Other Premier League Serie A

ဘောလုံးသမိုင်းမှာ ဖာဂူဆန်ထက် မော်ရင်ညိုက ပိုကြီးမြတ်တဲ့နည်းပြဖြစ်လာပြီလို့ သုံးသပ်ခံထားရ

ကမ္ဘာ့ဘောလုံးသမိုင်းမှာ မန်ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ထက် ဂျိုဆေး မော်ရင်ညိုက ပိုကြီးမြတ်တဲ့နည်းပြဖြစ်လာမယ်လို့ သုံးသပ်သွားခဲ့သူက TalkSpork သတင်းဌာနက ဘောလုံးကျွမ်းကျင်သူ ဆိုင်မွန် ဂျော်ဒန်ပါ။ မော်ရင်ညိုတယောက် သူ့နည်းပြဘဝရဲ့ နိုင်ပွဲ ၁၀၀၀ ပြည့်မြောက်ခဲ့တဲ့ ရိုးမားရဲ့အောင်ပွဲအပြီး ၂၄ နာရီအကြာမှာပဲ သူက အခုလိုပြောကြားသွားခဲ့တာပါ။

” မော်ရင်ညိုက သိပ်ကိုထူးခြားတဲ့ မန်နေဂျာတယောက်ပါ။ ပြောကြကြေးဆို ကျွန်တော်တို့ မြင်တွေ့ဖူးသမျှထဲ အကြီးမြတ်ဆုံးနည်းပြတယောက်လို့ ဆိုချင်ပါတယ်။ သူက အီတလီကို သိမ်းပိုက်ခဲ့သူဖြစ်တယ်။ စပိန်ကို သိမ်းပိုက်ပြီးတဲ့အပြင် အင်္ဂလန်မှာပါ နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။”

” သူ့မှာ သိပ်ကိုပြောင်မြောက်လွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့စံချိန်မှတ်တမ်းကို ကြည့်မယ်ဆိုရင် ဘယ်သူ့ကိုမဆို ယှဥ်နိုင်ပါတယ်။ ပပ်ဂွာဒီယိုလာတဦးလောက်ကလွဲရင် ဘယ်နည်းပြထက်မဆို သာလွန်နေတာကို တွေ့ရပါတယ်။”

” ဖာဂူဆန်ဆိုရင် သူ့အသင်းကို အထိုင်ကျအောင် တည်ဆောက်ဖို့ ကနဦး ၅ နှစ်အချိန်ရခဲ့တယ်။ ဒါဟာ ဘယ်ခေတ်မှာမှ မရတော့တဲ့အခွင့်အရေးမျိုးပါ။ ဒီနောက်မှာမှ သူက ပရီးမီးယားလိဂ်ကို စိုးမိုးနိုင်ခဲ့တာဖြစ်တယ်။ မော်ရင်ညိုကိုကြည့်မယ်ဆိုရင်တော့ ရီးရဲလ် မက်ဒရစ်မှာ အောင်မြင်တယ်။ အင်တာမီလန်မှာ ထပ်အောင်မြင်တယ်။ အင်တာမီလန်အသင်းဆိုရင် သူမကိုင်တွယ်ခင်က သိပ်တောင် တောင့်တင်းလှတဲ့အသင်းမျိုးမဟုတ်ပါဘူး”

” ချယ်လ်ဆီးကို စရောက်ခါစက ကလော်ဒီယို ရာနီရေရီလက်ထဲကို အသင်းကို ဆက်ခံခဲ့ရတာပါ။ အဲဒီအချိန်က ဖာဂူဆန်က ပရီးမီးယားလိဂ်မှာ အကြီးအကျယ်လွှမ်းမိုးထားတဲ့အချိန်ပါ။ ဒါက မော်ရင်ညိုရဲ့အောင်မြင်မှုမှာ အထင်ရှားဆုံးဖြစ်ခဲ့သလို အချိန်တခုကြာအောင် ချယ်လ်ဆီးကို တခေတ်ဖြစ်စေခဲ့တယ်။ ဖာဂူဆန်နဲ့ယှဥ်ကြည့်ရင် မော်ရင်ညိုရဲ့ဆုဖလားအရေအတွက်က ပိုများပြားပါတယ်။”

” ပြီးတော့ သူက ဖာဂူဆန်ထက်ပိုကြီးမြတ်တဲ့နည်းပြလားလို့ မေးရင်တော့ ကျွန်တော်က ဟုတ်တယ်လို့ ဖြေကြားမှာပါ။ နိုင်ငံ ၄ နိုင်ငံ၊ လိဂ် ၄ လိဂ်ခုမှာ ကလပ်အသင်း ၄ သင်းနဲ့အတူ သူက သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို တွေ့ရမှာပါ။ ဒါပေမယ့် အင်္ဂလန်ဘောလုံးလောကတခုတည်းကိုတွက်မယ်ဆိုရင်တော့ ဖာဂူဆန်က မော်ရင်ညိုထက် ပိုကြီးမြတ်တဲ့နည်းပြလို့ ပြောနိုင်ပါတယ်” လို့ ဂျော်ဒန်က သူ့အမြင်ကို ပြောကြားသွားခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်နဲ့ မော်ရင်ညိုတို့ရဲ့ ဆုဖလားအောင်မြင်မှုချင်းကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင်တော့ ပေါ်တူဂီသားကြီးက မတူညီတဲ့နိုင်ငံ ၄ နိုင်ငံမှာ အမှတ်ပေးဖလား ၈ လုံးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ လုံး၊ မန်ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးက စကော့တလန်နဲ့ အင်္ဂလန်မှာ စုစုပေါင်း အမှတ်ပေးဖလား ၁၆ လုံးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ လုံးကို ဆွတ်ခူးထားတာကို အချက်အလက်အရ တွေ့ရှိကြရမှာလည်းဖြစ်ပါတယ်။

ဖာဂူဆန်နဲ့ မော်ရင်ညို ဘယ်သူ ပိုကြီးမြတ်လဲဆိုတဲ့ ငြင်းခုန်မှုမှာတော့ ဒန်နီ မာဖီက ” ထာဝရအကောင်းဆုံးနည်းပြတွေအဖြစ် ပြောဆိုဆွေးနွေးကြမယ်ဆိုရင် သူတို့နှစ်ဦးစလုံးကို တတန်းတည်းထားပြီး သုံးသပ်ကြရမှာပါ။ အကြောင်းရပ်တွေ များစွာရှိနေလို့ ဒါဟာ မျှတပါတယ်။ ပြောကြမယ်ဆိုရင်တော့ နည်းပြဘဝရဲ့ အောင်မြင်မှုကို ဘယ်လိုတိုင်းတာကြမလဲဆိုတဲ့အချက်နဲ့ အမြင်အပေါ်မှာ မူတည်ပါတယ်။”

” ဖာဂူဆန်က အသင်းတသင်းတည်းကို ခေတ်အဆက်ဆက်မှာ တသင်းပြီးတသင်းဖြစ်လာအောင် သွေးသစ်လောင်းတည်ဆောက်ပေးပြီး အသင်းသစ်တသင်းအဖြစ် အောင်မြင်မှုအသစ်တွေနဲ့အတူ ပြန်လည်မွေးဖွားပေးပြီး ရေရှည်အရှိန်အဝါအရ တည်တံ့စေခဲ့သလို မော်ရင်ညိုလုပ်ပြခဲ့တဲ့ အောင်မြင်မှုတွေကလည်း ဘယ်သူနဲ့မှ နှိုင်းယှဥ်လို့ မရပါဘူး” လို့ မာဖီက ပြောဆိုသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကမာၻ႔ေဘာလုံးသမိုင္းမွာ မန္ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ထက္ ဂ်ိဳေဆး ေမာ္ရင္ညိဳက ပိုႀကီးျမတ္တဲ့နည္းျပျဖစ္လာမယ္လို႔ သုံးသပ္သြားခဲ့သူက TalkSpork သတင္းဌာနက ေဘာလုံးကြၽမ္းက်င္သူ ဆိုင္မြန္ ေဂ်ာ္ဒန္ပါ။ ေမာ္ရင္ညိဳတေယာက္ သူ႔နည္းျပဘဝရဲ႕ ႏိုင္ပြဲ ၁၀၀၀ ျပည့္ေျမာက္ခဲ့တဲ့ ႐ိုးမားရဲ႕ေအာင္ပြဲအၿပီး ၂၄ နာရီအၾကာမွာပဲ သူက အခုလိုေျပာၾကားသြားခဲ့တာပါ။

” ေမာ္ရင္ညိဳက သိပ္ကိုထူးျခားတဲ့ မန္ေနဂ်ာတေယာက္ပါ။ ေျပာၾကေၾကးဆို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ဖူးသမွ်ထဲ အႀကီးျမတ္ဆုံးနည္းျပတေယာက္လို႔ ဆိုခ်င္ပါတယ္။ သူက အီတလီကို သိမ္းပိုက္ခဲ့သူျဖစ္တယ္။ စပိန္ကို သိမ္းပိုက္ၿပီးတဲ့အျပင္ အဂၤလန္မွာပါ ႏွစ္ႀကိမ္တိုင္တိုင္ သိမ္းပိုက္ႏိုင္ခဲ့သူျဖစ္ပါတယ္။”

” သူ႔မွာ သိပ္ကိုေျပာင္ေျမာက္လြန္းတဲ့ ကိုယ္ရည္ကိုယ္ေသြးကို ပိုင္ဆိုင္ထားပါတယ္။ သူ႔ရဲ႕စံခ်ိန္မွတ္တမ္းကို ၾကည့္မယ္ဆိုရင္ ဘယ္သူ႔ကိုမဆို ယွဥ္ႏိုင္ပါတယ္။ ပပ္ဂြာဒီယိုလာတဦးေလာက္ကလြဲရင္ ဘယ္နည္းျပထက္မဆို သာလြန္ေနတာကို ေတြ႕ရပါတယ္။”

” ဖာဂူဆန္ဆိုရင္ သူ႔အသင္းကို အထိုင္က်ေအာင္ တည္ေဆာက္ဖို႔ ကနဦး ၅ ႏွစ္အခ်ိန္ရခဲ့တယ္။ ဒါဟာ ဘယ္ေခတ္မွာမွ မရေတာ့တဲ့အခြင့္အေရးမ်ိဳးပါ။ ဒီေနာက္မွာမွ သူက ပရီးမီးယားလိဂ္ကို စိုးမိုးႏိုင္ခဲ့တာျဖစ္တယ္။ ေမာ္ရင္ညိဳကိုၾကည့္မယ္ဆိုရင္ေတာ့ ရီးရဲလ္ မက္ဒရစ္မွာ ေအာင္ျမင္တယ္။ အင္တာမီလန္မွာ ထပ္ေအာင္ျမင္တယ္။ အင္တာမီလန္အသင္းဆိုရင္ သူမကိုင္တြယ္ခင္က သိပ္ေတာင္ ေတာင့္တင္းလွတဲ့အသင္းမ်ိဳးမဟုတ္ပါဘူး”

” ခ်ယ္လ္ဆီးကို စေရာက္ခါစက ကေလာ္ဒီယို ရာနီေရရီလက္ထဲကို အသင္းကို ဆက္ခံခဲ့ရတာပါ။ အဲဒီအခ်ိန္က ဖာဂူဆန္က ပရီးမီးယားလိဂ္မွာ အႀကီးအက်ယ္လႊမ္းမိုးထားတဲ့အခ်ိန္ပါ။ ဒါက ေမာ္ရင္ညိဳရဲ႕ေအာင္ျမင္မႈမွာ အထင္ရွားဆုံးျဖစ္ခဲ့သလို အခ်ိန္တခုၾကာေအာင္ ခ်ယ္လ္ဆီးကို တေခတ္ျဖစ္ေစခဲ့တယ္။ ဖာဂူဆန္နဲ႔ယွဥ္ၾကည့္ရင္ ေမာ္ရင္ညိဳရဲ႕ဆုဖလားအေရအတြက္က ပိုမ်ားျပားပါတယ္။”

” ၿပီးေတာ့ သူက ဖာဂူဆန္ထက္ပိုႀကီးျမတ္တဲ့နည္းျပလားလို႔ ေမးရင္ေတာ့ ကြၽန္ေတာ္က ဟုတ္တယ္လို႔ ေျဖၾကားမွာပါ။ ႏိုင္ငံ ၄ ႏိုင္ငံ၊ လိဂ္ ၄ လိဂ္ခုမွာ ကလပ္အသင္း ၄ သင္းနဲ႔အတူ သူက သိမ္းပိုက္ႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈေတြကို ေတြ႕ရမွာပါ။ ဒါေပမယ့္ အဂၤလန္ေဘာလုံးေလာကတခုတည္းကိုတြက္မယ္ဆိုရင္ေတာ့ ဖာဂူဆန္က ေမာ္ရင္ညိဳထက္ ပိုႀကီးျမတ္တဲ့နည္းျပလို႔ ေျပာႏိုင္ပါတယ္” လို႔ ေဂ်ာ္ဒန္က သူ႔အျမင္ကို ေျပာၾကားသြားခဲ့ပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ ေမာ္ရင္ညိဳတို႔ရဲ႕ ဆုဖလားေအာင္ျမင္မႈခ်င္းကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ေပၚတူဂီသားႀကီးက မတူညီတဲ့ႏိုင္ငံ ၄ ႏိုင္ငံမွာ အမွတ္ေပးဖလား ၈ လုံးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၂ လုံး၊ မန္ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးက စေကာ့တလန္နဲ႔ အဂၤလန္မွာ စုစုေပါင္း အမွတ္ေပးဖလား ၁၆ လုံးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၂ လုံးကို ဆြတ္ခူးထားတာကို အခ်က္အလက္အရ ေတြ႕ရွိၾကရမွာလည္းျဖစ္ပါတယ္။

ဖာဂူဆန္နဲ႔ ေမာ္ရင္ညိဳ ဘယ္သူ ပိုႀကီးျမတ္လဲဆိုတဲ့ ျငင္းခုန္မႈမွာေတာ့ ဒန္နီ မာဖီက ” ထာဝရအေကာင္းဆုံးနည္းျပေတြအျဖစ္ ေျပာဆိုေဆြးေႏြးၾကမယ္ဆိုရင္ သူတို႔ႏွစ္ဦးစလုံးကို တတန္းတည္းထားၿပီး သုံးသပ္ၾကရမွာပါ။ အေၾကာင္းရပ္ေတြ မ်ားစြာရွိေနလို႔ ဒါဟာ မွ်တပါတယ္။ ေျပာၾကမယ္ဆိုရင္ေတာ့ နည္းျပဘဝရဲ႕ ေအာင္ျမင္မႈကို ဘယ္လိုတိုင္းတာၾကမလဲဆိုတဲ့အခ်က္နဲ႔ အျမင္အေပၚမွာ မူတည္ပါတယ္။”

” ဖာဂူဆန္က အသင္းတသင္းတည္းကို ေခတ္အဆက္ဆက္မွာ တသင္းၿပီးတသင္းျဖစ္လာေအာင္ ေသြးသစ္ေလာင္းတည္ေဆာက္ေပးၿပီး အသင္းသစ္တသင္းအျဖစ္ ေအာင္ျမင္မႈအသစ္ေတြနဲ႔အတူ ျပန္လည္ေမြးဖြားေပးၿပီး ေရရွည္အရွိန္အဝါအရ တည္တံ့ေစခဲ့သလို ေမာ္ရင္ညိဳလုပ္ျပခဲ့တဲ့ ေအာင္ျမင္မႈေတြကလည္း ဘယ္သူနဲ႔မွ ႏႈိင္းယွဥ္လို႔ မရပါဘူး” လို႔ မာဖီက ေျပာဆိုသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.