Bundesliga Premier League Transfer News

ဟားလန္းကို ေခၚယူဖို႔ လီဗာပူးလ္အသင္းကို တုိက္တြန္းလုိက္တဲ့ နည္းျပႀကီး ကာပယ္လို

အဂၤလန္လက္ေရြးစင္အသင္းအပါအဝင္ ဥေရာပကလပ္အသင္းႀကီးေတြကို ကိုင္တြယ္ခဲ့ဖူးတဲ့ အီတလီသားနည္းျပႀကီး ဖာဘီယို ကာပယ္လိုက လီဗာပူးလ္အသင္းအေနနဲ႔ အာလင္း ဟားလန္းကို ေခၚယူၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေျမေတာင္ေျမႇာက္ အေရာင္တင္ေပးမွဳေတြနဲ႔ ပုိေကာင္းလာေအာင္ အသုံးခ်သင့္တယ္လုိ႔ တိုက္တြန္းလိုက္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ ေဒါ့မြန္တုိက္စစ္မွဴးဟာ သူ႕ေရွ႕က အူဘာမီယန္းရဲ႕ နံပါတ္ ၁၇ ကို ဆက္ခံခဲ့သူျဖစ္ၿပီး အသင္းရဲ႕ ဘြန္ဒက္စ္လီဂါပြဲစဥ္ ၉ ပြဲမွာ ၁၀ ဂုိးသြင္းယူထားသလို ဂ်ာမန္ပုိကယ္ဖလားနဲ႔ ခ်န္ပီယံလိဂ္မွာလည္း သုံးဂိုးသြင္းယူထားႏိုင္ခဲ့သူျဖစ္ပါတယ္။

ငယ္ငယ္ရြယ္ရြယ္မွာပဲ ဥေရာပအဆင့္မွာ ေျခစြမ္းျပႏုိင္ခဲ့လုိ႔ အသင္းႀကီးေတြက စိတ္ဝင္စားခဲ့ခ်ိန္မွာ ေဒါ့မြန္က သူ႕ရဲ႕ေအးဂ်င့္ မီႏုိ ႐ိုင္ယိုလာ ေတာင္းဆုိခ်က္ေတြကို သြက္သြက္လက္လက္နဲ႔ လုိက္ေလ်ာေခၚယူသြားခဲ့သလုိ လက္ရွိမွာေတာ့ သေဘာတူညီခဲ့စဥ္က အခ်က္ျဖစ္တဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၇ သန္းက တျခားအသင္းႀကီးေတြ မ်က္စိက်စရာျဖစ္ေနေသးတာပါ။

ကာပယ္လုိက စကိုင္းစပုိ႔စ္ရဲ႕ အီတလီအေျခစိုက္ဌာနခြဲနဲ႔ ေတြ႕ဆုံရာမွာ ဟားလန္းရဲ႕ ႀကံ့ခိုင္မွဳျမင့္မားၿပီး ဂိုးသြင္းဖို႔ကိုပဲ အာ႐ုံစူးစိုက္တတ္တဲ့ပုံစံနဲ႔ လ်င္ျမန္မွဳေတြဟာ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ကစားကြက္မွာ အသုံးက်မွာျဖစ္ၿပီး ဂ်ာမန္နည္းျပရဲ႕ အရည္အေသြးနဲ႔ ေပါင္းစပ္လုိက္ရင္ ႀကီးမားတဲ့ အင္အားျဖစ္လာလိမ့္မယ္လို႔လည္း ဆုိခဲ့တာျဖစ္ပါတယ္။

ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ မိုဟာမက္ ဆာလားတုိ႔ကို အေရာင္တင္ေပးခဲ့တဲ့ ဒီအသက္ ၅၂ ႏွစ္အရြယ္ နည္းျပႀကီးအေနနဲ႔ ဟားလန္းကို ကာပယ္လိုရဲ႕ စကားအတုိင္း လာမယ့္အေျပာင္းအေရႊ႕ေဈးကြက္ေတြမွာ ေခၚယူသြားမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေဒါ့မြန္ကေတာ့ ျပန္လည္ေရာင္းခ်မယ္ဆုိရင္ ေျခာက္လအတြင္း ေပါင္သန္း ၅၀ ခ်က္ခ်င္းအျမတ္ထြက္ဦးမွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်လက်ရွေးစင်အသင်းအပါအဝင် ဥရောပကလပ်အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အီတလီသားနည်းပြကြီး ဖာဘီယို ကာပယ်လိုက လီဗာပူးလ်အသင်းအနေနဲ့ အာလင်း ဟားလန်းကို ခေါ်ယူပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ မြေတောင်မြှောက် အရောင်တင်ပေးမှုတွေနဲ့ ပိုကောင်းလာအောင် အသုံးချသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာ သူ့ရှေ့က အူဘာမီယန်းရဲ့ နံပါတ် ၁၇ ကို ဆက်ခံခဲ့သူဖြစ်ပြီး အသင်းရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၉ ပွဲမှာ ၁၀ ဂိုးသွင်းယူထားသလို ဂျာမန်ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်မှာလည်း သုံးဂိုးသွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်မှာပဲ ဥရောပအဆင့်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ အသင်းကြီးတွေက စိတ်ဝင်စားခဲ့ချိန်မှာ ဒေါ့မွန်က သူ့ရဲ့အေးဂျင့် မီနို ရိုင်ယိုလာ တောင်းဆိုချက်တွေကို သွက်သွက်လက်လက်နဲ့ လိုက်လျောခေါ်ယူသွားခဲ့သလို လက်ရှိမှာတော့ သဘောတူညီခဲ့စဉ်က အချက်ဖြစ်တဲ့ စာချုပ်လျော်ကြေး ပေါင် ၆၇ သန်းက တခြားအသင်းကြီးတွေ မျက်စိကျစရာဖြစ်နေသေးတာပါ။

ကာပယ်လိုက စကိုင်းစပို့စ်ရဲ့ အီတလီအခြေစိုက်ဌာနခွဲနဲ့ တွေ့ဆုံရာမှာ ဟားလန်းရဲ့ ကြံ့ခိုင်မှုမြင့်မားပြီး ဂိုးသွင်းဖို့ကိုပဲ အာရုံစူးစိုက်တတ်တဲ့ပုံစံနဲ့ လျင်မြန်မှုတွေဟာ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ကစားကွက်မှာ အသုံးကျမှာဖြစ်ပြီး ဂျာမန်နည်းပြရဲ့ အရည်အသွေးနဲ့ ပေါင်းစပ်လိုက်ရင် ကြီးမားတဲ့ အင်အားဖြစ်လာလိမ့်မယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ မိုဟာမက် ဆာလားတို့ကို အရောင်တင်ပေးခဲ့တဲ့ ဒီအသက် ၅၂ နှစ်အရွယ် နည်းပြကြီးအနေနဲ့ ဟားလန်းကို ကာပယ်လိုရဲ့ စကားအတိုင်း လာမယ့်အပြောင်းအရွှေ့ဈေးကွက်တွေမှာ ခေါ်ယူသွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး ဒေါ့မွန်ကတော့ ပြန်လည်ရောင်းချမယ်ဆိုရင် ခြောက်လအတွင်း ပေါင်သန်း ၅၀ ချက်ချင်းအမြတ်ထွက်ဦးမှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
SPORTS A2Z.