Bundesliga Match Report

ရီဗီယာဒါဘီမွာ အျပတ္အသတ္အႏုိင္ယူၿပီး ထိပ္ဆုံးက ဘိုင္ယန္နဲ႔ ေဒါ့မြန္တုိ႔ ပုိမိုနီးစပ္လာ

ဂ်ာမနီႏုိင္ငံရဲ႕ အႀကီးမားဆုံးဒါဘီေတြထဲက တစ္ခုျဖစ္တဲ့ ရီဗီယာဒါဘီအျဖစ္ ဘြန္ဒက္စ္လီဂါပြဲစဥ္ေတြကို ျပန္လည္က်င္းပတာနဲ႔ ေတြ႕ဆုံခဲ့ၾကတဲ့ ဘုိ႐ုရွားေဒါ့မြန္နဲ႔ ေရွာ္လ္ကာတုိ႔ရဲ႕ပြဲစဥ္မွာ တစ္ဖက္သတ္အဆုံးသတ္ျခင္းေတြနဲ႔ပဲ အိမ္ရွင္တုိ႔ ေလးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရယူသြားခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္ကို ဆက္လက္ဖိအားေပးႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္ စိတ္ဝင္စားေနတဲ့ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ေဒါ့မြန္ရဲ႕ ဆန္ခ်ဳိနဲ႔ ေရွာ္လ္ကာရဲ႕ မာတြန္ဒိုတို႔ ပါဝင္လာခဲ့ျခင္းမရွိဘဲ ေဒါ့မြန္ရဲ႕ အဓိကကစားသမားတခ်ဳိ႕လည္း မပါဝင္ႏုိင္ျခင္းမရွိခဲ့လို႔ ကြင္းလယ္ကို ဒိန္းမတ္သား ဒီေလးနီနဲ႔ ဆီးရီးယားႏြယ္ဖြား ဒါဟြတ္တို႔က ဦးေဆာင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဂ်ဴလီယန္ ဘရန္႔ရဲ႕ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ေသာ္ဂန္ ဟာဇတ္ ဆြဲေျပးၿပီး ျဖတ္တင္ေပးတာကေန ေျခစြမ္းျပေနတဲ့ အာလင္း ဟားလန္းက ဘယ္ေျခနဲ႔ အနီးကပ္ ပိတ္သြင္းယူခဲ့ၿပီး ဦးေဆာင္ဂိုး ရယူႏုိင္ခဲ့သလို ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ေရွာ္လ္ကာဂိုးသမား ရွဴးဘတ္ ကန္တင္ပုံ မေသသပ္တာကေန ဘရန္႔ရဲ႕ ေမွ်ာေပးမွဳကို ဂြာရဲ႐ိုးက ဒုတိယဂိုးအျဖစ္ သြင္းယူသြားႏိုင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ပြဲစၿပီး မၾကာခင္မွာပဲ တန္ျပန္တုိက္စစ္ကေန ဘရန္႔နဲ႔ ဟာဇက္ႏွစ္ေယာက္တည္း ထိုးေဖာက္လာခဲ့ၿပီး သူ႕ဘက္ကို အာ႐ုံလာမ်ားတဲ့ ေရွာ္လ္ကာေနာက္ခံလူေဘးကေန ဘရန္႔ျပန္ခ်ေပးလုိက္တဲ့ ေဘာလုံးကို ဟာဇက္က အျပင္းကန္သြင္းယူခဲ့ရာမွာ ဂိုးသမား မကာကြယ္ႏုိင္ခဲ့ဘဲ ၄၈ မိနစ္မွာ ေဒါ့မြန္တုိ႔ ၃-၀ နဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

အသင္းအတြက္ ပြဲသိမ္းအႏုိင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၆၃ မိနစ္မွာ လူကၽြံေထာင္ေခ်ာက္ကို ေက်ာ္ေျပးတဲ့ ဂြါရဲ႐ိုးကို ဟားလန္းက တိတိက်က် ေပးပုိ႔ခဲ့ၿပီး ေပၚတူဂီေတာင္ပံကစားသမားရဲ႕ ေျပာင္းျပန္အေနအထားကေန ဘယ္ေျခနဲ႔ ထိုးထည့္လုိက္တဲ့ ေဘာလုံးကို အာဆင္နယ္နဲ႔ အသံထြက္ဖူးတဲ့ ရွဴးဘတ္ မကာကြယ္ႏုိင္ခဲ့လုိ႔ ပြဲအၿပီးမွာ ေလးဂိုး-ဂိုးမရွိနဲ႔ ေဒါ့မြန္တုိ႔ တစ္ပြဲပုိကစားၿပီး ဘုိင္ယန္နဲ႔ တစ္မွတ္သာကြာေတာ့တဲ့ ဒုတိယေနရာကို ဆုပ္ကိုင္ထားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & BUNDESLIGA TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျာမနီနိုင်ငံရဲ့ အကြီးမားဆုံးဒါဘီတွေထဲက တစ်ခုဖြစ်တဲ့ ရီဗီယာဒါဘီအဖြစ် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို ပြန်လည်ကျင်းပတာနဲ့ တွေ့ဆုံခဲ့ကြတဲ့ ဘိုရုရှားဒေါ့မွန်နဲ့ ရှော်လ်ကာတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်သတ်အဆုံးသတ်ခြင်းတွေနဲ့ပဲ အိမ်ရှင်တို့ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဒေါ့မွန်ရဲ့ ဆန်ချိုနဲ့ ရှော်လ်ကာရဲ့ မာတွန်ဒိုတို့ ပါဝင်လာခဲ့ခြင်းမရှိဘဲ ဒေါ့မွန်ရဲ့ အဓိကကစားသမားတချို့လည်း မပါဝင်နိုင်ခြင်းမရှိခဲ့လို့ ကွင်းလယ်ကို ဒိန်းမတ်သား ဒီလေးနီနဲ့ ဆီးရီးယားနွယ်ဖွား ဒါဟွတ်တို့က ဦးဆောင်ခဲ့ရတာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂျူလီယန် ဘရန့်ရဲ့ နောက်ပေါက်နဲ့ ချပေးတာကို သော်ဂန် ဟာဇတ် ဆွဲပြေးပြီး ဖြတ်တင်ပေးတာကနေ ခြေစွမ်းပြနေတဲ့ အာလင်း ဟားလန်းက ဘယ်ခြေနဲ့ အနီးကပ် ပိတ်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့သလို ပွဲချိန် ၄၅ မိနစ်မှာတော့ ရှော်လ်ကာဂိုးသမား ရှူးဘတ် ကန်တင်ပုံ မသေသပ်တာကနေ ဘရန့်ရဲ့ မျှောပေးမှုကို ဂွာရဲရိုးက ဒုတိယဂိုးအဖြစ် သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲစပြီး မကြာခင်မှာပဲ တန်ပြန်တိုက်စစ်ကနေ ဘရန့်နဲ့ ဟာဇက်နှစ်ယောက်တည်း ထိုးဖောက်လာခဲ့ပြီး သူ့ဘက်ကို အာရုံလာများတဲ့ ရှော်လ်ကာနောက်ခံလူဘေးကနေ ဘရန့်ပြန်ချပေးလိုက်တဲ့ ဘောလုံးကို ဟာဇက်က အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ ၄၈ မိနစ်မှာ ဒေါ့မွန်တို့ ၃-၀ နဲ့ ဦးဆောင်နေခဲ့ပါတယ်။

အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ လူကျွံထောင်ချောက်ကို ကျော်ပြေးတဲ့ ဂွါရဲရိုးကို ဟားလန်းက တိတိကျကျ ပေးပို့ခဲ့ပြီး ပေါ်တူဂီတောင်ပံကစားသမားရဲ့ ပြောင်းပြန်အနေအထားကနေ ဘယ်ခြေနဲ့ ထိုးထည့်လိုက်တဲ့ ဘောလုံးကို အာဆင်နယ်နဲ့ အသံထွက်ဖူးတဲ့ ရှူးဘတ် မကာကွယ်နိုင်ခဲ့လို့ ပွဲအပြီးမှာ လေးဂိုး-ဂိုးမရှိနဲ့ ဒေါ့မွန်တို့ တစ်ပွဲပိုကစားပြီး ဘိုင်ယန်နဲ့ တစ်မှတ်သာကွာတော့တဲ့ ဒုတိယနေရာကို ဆုပ်ကိုင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & BUNDESLIGA TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.