Match Report Premier League UCL&UEL

နှစ်ဂိုးသွင်းပြီးမှ နိုင်ပွဲကို လက်လွှတ်ခဲ့ရတဲ့ သင်ခန်းစာမယူတတ်သူ ရော့ဂျားစ်နဲ့ လက်စတာ

လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ တောင့်တင်းတဲ့ အရန်အင်အားကို ထုတ်သုံးခဲ့ပြီး ဗာဒီကို မသုံးဘဲ အီဟန်နာချို၊ အယိုဇေ ပီရက်ဇ်နဲ့ ကစားသမားသစ် ဒါကာတို့ကို တိုက်စစ်မှာ သုံးသွားခဲ့ပြီး ကွင်းလယ်မှာတော့ ပြင်သစ်သား ဆူမာရေး ပါဝင်လာခဲ့သလို ခံစစ်မှာတော့ ဗက်စတာဂါ့ဒ်ကို အီဗန်စ်နဲ့ တွဲပေးပြီး ပွဲထွက်လာခဲ့ပါတယ်။

နာပိုလီကတော့ သူတို့ရဲ့ လူစုံထုတ်တယ်လို့ ပြောရမယ့် အဓိက ကစားသမားအများစု ပါဝင်လာခဲ့ပြီး အော့စ်ပီနာ၊ ကူလီဘေလီ၊ ဇီလင်စကီး၊ ဖာဘီယန် ရူးဝီးဇ်၊ ဇမ်ဘို အွန်ဂီးဆာ၊ အင်ဆီညာ၊ အိုဆီမင်နဲ့ လိုဇာနိုတို့ကို ထုတ်သုံးလာခဲ့သလို ကင်းပါဝါကွင်းမှာ အကောင်းဆုံးရလဒ်အတွက် နည်းပြ စပယ်လက်တီက ဝါရင့်ပီပီ ပြင်ဆင်လာခဲ့တာပါ။

ပွဲစပြီး မကြာခင်မှာ အိုဆီမင်ရဲ့ ကန်ချက်ကို ရှမိုက်ကယ် ဖမ်းပုံ မသေသပ်တာကနေ လက်စတာတို့ ဒိန်းဂျားဖြစ်ခဲ့ရသေးပြီး ပွဲချိန် ၅ မိနစ်မှာတော့ တောင်ပံက ပီရက်ဇ်နဲ့ တိုက်စစ်မှူး ဒါကာတို့ရဲ့ ကျားကုတ်ကျားခဲ ဘောလုံးရယူမှုတွေကနေ ဘယ်ခြမ်းက ဝင်လာခဲ့တဲ့ ဟာဗီ ဘန်းစ်က ပိတ်သွင်းခဲ့တာက ဂိုးရလုနီးပါး ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ လက်စတာတို့ပဲ ဦးဆောင်မှုကို စတင်ရယူသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ထိုးဖောက်လာခဲ့တဲ့ ဘန်းစ်က အသာအယာ ဖြတ်တင်ပေးခဲ့တာကို ညာခြမ်းကို အာရုံစိုက်မထားတဲ့ နာပိုလီတို့ အငိုက်မိခဲ့ပြီး ပီရက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား အော့စ်ပီနာ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ဥရောပဈေးကွက်မှာ မနှစ်က တော်တော်လေးဟော့ခဲ့တဲ့ အိုဆီမင်ကတော့ လက်စတာနောက်တန်းကြားကနေ ငါးရှဉ့်တစ်ကောင်လို မကြာခဏ လွတ်ထွက်နေခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော်နေခဲ့သလို သူ့ရဲ့ ပေးပို့မှုတွေကိုလည်း အသင်းဖော်တွေ အသုံးမချနိုင်ခဲ့တာကြောင့် နာပိုလီတို့ ချေပဂိုးနဲ့ ဝေးနေခဲ့ရပြီး ပွဲချိန် ၄၅ မိနစ်မှာတော့ လိုဇာနိုရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ရှမိုက်ကယ် ကာကွယ်သွားခဲ့ရပါတယ်။

အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့ နေပယ်လ်သားတွေကြောင့် ပထမပိုင်းမှာ လက်စတာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး သူတို့ရဲ့ ကောင်တာတွေက ဘောလုံးကိုင်ကစားတဲ့ ဧည့်သည်တွေထက် အလုပ်ဖြစ်ခဲ့သလို ဒီနေ့ပွဲရဲ့ Man of the Match နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမင်ကတော့ အခွင့်အရေး သုံးကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှု မသာတဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်ဖို့ လက်စတာနည်းပြ ရော့ဂျားစ်အနေနဲ့ နာပိုလီကို ဖိအားပေးနေတဲ့ တောင်ပံကစားသမား ပီရက်ဇ်နေရာမှာ ကွင်းလယ်လူ တီးလီးမန်းစ်ကို ထည့်ခဲ့ပြီး ခံစစ်ပိုင်းမှာတော့ အိုဆီမင်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့ အီဗန်စ်နေရာကိုတော့ ဆိုယွန်ကျူ ဝင်ကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ နာပိုလီခံစစ်က လူပေးမှားတာကို အီဟန်နာချို ဖြတ်ယူသွားခဲ့ပြီး ဘယ်တောင်ပံက ဘန်းစ်ဆီ ထိုးပေးခဲ့ရာမှာ အင်္ဂလန်လက်ရွေးစင်က သူ့ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ တစ်ဖက်နောက်ခံလူ နှစ်ယောက်ကြားကနေ ဂိုးသမား အော့စ်ပီနာရဲ့ အဝေးတိုင်ခြေဆီ အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့လို့ လက်စတာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေပါတယ်။

ဒီနောက်ပိုင်းမှာတော့ နာပိုလီတို့ လူစားလဲမှုတွေနဲ့ တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဖာဘီယန် ရူးဝီးဇ် ပေးတာကို ရယူသွားခဲ့တဲ့ အိုဆီမင်က သူ့ရဲ့ ပထမပိုင်းက လွဲချော်မှုတွေကို ချေဖျက်တဲ့အနေနဲ့ လက်စတာခံစစ်တွေကြားက တိကျတဲ့ ထိချက်နှစ်ကြိမ်တည်းနဲ့ ဗက်စတာဂါ့ဒ်နဲ့ ဆိုယွန်ကျူကိုရော ဂိုးသမား ရှမိုက်ကယ်ကိုပါ ကျော်သွင်းပြီး အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ လက်စတာနည်းပြ ရော့ဂျားစ်အနေနဲ့ ဥရောပအဆင့်နဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံမှုမှာ ဘယ်တုန်းကမှ မသင်ယူနိုင်မှုရဲ့ ပြစ်ဒဏ်ကို ခံခဲ့ရပြီး ပိုလီတာနိုကို ညာခြမ်းကနေ ဖြတ်တင်ခွင့် ပေးလိုက်ချိန်မှာ အိုဆီမင်ကပဲ သူနဲ့ ဘောလုံးယှဉ်လုတဲ့ ဆိုယွန်ကျူထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းယူသွားခဲ့လို့ နှစ်ဂိုးနဲ့ ဦးဆောင်မှုနဲ့ သုံးမှတ်ကို အိမ်ရှင်တွေ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ဗာဒီကို ထပ်ထည့်ခဲ့ပေမယ့် ဆေးမမီတော့ဘဲ ဂိုးကန်ခွင့် ၂၂ ကြိမ်ရခဲ့တဲ့ နာပိုလီတို့ကတောင် အနိုင်ရဖို့ နီးစပ်ခဲ့သေးသလို နာကျင်အချိန်ပိုမှာတော့ တစ်ဖက်တိုက်စစ်ကို ဥပဒေပ တားဆီးခဲ့တဲ့ ကွင်းလယ်လူ အန်ဒီဒီ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပြီး ကောင်တာတစ်ပေါက်တည်းနဲ့ လုပ်စားလို့မရမှန်း သိသွားခဲ့တဲ့ လက်စတာတို့ အချိန်နှောင်းခဲ့ရာမှာ ရော့ဂျားစ်ရဲ့ မပြည့်ဝမှုတွေက လက်ညှိုးထိုးစရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ေတာင့္တင္းတဲ့ အရန္အင္အားကို ထုတ္သုံးခဲ့ၿပီး ဗာဒီကို မသုံးဘဲ အီဟန္နာခ်ိဳ၊ အယိုေဇ ပီရက္ဇ္နဲ႔ ကစားသမားသစ္ ဒါကာတို႔ကို တိုက္စစ္မွာ သုံးသြားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ျပင္သစ္သား ဆူမာေရး ပါဝင္လာခဲ့သလို ခံစစ္မွာေတာ့ ဗက္စတာဂါ့ဒ္ကို အီဗန္စ္နဲ႔ တြဲေပးၿပီး ပြဲထြက္လာခဲ့ပါတယ္။

နာပိုလီကေတာ့ သူတို႔ရဲ႕ လူစုံထုတ္တယ္လို႔ ေျပာရမယ့္ အဓိက ကစားသမားအမ်ားစု ပါဝင္လာခဲ့ၿပီး ေအာ့စ္ပီနာ၊ ကူလီေဘလီ၊ ဇီလင္စကီး၊ ဖာဘီယန္ ႐ူးဝီးဇ္၊ ဇမ္ဘို အြန္ဂီးဆာ၊ အင္ဆီညာ၊ အိုဆီမင္နဲ႔ လိုဇာႏိုတို႔ကို ထုတ္သုံးလာခဲ့သလို ကင္းပါဝါကြင္းမွာ အေကာင္းဆုံးရလဒ္အတြက္ နည္းျပ စပယ္လက္တီက ဝါရင့္ပီပီ ျပင္ဆင္လာခဲ့တာပါ။

ပြဲစၿပီး မၾကာခင္မွာ အိုဆီမင္ရဲ႕ ကန္ခ်က္ကို ရွမိုက္ကယ္ ဖမ္းပုံ မေသသပ္တာကေန လက္စတာတို႔ ဒိန္းဂ်ားျဖစ္ခဲ့ရေသးၿပီး ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ေတာင္ပံက ပီရက္ဇ္နဲ႔ တိုက္စစ္မႉး ဒါကာတို႔ရဲ႕ က်ားကုတ္က်ားခဲ ေဘာလုံးရယူမႈေတြကေန ဘယ္ျခမ္းက ဝင္လာခဲ့တဲ့ ဟာဗီ ဘန္းစ္က ပိတ္သြင္းခဲ့တာက ဂိုးရလုနီးပါး ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ လက္စတာတို႔ပဲ ဦးေဆာင္မႈကို စတင္ရယူသြားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ ထိုးေဖာက္လာခဲ့တဲ့ ဘန္းစ္က အသာအယာ ျဖတ္တင္ေပးခဲ့တာကို ညာျခမ္းကို အာ႐ုံစိုက္မထားတဲ့ နာပိုလီတို႔ အငိုက္မိခဲ့ၿပီး ပီရက္ဇ္က ေျပးဝင္ပိတ္သြင္းခဲ့ရာမွာ ဂိုးသမား ေအာ့စ္ပီနာ မကာကြယ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာပါ။

ဥေရာပေဈးကြက္မွာ မႏွစ္က ေတာ္ေတာ္ေလးေဟာ့ခဲ့တဲ့ အိုဆီမင္ကေတာ့ လက္စတာေနာက္တန္းၾကားကေန ငါးရွဥ့္တစ္ေကာင္လို မၾကာခဏ လြတ္ထြက္ေနခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာ လြဲေခ်ာ္ေနခဲ့သလို သူ႔ရဲ႕ ေပးပို႔မႈေတြကိုလည္း အသင္းေဖာ္ေတြ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ နာပိုလီတို႔ ေခ်ပဂိုးနဲ႔ ေဝးေနခဲ့ရၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ လိုဇာႏိုရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကို ရွမိုက္ကယ္ ကာကြယ္သြားခဲ့ရပါတယ္။

အခြင့္အေရးေတြကို အသုံးမခ်ႏိုင္တဲ့ ေနပယ္လ္သားေတြေၾကာင့္ ပထမပိုင္းမွာ လက္စတာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ ေကာင္တာေတြက ေဘာလုံးကိုင္ကစားတဲ့ ဧည့္သည္ေတြထက္ အလုပ္ျဖစ္ခဲ့သလို ဒီေန႔ပြဲရဲ႕ Man of the Match ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အိုဆီမင္ကေတာ့ အခြင့္အေရး သုံးႀကိမ္ေလာက္ကို ျဖဳန္းတီးပစ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ မသာတဲ့ ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လက္စတာနည္းျပ ေရာ့ဂ်ားစ္အေနနဲ႔ နာပိုလီကို ဖိအားေပးေနတဲ့ ေတာင္ပံကစားသမား ပီရက္ဇ္ေနရာမွာ ကြင္းလယ္လူ တီးလီးမန္းစ္ကို ထည့္ခဲ့ၿပီး ခံစစ္ပိုင္းမွာေတာ့ အိုဆီမင္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိခဲ့တဲ့ အီဗန္စ္ေနရာကိုေတာ့ ဆိုယြန္က်ဴ ဝင္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ နာပိုလီခံစစ္က လူေပးမွားတာကို အီဟန္နာခ်ိဳ ျဖတ္ယူသြားခဲ့ၿပီး ဘယ္ေတာင္ပံက ဘန္းစ္ဆီ ထိုးေပးခဲ့ရာမွာ အဂၤလန္လက္ေ႐ြးစင္က သူ႔ရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ တစ္ဖက္ေနာက္ခံလူ ႏွစ္ေယာက္ၾကားကေန ဂိုးသမား ေအာ့စ္ပီနာရဲ႕ အေဝးတိုင္ေျခဆီ အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့လို႔ လက္စတာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ နာပိုလီတို႔ လူစားလဲမႈေတြနဲ႔ တိုက္စစ္ျမႇင့္လာခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဖာဘီယန္ ႐ူးဝီးဇ္ ေပးတာကို ရယူသြားခဲ့တဲ့ အိုဆီမင္က သူ႔ရဲ႕ ပထမပိုင္းက လြဲေခ်ာ္မႈေတြကို ေခ်ဖ်က္တဲ့အေနနဲ႔ လက္စတာခံစစ္ေတြၾကားက တိက်တဲ့ ထိခ်က္ႏွစ္ႀကိမ္တည္းနဲ႔ ဗက္စတာဂါ့ဒ္နဲ႔ ဆိုယြန္က်ဴကိုေရာ ဂိုးသမား ရွမိုက္ကယ္ကိုပါ ေက်ာ္သြင္းၿပီး အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ လက္စတာနည္းျပ ေရာ့ဂ်ားစ္အေနနဲ႔ ဥေရာပအဆင့္နဲ႔ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမႈမွာ ဘယ္တုန္းကမွ မသင္ယူႏိုင္မႈရဲ႕ ျပစ္ဒဏ္ကို ခံခဲ့ရၿပီး ပိုလီတာႏိုကို ညာျခမ္းကေန ျဖတ္တင္ခြင့္ ေပးလိုက္ခ်ိန္မွာ အိုဆီမင္ကပဲ သူနဲ႔ ေဘာလုံးယွဥ္လုတဲ့ ဆိုယြန္က်ဴထက္ ပိုျမင့္ေအာင္ခုန္ၿပီး ေခါင္းတိုက္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုးနဲ႔ ဦးေဆာင္မႈနဲ႔ သုံးမွတ္ကို အိမ္ရွင္ေတြ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ဗာဒီကို ထပ္ထည့္ခဲ့ေပမယ့္ ေဆးမမီေတာ့ဘဲ ဂိုးကန္ခြင့္ ၂၂ ႀကိမ္ရခဲ့တဲ့ နာပိုလီတို႔ကေတာင္ အႏိုင္ရဖို႔ နီးစပ္ခဲ့ေသးသလို နာက်င္အခ်ိန္ပိုမွာေတာ့ တစ္ဖက္တိုက္စစ္ကို ဥပေဒပ တားဆီးခဲ့တဲ့ ကြင္းလယ္လူ အန္ဒီဒီ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရၿပီး ေကာင္တာတစ္ေပါက္တည္းနဲ႔ လုပ္စားလို႔မရမွန္း သိသြားခဲ့တဲ့ လက္စတာတို႔ အခ်ိန္ေႏွာင္းခဲ့ရာမွာ ေရာ့ဂ်ားစ္ရဲ႕ မျပည့္ဝမႈေတြက လက္ညႇိဳးထိုးစရာျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.