Ligue1 Match Report UCL&UEL

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ အစွမ်းမဲ့ခဲ့ပြီး ကလပ်ဘရုဂျ်ကို သရေသာရခဲ့တဲ့ PSG

ပီအက်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ ဥရောပအကောင်းဆုံး ဟဲဗီးဝိတ်တိုက်စစ်ကို ထုတ်သုံးခဲ့ပြီး လီယွန်နယ် မက်ဆီကို နေမာ၊ ခီလီယန် အမ်ဘာပေတို့နဲ့ တွဲပြီး ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာတော့ ဗိုင်နယ်လ်ဒွမ်၊ ပါရေးဒက်စ်၊ ဟာရဲရားတို့နဲ့ ၄-၃-၃ ပုံစံ ကစားလာခဲ့ချိန်မှာ ခံစစ်မှာလည်း နူနို မန်ဒက်စ်ကလွဲလို့ လူစုံပါဝင်ခဲ့ပါတယ်။

အိမ်ရှင် ကလပ်ဘရုဂျ်ကတော့ လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတွေကို အသက်ကြီးမှ ထတောက်ခဲ့တဲ့ ကွင်းလယ်က အသင်းခေါင်းဆောင် ဗာနာကင်နဲ့ တွဲပေးသွားခဲ့ပြီး တောင်ပံက ပြေးအားကောင်းတဲ့ မြန်နှုန်းမြင့် ကစားသမားတွေနဲ့ တန်ပြန်တိုက်စစ်ကစားပြီး ပီအက်စ်ဂျီတို့ဆီက အမှတ်ခွဲယူနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဘယ်ခြမ်းက အမ်ဘာပေရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်လာပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ဖြတ်ချိုးပေးတာကို ကွင်းလယ်လူ အန်ဒါ ဟာရဲရားက မက်ဆီကန်နေကျ ပုံစံမျိုးနဲ့ မနားတမ်း Half Volley ကန်သွင်းယူခဲ့ပြီး ပီအက်စ်ဂျီတို့ကို အဖွင့်ဂိုးရယူပေးခဲ့သလို အာဂျင်တီးနားသားကြီးကတော့ နောက်ကျနေခဲ့တာမို့ ဂိုးသွင်းရှင် စပိန်သားကို ပြေးဖက်ခဲ့ရုံသာ တတ်နိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ မက်ဆီအနေနဲ့ ညာခြမ်းမှာ Inside Forward အဖြစ် ဘောလုံးကိုင်နေခဲ့ပြီး ဘောလုံးခင်းကျင်းမှုတွေကို ပြုလုပ်နေပေမယ့် အမ်ဘာပေ အသုံးမချနိုင်ခဲ့သလို ညာနောက်ခံလူ ဟာကီမီနဲ့လည်း ထင်သလောက် အတွဲအဖက်က မမိသေးတာမို့ သူလိုအပ်တဲ့ တွဲလုံးတွေကိုတော့ ဘာစီလိုနာတုန်းက အဲလ်ဗက်စ်နဲ့လိုမျိုး မဖော်ဆောင်နိုင်သေးတာကိုတော့ တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ အိမ်ရှင်တွေ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ တိုက်စစ်ဆင်လာခဲ့တဲ့ နောက်ခံလူ ဆိုဘောလ်က အနိမ့်ဘော ဖြတ်ချိုးပေးတာကို အသင်းခေါင်းဆောင် ဗာနာကင်က နေရာယူပုံကောင်းကောင်းနဲ့ ပိတ်သွင်းခဲ့ရာမှာ နောက်ခံလူ ကင်ပမ်ဘီနဲ့ အနည်းငယ် ထိသွားခဲ့လို့ ဘောလုံးက ဂိုးသမား နာဗက်စ်ရဲ့လက်နဲ့ အနည်းငယ်လွဲသွားခဲ့ပြီး ဂိုးဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ နေမာပေးတာကို ဂိုးဧရိယာထိပ်ကနေ မက်ဆီ စိတ်ကြိုက်ကန်သွင်းခွင့်ရပေမယ့် ဘားထောင့်စွန်းနဲ့ထိပြီး ထွက်ခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာတော့ ပီအက်စ်ဂျီဂိုးစည်းထိပ်ကနေ ချေပဂိုးရှင် ဗာနာကင် ကန်သွင်းခဲ့တဲ့ ဖရီးကစ်ကို ဂိုးသမား နာဗက်စ် ခက်ခက်ခဲခဲ ပုတ်ထုတ်နိုင်ခဲ့လို့ ရလဒ်က မပြောင်းလဲဘဲဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ ကလပ်ဘရုဂျ်ရဲ့ တိုက်စစ်ကတောင် ပိုပြီး ထိထိရောက်ရောက်ရှိခဲ့တာကို တွေ့မြင်ခဲ့ရပြီး ပွဲချိန် ၃၉ မိနစ်မှာ နိုအာလန်းနဲ့ အပေးအယူလုပ်ပြီး ခြိမ်းခြောက်ခဲ့တဲ့ တိုက်စစ်မှူး ဒီကက်တယ်လာရာရဲ့ ကန်ချက်ကိုလည်း နာဗက်စ် ကာကွယ်ခဲ့ရသလို ၄၄ မိနစ်မှာလည်း သူ့ရဲ့ ဖြတ်တင်မှုကို ဗာနာကင် အသုံးမချနိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ မရှုံးခဲ့တာဖြစ်ပါတယ်။

တစ်ဂိုးစီ သရေကျနေအပြီး ဒုတိယအပိုင်းမှာ နည်းပြ ပိုချက်တီနိုအနေနဲ့ ကစားကွက်ပြောင်းလဲဖို့အတွက် ပထမပိုင်းမှာ ပါမှန်းမသိရတဲ့ ဗိုင်နယ်လ်ဒွမ်နေရာမှာ ဒရက်ဆလာနဲ့ ကံကောင်းလို့ အနီမထိခဲ့တဲ့ ပါရေးဒက်စ်နေရာမှာ ဒါနီလို ပါရဲရားတို့ကို ထည့်သွင်းခဲ့ပေမယ့် ကလပ်ဘရုဂျ်ကပဲ ဖိကစားနေခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ နောက်တစ်ဂိုးပေးရဖို့တောင် နီးစပ်ခဲ့သေးတာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဒဏ်ရာအနည်းငယ်ရသွားတဲ့ အမ်ဘာပေကို မက်ဆီမုန်းတဲ့ ကြာကူလီ အီကာဒီနဲ့ လူစားလဲခဲ့ရပြီး အသင်းရဲ့ တိုက်စစ်ကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက် ၉ ကြိမ်သာ ခြိမ်းခြောက်နိုင်တဲ့အထိ မယုံနိုင်စရာဖြစ်ခဲ့ရသလို နေမာပေးတာကို ၃၄ နှစ်သား GOAT ကြီးရဲ့ ထောင့်ကျဉ်းကန်ချက်ကလည်း ဂိုးသမားပုတ်ထုတ်မှုနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဘောလုံးဆွဲပြေးရင်း တစ်ဖက်ကွင်းလယ်လူ ရစ်ထ်စ်ရဲ့ ခြေထောက်ကို ခလုတ်တိုက်မိခဲ့တဲ့ မက်ဆီ အဝါကတ် အပြခံခဲ့ရပြီး ပီအက်စ်ဂျီကတော့ အသင်းခေါင်းဆောင် မားကင်ညို့စ်အပါအဝင် တော်တော်များများက အယောင်ယောင်အမှားမှားဖြစ်နေခဲ့သလို ကလပ် ဘရုဂျ်တို့ ဂိုးသွင်းသာ သေချာခဲ့ရင် အရှက်တကွဲ ရှုံးသွားနိုင်တဲ့ ပုံစံလည်း ပေါ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တို့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို ပီအက်စ်ဂျီတို့ကလည်း ဘာမှ မယ်မယ်ရရ မစွမ်းဆောင်နိုင်တော့လို့ တစ်ဂိုးစီသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နည်းပြ ပိုချက်တီနိုအတွက်တော့ ဖိအားဝင်စရာဖြစ်ခဲ့ရသလို ဒီလိုပုံစံနဲ့ ကာတာပိုင်ရှင်တွေ လိုချင်တဲ့ ချန်ပီယံလိဂ်နဲ့ ဖူးစာဆုံဖို့ဆိုတာကတော့ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေချိန်မှာ မက်ဆီတို့အဖွဲ့ကလည်း နာမည်ပျက်စရာပဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔ရဲ႕ ဥေရာပအေကာင္းဆုံး ဟဲဗီးဝိတ္တိုက္စစ္ကို ထုတ္သုံးခဲ့ၿပီး လီယြန္နယ္ မက္ဆီကို ေနမာ၊ ခီလီယန္ အမ္ဘာေပတို႔နဲ႔ တြဲၿပီး ပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဗိုင္နယ္လ္ဒြမ္၊ ပါေရးဒက္စ္၊ ဟာရဲရားတို႔နဲ႔ ၄-၃-၃ ပုံစံ ကစားလာခဲ့ခ်ိန္မွာ ခံစစ္မွာလည္း ႏူႏို မန္ဒက္စ္ကလြဲလို႔ လူစုံပါဝင္ခဲ့ပါတယ္။

အိမ္ရွင္ ကလပ္ဘ႐ုဂ်္ကေတာ့ လုပ္အားႏႈန္းေကာင္းတဲ့ ကစားသမားေတြကို အသက္ႀကီးမွ ထေတာက္ခဲ့တဲ့ ကြင္းလယ္က အသင္းေခါင္းေဆာင္ ဗာနာကင္နဲ႔ တြဲေပးသြားခဲ့ၿပီး ေတာင္ပံက ေျပးအားေကာင္းတဲ့ ျမန္ႏႈန္းျမင့္ ကစားသမားေတြနဲ႔ တန္ျပန္တိုက္စစ္ကစားၿပီး ပီအက္စ္ဂ်ီတို႔ဆီက အမွတ္ခြဲယူႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဘယ္ျခမ္းက အမ္ဘာေပရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ထိုးေဖာက္လာၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ကြင္းလယ္လူ အန္ဒါ ဟာရဲရားက မက္ဆီကန္ေနက် ပုံစံမ်ိဳးနဲ႔ မနားတမ္း Half Volley ကန္သြင္းယူခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ကို အဖြင့္ဂိုးရယူေပးခဲ့သလို အာဂ်င္တီးနားသားႀကီးကေတာ့ ေနာက္က်ေနခဲ့တာမို႔ ဂိုးသြင္းရွင္ စပိန္သားကို ေျပးဖက္ခဲ့႐ုံသာ တတ္ႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ မက္ဆီအေနနဲ႔ ညာျခမ္းမွာ Inside Forward အျဖစ္ ေဘာလုံးကိုင္ေနခဲ့ၿပီး ေဘာလုံးခင္းက်င္းမႈေတြကို ျပဳလုပ္ေနေပမယ့္ အမ္ဘာေပ အသုံးမခ်ႏိုင္ခဲ့သလို ညာေနာက္ခံလူ ဟာကီမီနဲ႔လည္း ထင္သေလာက္ အတြဲအဖက္က မမိေသးတာမို႔ သူလိုအပ္တဲ့ တြဲလုံးေတြကိုေတာ့ ဘာစီလိုနာတုန္းက အဲလ္ဗက္စ္နဲ႔လိုမ်ိဳး မေဖာ္ေဆာင္ႏိုင္ေသးတာကိုေတာ့ ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေန တိုက္စစ္ဆင္လာခဲ့တဲ့ ေနာက္ခံလူ ဆိုေဘာလ္က အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို အသင္းေခါင္းေဆာင္ ဗာနာကင္က ေနရာယူပုံေကာင္းေကာင္းနဲ႔ ပိတ္သြင္းခဲ့ရာမွာ ေနာက္ခံလူ ကင္ပမ္ဘီနဲ႔ အနည္းငယ္ ထိသြားခဲ့လို႔ ေဘာလုံးက ဂိုးသမား နာဗက္စ္ရဲ႕လက္နဲ႔ အနည္းငယ္လြဲသြားခဲ့ၿပီး ဂိုးဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ေနမာေပးတာကို ဂိုးဧရိယာထိပ္ကေန မက္ဆီ စိတ္ႀကိဳက္ကန္သြင္းခြင့္ရေပမယ့္ ဘားေထာင့္စြန္းနဲ႔ထိၿပီး ထြက္ခဲ့သလို ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီဂိုးစည္းထိပ္ကေန ေခ်ပဂိုးရွင္ ဗာနာကင္ ကန္သြင္းခဲ့တဲ့ ဖရီးကစ္ကို ဂိုးသမား နာဗက္စ္ ခက္ခက္ခဲခဲ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ရလဒ္က မေျပာင္းလဲဘဲျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ ကလပ္ဘ႐ုဂ်္ရဲ႕ တိုက္စစ္ကေတာင္ ပိုၿပီး ထိထိေရာက္ေရာက္ရွိခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာ ႏိုအာလန္းနဲ႔ အေပးအယူလုပ္ၿပီး ၿခိမ္းေျခာက္ခဲ့တဲ့ တိုက္စစ္မႉး ဒီကက္တယ္လာရာရဲ႕ ကန္ခ်က္ကိုလည္း နာဗက္စ္ ကာကြယ္ခဲ့ရသလို ၄၄ မိနစ္မွာလည္း သူ႔ရဲ႕ ျဖတ္တင္မႈကို ဗာနာကင္ အသုံးမခ်ႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ မရႈံးခဲ့တာျဖစ္ပါတယ္။

တစ္ဂိုးစီ သေရက်ေနအၿပီး ဒုတိယအပိုင္းမွာ နည္းျပ ပိုခ်က္တီႏိုအေနနဲ႔ ကစားကြက္ေျပာင္းလဲဖို႔အတြက္ ပထမပိုင္းမွာ ပါမွန္းမသိရတဲ့ ဗိုင္နယ္လ္ဒြမ္ေနရာမွာ ဒရက္ဆလာနဲ႔ ကံေကာင္းလို႔ အနီမထိခဲ့တဲ့ ပါေရးဒက္စ္ေနရာမွာ ဒါနီလို ပါရဲရားတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ကလပ္ဘ႐ုဂ်္ကပဲ ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ ေနာက္တစ္ဂိုးေပးရဖို႔ေတာင္ နီးစပ္ခဲ့ေသးတာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဒဏ္ရာအနည္းငယ္ရသြားတဲ့ အမ္ဘာေပကို မက္ဆီမုန္းတဲ့ ၾကာကူလီ အီကာဒီနဲ႔ လူစားလဲခဲ့ရၿပီး အသင္းရဲ႕ တိုက္စစ္ကေတာ့ တစ္ပြဲလုံးမွာ ဂိုးေပါက္ ၉ ႀကိမ္သာ ၿခိမ္းေျခာက္ႏိုင္တဲ့အထိ မယုံႏိုင္စရာျဖစ္ခဲ့ရသလို ေနမာေပးတာကို ၃၄ ႏွစ္သား GOAT ႀကီးရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကလည္း ဂိုးသမားပုတ္ထုတ္မႈနဲ႔ပဲ ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ေဘာလုံးဆြဲေျပးရင္း တစ္ဖက္ကြင္းလယ္လူ ရစ္ထ္စ္ရဲ႕ ေျခေထာက္ကို ခလုတ္တိုက္မိခဲ့တဲ့ မက္ဆီ အဝါကတ္ အျပခံခဲ့ရၿပီး ပီအက္စ္ဂ်ီကေတာ့ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္အပါအဝင္ ေတာ္ေတာ္မ်ားမ်ားက အေယာင္ေယာင္အမွားမွားျဖစ္ေနခဲ့သလို ကလပ္ ဘ႐ုဂ်္တို႔ ဂိုးသြင္းသာ ေသခ်ာခဲ့ရင္ အရွက္တကြဲ ရႈံးသြားႏိုင္တဲ့ ပုံစံလည္း ေပၚေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အိမ္ရွင္တို႔ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့သလို ပီအက္စ္ဂ်ီတို႔ကလည္း ဘာမွ မယ္မယ္ရရ မစြမ္းေဆာင္ႏိုင္ေတာ့လို႔ တစ္ဂိုးစီသေရရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး နည္းျပ ပိုခ်က္တီႏိုအတြက္ေတာ့ ဖိအားဝင္စရာျဖစ္ခဲ့ရသလို ဒီလိုပုံစံနဲ႔ ကာတာပိုင္ရွင္ေတြ လိုခ်င္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ဖူးစာဆုံဖို႔ဆိုတာကေတာ့ ဘုန္းႀကီးနဲ႔ဘီးလိုျဖစ္ေနခ်ိန္မွာ မက္ဆီတို႔အဖြဲ႕ကလည္း နာမည္ပ်က္စရာပဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.