La Liga Match Report

မာယော့ကာကို ဂိုးဒါဇင်ဝက်သွင်းပြီး ဘာဆာကို ၈ မှတ်ဖြတ်လိုက်တဲ့ ထိပ်ဆုံးက ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာတို့ ကျဆုံးသွားခဲ့တဲ့ စပိန်လာလီဂါမှာ တစ်ကောင်တည်းပြေးတဲ့မြင်းဖြစ်လာမလား ဒါမှမဟုတ် ဒီအမှတ်ပေးပြိုင်ပွဲဟာ မက်ဒရစ်မြို့နဲ့ပဲ သက်ဆိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာတော့မလားဆိုတာတော့ စဉ်းစားစရာဖြစ်လာခဲ့ပြီး ဒီနေ့ပွဲမှာလည်း အိမ်ကွင်းမှာ မာယော့ကာကို ဂိုးဒါဇင်ဝက်သွင်းပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘာနေဗျူးမှာ ကစားရတဲ့ပွဲမှာ အိမ်ရှင်တွေအနေနဲ့ ပွဲချိန် ၃ မိနစ်မှာကတည်းက စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မက်ဆီရော ရော်နယ်လ်ဒိုရဲ့ပါ လောင်းရိပ်ကနေ လွတ်မြောက်သွားခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီးမားက မာယော့ကာနောက်ခံလူ ဂျိုးဆက် ဂါယာရဲ့ ချော်လဲမှုကနေ ဘောလုံးရယူသွားပြီး အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မာယော့ကာမှာ သူတို့တွေ အငှားချထားတဲ့ ဂျပန်ကစားသမား ကူဘို၊ ဗလင်စီယာကနေ အငှားလာကစားနေတဲ့ လီဂန်းအင်းတို့အပြင် ရှော်လ်ကာမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ အမေရိကန်တိုက်စစ်မှူး ဟော့ပီတို့လို လူငယ်တိုက်စစ်နဲ့ တော်ဝင်အဖြူရောင်တွေကို တုံ့ပြန်လာခဲ့ပေမယ့် တစ်ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ ထိုးဖောက်လာခဲ့ပြီး ရိုဒရီဂို အနီးကပ် ချိုးပေးတာကို မာယော့ကာဂိုးသမား မာနိုလို ရေးနား ပုတ်ထုတ်မှုကနေ ထွက်လာခဲ့တဲ့ ဘောလုံးကို ဒီပွဲမှာမှ ပွဲထွက်လူစာရင်းမှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့တဲ့ မာကို အဆန်စီယိုက ထောင့်ကျဉ်းအနေအထားကနေ ပိတ်သွင်းပြီး ရီးရဲလ်မက်ဒရစ်တို့ ဒုတိယဂိုးရခဲ့ပါတယ်။

တစ်မိနစ်အကြာမှာတော့ ဘောလုံးကိုင်ကစားနေတဲ့ မာယော့ကာတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဟော့ပီဆီက ထွက်လာတဲ့ ဘောလုံးကို ညာတောင်ပံကနေ ဆွဲဝင်လာခဲ့တဲ့ လီဂန်းအင်းက အဝေးတိုင်ခြေကို ဘယ်ခြေနဲ့ လှမ်းကန်ခဲ့ရာမှာ ဂိုးသမား ကူထွာ အငိုက်မိခဲ့ပြီး နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြနေတဲ့ အဆန်စီယိုကပဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘန်ဇီးမား ဘော်ဒီကာပြီး ထုတ်ပေးလိုက်တဲ့ ဘောလုံးကို Inverted Winger အဖြစ် ကစားနေခဲ့တဲ့ စပိန်တောင်ပံသမားက ဂိုးဧရိယာထဲ ဆွဲဝင်ပြီး ညာခြမ်းကနေ ဘယ်ခြေနဲ့ ကန်သွင်းသွားခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ပဲ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်နေခဲ့ပြီး ကပ္ပတိန်လက်ပတ်ကြီးနဲ့ ဘန်ဇီးမားကတော့ အသက် ၃၃ နှစ်အရွယ်နဲ့ မလိုက်အောင် လန်းဆန်းတက်ကြွနေတဲ့ ပုံစံကို မြင်ရသလို သူ့အနေနဲ့ ကြိုးစားတိုင်း ထင်ပေါ်နိုင်မယ့် လောင်းရိပ်တွေ မရှိတော့လို့လားဆိုပြီးလည်း တွေးချင်စရာဖြစ်ခဲ့ပြီး ဗီနီးရှပ်စ်ကတော့ တွေ့သမျှလူကို ကျော်ဖြတ်ပြီး ဂိုးသမားကို လှိမ့်ဘောပေးတတ်တဲ့ အကျင့်ကို မဖျောက်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာတော့ အဆန်စီယိုကပဲ ဟက်ထရစ် ရယူနိုင်ခဲ့ပြီး ညာခြမ်းမှာ ဘယ်သန်ဂိုးသွင်းရှင်အဖြစ် သူ့ရဲ့ တစ်ခေတ်ကို တည်ဆောက်တော့မလားလို့ ထင်စရာဖြစ်ခဲ့သလို ဘန်ဇီးမားချပေးတဲ့ ဘောလုံးကို အေးအေးဆေးဆေး ကိုင်ထားပြီးမှ ဂိုးဘယ်ဘက်အောက်ထောင့်ကို အပိုင်ကန်သွင်းသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ ကန်ချက်မပြင်းဘဲ လိုရာပစ်မှတ်ကို ရောက်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဘန်ဇီးမားကပဲ နောက်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်း အလာဘာရဲ့ တိကျတဲ့ အဝေးဘောနဲ့အတူ လူကျွံထောင်ချောက်ကို ဖောက်ထွက်ရယူပြီး ကန်သွင်းခဲ့ရာမှာ မာယော့ကာနောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ သူ့ရဲ့ လာလီဂါသွင်းဂိုး ၂၀၀ ပြည့်နဲ့ ရီးရဲလ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဘယ်ခြမ်းက ဗီနီးရှပ်စ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ မာယော့ကာခံစစ်ကို ဖရိုဖရဲဖြစ်စေပြီးမှ အတွင်းကို ချိုးပေးတာကို လူစားဝင်ကွင်းလယ်လူ အစ္စကိုက အသင်းအတွက် ဂိုးဒါဇင်ဝက်ပြည့်အောင် အသာအယာပိတ်သွင်းပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါ တစ်ကျော့ပြန် စိုးမိုးမှုအတွက် ပရိသတ်တွေကို လှုပ်နှိုးလိုက်တာလည်းဖြစ်ပါတယ်။

မိနစ် ၉၀ အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့သလို ၆ ပွဲကစား ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၆ မှတ်နဲ့ ဒုတိယနေရာက အက်သလက်တီကို မက်ဒရစ်ကို ၂ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး အစဉ်အလာပြိုင်ဘက် ဘာစီလိုနာကိုတော့ ၈ မှတ်ဖြတ်ပြီး ဇယားထိပ်ကနေ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဘာစီလိုနာတို႔ က်ဆုံးသြားခဲ့တဲ့ စပိန္လာလီဂါမွာ တစ္ေကာင္တည္းေျပးတဲ့ျမင္းျဖစ္လာမလား ဒါမွမဟုတ္ ဒီအမွတ္ေပးၿပိဳင္ပြဲဟာ မက္ဒရစ္ၿမိဳ႕နဲ႔ပဲ သက္ဆိုင္တဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္လာေတာ့မလားဆိုတာေတာ့ စဥ္းစားစရာျဖစ္လာခဲ့ၿပီး ဒီေန႔ပြဲမွာလည္း အိမ္ကြင္းမွာ မာေယာ့ကာကို ဂိုးဒါဇင္ဝက္သြင္းၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဘာေနဗ်ဴးမွာ ကစားရတဲ့ပြဲမွာ အိမ္ရွင္ေတြအေနနဲ႔ ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး မက္ဆီေရာ ေရာ္နယ္လ္ဒိုရဲ႕ပါ ေလာင္းရိပ္ကေန လြတ္ေျမာက္သြားခဲ့တဲ့ တိုက္စစ္မႉး ဘန္ဇီးမားက မာေယာ့ကာေနာက္ခံလူ ဂ်ိဳးဆက္ ဂါယာရဲ႕ ေခ်ာ္လဲမႈကေန ေဘာလုံးရယူသြားၿပီး အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မာေယာ့ကာမွာ သူတို႔ေတြ အငွားခ်ထားတဲ့ ဂ်ပန္ကစားသမား ကူဘို၊ ဗလင္စီယာကေန အငွားလာကစားေနတဲ့ လီဂန္းအင္းတို႔အျပင္ ေရွာ္လ္ကာမွာ ေျခစြမ္းျပခဲ့ဖူးတဲ့ အေမရိကန္တိုက္စစ္မႉး ေဟာ့ပီတို႔လို လူငယ္တိုက္စစ္နဲ႔ ေတာ္ဝင္အျဖဴေရာင္ေတြကို တုံ႔ျပန္လာခဲ့ေပမယ့္ တစ္ဂိုးသာ ျပန္လည္သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ႐ိုဒရီဂိုနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ ထိုးေဖာက္လာခဲ့ၿပီး ႐ိုဒရီဂို အနီးကပ္ ခ်ိဳးေပးတာကို မာေယာ့ကာဂိုးသမား မာႏိုလို ေရးနား ပုတ္ထုတ္မႈကေန ထြက္လာခဲ့တဲ့ ေဘာလုံးကို ဒီပြဲမွာမွ ပြဲထြက္လူစာရင္းမွာ ပထမဆုံး ပါဝင္ခြင့္ရခဲ့တဲ့ မာကို အဆန္စီယိုက ေထာင့္က်ဥ္းအေနအထားကေန ပိတ္သြင္းၿပီး ရီးရဲလ္မက္ဒရစ္တို႔ ဒုတိယဂိုးရခဲ့ပါတယ္။

တစ္မိနစ္အၾကာမွာေတာ့ ေဘာလုံးကိုင္ကစားေနတဲ့ မာေယာ့ကာတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ေဟာ့ပီဆီက ထြက္လာတဲ့ ေဘာလုံးကို ညာေတာင္ပံကေန ဆြဲဝင္လာခဲ့တဲ့ လီဂန္းအင္းက အေဝးတိုင္ေျခကို ဘယ္ေျခနဲ႔ လွမ္းကန္ခဲ့ရာမွာ ဂိုးသမား ကူထြာ အငိုက္မိခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုး ျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္အတြက္ ေျခစြမ္းျပေနတဲ့ အဆန္စီယိုကပဲ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘန္ဇီးမား ေဘာ္ဒီကာၿပီး ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို Inverted Winger အျဖစ္ ကစားေနခဲ့တဲ့ စပိန္ေတာင္ပံသမားက ဂိုးဧရိယာထဲ ဆြဲဝင္ၿပီး ညာျခမ္းကေန ဘယ္ေျခနဲ႔ ကန္သြင္းသြားခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ရီးရဲလ္မက္ဒရစ္တို႔ ဦးေဆာင္ေနခဲ့ၿပီး ကပၸတိန္လက္ပတ္ႀကီးနဲ႔ ဘန္ဇီးမားကေတာ့ အသက္ ၃၃ ႏွစ္အ႐ြယ္နဲ႔ မလိုက္ေအာင္ လန္းဆန္းတက္ႂကြေနတဲ့ ပုံစံကို ျမင္ရသလို သူ႔အေနနဲ႔ ႀကိဳးစားတိုင္း ထင္ေပၚႏိုင္မယ့္ ေလာင္းရိပ္ေတြ မရွိေတာ့လို႔လားဆိုၿပီးလည္း ေတြးခ်င္စရာျဖစ္ခဲ့ၿပီး ဗီနီးရွပ္စ္ကေတာ့ ေတြ႕သမွ်လူကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားကို လွိမ့္ေဘာေပးတတ္တဲ့ အက်င့္ကို မေဖ်ာက္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အဆန္စီယိုကပဲ ဟက္ထရစ္ ရယူႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ဘယ္သန္ဂိုးသြင္းရွင္အျဖစ္ သူ႔ရဲ႕ တစ္ေခတ္ကို တည္ေဆာက္ေတာ့မလားလို႔ ထင္စရာျဖစ္ခဲ့သလို ဘန္ဇီးမားခ်ေပးတဲ့ ေဘာလုံးကို ေအးေအးေဆးေဆး ကိုင္ထားၿပီးမွ ဂိုးဘယ္ဘက္ေအာက္ေထာင့္ကို အပိုင္ကန္သြင္းသြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ထူးျခားတဲ့ စြမ္းရည္ကေတာ့ ကန္ခ်က္မျပင္းဘဲ လိုရာပစ္မွတ္ကို ေရာက္ရွိႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဘန္ဇီးမားကပဲ ေနာက္တစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူေဟာင္း အလာဘာရဲ႕ တိက်တဲ့ အေဝးေဘာနဲ႔အတူ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ရယူၿပီး ကန္သြင္းခဲ့ရာမွာ မာေယာ့ကာေနာက္ခံလူနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ သူ႔ရဲ႕ လာလီဂါသြင္းဂိုး ၂၀၀ ျပည့္နဲ႔ ရီးရဲလ္တို႔ ငါးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဘယ္ျခမ္းက ဗီနီးရွပ္စ္ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈနဲ႔ မာေယာ့ကာခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစၿပီးမွ အတြင္းကို ခ်ိဳးေပးတာကို လူစားဝင္ကြင္းလယ္လူ အစၥကိုက အသင္းအတြက္ ဂိုးဒါဇင္ဝက္ျပည့္ေအာင္ အသာအယာပိတ္သြင္းေပးခဲ့ၿပီး ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ လာလီဂါ တစ္ေက်ာ့ျပန္ စိုးမိုးမႈအတြက္ ပရိသတ္ေတြကို လႈပ္ႏႈိးလိုက္တာလည္းျဖစ္ပါတယ္။

မိနစ္ ၉၀ အျပည့္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔က ေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့သလို ၆ ပြဲကစား ၅ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ရမွတ္ ၁၆ မွတ္နဲ႔ ဒုတိယေနရာက အက္သလက္တီကို မက္ဒရစ္ကို ၂ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ၿပီး အစဥ္အလာၿပိဳင္ဘက္ ဘာစီလိုနာကိုေတာ့ ၈ မွတ္ျဖတ္ၿပီး ဇယားထိပ္ကေန ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.