Bundesliga Match Report UCL&UEL

လျှမ်းလျှမ်းတောက် ဘယ်လင်ဂမ်နဲ့ ဟားလန်းတို့ ခြေစွမ်းပြတဲ့ ဒေါ့မွန်ရဲ့ နိုင်ပွဲ

ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပြီး တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ထက်မြက်တဲ့ အဆုံးသတ်ပိုင်းက မှတ်ကျောက်တင်ခံနိုင်ဆဲဖြစ်သလို ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်ကပါ ပြီးခဲ့တဲ့ ရာသီကထက် ခြေစွမ်းပြလာခဲ့ပြီး သူတို့နှစ်ဦးရဲ့ သွင်းဂိုးတွေနဲ့ တူရကီမှာ အိမ်ရှင် ဘက်ရှီးတပ်စ်ကို ကျော်ဖြတ်ဖို့ လုံလောက်ခဲ့ပါတယ်။

ဟားလန်းကို မြားဦးမှာထားပြီး မာလန်၊ မာကို ရွိုက်စ်၊ ဘရန့်ဒ်၊ ဘယ်လ်ဂင်ဟမ်တို့နဲ့ နောက်ကနေ လိုက်ကစားခဲ့တဲ့ မာကို ရိုဆာရဲ့ ကစားကွက်က အဝေးကွင်းပေမယ့် ရဲရင့်လွန်းခဲ့ပြီး ကွင်းလယ်မှာ အဖျက်စစ်စစ် မဟုတ်တဲ့ မာမွတ် ဒါဟွတ်ဒ်ကိုပဲ သုံးသွားခဲ့သလို တိုက်စစ်ကစားဖို့ကိုပဲ စဉ်ဆက်မပြတ်လုပ်ဆောင်လာခဲ့တာပါ။

ဘက်ရှီးတပ်စ်ကတော့ အိမ်ကွင်းမှာ မခေခဲ့ဘဲ ပီယာနစ်ချ်နဲ့ ဘက်ရွှာယီတို့ရဲ့ အင်အားနဲ့ အင်အားကြီး ဂျာမန်သားတွေကို တုံ့ပြန်ဖို့ ကြိုးစားခဲ့သလို ပွဲချိန် ၆ မိနစ်မှာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိနေတဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက အပိုင်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ခိုဘယ်လ် ကာကွယ်သွားခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ညာတောင်ပံကနေ နောက်ခံလူ မူနီယေး မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ထောင့်ကျဉ်းအနေအထားက Volley ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဒီစတန်နိုးလူးရဲ့ ပေါင်ကြားကနေ ဝင်သွားခဲ့ပြီး အင်္ဂလိပ်လူငယ်အတွက်တော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အသက် အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မိုနာကိုနဲ့ အမ်ဘာပေ တင်ရှိထားခဲ့တဲ့ အသက် ၁၈ နှစ်နဲ့ ၈၅ ရက်စံချိန်ကို တစ်ပတ်ငယ်တဲ့ ၁၈ နှစ် ၇၈ ရက်စံချိန်နဲ့ ချိုးဖျက်နိုင်ခဲ့တာပါ။

ဘယ်လင်ဂမ်အနေနဲ့ အင်္ဂလိပ်ကစားသမားတွေထဲက ချန်ပီယံလိဂ်အဝေးကွင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အသက် ၁၉ နှစ်နဲ့ ၁၀ ရက်စံချိန်ကိုလည်း တစ်ပြိုင်နက်တည်း ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပြီး သူ့အတွက် ပေါင် ၈၅ သန်း ဆိုတာကိုတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေ လက်မတွန့်ဘဲ ကြိုးစားလာကြတော့မယ်လို့လည်း မြင်မိပါတယ်။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရရှိခဲ့တဲ့ လက်ပစ်ဘောကနေ ဘယ်လင်ဂမ်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ နောက်ခံလူ ၄ ယောက်ကြားထဲကနေ ဆွဲထွက်ပြီး ချိုးပေးတာကို ဟားလန်းက ပိတ်သွင်းပြီး သူ့အတွက် ကစားခဲ့ပြီးသမျှ ချန်ပီယံလိဂ် ၁၇ ပွဲမှာ ၂၁ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကိုလည်း ရရှိသွားခဲ့ပါတယ်။

ကွင်းလယ်အထိုင်တစ်ယောက်သာ ပါခဲ့တဲ့ ဒေါ့မွန်တို့အနေနဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုကိုတော့ ၄၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး တိုက်စစ်က ထက်မြက်ကောင်းမွန်ခဲ့လို့သာ ဘက်ရှီးတပ်စ်ကို ယှဉ်နိုင်ခဲ့တာဖြစ်သလို ဒုတိယပိုင်းမှာတော့ ဘရန့်ဒ်အစား ဝစ်ဆယ်လ်ကို ပြန်ထည့်ပြီး ထိန်းကစားနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ စတားဖြစ်နေတဲ့ ဘယ်လင်ဟမ်ကို လူစားလဲခဲ့သလို အသက်ငယ်ဆုံးကစားသမား မူကိုကို,ကိုလည်း ထပ်မံထည့်သွင်းခဲ့ပေမယ့် ၁၆ နှစ်သားကတော့ ဂိုးမရခဲ့ဘဲ ပင်နယ်ဧရိယာထဲ ဒိုက်ဗင်ထိုးမှုနဲ့ အဝါကတ်သာရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းရဲ့ နာကျင်အချိန်ပိုမှာတော့ ပီယာနစ်ချ်ရဲ့ ဖရီးကစ် ကနေ ဘက်ရှီးတပ်စ်နောက်ခံလူ မွန်တဲရိုးက ခေါင်းတိုက်ချေပနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ဒေါ့မွန်တို့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာတော့ ဒေါ့မွန်တို့အနေနဲ့ ဒီနှစ်မှာလည်း ချန်ပီယံလိဂ်မှာ မထင်မှတ်ထားတာတွေ လုပ်ပြဦးမယ့် ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အုပ်စု(C) မှာ စပို့တင်းလစ္စဘွန်း၊ အိုင်းယက်စ်တို့နဲ့ တွေ့ဆုံနေခဲ့မှုမှာတော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့လည်းရှိနေသလို ဟားလန်းနဲ့ ဘယ်လင်ဂမ်တို့ ဆက်ပြီး တောက်ပဦးမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေျခစြမ္းေကာင္းကို ဆက္ထိန္းထားႏိုင္ခဲ့ၿပီး တိုက္စစ္မႉး အာလင္း ဟားလန္းရဲ႕ ထက္ျမက္တဲ့ အဆုံးသတ္ပိုင္းက မွတ္ေက်ာက္တင္ခံႏိုင္ဆဲျဖစ္သလို ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္ကပါ ၿပီးခဲ့တဲ့ ရာသီကထက္ ေျခစြမ္းျပလာခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ႕ သြင္းဂိုးေတြနဲ႔ တူရကီမွာ အိမ္ရွင္ ဘက္ရွီးတပ္စ္ကို ေက်ာ္ျဖတ္ဖို႔ လုံေလာက္ခဲ့ပါတယ္။

ဟားလန္းကို ျမားဦးမွာထားၿပီး မာလန္၊ မာကို ႐ြိဳက္စ္၊ ဘရန႔္ဒ္၊ ဘယ္လ္ဂင္ဟမ္တို႔နဲ႔ ေနာက္ကေန လိုက္ကစားခဲ့တဲ့ မာကို ႐ိုဆာရဲ႕ ကစားကြက္က အေဝးကြင္းေပမယ့္ ရဲရင့္လြန္းခဲ့ၿပီး ကြင္းလယ္မွာ အဖ်က္စစ္စစ္ မဟုတ္တဲ့ မာမြတ္ ဒါဟြတ္ဒ္ကိုပဲ သုံးသြားခဲ့သလို တိုက္စစ္ကစားဖို႔ကိုပဲ စဥ္ဆက္မျပတ္လုပ္ေဆာင္လာခဲ့တာပါ။

ဘက္ရွီးတပ္စ္ကေတာ့ အိမ္ကြင္းမွာ မေခခဲ့ဘဲ ပီယာနစ္ခ်္နဲ႔ ဘက္႐ႊာယီတို႔ရဲ႕ အင္အားနဲ႔ အင္အားႀကီး ဂ်ာမန္သားေတြကို တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့သလို ပြဲခ်ိန္ ၆ မိနစ္မွာ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ ေရာက္ရွိေနတဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးက အပိုင္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ခိုဘယ္လ္ ကာကြယ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ညာေတာင္ပံကေန ေနာက္ခံလူ မူနီေယး မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္လင္ဂမ္က ေထာင့္က်ဥ္းအေနအထားက Volley ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဒီစတန္ႏိုးလူးရဲ႕ ေပါင္ၾကားကေန ဝင္သြားခဲ့ၿပီး အဂၤလိပ္လူငယ္အတြက္ေတာ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ အသက္ အငယ္ဆုံး ဂိုးသြင္းသူအျဖစ္ မိုနာကိုနဲ႔ အမ္ဘာေပ တင္ရွိထားခဲ့တဲ့ အသက္ ၁၈ ႏွစ္နဲ႔ ၈၅ ရက္စံခ်ိန္ကို တစ္ပတ္ငယ္တဲ့ ၁၈ ႏွစ္ ၇၈ ရက္စံခ်ိန္နဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။

ဘယ္လင္ဂမ္အေနနဲ႔ အဂၤလိပ္ကစားသမားေတြထဲက ခ်န္ပီယံလိဂ္အေဝးကြင္းမွာ အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္ခဲ့တဲ့ လီဗာပူးလ္ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ အသက္ ၁၉ ႏွစ္နဲ႔ ၁၀ ရက္စံခ်ိန္ကိုလည္း တစ္ၿပိဳင္နက္တည္း ခ်ိဳးဖ်က္သြားႏိုင္ခဲ့တာျဖစ္ၿပီး သူ႔အတြက္ ေပါင္ ၈၅ သန္း ဆိုတာကိုေတာ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြ လက္မတြန႔္ဘဲ ႀကိဳးစားလာၾကေတာ့မယ္လို႔လည္း ျမင္မိပါတယ္။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ရရွိခဲ့တဲ့ လက္ပစ္ေဘာကေန ဘယ္လင္ဂမ္ရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေနာက္ခံလူ ၄ ေယာက္ၾကားထဲကေန ဆြဲထြက္ၿပီး ခ်ိဳးေပးတာကို ဟားလန္းက ပိတ္သြင္းၿပီး သူ႔အတြက္ ကစားခဲ့ၿပီးသမွ် ခ်န္ပီယံလိဂ္ ၁၇ ပြဲမွာ ၂၁ ဂိုးအထိ ရယူႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းကိုလည္း ရရွိသြားခဲ့ပါတယ္။

ကြင္းလယ္အထိုင္တစ္ေယာက္သာ ပါခဲ့တဲ့ ေဒါ့မြန္တို႔အေနနဲ႔ ဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈကိုေတာ့ ၄၂ ရာခိုင္ႏႈန္းသာ ရရွိခဲ့ၿပီး တိုက္စစ္က ထက္ျမက္ေကာင္းမြန္ခဲ့လို႔သာ ဘက္ရွီးတပ္စ္ကို ယွဥ္ႏိုင္ခဲ့တာျဖစ္သလို ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဒ္အစား ဝစ္ဆယ္လ္ကို ျပန္ထည့္ၿပီး ထိန္းကစားႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ေနာက္ပိုင္းမွာ စတားျဖစ္ေနတဲ့ ဘယ္လင္ဟမ္ကို လူစားလဲခဲ့သလို အသက္ငယ္ဆုံးကစားသမား မူကိုကို,ကိုလည္း ထပ္မံထည့္သြင္းခဲ့ေပမယ့္ ၁၆ ႏွစ္သားကေတာ့ ဂိုးမရခဲ့ဘဲ ပင္နယ္ဧရိယာထဲ ဒိုက္ဗင္ထိုးမႈနဲ႔ အဝါကတ္သာရခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းရဲ႕ နာက်င္အခ်ိန္ပိုမွာေတာ့ ပီယာနစ္ခ်္ရဲ႕ ဖရီးကစ္ ကေန ဘက္ရွီးတပ္စ္ေနာက္ခံလူ မြန္တဲ႐ိုးက ေခါင္းတိုက္ေခ်ပႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ေဒါ့မြန္တို႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲမွာေတာ့ ေဒါ့မြန္တို႔အေနနဲ႔ ဒီႏွစ္မွာလည္း ခ်န္ပီယံလိဂ္မွာ မထင္မွတ္ထားတာေတြ လုပ္ျပဦးမယ့္ ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီး အုပ္စု(C) မွာ စပို႔တင္းလစၥဘြန္း၊ အိုင္းယက္စ္တို႔နဲ႔ ေတြ႕ဆုံေနခဲ့မႈမွာေတာ့ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔လည္းရွိေနသလို ဟားလန္းနဲ႔ ဘယ္လင္ဂမ္တို႔ ဆက္ၿပီး ေတာက္ပဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.