Premier League

ထရိန္နင္ဆင္းဖို႔ ေၾကာက္ေနၾကတဲ့ ပရီးမီးယားလိဂ္စတားေတြကို ရွဳတ္ခ်လိုက္တဲ့ အသင္းပုိင္ရွင္

ပရီးမီးယားလိဂ္ကို ျပန္လည္စတင္ဖို႔ လုပ္ေဆာင္ေနရာမွာ ေလ့က်င့္ခန္းဆင္းဖို႔ကိုေတာင္မွ ေၾကာက္ရြံ႕ေနၾကၿပီး ျငင္းဆန္ၾကတဲ့ တခ်ဳိ႕ ေဘာလုံးသမားေတြအေနနဲ႔ ရရွိထားတဲ့ လစာေငြေတြကို အားနာသင့္တယ္လို႔ အမည္မေဖာ္လိုတဲ့ အသင္းပုိင္ရွင္တစ္ဦးက စကိုင္းစပုိ႔စ္ကို ေျပာၾကားလိုက္ပါတယ္။

လာမယ့္ ဇြန္လအတြင္းမွာ ျပန္လည္က်င္းပဖို႔ လ်ာထားတဲ့ ပရီးမီးယားလိဂ္ရဲ႕ Project Restart ကလည္း နာမည္ေတြသာ တစ္ခမ္းတစ္နား ေပးထားတာျဖစ္ၿပီး လုံေလာက္တဲ့ အစီအစဥ္ေတြကို ထိထိေရာက္ေရာက္ေဆာင္ရြက္ႏုိင္မွဳမွာ ဘြန္ဒက္စ္လီဂါလုိမ်ဳိး မကိုင္တြယ္ႏုိင္ဘူးလို႔လည္း ဟားတုိက္ခံေနရၿပီး သူတုိ႔ေတြအေနနဲ႔ ဒါေတြကို ျပင္ဆင္သြားဖို႔ ရွိေနတာပါ။

ပရီးမီးယားလိဂ္ရဲ႕ အသင္းထရိန္နင္ေတြကို ျပန္လည္ပူးေပါင္းဖို႔ ေၾကာက္ရြံ႕ေနတဲ့ ကစားသမားေတြထဲက နာမည္ႀကီးေတြအျဖစ္ မန္ခ်က္စတာ စီးတီးတိုက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ို၊ ဝက္စ္ဟမ္းကြင္းလယ္လူ မန္ညဴယယ္ လန္ဇီနီနဲ႔ နယူးကာဆယ္လ္ေနာက္ခံလူ ဒန္နီ႐ို႕စ္တုိ႔ ပါဝင္ေနၾကတယ္လို႔ သတင္းေတြက ထုတ္ေဖာ္ထားခဲ့ၿပီး အထက္က အသင္းပုိင္ရွင္ကေတာ့ သူတုိ႔ကို တုိက္ခုိက္လုိက္တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ သူတုိ႔ေတြ လစာမယူသင့္ေတာ့ဘူး။ လက္ရွိအေနအထားက သူတုိ႔ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္စဥ္ကနဲ႔ မတူပါဘူး။ လမ္းေပၚမွာ ရွိေနတဲ့ သာမန္လူေတြကို တစ္ပတ္ကို ႏွစ္ႀကိမ္ ေဆးစစ္ေပးၿပီး ေပါင္ေျခာက္ေသာင္းေပးမယ္ဆုိရင္ အားလုံးက ကစားမယ္လို႔ပဲ ေျပာမွာပါ။ အခုေတာ့ သူတုိ႔ပုံစံက ကၽြန္ေတာ့္ကို ေတာ္ေတာ္စိတ္ပ်က္ေစပါတယ္”လို႔ အမည္မေဖာ္လိုသူ အသင္းပုိင္ရွင္က ဆုိပါတယ္။

အဆိုပါအသင္းပုိင္ရွင္က ပရီးမီးယားလိဂ္မွာ ဒီလိုမ်ဳိး ေၾကာက္ရြံ႕ေနတဲ့ ကစားသမား ေလးဆယ္ကေန ငါးဆယ္ရာခိုင္ႏွဳန္းအထိ ရွိေနၿပီး တနလၤာေန႔မွာ စတင္လုပ္ေဆာင္မယ့္ ေလ့က်င့္ေရးအစီအစဥ္ေတြအတြက္ သူ႕ရဲ႕အသင္းမွာ စိုးရိမ္ထိတ္လန္႔ၿပီး ထရိန္နင္ မဆင္းႏုိင္တဲ့ ကစားသမားမ်ဳိး မရွိဖို႔ ေမွ်ာ္လင့္တယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေရာမှာ လေ့ကျင့်ခန်းဆင်းဖို့ကိုတောင်မှ ကြောက်ရွံ့နေကြပြီး ငြင်းဆန်ကြတဲ့ တချို့ ဘောလုံးသမားတွေအနေနဲ့ ရရှိထားတဲ့ လစာငွေတွေကို အားနာသင့်တယ်လို့ အမည်မဖော်လိုတဲ့ အသင်းပိုင်ရှင်တစ်ဦးက စကိုင်းစပို့စ်ကို ပြောကြားလိုက်ပါတယ်။

လာမယ့် ဇွန်လအတွင်းမှာ ပြန်လည်ကျင်းပဖို့ လျာထားတဲ့ ပရီးမီးယားလိဂ်ရဲ့ Project Restart ကလည်း နာမည်တွေသာ တစ်ခမ်းတစ်နား ပေးထားတာဖြစ်ပြီး လုံလောက်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှုမှာ ဘွန်ဒက်စ်လီဂါလိုမျိုး မကိုင်တွယ်နိုင်ဘူးလို့လည်း ဟားတိုက်ခံနေရပြီး သူတို့တွေအနေနဲ့ ဒါတွေကို ပြင်ဆင်သွားဖို့ ရှိနေတာပါ။

ပရီးမီးယားလိဂ်ရဲ့ အသင်းထရိန်နင်တွေကို ပြန်လည်ပူးပေါင်းဖို့ ကြောက်ရွံ့နေတဲ့ ကစားသမားတွေထဲက နာမည်ကြီးတွေအဖြစ် မန်ချက်စတာ စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရို၊ ဝက်စ်ဟမ်းကွင်းလယ်လူ မန်ညူယယ် လန်ဇီနီနဲ့ နယူးကာဆယ်လ်နောက်ခံလူ ဒန်နီရို့စ်တို့ ပါဝင်နေကြတယ်လို့ သတင်းတွေက ထုတ်ဖော်ထားခဲ့ပြီး အထက်က အသင်းပိုင်ရှင်ကတော့ သူတို့ကို တိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ သူတို့တွေ လစာမယူသင့်တော့ဘူး။ လက်ရှိအနေအထားက သူတို့တွေနဲ့ စာချုပ်ချုပ်စဉ်ကနဲ့ မတူပါဘူး။ လမ်းပေါ်မှာ ရှိနေတဲ့ သာမန်လူတွေကို တစ်ပတ်ကို နှစ်ကြိမ် ဆေးစစ်ပေးပြီး ပေါင်ခြောက်သောင်းပေးမယ်ဆိုရင် အားလုံးက ကစားမယ်လို့ပဲ ပြောမှာပါ။ အခုတော့ သူတို့ပုံစံက ကျွန်တော့်ကို တော်တော်စိတ်ပျက်စေပါတယ်”လို့ အမည်မဖော်လိုသူ အသင်းပိုင်ရှင်က ဆိုပါတယ်။

အဆိုပါအသင်းပိုင်ရှင်က ပရီးမီးယားလိဂ်မှာ ဒီလိုမျိုး ကြောက်ရွံ့နေတဲ့ ကစားသမား လေးဆယ်ကနေ ငါးဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီး တနင်္လာနေ့မှာ စတင်လုပ်ဆောင်မယ့် လေ့ကျင့်ရေးအစီအစဉ်တွေအတွက် သူ့ရဲ့အသင်းမှာ စိုးရိမ်ထိတ်လန့်ပြီး ထရိန်နင် မဆင်းနိုင်တဲ့ ကစားသမားမျိုး မရှိဖို့ မျှော်လင့်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.