Premier League Serie A Transfer News

ခ်ဲလ္ဆီးေနာက္ခံလူ အီမာဆန္ကိုပါ အလိုရွိေနတဲ့ ဂ်ဴဗင္တပ္စ္နည္းျပ ဆာရီ

ခ်ဲလ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံေနရာမွာ အံဝင္ျခင္းမရွိေပမယ့္ အီတလီေျမမွာ ႐ုိးမားနဲ႔အတူ ေျခစြမ္းျပခဲ့ဖူးတဲ့ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို ဂ်ဴဗင္တပ္စ္နည္းျပ ေမာ္ရီဇီယို ဆာရီက ေခၚယူလိုေနၿပီး ေဂ်ာ္ဂ်င္ဟိုနဲ႔ပါ တစ္ပါတည္းရရွိႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ ဆုိပါတယ္။

ဖရန္႔ လမ္းပတ္နဲ႔ အဂၤလိပ္ေတြ ကစားခ်င္တဲ့ ဘယ္ေနာက္ခံလူတစ္ဦးရဲ႕ တာဝန္ေတြကို ထမ္းေဆာင္ႏုိင္ျခင္းမရွိဘဲ ေလးေယာက္တန္း ခံစစ္မွာ စာမေၾကတဲ့ ေက်ာင္းသားတစ္ေယာက္လိုျဖစ္ေနတဲ့ အီမာဆန္ဟာ အတက္အဆင္းနဲ႔ ေနရာယူမွဳပုိင္းမွာ ျပႆနာေတြလည္း မ်ားေနၿပီး အသင္းႀကီးေတြနဲ႔ေတြ႕တုိင္း အားနည္းခ်က္တစ္ခုလို ျဖစ္ေနခဲ့တာပါ။

နည္းျပ လမ္းပတ္ကေတာ့ သူလိုခ်င္တဲ့ ဘယ္ေနာက္ခံလူသစ္တစ္ဦးကို ရွာေဖြေနၿပီး အီမာဆန္ကို ေရာင္းထုတ္သြားဖို႔ စီစဥ္ေနသလို တျခား ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မားကို႔စ္ အလြန္ဆုိကိုလည္း ေရာင္းခ်ၿပီး ရန္ပုံေငြ ရွာေဖြသြားဖို႔ ရွိေနေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္သာ ေႏွာင့္ေႏွးေနရတာလည္း ျဖစ္ပါတယ္။

ဆာရီအေနနဲ႔ သူ႕ရဲ႕ အီတလီအသားက် ကစားဟန္ကုိ ေကာင္းေကာင္းနားလည္တဲ့ ကစားသမားမ်ဳိးေတြကို အလိုရွိေနၿပီး ကြင္းလယ္က အာရြန္ ရမ္ေဆးကို သေဘာမက်သလို သူ႕ေနရာအတြက္ ေဂ်ာ္ဂ်င္ဟိုနဲ႔ အစားထိုးခ်င္ေနၿပီး ဘယ္ေနာက္ခံလူေနရာမွာေတာ့ သူလက္တြဲခဲ့ဖူးတဲ့ အီမာဆန္က လိုအပ္ေနတဲ့ ကြက္လပ္ကို ျဖည့္ဆည္းႏုိင္မယ္လို႔ ယူဆေနတာလည္းျဖစ္ပါတယ္။

႐ိုးမားကေန ေျပာင္းေရႊ႕ေၾကးနဲ႔ ဆုေၾကးေငြေတြအရ ယူ႐ုိ ၂၉ သန္းအထိ က်သင့္ခဲ့တဲ့ ဘရာဇီးလ္ဖြား အီတလီလက္ေရြးစင္ကိုေတာ့ လက္ရွိ ေဈးကြက္ေပါက္ေဈးအရ မူလေဈးျပန္လည္ရရွိရင္ကို ခ်ဲလ္ဆီးတုိ႔အေနနဲ႔ ေက်နပ္ရဖို႔ ရွိေနၿပီး မိုနာကိုေနာက္ခံလူ ဖိုဒီ ဘယ္လို တိုေရးနဲ႔ ျပန္လည္ အစားထိုးသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံနေရာမှာ အံဝင်ခြင်းမရှိပေမယ့် အီတလီမြေမှာ ရိုးမားနဲ့အတူ ခြေစွမ်းပြခဲ့ဖူးတဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို ဂျူဗင်တပ်စ်နည်းပြ မော်ရီဇီယို ဆာရီက ခေါ်ယူလိုနေပြီး ဂျော်ဂျင်ဟိုနဲ့ပါ တစ်ပါတည်းရရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဖရန့် လမ်းပတ်နဲ့ အင်္ဂလိပ်တွေ ကစားချင်တဲ့ ဘယ်နောက်ခံလူတစ်ဦးရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခြင်းမရှိဘဲ လေးယောက်တန်း ခံစစ်မှာ စာမကြေတဲ့ ကျောင်းသားတစ်ယောက်လိုဖြစ်နေတဲ့ အီမာဆန်ဟာ အတက်အဆင်းနဲ့ နေရာယူမှုပိုင်းမှာ ပြဿနာတွေလည်း များနေပြီး အသင်းကြီးတွေနဲ့တွေ့တိုင်း အားနည်းချက်တစ်ခုလို ဖြစ်နေခဲ့တာပါ။

နည်းပြ လမ်းပတ်ကတော့ သူလိုချင်တဲ့ ဘယ်နောက်ခံလူသစ်တစ်ဦးကို ရှာဖွေနေပြီး အီမာဆန်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေသလို တခြား နောက်ခံလူတစ်ဦးဖြစ်တဲ့ မားကို့စ် အလွန်ဆိုကိုလည်း ရောင်းချပြီး ရန်ပုံငွေ ရှာဖွေသွားဖို့ ရှိနေပေမယ့် ကိုဗစ်-၁၉ ကြောင့်သာ နှောင့်နှေးနေရတာလည်း ဖြစ်ပါတယ်။

ဆာရီအနေနဲ့ သူ့ရဲ့ အီတလီအသားကျ ကစားဟန်ကို ကောင်းကောင်းနားလည်တဲ့ ကစားသမားမျိုးတွေကို အလိုရှိနေပြီး ကွင်းလယ်က အာရွန် ရမ်ဆေးကို သဘောမကျသလို သူ့နေရာအတွက် ဂျော်ဂျင်ဟိုနဲ့ အစားထိုးချင်နေပြီး ဘယ်နောက်ခံလူနေရာမှာတော့ သူလက်တွဲခဲ့ဖူးတဲ့ အီမာဆန်က လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်မယ်လို့ ယူဆနေတာလည်းဖြစ်ပါတယ်။

ရိုးမားကနေ ပြောင်းရွှေ့ကြေးနဲ့ ဆုကြေးငွေတွေအရ ယူရို ၂၉ သန်းအထိ ကျသင့်ခဲ့တဲ့ ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင်ကိုတော့ လက်ရှိ ဈေးကွက်ပေါက်ဈေးအရ မူလဈေးပြန်လည်ရရှိရင်ကို ချဲလ်ဆီးတို့အနေနဲ့ ကျေနပ်ရဖို့ ရှိနေပြီး မိုနာကိုနောက်ခံလူ ဖိုဒီ ဘယ်လို တိုရေးနဲ့ ပြန်လည် အစားထိုးသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.