန္သားေတြရဲ႕ တုိက္စစ္ကို အလြန္အကၽြံလိုက္ပါတဲ့ ပုံစံက ခံစစ္မွာ အားနည္းတတ္တာမို႔ လီဗာပူးလ္ေနာက္ခံလူေဟာင္း အဲလ္ဘတ္တို မိုရီႏိုလို မျဖစ္ဖို႔ေတာ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ ေသေသခ်ာခ်ာ စဥ္းစားေခၚယူသြားရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းကနေ ဂီတာဖေးအသင်းကို ရောင်းချထားခဲ့ပြီး ပြန်လည်ခေါ်ယူခွင့် Buy Back Clause ထည့်သွင်းထားတဲ့ ဘယ်နောက်ခံလူ မာခ် ကူကူရယ်လာကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ချိတ်ဆက်နေပြီး မိခင်ကာတာလန်အသင်းဘက်က စိတ်မဝင်စားတဲ့ အခြေအနေကြောင့် ခေါ်ယူခွင့်ရနိုင်တယ်လို့ ဆိုပါတယ်။

လာမာစီယာအကယ်ဒမီမှာ ငါးနှစ်ကစားခဲ့ပြီး ဘာစီလိုနာဘီအသင်းကနေ အီဘာအသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ကူကူရယ်လာရဲ့ အပြောင်းအရွှေ့တွေကတော့ မျက်စိလည်ချင်စရာဖြစ်နေပြီး အီဘာကို ရောင်းချပြီးမှ ဘာစီလိုနာက ပြန်ခေါ်ခဲ့သလို လက်ရှိမှာလည်း ဂီတာဖေးကို အငှားချပြီးမှ ထပ်ရောင်းခဲ့ပြီး ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းတစ်လျှောက်မှာ နေရာစုံကစားနိုင်တဲ့ စပိန်ကစားသမားတွေရဲ့ နည်းစနစ်ပိုင်း ကျေညက်တဲ့ ပုံစံကျ ကူကူရယ်လာကို အာဆင်နယ်အသင်းကလည်း စောင့်ကြည့်ခဲ့ဖူးပေမယ့် ကီရန် တီယာနီကို ခေါ်ယူသွားခဲ့တဲ့နောက်ပိုင်း လက်ရှိစိတ်ဝင်စားမှု ပြသခဲ့တာကတော့ အဲလက်စ် တဲလက်စ်နဲ့ ဘန် ချေးလ်ဝဲလ်တို့ကို မခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ငွေပိုငွေလျှံမရှိတော့ချိန်မှာ ဒီအသက် ၂၁ နှစ်အရွယ် ဘယ်နောက်ခံလူရဲ့ ပေါင် ၁၃.၄ သန်း(ယူရို ၁၅ သန်း)တန် ပြန်လည်ခေါ်ယူခွင့်ကို အသုံးချဖို့ လုပ်ဆောင်တော့မှာ မဟုတ်ဘဲ ဂီတာဖေးအသင်းအနေနဲ့တော့ သူ့ကို စာချုပ်လျော်ကြေး ပေါင်သန်း ၂၀ (ယူရို ၂၅ သန်း)နဲ့ ရောင်းချခွင့်ရှိမှာလည်း ဖြစ်ပါတယ်။

ကူကူရယ်လာအနေနဲ့ ကိုယ်လုံးကိုယ်ထည်သေးငယ်ပြီး လျင်မြန်တဲ့ ပုံစံကြောင့် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီ အယ်လ်ဘာနဲ့ နှိုင်းယှဉ်စဉ်းစားနေကြပြီး ပရီးမီးယားလိဂ်မှာတော့ သူ့ရဲ့ ကြံ့ခိုင်မှုကို အနည်းငယ် ထည့်သွင်းစဉ်းစားရဖွယ်ရှိနေသလို စပိန်သားတွေရဲ့ တိုက်စစ်ကို အလွန်အကျွံလိုက်ပါတဲ့ ပုံစံက ခံစစ်မှာ အားနည်းတတ်တာမို့ လီဗာပူးလ်နောက်ခံလူဟောင်း အဲလ်ဘတ်တို မိုရီနိုလို မဖြစ်ဖို့တော့ ချဲလ်ဆီးတို့အနေနဲ့ သေသေချာချာ စဉ်းစားခေါ်ယူသွားရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.