Other UCL&UEL

ရိုးမားဟာ ၅ ဂိုး၁ ဂိုးနဲ့ နိုင်ဖို့ မထိုက်တန်ခဲ့ဘူးလို့ ဂွတိုက်ပြီး ဘုကလန့်ပြောသွားခဲ့ပြန်တဲ့ မော်ရင်ညို

ပြီးခဲ့တဲ့ညက ဥရောပပြိုင်ပွဲသစ်တခုဖြစ်တဲ့ ယူရိုပါကွန်ဖရင့်စ်လိဂ်ပြိုင်ပွဲမှာ နည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ ရိုးမားအသင်း​က CSKA ဆိုဖီယာအသင်းကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အမြဲတမ်းဂွကျတတ်လွန်းတဲ့ ပေါ်တူဂီသားကြီးကတော့ သူ့အသင်း​ရဲ့စွမ်းဆောင်ရည်ဟာ ဒီရလဒ်နဲ့ မထိုက်တန်ဘူးလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာပါ။

ရိုးမားအသင်းဟာ ၁၀ ယောက်တည်းနဲ့ ကစားနေရတဲ့ CSKA အသင်းကို နောက်ကလိုက်ကစားခဲ့ရတာဖြစ်ပြီး ဘူလ်ဂေးရီးယားကလပ်ဟာ စတေဒီယို အိုလံပီကိုကွင်းမှာ အဖွင့်ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပေမယ့် ရောမအသင်းရဲ့ခေါင်းဆောင် ပယ်လီဂရီနီက ၂ ဂိုးဆက်သွင်းပြီး စတီဖင် အယ်လ်ရှာရီ၊ ဂျန်လူကာ မန်ချီနီနဲ့ တန်မီ အေဘရာဟမ်တို့က အနိုင်ဂိုးတွေကို ဆက်လက်သွင်းယူသွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲအပြီးမှာ မော်ရင်ညိုက “ကျွန်တော်တို့အသင်း ကောင်းကောင်းမွန်မွန် မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က တကယ့်အသင်းလိုက်စုဖွဲ့မှုရှိတဲ့ အသင်းတသင်းကို ဖန်တီးနေတာပါ။ ဒီနေ့ကစားပွဲကိုတော့ ကျွန်တော်မကြိုက်မိပါဘူး။ အချိန်တော်တော်များများမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်။ တကယ့်ကို သန်မာတဲ့အသင်းတသင်းအဖြစ် စုစည်းနေပါတယ်”

” ဒါကိုတော့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ခက်ခဲလွန်းတဲ့အချိန်အခါတွေမှာ ကျွန်တော်တို့ ပိုပြီးသန်မာစွာ စုစည်းနိုင်တဲ့ အသင်းမျိုးဖြစ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစွမ်းဆောင်ရည်ကိုတော့ ကျွန်တော် မကျေနပ်နိုင်ပါဘူး။ အရည်အသွေးမပြည့်အဝနဲ့ ကစားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကပဲ လေ့ကျင့်ရေးမှာ သေသေချာချာလေး လုပ်ဆောင်ခဲ့ကြပါတယ်”

” ဒါပေမယ့် နောက်ခံအစွန်လူတွေက တိုက်စစ်လိုက်ပါမှုအပိုင်းမှာ ပျက်ကွက်ခဲ့ကြတယ်။ လုံလောက်တဲ့ ပြင်းအားကို မတွေ့ရဘူး။ ပြီးတော့ ခံစစ်ပိုင်းအသာစီးရယူမှုမှာလည်း အကြိမ်များစွာ အရေးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်ပျက်ဆင်းပျက်နဲ့ ကစားခဲ့တယ်လို့တော့ ကျွန်တော်မပြောနိုင်ပါဘူး”

” ဒါပေမယ့် ကောင်းလွန်းတယ်ဆိုတာမျိုးလည်း မတွေ့ရပါဘူး။ သေချာတာကတော့ ၅-၁ ဆိုတဲ့ ရလဒ်မျိုးနဲ့ မတန်တဲ့ ကစားပုံမျိုးပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့အသင်းက CSKA ဆိုဖီယာအသင်းထက် ပိုအင်အားတောင့်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်မှုအရ မလုံလောက်ခဲ့ပါဘူး” လို့ ပွဲအပြီးမှာ မော်ရင်ညိုက ပြောဆိုသွားခဲ့တာပါ။

” ပယ်လီဂရီနီက တကယ့်ကိုအရည်အသွေးမြင့်တဲ့ ကစားသမားပါ။ အလားအလာကောင်းတွေလည်း အများကြီးပိုင်ဆိုင်ထားတဲ့သူပါ။ မနေ့ကပဲ ကျွန်တော့်ကို ပြောထားပါတယ်။ မကြာခင် အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုတော့မယ်ဆိုတာပါ။ သူသာ ကပ္ပတိန်စစ်စစ်တ​ယောက်ဖြစ်ပါတယ်။”

“အသင်းပရိသတ်တွေနဲ့ တည်ဆောက်ထားတဲ့ အပြန်အလှန်ခင်မင်နားလည်မှုကိုလည်း ပိုပြီးတိုးတက်စေပါလိမ့်မယ်။ သူအသင်းမှာဆက်ရှိနေတာ ကျွန်တော်တို့အတွက် သိပ်ကိုအရေးပါ​ပါတယ်” လို့ ပြောကြားသွားခဲ့တာဖြစ်ပြီး ဒါဟာ ရိုးမားအသင်းရဲ့ ၆ ပွဲဆက်နိုင်ပွဲလည်းဖြစ်ခဲ့တာကာ။

မော်ရင်ညိုသိပ်အားကိုးရတဲ့ အသင်းခေါင်းဆောင် ပယ်လီဂရီနီကလည်း မိမိဟာ နည်းပြရဲ့ယုံကြည်မှုကြောင့် များစွာတိုးတက်လာခဲ့ကြောင်း၊ သူဟာ အသင်းတသင်းလုံးကို တောင့်တင်းလာအောင် တည်ဆောက်ပေးမယ့် နည်းပြဖြစ်ကြောင်း၊ ဒီရာသီဟာ မော်ရင်ညိုရောက်ရှိလာတာကြောင့် ရောမမှာ ထူးခြားလှပတဲ့ရာသီဖြစ်ကြောင်း၊ ရာသီအစပိုင်းသာ ရှိသေးပေမယ့် နည်းပြကြီးကို အထူးကျေးဇူးတင်မိကြောင်း ပြောသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ဥေရာပၿပိဳင္ပြဲသစ္တခုျဖစ္တဲ့ ယူ႐ိုပါကြန္ဖရင့္စ္လိဂ္ၿပိဳင္ပြဲမွာ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္း​က CSKA ဆိုဖီယာအသင္းကို ၅-၁ ရလဒ္နဲ႔ ဂိုးျပတ္အႏိုင္ရသြားခဲ့ပါတယ္။ ဒါေပမယ့္ ေဘာလုံးေလာကမွာ အၿမဲတမ္းဂြက်တတ္လြန္းတဲ့ ေပၚတူဂီသားႀကီးကေတာ့ သူ႔အသင္း​ရဲ႕စြမ္းေဆာင္ရည္ဟာ ဒီရလဒ္နဲ႔ မထိုက္တန္ဘူးလို႔ ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့တာပါ။

႐ိုးမားအသင္းဟာ ၁၀ ေယာက္တည္းနဲ႔ ကစားေနရတဲ့ CSKA အသင္းကို ေနာက္ကလိုက္ကစားခဲ့ရတာျဖစ္ၿပီး ဘူလ္ေဂးရီးယားကလပ္ဟာ စေတဒီယို အိုလံပီကိုကြင္းမွာ အဖြင့္ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ေပမယ့္ ေရာမအသင္းရဲ႕ေခါင္းေဆာင္ ပယ္လီဂရီနီက ၂ ဂိုးဆက္သြင္းၿပီး စတီဖင္ အယ္လ္ရွာရီ၊ ဂ်န္လူကာ မန္ခ်ီနီနဲ႔ တန္မီ ေအဘရာဟမ္တို႔က အႏိုင္ဂိုးေတြကို ဆက္လက္သြင္းယူသြားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ေမာ္ရင္ညိဳက “ကြၽန္ေတာ္တို႔အသင္း ေကာင္းေကာင္းမြန္မြန္ မကစားႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔က တကယ့္အသင္းလိုက္စုဖြဲ႕မႈရွိတဲ့ အသင္းတသင္းကို ဖန္တီးေနတာပါ။ ဒီေန႔ကစားပြဲကိုေတာ့ ကြၽန္ေတာ္မႀကိဳက္မိပါဘူး။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ့တယ္။ တကယ့္ကို သန္မာတဲ့အသင္းတသင္းအျဖစ္ စုစည္းေနပါတယ္”

” ဒါကိုေတာ့ ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ။ ခက္ခဲလြန္းတဲ့အခ်ိန္အခါေတြမွာ ကြၽန္ေတာ္တို႔ ပိုၿပီးသန္မာစြာ စုစည္းႏိုင္တဲ့ အသင္းမ်ိဳးျဖစ္ဖို႔ လိုပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲစြမ္းေဆာင္ရည္ကိုေတာ့ ကြၽန္ေတာ္ မေက်နပ္ႏိုင္ပါဘူး။ အရည္အေသြးမျပည့္အဝနဲ႔ ကစားခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ၂ ရက္ကပဲ ေလ့က်င့္ေရးမွာ ေသေသခ်ာခ်ာေလး လုပ္ေဆာင္ခဲ့ၾကပါတယ္”

” ဒါေပမယ့္ ေနာက္ခံအစြန္လူေတြက တိုက္စစ္လိုက္ပါမႈအပိုင္းမွာ ပ်က္ကြက္ခဲ့ၾကတယ္။ လုံေလာက္တဲ့ ျပင္းအားကို မေတြ႕ရဘူး။ ၿပီးေတာ့ ခံစစ္ပိုင္းအသာစီးရယူမႈမွာလည္း အႀကိမ္မ်ားစြာ အေရးနိမ့္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ ကစားခဲ့တယ္လို႔ေတာ့ ကြၽန္ေတာ္မေျပာႏိုင္ပါဘူး”

” ဒါေပမယ့္ ေကာင္းလြန္းတယ္ဆိုတာမ်ိဳးလည္း မေတြ႕ရပါဘူး။ ေသခ်ာတာကေတာ့ ၅-၁ ဆိုတဲ့ ရလဒ္မ်ိဳးနဲ႔ မတန္တဲ့ ကစားပုံမ်ိဳးပါ။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းက CSKA ဆိုဖီယာအသင္းထက္ ပိုအင္အားေတာင့္ပါတယ္။ ဒါေပမယ့္ လုပ္ေဆာင္မႈအရ မလုံေလာက္ခဲ့ပါဘူး” လို႔ ပြဲအၿပီးမွာ ေမာ္ရင္ညိဳက ေျပာဆိုသြားခဲ့တာပါ။

” ပယ္လီဂရီနီက တကယ့္ကိုအရည္အေသြးျမင့္တဲ့ ကစားသမားပါ။ အလားအလာေကာင္းေတြလည္း အမ်ားႀကီးပိုင္ဆိုင္ထားတဲ့သူပါ။ မေန႔ကပဲ ကြၽန္ေတာ့္ကို ေျပာထားပါတယ္။ မၾကာခင္ အသင္းနဲ႔ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုေတာ့မယ္ဆိုတာပါ။ သူသာ ကပၸတိန္စစ္စစ္တ​ေယာက္ျဖစ္ပါတယ္။”

“အသင္းပရိသတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ အျပန္အလွန္ခင္မင္နားလည္မႈကိုလည္း ပိုၿပီးတိုးတက္ေစပါလိမ့္မယ္။ သူအသင္းမွာဆက္ရွိေနတာ ကြၽန္ေတာ္တို႔အတြက္ သိပ္ကိုအေရးပါ​ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာျဖစ္ၿပီး ဒါဟာ ႐ိုးမားအသင္းရဲ႕ ၆ ပြဲဆက္ႏိုင္ပြဲလည္းျဖစ္ခဲ့တာကာ။

ေမာ္ရင္ညိဳသိပ္အားကိုးရတဲ့ အသင္းေခါင္းေဆာင္ ပယ္လီဂရီနီကလည္း မိမိဟာ နည္းျပရဲ႕ယုံၾကည္မႈေၾကာင့္ မ်ားစြာတိုးတက္လာခဲ့ေၾကာင္း၊ သူဟာ အသင္းတသင္းလုံးကို ေတာင့္တင္းလာေအာင္ တည္ေဆာက္ေပးမယ့္ နည္းျပျဖစ္ေၾကာင္း၊ ဒီရာသီဟာ ေမာ္ရင္ညိဳေရာက္ရွိလာတာေၾကာင့္ ေရာမမွာ ထူးျခားလွပတဲ့ရာသီျဖစ္ေၾကာင္း၊ ရာသီအစပိုင္းသာ ရွိေသးေပမယ့္ နည္းျပႀကီးကို အထူးေက်းဇူးတင္မိေၾကာင္း ေျပာသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.