Carabao & FA Match Report Premier League

ဝက်စ်ဟမ်းကို အိမ်ကွင်းအရှုံးနဲ့ ဖလားတစ်လုံးပျောက်တဲ့ ယူနိုက်တက်နဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ပွဲဆက်ယှဉ်ပြိုင်မှုမှာ သူတို့ရဲ့ ဒုတိယလူစာရင်းဖြစ်တဲ့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ ဘိုင်လီ၊ ဒါလော့နဲ့ အဲလက်စ် တဲလက်စ်၊ ကွင်းလယ်မှာ မာတစ်ချ်၊ ဗန်ဒဘိခ်နဲ့ မာတာ၊ တိုက်စစ်မှာ မာစီယယ်လ်ကို လင်ဂတ်၊ ဆန်ချိုတို့နဲ့ ရံပေးခဲ့ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကလွဲလို့ ကျန်ပွဲထွက်ကစားသမားတွေကို အနားပေးခဲ့တာကို တွေ့ရပါတယ်။

ဝက်စ်ဟမ်းတို့ကလည်း ဖာဘီယန်စကီး၊ ဆိုဖာလ်၊ ဇူးမား၊ အော့ဘွန်နာ၊ ခရက်စ်ဝဲလ်၊ ဒက်ကလန် ရိုက်စ်၊ ဖော်နယ်လ်စ်၊ ဘင်ရာမာနဲ့ အန်တိုနီယိုတို့ကို အနားပေးထားခဲ့ပြီး အာရီယိုးလား၊ ဒီယော့ပ်၊ ဒေါ်ဆန်၊ ဖရက်ဒရစ်ခ်၊ ဘန်ဂျွန်ဆန်၊ နိုဘယ်လ်၊ ခရယ်လ်၊ မာဆူအာကူး၊ ယာမိုလန်ကို၊ လန်ဇီနီနဲ့ ဘိုဝင်တို့ကို ပုံမှန် ၄-၅-၁ မဟုတ်ဘဲ ၃-၄-၃ ပုံစံနဲ့ ပွဲထုတ်လာခဲ့ပါတယ်။

စောစောစီးစီးမှာပဲ အဲလက်စ် တဲလက်စ်ဆီက ဖိအားပေးပြီး လုယူခဲ့တဲ့ ယာမိုလန်ကို ပေးတာကို ဘိုဝင်ရဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့သလို ဝက်စ်ဟမ်းတို့အနေနဲ့ ယူနိုက်တက်ထက် သာလွန်တဲ့ သူတို့ရဲ့ လျင်မြန်မှုတွေကို ကောင်းကောင်းအသုံးချနေခဲ့သလို ပွဲချိန် ၇ မိနစ်မှာလည်း ခရယ်လ်ရဲ့ ဂိုးဧရိယာထဲက ကန်ချက်ကို ဘိုင်လီ ပိတ်ဆို့သွားခဲ့ရပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ ခရယ်လ် ပေးလိုက်တဲ့ ဘောလုံးကို ဖရက်ဒရစ်ခ်က လေးလံနေတဲ့ ယူနိုက်တက်ဘယ်ခြမ်းခံစစ်ကို ဖောက်ထွက်ခဲ့ပြီး ဂိုးစည်းနားကနေကပ်ပြီးမှ Cut Back လုပ်ပေးခဲ့တာကို ဘိုဝင်ကို အာရုံစိုက်နေတဲ့ နောက်ခံလူတွေကြောင့် လွတ်နေခဲ့တဲ့ လန်ဇီနီက နောက်ကနေ အေးအေးဆေးဆေးကန်သွင်းပြီး ဟန်ဒါဆန်ကို အနိုင်ယူသွားခဲ့လို့ ဝက်စ်ဟမ်းတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်ချိန်လုံး ဘောလုံးကိုင်ကစားနေတဲ့ ယူနိုက်တက်တို့အတွက်တော့ ဒါက တော်တော်လေး အသည်းပေါက်စရာကောင်းခဲ့ပြီး ပွဲကစားရခြင်း မရှိတဲ့ အဲလက်စ် တဲလက်စ်၊ ဘိုင်လီနဲ့ မာတစ်ချ်တို့ရဲ့ ခံစစ်ဘယ်ခြမ်းဟာ နှေးကွေးလွန်းနေခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့အနေနဲ့ သူတို့ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ အမြန်နှုန်းနဲ့ ထိုးနှက်သွားခဲ့တာဖြစ်ပြီး ပွဲတိုင်းဂိုးပေးရတဲ့ မှတ်တမ်းဆိုးကိုလည်း အိမ်ရှင်တွေ မတားဆီးနိုင်ခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ဘိုင်လီနဲ့ ဂိုးသမား အာရီယိုးလားတို့ လေထဲ လုခဲ့ကြရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို အလံတိုင်ကနေ ပြန်ရောက်လာခဲ့တဲ့ မာတာက ကန်သွင်းရာမှာ ဘားထိထွက်ခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရပြီး ဝက်စ်ဟမ်းတို့အတွက်တော့ သက်သာခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ မာတစ်ချ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ မာစီယယ်လ်ကန်ခွင့်ရတာကို ခြေဖမိုးနဲ့ ထိုးထည့်ခဲ့တာက ဂိုးနဲ့ အနည်းငယ် စောင်းသွားခဲ့ပြီး နောက်က လိုက်လာတဲ့ ဒါလော့သာ နောက်မကျခဲ့ရင် ပိတ်သွင်းနိုင်မှာဖြစ်ပေမယ့် နှေးကွေးနေတဲ့ ပေါ်တူဂီသားကြောင့် ဂိုးရနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ လင်ဂတ်ရဲ့ အဝေးကစ်ကို အာရီယိုးလား ပုတ်ထုတ်ခဲ့ရသလို ဆန်ချိုရဲ့ ပြေးထွက်မှုတွေနဲ့ ကြိုးစားနေတာကို ဘောလုံးထည့်ပေးမယ့်သူ မရှိတာကတော့ သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဗန်ဒဘိခ်၊ မာစီယယ်လ်တို့ရဲ့ လွဲချော်မှုတွေကတော့ ယူနိုက်တက်တို့ကို ဂိုးပေါက်နဲ့ ရန်ဖြစ်ထားသလား ထင်ရစေပြီး ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့က ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ကပဲ ထိုးဖောက်နေခဲ့ပေမယ့် ဝက်စ်ဟမ်းခံစစ်ကလည်း ပါးနပ်ခဲ့ပြီး တစ်ဖက်တိုက်စစ်သမားတွေကို Danger Area တွေဆီ အဝင်ခံမယ့်အစား ဘေးစည်းနားတွေကိုပဲ ရောက်သွားအောင် Force Wide လုပ်သွားခဲ့လို့ ဆန်ချိုတို့အဖွဲ့ အပိုင်ကန်သွင်းခွင့်တွေ ရှာဖွေလို့ ခက်နေခဲ့ပြီး ချေပဂိုးနဲ့လည်း ဝေးနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ကစားသမားကောင်းတွေကို စထည့်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ မာတာအစား ဂရင်းဝုဒ်ကို လူစားလဲခဲ့သလို အကယ်ဒမီထွက် ကြယ်ပွင့်အနေနဲ့ ဝင်ဝင်လာချင်းမှာကို ဗန်ဒဘိခ် မ,ပေးလိုက်တဲ့ ဘောလုံးကို ခံစစ်ကြားက ပြေးထွက်ပြီး ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား အာရီယိုးယားရဲ့ ခြေထောက်နဲ့ ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး တစ်မိနစ်အကြာမှာ ကန်တဲ့ လင်ဂတ်ရဲ့ ကန်ချက်ကလည်း ဂိုးသမားပဲ ဖမ်းမိသွားခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ လင်ဂတ်အစား ဘရူနို ဖာနန်ဒက်စ် ဝင်လာခဲ့ပေမယ့် ယူနိုက်တက်တိုက်စစ်ရဲ့ ကန်ချက်တွေက လွဲချော်နေခဲ့သလို ဂိုးသမား အာရီယိုးယားကလည်း အမှားမရှိခဲ့တာကြောင့် ဂိုးမရဘဲဖြစ်နေခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ ယာမိုလန်ကိုရဲ့ ထိုးဖောက် ကန်သွင်းမှုက တိုင်ထိသွားခဲ့လို့သာ ဒုတိယဂိုး ခွင့်မပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘိုဝင်ပေးတာကို ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်က ဂိုးသမား ဟန်ဒါဆန်ရဲ့ တည့်တည့်ကို ကန်မိခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဘာမှ ထပ်ပြီး မကြိုးစားနိုင်ခဲ့ကြတော့လို့ အိုးလ်ထရက်ဖို့ဒ်မှာ သရဲနီတွေ တစ်ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရပြီး ကာရာဘောင်းဖလားက ထွက်ခွာခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ပေမယ့် ဗန်ဒဘိခ်တစ်ယောက် ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ကစားပြီး ဖန်တီးမှုတွေ လုပ်ပြနိုင်ခဲ့တဲ့ အချက်ကတော့ နည်းပြ ဆိုးလ်ရှားအတွက် အပေါင်းလက္ခဏာအဖြစ် ရှုမြင်ခဲ့ရသလို ပရီးမီးယားလိဂ်က အိမ်ကွင်းရှုံးကြွေးကို အဝေးကွင်းမှာ လိုက်တောင်းခဲ့တဲ့ ဝက်စ်ဟမ်းတို့ကတော့ နောက်တစ်ဆင့်မှာ မန်ချက်စတာနောက်တစ်သင်းကိုပဲ ရရှိခဲ့ပြီး အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဝက္စ္ဟမ္းအသင္းနဲ႔ ႏွစ္ပြဲဆက္ယွဥ္ၿပိဳင္မႈမွာ သူတို႔ရဲ႕ ဒုတိယလူစာရင္းျဖစ္တဲ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ ဘိုင္လီ၊ ဒါေလာ့နဲ႔ အဲလက္စ္ တဲလက္စ္၊ ကြင္းလယ္မွာ မာတစ္ခ်္၊ ဗန္ဒဘိခ္နဲ႔ မာတာ၊ တိုက္စစ္မွာ မာစီယယ္လ္ကို လင္ဂတ္၊ ဆန္ခ်ိဳတို႔နဲ႔ ရံေပးခဲ့ၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဆန္ခ်ိဳကလြဲလို႔ က်န္ပြဲထြက္ကစားသမားေတြကို အနားေပးခဲ့တာကို ေတြ႕ရပါတယ္။

ဝက္စ္ဟမ္းတို႔ကလည္း ဖာဘီယန္စကီး၊ ဆိုဖာလ္၊ ဇူးမား၊ ေအာ့ဘြန္နာ၊ ခရက္စ္ဝဲလ္၊ ဒက္ကလန္ ႐ိုက္စ္၊ ေဖာ္နယ္လ္စ္၊ ဘင္ရာမာနဲ႔ အန္တိုနီယိုတို႔ကို အနားေပးထားခဲ့ၿပီး အာရီယိုးလား၊ ဒီေယာ့ပ္၊ ေဒၚဆန္၊ ဖရက္ဒရစ္ခ္၊ ဘန္ဂြၽန္ဆန္၊ ႏိုဘယ္လ္၊ ခရယ္လ္၊ မာဆူအာကူး၊ ယာမိုလန္ကို၊ လန္ဇီနီနဲ႔ ဘိုဝင္တို႔ကို ပုံမွန္ ၄-၅-၁ မဟုတ္ဘဲ ၃-၄-၃ ပုံစံနဲ႔ ပြဲထုတ္လာခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ အဲလက္စ္ တဲလက္စ္ဆီက ဖိအားေပးၿပီး လုယူခဲ့တဲ့ ယာမိုလန္ကို ေပးတာကို ဘိုဝင္ရဲ႕ ကန္ခ်က္ တိုင္ေဘးက ထြက္သြားခဲ့သလို ဝက္စ္ဟမ္းတို႔အေနနဲ႔ ယူႏိုက္တက္ထက္ သာလြန္တဲ့ သူတို႔ရဲ႕ လ်င္ျမန္မႈေတြကို ေကာင္းေကာင္းအသုံးခ်ေနခဲ့သလို ပြဲခ်ိန္ ၇ မိနစ္မွာလည္း ခရယ္လ္ရဲ႕ ဂိုးဧရိယာထဲက ကန္ခ်က္ကို ဘိုင္လီ ပိတ္ဆို႔သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ခရယ္လ္ ေပးလိုက္တဲ့ ေဘာလုံးကို ဖရက္ဒရစ္ခ္က ေလးလံေနတဲ့ ယူႏိုက္တက္ဘယ္ျခမ္းခံစစ္ကို ေဖာက္ထြက္ခဲ့ၿပီး ဂိုးစည္းနားကေနကပ္ၿပီးမွ Cut Back လုပ္ေပးခဲ့တာကို ဘိုဝင္ကို အာ႐ုံစိုက္ေနတဲ့ ေနာက္ခံလူေတြေၾကာင့္ လြတ္ေနခဲ့တဲ့ လန္ဇီနီက ေနာက္ကေန ေအးေအးေဆးေဆးကန္သြင္းၿပီး ဟန္ဒါဆန္ကို အႏိုင္ယူသြားခဲ့လို႔ ဝက္စ္ဟမ္းတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

တစ္ခ်ိန္လုံး ေဘာလုံးကိုင္ကစားေနတဲ့ ယူႏိုက္တက္တို႔အတြက္ေတာ့ ဒါက ေတာ္ေတာ္ေလး အသည္းေပါက္စရာေကာင္းခဲ့ၿပီး ပြဲကစားရျခင္း မရွိတဲ့ အဲလက္စ္ တဲလက္စ္၊ ဘိုင္လီနဲ႔ မာတစ္ခ်္တို႔ရဲ႕ ခံစစ္ဘယ္ျခမ္းဟာ ေႏွးေကြးလြန္းေနခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းတို႔အေနနဲ႔ သူတို႔ရဲ႕ တစ္ခုတည္းေသာ အားသာခ်က္ျဖစ္တဲ့ အျမန္ႏႈန္းနဲ႔ ထိုးႏွက္သြားခဲ့တာျဖစ္ၿပီး ပြဲတိုင္းဂိုးေပးရတဲ့ မွတ္တမ္းဆိုးကိုလည္း အိမ္ရွင္ေတြ မတားဆီးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဘိုင္လီနဲ႔ ဂိုးသမား အာရီယိုးလားတို႔ ေလထဲ လုခဲ့ၾကရာကေန ျပန္က်လာတဲ့ ေဘာလုံးကို အလံတိုင္ကေန ျပန္ေရာက္လာခဲ့တဲ့ မာတာက ကန္သြင္းရာမွာ ဘားထိထြက္ခဲ့လို႔ ယူႏိုက္တက္တို႔ ေခ်ပဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ဝက္စ္ဟမ္းတို႔အတြက္ေတာ့ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ မာတစ္ခ်္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈကေန မာစီယယ္လ္ကန္ခြင့္ရတာကို ေျခဖမိုးနဲ႔ ထိုးထည့္ခဲ့တာက ဂိုးနဲ႔ အနည္းငယ္ ေစာင္းသြားခဲ့ၿပီး ေနာက္က လိုက္လာတဲ့ ဒါေလာ့သာ ေနာက္မက်ခဲ့ရင္ ပိတ္သြင္းႏိုင္မွာျဖစ္ေပမယ့္ ေႏွးေကြးေနတဲ့ ေပၚတူဂီသားေၾကာင့္ ဂိုးရႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ လင္ဂတ္ရဲ႕ အေဝးကစ္ကို အာရီယိုးလား ပုတ္ထုတ္ခဲ့ရသလို ဆန္ခ်ိဳရဲ႕ ေျပးထြက္မႈေတြနဲ႔ ႀကိဳးစားေနတာကို ေဘာလုံးထည့္ေပးမယ့္သူ မရွိတာကေတာ့ သူ႔အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ဗန္ဒဘိခ္၊ မာစီယယ္လ္တို႔ရဲ႕ လြဲေခ်ာ္မႈေတြကေတာ့ ယူႏိုက္တက္တို႔ကို ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားသလား ထင္ရေစၿပီး ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔က ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္တို႔ကပဲ ထိုးေဖာက္ေနခဲ့ေပမယ့္ ဝက္စ္ဟမ္းခံစစ္ကလည္း ပါးနပ္ခဲ့ၿပီး တစ္ဖက္တိုက္စစ္သမားေတြကို Danger Area ေတြဆီ အဝင္ခံမယ့္အစား ေဘးစည္းနားေတြကိုပဲ ေရာက္သြားေအာင္ Force Wide လုပ္သြားခဲ့လို႔ ဆန္ခ်ိဳတို႔အဖြဲ႕ အပိုင္ကန္သြင္းခြင့္ေတြ ရွာေဖြလို႔ ခက္ေနခဲ့ၿပီး ေခ်ပဂိုးနဲ႔လည္း ေဝးေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ကစားသမားေကာင္းေတြကို စထည့္ခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာ မာတာအစား ဂရင္းဝုဒ္ကို လူစားလဲခဲ့သလို အကယ္ဒမီထြက္ ၾကယ္ပြင့္အေနနဲ႔ ဝင္ဝင္လာခ်င္းမွာကို ဗန္ဒဘိခ္ မ,ေပးလိုက္တဲ့ ေဘာလုံးကို ခံစစ္ၾကားက ေျပးထြက္ၿပီး ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဂိုးသမား အာရီယိုးယားရဲ႕ ေျခေထာက္နဲ႔ ထိထြက္ခဲ့လို႔ နစ္နာခဲ့ရၿပီး တစ္မိနစ္အၾကာမွာ ကန္တဲ့ လင္ဂတ္ရဲ႕ ကန္ခ်က္ကလည္း ဂိုးသမားပဲ ဖမ္းမိသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ လင္ဂတ္အစား ဘ႐ူႏို ဖာနန္ဒက္စ္ ဝင္လာခဲ့ေပမယ့္ ယူႏိုက္တက္တိုက္စစ္ရဲ႕ ကန္ခ်က္ေတြက လြဲေခ်ာ္ေနခဲ့သလို ဂိုးသမား အာရီယိုးယားကလည္း အမွားမရွိခဲ့တာေၾကာင့္ ဂိုးမရဘဲျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာ ဝက္စ္ဟမ္းတို႔ တန္ျပန္တိုက္စစ္ကေန ယာမိုလန္ကိုရဲ႕ ထိုးေဖာက္ ကန္သြင္းမႈက တိုင္ထိသြားခဲ့လို႔သာ ဒုတိယဂိုး ခြင့္မျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဘိုဝင္ေပးတာကို ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ႏိုဘယ္လ္က ဂိုးသမား ဟန္ဒါဆန္ရဲ႕ တည့္တည့္ကို ကန္မိခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ ဘာမွ ထပ္ၿပီး မႀကိဳးစားႏိုင္ခဲ့ၾကေတာ့လို႔ အိုးလ္ထရက္ဖို႔ဒ္မွာ သရဲနီေတြ တစ္ဂိုးတည္းနဲ႔ အရႈံးေပးခဲ့ရၿပီး ကာရာေဘာင္းဖလားက ထြက္ခြာခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲ့ေပမယ့္ ဗန္ဒဘိခ္တစ္ေယာက္ ကြင္းလယ္မွာ လြတ္လြတ္လပ္လပ္ ကစားၿပီး ဖန္တီးမႈေတြ လုပ္ျပႏိုင္ခဲ့တဲ့ အခ်က္ကေတာ့ နည္းျပ ဆိုးလ္ရွားအတြက္ အေပါင္းလကၡဏာအျဖစ္ ရႈျမင္ခဲ့ရသလို ပရီးမီးယားလိဂ္က အိမ္ကြင္းရႈံးေႂကြးကို အေဝးကြင္းမွာ လိုက္ေတာင္းခဲ့တဲ့ ဝက္စ္ဟမ္းတို႔ကေတာ့ ေနာက္တစ္ဆင့္မွာ မန္ခ်က္စတာေနာက္တစ္သင္းကိုပဲ ရရွိခဲ့ၿပီး အိမ္ကြင္းမွာ ကစားရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.