Analysis Bundesliga La Liga Ligue1 Premier League Serie A Transfer News UCL&UEL

Transfer Expert ဖာဘရီဇီယို ရိုမာနိုပြောပြလိုက်တဲ့ အကောင်းဆုံး အပြောင်းအရွှေ့ ၅ ဦး

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပတစ်ခွင်ဆီ ဈေးနှုန်းမြင့်မားတဲ့ အပြောင်းအရွှေ့တွေနဲ့ နာမည်ကြီးတွေရဲ့ ကလပ်အသင်း အကူးအပြောင်းတွေ များစွာဖြစ်ပေါ်ခဲ့ပြီး ဒီထဲကမှ အကောင်းဆုံး အပြောင်းအရွှေ့လို့ ခေါ်ဆိုရမယ့် ကစားသမား ၅ ယောက်ကို စကိုင်းစပို့စ်နဲ့ အီတလီ အခြေစိုက် Transfer ဂုရုကြီး ဖာဘရီဇီယို ရိုမာနိုက ရွေးထုတ်ပေးလိုက်ပါတယ်။

၅။ ပါပီ မာတာ ဆားရ် (မက်ဇ်မှ စပါးစ်)
လီဂူးဝမ်းကလပ် မက်ဇ်အသင်းရဲ့ ကွင်းလယ်ကစားသမားကို စပါးစ်တို့က ယူရိုသန်း ၂၀ တည်း ပေးချေပြီး ရရှိခဲ့ရတာပါ။ ပြင်သစ်မြေမှာ တစ်ရာသီ အငှားပြန်ချထားပေးခဲ့ရပြီး ကနဦး ကျသင့်တဲ့ ပမာဏကို အနာဂတ်မှာ ခံစားခွင့်တွေ ပေးရဦးမယ်ဆိုပေမယ့် မော်ဒန်ဘောလုံးလောကမှာ ပေါ့ဘာလက်သစ်လို့ ဆိုနိုင်တဲ့သူကို ဂျူဗင်တပ်စ်အသင်းကနေ ရောက်လာခဲ့တဲ့ ဆရာကြီး ပါရာတီချီက လက်မနှေးဘဲ ခေါ်ယူသွားခဲ့တာလည်းဖြစ်ပါတယ်။ စပါးစ်တို့အနေနဲ့ အနာဂတ်မှာ ဒီကစားသမားအတွက် ပိုပြီး ဝင့်ကြွားနိုင်လိမ့်မယ်လို့ ရိုမာနိုက သုံးသပ်ထားပါတယ်။

၄။ ဂျေဒန် ဆန်ချို (ဒေါ့မွန်မှ မန်ချက်စတာယူနိုက်တက်)
အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ဒေါ့မွန်ဆီကနေ နှစ်ရာသီဆက်တိုက် ကမ်းလှမ်းခဲ့ရတဲ့ အင်္ဂလန်တောင်ပံကစားသမားဟာ အသင်းရဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသလာနိုင်သလို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ရမယ့်အစား တော်တော်လေး သက်သာတဲ့ နှုန်းထားနဲ့ ရရှိခဲ့ချိန်မှာတော့ သူ့ရဲ့ အထနှေးမှုတွေကို ပရိသတ်တွေ လက်ခံလို့ ရသွားခဲ့ပါတယ်။

ဈေးသက်သာခဲ့တဲ့အတွက် ကိုဗစ်ကို ကျေးဇူးတင်ရမယ့်အချိန်မှာ သူ့အနေနဲ့ အသင်းသစ်မှာ ရုန်းကန်ရမယ့်အစား အရာရာသင်ယူနိုင်မယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ပြန်ရောက်လာခဲ့တဲ့အတွက် တိုက်စစ်ပိုင်းမှာ အသင်းကို ပိုမိုညီမျှတဲ့ ချိန်ခွင်လျှာကို ဖော်ဆောင်ပေးပါလိမ့်မယ်။ ယူရို ၈၅ သန်းဆိုတာ ဥရောပရဲ့ အကောင်းဆုံးတန်းဝင်ဖြစ်ခဲ့တဲ့ ဆန်ချိုအတွက်တော့ ယူနိုက်တက်တို့ တန်လွန်းခဲ့တယ်ထင်ပါတယ်။

၃။ အီဒူယာဒို ကာမာဗင်ဂါ (ရင်းနေးမှ ရီးရဲလ်မက်ဒရစ်)
ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ ခေါ်ယူမှုဟာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ယူတယ်ဆိုတဲ့ စကားကို အားလုံးရဲ့ မျက်စိအောက်ကနေ အချီကြီး ပွလိုက်တာပဲဖြစ်ပါတယ်။ ကာမာဗင်ဂါအနေနဲ့ နွေရာသီတစ်လျှောက်လုံးမှာ စာချုပ်သစ် မချုပ်တော့ဘူးလို့ ရင်းနေးဆီ အစဉ်တစိုက်ပြောခဲ့ပြီး ပြောင်းရွှေ့ဖို့ပဲ စိတ်အားထက်သန်နေခဲ့သလို ဥရောပအသင်းကြီးတွေက စောင့်ကြည့်နေခဲ့ကြတာပါ။

ကွင်းလယ်လူ တကယ်တမ်း လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်က မလှုပ်ချိန်မှာ တချို့အသင်းတွေကလည်း ဆောင်းရာသီအထိ စောင့်ပြီးမှ အလွတ်နဲ့ လက်မှတ်ထိုးလို့ ရပါတယ်ကွာဆိုတဲ့ အတွေးမျိုး ဝင်သွားခဲ့ပြီး သွေးအေးသွားချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ယူရို ၃၁ သန်း ပစ်ပေးပြီး အနာဂတ်အကျိုးခံစားခွင့်အရ ယူရိုသန်း ၄၀ အထိ မြင့်တက်သွားနိုင်တဲ့ သဘောတူညီမှုနဲ့ လျင်လျင်မြန်မြန်ပဲ ဆွဲစိနိုင်ခဲ့သလို ပြင်သစ်ကြယ်ပွင့် ၁၉ နှစ်သားအတွက်တော့ အချိုအချောင်ရခဲ့တာလည်းဖြစ်ပါတယ်။

၂။ အက်ရှ်ရက်ဖ် ဟာကီမီ (အင်တာမီလန်မှ ပီအက်စ်ဂျီ)
ပီအက်စ်ဂျီဆီ ရောက်သွားခဲ့တဲ့ မော်ရိုကိုသားရဲ့ အပြောင်းအရွှေ့ဟာ သူ့ကို အကြိုက်ကြီးကြိုက်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေကိုတော့ ရင်ကွဲစေခဲ့တာပါ။ အင်တာမီလန်ရဲ့ ဘဏ္ဏာရေးကျပ်တည်းမှုအရ ရနိုင်သမျှ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အလိုရှိနေချိန်မှာ ချဲလ်ဆီးအသင်းကပါ ရှုံးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုကတော့ ညာနောက်ခံမှာသာမက တောင်ပံမှာပါ သုံးစွဲနိုင်တဲ့ တိုက်စစ်ကစားသမားကို ယူရိုသန်း ၇၀ နဲ့ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်မှာ ပြည့်စုံသလို တိုက်စစ်မှာလည်း ဖန်တီးမှုအပြင် ဂိုးတွေပါ သွင်းယူနိုင်တဲ့ ဟာကီမီလိုမျိုး နောက်တစ်ယောက်က လက်ရှိ ဘောလုံးလောကမှာ အလွယ်တကူ ရှာမပြနိုင်ချိန်မှာ ပီအက်စ်ဂျီတို့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဦးဆုံးအကြိမ်ရယူသွားဖို့ မက်ဆီနဲ့ တွဲဖက်ပြီး လုပ်ပြနိုင်မလား ကြည့်ရမှာဖြစ်သလို ကာဖူးနဲ့ မိုင်ကွန်တို့ နောက်ပိုင်း အကောင်းဆုံး စီးရီးအေညာနောက်ခံလူဖြစ်ခဲ့တဲ့သူအနေနဲ့ ဒါနီ အဲလ်ဗက်စ်ကိုရော လိုက်မီနိုင်မလား စောင့်ကြည့်ရမှာပါ။

၁။ ရိုမီလူ လူကာကူး (အင်တာမီလန်မှ ချဲလ်ဆီး)
အင်တာမီလန်ရဲ့ နောက်ထပ် ကြေးမြင့်ရောင်းထုတ်မှုက ချဲလ်ဆီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်လာခဲ့ပါတယ်။ လူကာကူးဟာ အနောက်လန်ဒန်အသင်းအတွက် ၄ ပွဲကစားပြီး ၄ ဂိုးသွင်းယူပေးထားနိုင်သလို တိုက်စစ်ကို ခွန်အားသုံးကစားတဲ့ ထက်မြက်မှုကို ယူဆောင်ပေးလာတာက ယူရို ၁၁၅ သန်း(ပေါင် ၉၈ သန်း)ကို ပျော်ပျော်ကြီး ထိုက်တန်စေခဲ့ပါတယ်။

အီယန်ရိုက်ရဲ့ နောက်ဆုံးချီးကျူးမှုကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် အချိုပေါ် သကာလောင်းလိုက်သလိုဖြစ်ခဲ့ပြီး “ဘောလုံးသိပ်ကိုင်ဖို့ မလိုဘဲနဲ့ ဂိုးသွင်းယူတတ်သူ၊ ၅၀-၅၀ အနေအထားကိုတောင် ဂိုးအဖြစ် ပြောင်းနိုင်သူ”ဆိုတဲ့ ဂုဏ်ပုဒ်တွေက သူ့ရဲ့ လက်ရှိ ဟုန်းဟုန်းတောက်မှုကိုလည်း သိသာစေပါတယ်။ ခေါင်းဆောင်မှုကိုပါ ပေးစွမ်းနိုင်ပြီး အဝတ်လဲခန်းအတွင်းမှာ အသင်းဖော်တွေကို စိုးမိုးနိုင်တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဉာဏ်အကောင်းဆုံး လုပ်ဆောင်မှုတွေရဲ့ ဥပမာလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဥေရာပတစ္ခြင္ဆီ ေဈးႏႈန္းျမင့္မားတဲ့ အေျပာင္းအေ႐ႊ႕ေတြနဲ႔ နာမည္ႀကီးေတြရဲ႕ ကလပ္အသင္း အကူးအေျပာင္းေတြ မ်ားစြာျဖစ္ေပၚခဲ့ၿပီး ဒီထဲကမွ အေကာင္းဆုံး အေျပာင္းအေ႐ႊ႕လို႔ ေခၚဆိုရမယ့္ ကစားသမား ၅ ေယာက္ကို စကိုင္းစပို႔စ္နဲ႔ အီတလီ အေျခစိုက္ Transfer ဂု႐ုႀကီး ဖာဘရီဇီယို ႐ိုမာႏိုက ေ႐ြးထုတ္ေပးလိုက္ပါတယ္။

၅။ ပါပီ မာတာ ဆားရ္ (မက္ဇ္မွ စပါးစ္)
လီဂူးဝမ္းကလပ္ မက္ဇ္အသင္းရဲ႕ ကြင္းလယ္ကစားသမားကို စပါးစ္တို႔က ယူ႐ိုသန္း ၂၀ တည္း ေပးေခ်ၿပီး ရရွိခဲ့ရတာပါ။ ျပင္သစ္ေျမမွာ တစ္ရာသီ အငွားျပန္ခ်ထားေပးခဲ့ရၿပီး ကနဦး က်သင့္တဲ့ ပမာဏကို အနာဂတ္မွာ ခံစားခြင့္ေတြ ေပးရဦးမယ္ဆိုေပမယ့္ ေမာ္ဒန္ေဘာလုံးေလာကမွာ ေပါ့ဘာလက္သစ္လို႔ ဆိုႏိုင္တဲ့သူကို ဂ်ဴဗင္တပ္စ္အသင္းကေန ေရာက္လာခဲ့တဲ့ ဆရာႀကီး ပါရာတီခ်ီက လက္မေႏွးဘဲ ေခၚယူသြားခဲ့တာလည္းျဖစ္ပါတယ္။ စပါးစ္တို႔အေနနဲ႔ အနာဂတ္မွာ ဒီကစားသမားအတြက္ ပိုၿပီး ဝင့္ႂကြားႏိုင္လိမ့္မယ္လို႔ ႐ိုမာႏိုက သုံးသပ္ထားပါတယ္။

၄။ ေဂ်ဒန္ ဆန္ခ်ိဳ (ေဒါ့မြန္မွ မန္ခ်က္စတာယူႏိုက္တက္)
အေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာဖို႔ ေဒါ့မြန္ဆီကေန ႏွစ္ရာသီဆက္တိုက္ ကမ္းလွမ္းခဲ့ရတဲ့ အဂၤလန္ေတာင္ပံကစားသမားဟာ အသင္းရဲ႕ စတုတၳေျမာက္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ပိုမို ေကာင္းမြန္တဲ့ ေျခစြမ္းကို ျပသလာႏိုင္သလို ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးျဖစ္ရမယ့္အစား ေတာ္ေတာ္ေလး သက္သာတဲ့ ႏႈန္းထားနဲ႔ ရရွိခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕ အထေႏွးမႈေတြကို ပရိသတ္ေတြ လက္ခံလို႔ ရသြားခဲ့ပါတယ္။

ေဈးသက္သာခဲ့တဲ့အတြက္ ကိုဗစ္ကို ေက်းဇူးတင္ရမယ့္အခ်ိန္မွာ သူ႔အေနနဲ႔ အသင္းသစ္မွာ ႐ုန္းကန္ရမယ့္အစား အရာရာသင္ယူႏိုင္မယ့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ျပန္ေရာက္လာခဲ့တဲ့အတြက္ တိုက္စစ္ပိုင္းမွာ အသင္းကို ပိုမိုညီမွ်တဲ့ ခ်ိန္ခြင္လွ်ာကို ေဖာ္ေဆာင္ေပးပါလိမ့္မယ္။ ယူ႐ို ၈၅ သန္းဆိုတာ ဥေရာပရဲ႕ အေကာင္းဆုံးတန္းဝင္ျဖစ္ခဲ့တဲ့ ဆန္ခ်ိဳအတြက္ေတာ့ ယူႏိုက္တက္တို႔ တန္လြန္းခဲ့တယ္ထင္ပါတယ္။

၃။ အီဒူယာဒို ကာမာဗင္ဂါ (ရင္းေနးမွ ရီးရဲလ္မက္ဒရစ္)
ရီးရဲလ္မက္ဒရစ္ရဲ႕ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ ေခၚယူမႈဟာ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္ယူတယ္ဆိုတဲ့ စကားကို အားလုံးရဲ႕ မ်က္စိေအာက္ကေန အခ်ီႀကီး ပြလိုက္တာပဲျဖစ္ပါတယ္။ ကာမာဗင္ဂါအေနနဲ႔ ေႏြရာသီတစ္ေလွ်ာက္လုံးမွာ စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ဘူးလို႔ ရင္းေနးဆီ အစဥ္တစိုက္ေျပာခဲ့ၿပီး ေျပာင္းေ႐ႊ႕ဖို႔ပဲ စိတ္အားထက္သန္ေနခဲ့သလို ဥေရာပအသင္းႀကီးေတြက ေစာင့္ၾကည့္ေနခဲ့ၾကတာပါ။

ကြင္းလယ္လူ တကယ္တမ္း လိုအပ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္က မလႈပ္ခ်ိန္မွာ တခ်ိဳ႕အသင္းေတြကလည္း ေဆာင္းရာသီအထိ ေစာင့္ၿပီးမွ အလြတ္နဲ႔ လက္မွတ္ထိုးလို႔ ရပါတယ္ကြာဆိုတဲ့ အေတြးမ်ိဳး ဝင္သြားခဲ့ၿပီး ေသြးေအးသြားခ်ိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ယူ႐ို ၃၁ သန္း ပစ္ေပးၿပီး အနာဂတ္အက်ိဳးခံစားခြင့္အရ ယူ႐ိုသန္း ၄၀ အထိ ျမင့္တက္သြားႏိုင္တဲ့ သေဘာတူညီမႈနဲ႔ လ်င္လ်င္ျမန္ျမန္ပဲ ဆြဲစိႏိုင္ခဲ့သလို ျပင္သစ္ၾကယ္ပြင့္ ၁၉ ႏွစ္သားအတြက္ေတာ့ အခ်ိဳအေခ်ာင္ရခဲ့တာလည္းျဖစ္ပါတယ္။

၂။ အက္ရွ္ရက္ဖ္ ဟာကီမီ (အင္တာမီလန္မွ ပီအက္စ္ဂ်ီ)
ပီအက္စ္ဂ်ီဆီ ေရာက္သြားခဲ့တဲ့ ေမာ္႐ိုကိုသားရဲ႕ အေျပာင္းအေ႐ႊ႕ဟာ သူ႔ကို အႀကိဳက္ႀကီးႀကိဳက္ခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းေတြကိုေတာ့ ရင္ကြဲေစခဲ့တာပါ။ အင္တာမီလန္ရဲ႕ ဘဏၰာေရးက်ပ္တည္းမႈအရ ရႏိုင္သမွ် ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို အလိုရွိေနခ်ိန္မွာ ခ်ဲလ္ဆီးအသင္းကပါ ရႈံးနိမ့္ခဲ့ၿပီး ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာ လီယိုနာဒိုကေတာ့ ညာေနာက္ခံမွာသာမက ေတာင္ပံမွာပါ သုံးစြဲႏိုင္တဲ့ တိုက္စစ္ကစားသမားကို ယူ႐ိုသန္း ၇၀ နဲ႔ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခံစစ္မွာ ျပည့္စုံသလို တိုက္စစ္မွာလည္း ဖန္တီးမႈအျပင္ ဂိုးေတြပါ သြင္းယူႏိုင္တဲ့ ဟာကီမီလိုမ်ိဳး ေနာက္တစ္ေယာက္က လက္ရွိ ေဘာလုံးေလာကမွာ အလြယ္တကူ ရွာမျပႏိုင္ခ်ိန္မွာ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ပထမဦးဆုံးအႀကိမ္ရယူသြားဖို႔ မက္ဆီနဲ႔ တြဲဖက္ၿပီး လုပ္ျပႏိုင္မလား ၾကည့္ရမွာျဖစ္သလို ကာဖူးနဲ႔ မိုင္ကြန္တို႔ ေနာက္ပိုင္း အေကာင္းဆုံး စီးရီးေအညာေနာက္ခံလူျဖစ္ခဲ့တဲ့သူအေနနဲ႔ ဒါနီ အဲလ္ဗက္စ္ကိုေရာ လိုက္မီႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

၁။ ႐ိုမီလူ လူကာကူး (အင္တာမီလန္မွ ခ်ဲလ္ဆီး)
အင္တာမီလန္ရဲ႕ ေနာက္ထပ္ ေၾကးျမင့္ေရာင္းထုတ္မႈက ခ်ဲလ္ဆီးအသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးလည္းျဖစ္လာခဲ့ပါတယ္။ လူကာကူးဟာ အေနာက္လန္ဒန္အသင္းအတြက္ ၄ ပြဲကစားၿပီး ၄ ဂိုးသြင္းယူေပးထားႏိုင္သလို တိုက္စစ္ကို ခြန္အားသုံးကစားတဲ့ ထက္ျမက္မႈကို ယူေဆာင္ေပးလာတာက ယူ႐ို ၁၁၅ သန္း(ေပါင္ ၉၈ သန္း)ကို ေပ်ာ္ေပ်ာ္ႀကီး ထိုက္တန္ေစခဲ့ပါတယ္။

အီယန္႐ိုက္ရဲ႕ ေနာက္ဆုံးခ်ီးက်ဴးမႈကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ အခ်ိဳေပၚ သကာေလာင္းလိုက္သလိုျဖစ္ခဲ့ၿပီး “ေဘာလုံးသိပ္ကိုင္ဖို႔ မလိုဘဲနဲ႔ ဂိုးသြင္းယူတတ္သူ၊ ၅၀-၅၀ အေနအထားကိုေတာင္ ဂိုးအျဖစ္ ေျပာင္းႏိုင္သူ”ဆိုတဲ့ ဂုဏ္ပုဒ္ေတြက သူ႔ရဲ႕ လက္ရွိ ဟုန္းဟုန္းေတာက္မႈကိုလည္း သိသာေစပါတယ္။ ေခါင္းေဆာင္မႈကိုပါ ေပးစြမ္းႏိုင္ၿပီး အဝတ္လဲခန္းအတြင္းမွာ အသင္းေဖာ္ေတြကို စိုးမိုးႏိုင္တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ဉာဏ္အေကာင္းဆုံး လုပ္ေဆာင္မႈေတြရဲ႕ ဥပမာလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.