Analysis Other Premier League UCL&UEL

မက်ဆီကြောင့် PSG ပိုအားနည်းသွားခဲ့ကြောင်း မိုက်ကယ် အိုဝင် ဝေဖန်

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နာမည်ကြီး PSG အသင်းဟာ အားလုံးမျှော်လင့်နေတဲ့ လီယွန်နယ် မက်ဆီ၊ နေမာ၊ ခီလီယံ အမ်ဘာပေတို့ရဲ့ MNM တိုက်စစ်နဲ့ ပထမဆုံးအကြိမ် ပွဲထွက်လာခဲ့ပေမယ့် ကလပ်ဘရုဂျ်အသင်းကို ၁ ဂိုးစီ သရေကျသွားခဲ့လို့ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ရပြီး အာဂျင်တီးနားသားကြီးဟာလည်း ဂိုးမသွင်းယူနိင်ခဲ့ပါဘူး။

ဒီပွဲအပြီးမှာတော့ မိုက်ကယ်အိုဝင်က မက်ဆီရောက်လာလို့ PSG အသင်းရဲ့စုစည်းမှုက ပိုမိုအားနည်းသွားခဲ့ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်ဝင်ခံမယ်လို့ နာမည်ကြီးနေတာ ဘာကြောင့်မှန်း နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဝေဖန်သွားခဲ့သလို MNM တိုက်စစ်သုံးဦးစလုံး တဂိုးမှ မရတဲ့အဖြစ်မှာ မှန်ကန်တဲ့ ကွင်းလယ်အင်အားစုကိုသာ တွဲဖက်ပေးဖို့သာ အရေးကြီးပြီး ဒီပြဿနာပြေလည်အောင် နည်းပြ ပိုချက်တီနို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ရီယို ဖာဒီနန်ကလည်း သုံးသပ်ချက်ပေးသွားခဲ့ပါတယ်။

” PSG ရဲ့ တိုက်စစ်မှူးတွေကိုကြည့်လိုက်ရင် တကယ်ကိုသွားရည်ကျချင်စရာပါ။ ဒီအသင်းလူစာရင်း​က သူတို့ ၃ ဦးနဲ့ ပေါင်းစည်းလိုက်တဲ့အခါ တကယ်ကိုတောင့်တင်းသွားတယ်လို့ မြင်ခဲ့ကြတာပါ။ တကယ်တမ်းမှာတော့ သူတို့ ၃ ယောက် ပေါင်းကစားတော့မှပဲ PSG က ပိုအားနည်းသွားခဲ့ပါတယ်”

” ဒီအသင်းက ချန်ပီယံလိဂ်ဗိုလ်လုမယ်လို့ အလေးပေးမှုတွေကိုတောင် နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ ကျွန်တော့်အမြင်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်တွေက အများကြီးကို ပိုပြီးအဆင့်မြင့်ပါတယ်။ PSG အဆင့်အတန်းမျိုးနဲ့ အကွာကြီးပါ” လို့ မိုက်ကယ် အိုဝင်က PSG ဟာ မက်ဆီရှိနေပေမယ့် တတန်းနိမ့်အသင်းဖြစ်နေတယ်လို့ ပြောခဲ့တာပါ။

ဖာဒီနန်ကတော့ ” ကွင်းလယ်က ဗာရက်တီ၊ ဂွီယီနဲ့ ဗိုင်နယ်လ်ဒမ်တို့က MNM တိုက်စစ်ကို အလုပ်ဖြစ်အောင် အများကြီး ပံ့ပိုးပေးပါလိမ့်မယ်။ သူတို့က ဘောလုံးတွေကို ရှေ့ရောက်အောင် ပို့ပေးမှာပါ။ ရှေ့တန်းတိုက်စစ်မှုးတွေက ပြိုင်ဘက်ခံစစ်ကို ဖျက်ဆီးရုံပါပဲ။ နောက်ပြန်ဆင်းကစားပေးဖို့လည်း လိုပါတယ်။ ဘာစီလိုနာမှာ နေမာလုပ်ပြခဲ့ဖူးပါတယ်”

“PSG မှာတော့ အမ်ဘာပေက ဒီလိုလုပ်ပြနိုင်ပါလိမ့်မယ်။ သူက လူငယ်လေးပါ။ ဘောလုံးမပိုင်ဆိုင်ထားတဲ့အချိန်မှာ သူက ရုန်းပေးရပါလိမ့်မယ်။ သူ့စိတ်ထဲမှာလည်း ရှိပါလိမ့်မယ်။ မက်ဆီရှေ့မှာ ငါဘယ်လိုကစားပြလိုက်မယ်ဆိုတာမျိုးပေါ့။ အရင်က PSG က အတော်လေးပျင်းတဲ့အသင်းမျိုးပါ။ အန်ဖီးလ်ကပွဲမှာ တွေ့ဖူးကြမှာပါ။ သူတို့လမ်းလျှောက်နေကြတယ်”

” သူတို့အလုပ်မကြိုးစားခဲ့တဲ့အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါက ပြဿနာပါ။ ကစားသမားတယောက်ဆီက အကောင်းဆုံးကိုရအောင် ညှစ်ထုတ်နိုင်ဖို့ဆိုတာ နည်းပြရဲ့တာဝန်ပါ။ ပိုချက်တီနိုက ဒါကိုလုပ်ပြနေပါတယ်။ နေမာကိုလည်း နောက်ပြန်ဆင်းကစားဖို့ ခိုင်းကစားနေတာကို တွေ့ရပါတယ်။ နည်းပြကောင်းတယောက်ဆိုတာ ဒါပါပဲ” လို့ ပွဲအပြီးသုံးသပ်ချက်မှာ ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ နာမည္ႀကီး PSG အသင္းဟာ အားလုံးေမွ်ာ္လင့္ေနတဲ့ လီယြန္နယ္ မက္ဆီ၊ ေနမာ၊ ခီလီယံ အမ္ဘာေပတို႔ရဲ႕ MNM တိုက္စစ္နဲ႔ ပထမဆုံးအႀကိမ္ ပြဲထြက္လာခဲ့ေပမယ့္ ကလပ္ဘ႐ုဂ်္အသင္းကို ၁ ဂိုးစီ သေရက်သြားခဲ့လို႔ စိတ္ပ်က္ဖြယ္ရာျဖစ္ခဲ့ရၿပီး အာဂ်င္တီးနားသားႀကီးဟာလည္း ဂိုးမသြင္းယူနိင္ခဲ့ပါဘူး။

ဒီပြဲအၿပီးမွာေတာ့ မိုက္ကယ္အိုဝင္က မက္ဆီေရာက္လာလို႔ PSG အသင္းရဲ႕စုစည္းမႈက ပိုမိုအားနည္းသြားခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္ဝင္ခံမယ္လို႔ နာမည္ႀကီးေနတာ ဘာေၾကာင့္မွန္း နားမလည္ႏိုင္ေအာင္ ျဖစ္မိတယ္လို႔ ေဝဖန္သြားခဲ့သလို MNM တိုက္စစ္သုံးဦးစလုံး တဂိုးမွ မရတဲ့အျဖစ္မွာ မွန္ကန္တဲ့ ကြင္းလယ္အင္အားစုကိုသာ တြဲဖက္ေပးဖို႔သာ အေရးႀကီးၿပီး ဒီျပႆနာေျပလည္ေအာင္ နည္းျပ ပိုခ်က္တီႏို စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ရီယို ဖာဒီနန္ကလည္း သုံးသပ္ခ်က္ေပးသြားခဲ့ပါတယ္။

” PSG ရဲ႕ တိုက္စစ္မႉးေတြကိုၾကည့္လိုက္ရင္ တကယ္ကိုသြားရည္က်ခ်င္စရာပါ။ ဒီအသင္းလူစာရင္း​က သူတို႔ ၃ ဦးနဲ႔ ေပါင္းစည္းလိုက္တဲ့အခါ တကယ္ကိုေတာင့္တင္းသြားတယ္လို႔ ျမင္ခဲ့ၾကတာပါ။ တကယ္တမ္းမွာေတာ့ သူတို႔ ၃ ေယာက္ ေပါင္းကစားေတာ့မွပဲ PSG က ပိုအားနည္းသြားခဲ့ပါတယ္”

” ဒီအသင္းက ခ်န္ပီယံလိဂ္ဗိုလ္လုမယ္လို႔ အေလးေပးမႈေတြကိုေတာင္ နားမလည္ႏိုင္ေအာင္ ျဖစ္မိပါတယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ အဂၤလန္ ပရီးမီးယားလိဂ္ကလပ္ေတြက အမ်ားႀကီးကို ပိုၿပီးအဆင့္ျမင့္ပါတယ္။ PSG အဆင့္အတန္းမ်ိဳးနဲ႔ အကြာႀကီးပါ” လို႔ မိုက္ကယ္ အိုဝင္က PSG ဟာ မက္ဆီရွိေနေပမယ့္ တတန္းနိမ့္အသင္းျဖစ္ေနတယ္လို႔ ေျပာခဲ့တာပါ။

ဖာဒီနန္ကေတာ့ ” ကြင္းလယ္က ဗာရက္တီ၊ ဂြီယီနဲ႔ ဗိုင္နယ္လ္ဒမ္တို႔က MNM တိုက္စစ္ကို အလုပ္ျဖစ္ေအာင္ အမ်ားႀကီး ပံ့ပိုးေပးပါလိမ့္မယ္။ သူတို႔က ေဘာလုံးေတြကို ေရွ႕ေရာက္ေအာင္ ပို႔ေပးမွာပါ။ ေရွ႕တန္းတိုက္စစ္မႈးေတြက ၿပိဳင္ဘက္ခံစစ္ကို ဖ်က္ဆီး႐ုံပါပဲ။ ေနာက္ျပန္ဆင္းကစားေပးဖို႔လည္း လိုပါတယ္။ ဘာစီလိုနာမွာ ေနမာလုပ္ျပခဲ့ဖူးပါတယ္”

“PSG မွာေတာ့ အမ္ဘာေပက ဒီလိုလုပ္ျပႏိုင္ပါလိမ့္မယ္။ သူက လူငယ္ေလးပါ။ ေဘာလုံးမပိုင္ဆိုင္ထားတဲ့အခ်ိန္မွာ သူက ႐ုန္းေပးရပါလိမ့္မယ္။ သူ႔စိတ္ထဲမွာလည္း ရွိပါလိမ့္မယ္။ မက္ဆီေရွ႕မွာ ငါဘယ္လိုကစားျပလိုက္မယ္ဆိုတာမ်ိဳးေပါ့။ အရင္က PSG က အေတာ္ေလးပ်င္းတဲ့အသင္းမ်ိဳးပါ။ အန္ဖီးလ္ကပြဲမွာ ေတြ႕ဖူးၾကမွာပါ။ သူတို႔လမ္းေလွ်ာက္ေနၾကတယ္”

” သူတို႔အလုပ္မႀကိဳးစားခဲ့တဲ့အခ်ိန္ေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဒါက ျပႆနာပါ။ ကစားသမားတေယာက္ဆီက အေကာင္းဆုံးကိုရေအာင္ ညႇစ္ထုတ္ႏိုင္ဖို႔ဆိုတာ နည္းျပရဲ႕တာဝန္ပါ။ ပိုခ်က္တီႏိုက ဒါကိုလုပ္ျပေနပါတယ္။ ေနမာကိုလည္း ေနာက္ျပန္ဆင္းကစားဖို႔ ခိုင္းကစားေနတာကို ေတြ႕ရပါတယ္။ နည္းျပေကာင္းတေယာက္ဆိုတာ ဒါပါပဲ” လို႔ ပြဲအၿပီးသုံးသပ္ခ်က္မွာ ထည့္သြင္းေျပာၾကားသြားခဲ့ျခင္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.