Match Report Premier League UCL&UEL

အန်ကွန်ကူးရဲ့ ဟက်ထရစ်လောက်နဲ့ မရဘူးလို့ ငြင်းပယ်ခဲ့တဲ့ မန်စီးတီးရဲ့ ဂိုးမိုးရွာတဲ့ပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်း အစ်တီဟတ်မှာ ကစားခဲ့တဲ့ RB လိုက်ပ်ဇစ်နဲ့ ပွဲစဉ်မှာ ဧည့်သည်ကွင်းလယ်လူ အန်ကွန်ကူးရဲ့ ဟက်ထရစ်နဲ့ ကျူးကျော်ရန်စမှုကို ကြုံခဲ့ရပေမယ့် သူတို့ရဲ့ အဆင့်အတန်းအတွက်တော့ ဒါဟာ ရင်ခုန်စရာမဟုတ်ကြောင်း ပြသခဲ့ပြီး ဂိုးဒါဇင်ဝက်နဲ့ အနိုင်ယူပြသွားခဲ့တာကို ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။

ခံစစ်မှာ ရူဘင် ဒီယက်စ်ကို နေသန် အာကေနဲ့ တွဲပြီး ပွဲထုတ်လာခဲ့တာက ဘယ်ခြမ်းမှာ ကစားတဲ့ ဇင်ချန်ကိုနဲ့ သိပ်တော့ အဆင်မပြေခဲ့သလို စီးတီးတို့အနေနဲ့ ဂွါဒီယိုလာရဲ့ ခေါင်းခဲစရာ ပြဿနာကို ဖြေရှင်းပေးရဦးမှာဖြစ်ချိန်မှာ အထောင်တိုက်စစ်မှူး မရှိတဲ့ အားနည်းမှုထက် ဘယ်နောက်ခံလူ အားနည်းမှုကလည်း ဒီနေ့ပွဲရဲ့ ဂိုးများသွားစေတဲ့ အချက်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ အိမ်ရှင် မန်ချက်စတာစီးတီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဂရီးလစ်ရှ်ရဲ့ ထောင့်ကန်ဘောကနေ ဒတ်ချ်နောက်ခံလူ အာကေက ခေါင်းတိုက်သွင်းယူနိုင်ခဲ့သလို RB လိုက်ပ်ဇစ်ဂိုးသမားနဲ့ နောက်တန်းတွေကြားက အားအနည်းဆုံးနေရာကိုမှ ရွေးပြီး ထိုးနှက်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ညာခြမ်းက ဖြတ်တင်ဘောက ဂရီးလစ်ရှ်အတွက် ခူးပြီးခပ်ပြီးပုံစံနဲ့ ပိတ်သွင်းဖို့ ရောက်ရှိလာခဲ့ပေမယ့် သူသွင်းယူနိုင်ဖို့ စောင့်ဆိုင်းနေချိန်မှာ တားဆီးဖို့ ကြိုးစားတဲ့ RB လိုက်ပ်ဇစ်ရဲ့ ဒီနေ့မှာ အမှားများနေတဲ့ နောက်ခံလူ မူကီလီက ချိန်သားလွဲပြီး ကိုယ့်ဂိုးထဲကိုယ် ခေါင်းတိုက်သွင်းခဲ့မိတာကြောင့် စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ အန်ဒရီ ဆေးလ်ဗား ဂိုးပြန်သွင်းပေမယ့် လူကျွံနေခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ RB လိုက်ပ်ဇစ်တို့ တစ်ဂိုးပြန်ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဘယ်ခြမ်းက အီမီးလ် ဖော့စ်ဘတ်ရဲ့ ဖြတ်တင်ဘောကို ညာနောက်ခံလူ မူကီလီက ဇင်ချန်ကိုပေါ်က ကျော်ပြီး ခေါင်းတိုက်ချပေးတာကို အန်ကွန်ကူးက အနီးကပ် ထပ်ဆင့်ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဖယ်ရန် တောရက်စ်ရဲ့ ခေါင်းတိုက်ချက်က လိုက်ပ်ဇစ်နောက်ခံလူ ကလိုစတာမန်းရဲ့ လက်နဲ့ ထိမိခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို အယ်လ်ဂျီးရီးယားတောင်ပံသမား မာရက်ဇ်က ဂိုးသမား ဂူလာချီ ဒိုက်ပစ်တဲ့ဘက်နဲ့ ထောင့်ဖြတ်အပေါ်ဘက်ကို ကန်သွင်းပြီး မန်စီးတီးတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၆ မိနစ်အကြာမှာတော့ အန်ကွန်ကူးကပဲ ခေါင်းတိုက်ပြီး နောက်ထပ်ချေပဂိုးတစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးမှာတော့ မန်စီးတီးတို့ရဲ့ အံ့ဩစရာကောင်းလောက်အောင် ပေါ့လျော့တဲ့ ခံစစ်ကစားပုံနဲ့ လူမကပ်ဘဲ လွှတ်ထားခံရတဲ့ ပြင်သစ်သားက ဒီယက်စ်နဲ့ အာကေတို့နှစ်ယောက်ကြားကနေ ဒါနီ အိုလ်မိုရဲ့ ဖြတ်တင်ဘောကို အဆုံးသတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာ အသင်းနဲ့ ပိုမိုအသားကျလာပြီး ယုံကြည်မှု ပိုမြင့်မားလာတဲ့ ကွင်းလယ်လူ ဂရီးလစ်ရှ်က ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရယူပေးခဲ့ပြီး နောက်ခံလူ ရူဘင် ဒီယက်စ် ကန်တင်လိုက်တော့ ဘောလုံးကို တစ်ကိုယ်တော်အစွမ်းနဲ့ အတွင်းကို ချိုးဝင်ပြီး လိုက်ပ်ဇစ်နောက်ခံလူ ၄ ယောက်ကြားကနေ သူ့ရဲ့ ချန်ပီယံလိဂ် ပထမဆုံး ပွဲဦးထွက်မှာပဲ သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဖယ်ရန် တောရက်စ်က ဂိုးသမားကိုပါ လိမ်ပြီးမှ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောအဖြစ် မှားယွင်းသတ်မှတ်ခံရလို့ နစ်နာခဲ့ရပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ အန်ကွန်ကူးကပဲ မန်စီးတီးရဲ့ စုတ်ပြတ်နေတဲ့ ဘယ်ခြမ်းခံစစ်မှာ ရေတွင်းထပ်တူးနိုင်ခဲ့သလို သူ့ရဲ့ ဟက်ထရစ်အဖြစ်နဲ့ ခံစစ်ပိုင်းမှာ သုံးစားမရတဲ့ ဇင်ချန်ကိုနဲ့ အာကေကို ကျော်ဖြတ်ပြီး ဂိုးသမား အီဒါဆန် ပိတ်ထားတဲ့ကြားက အနိမ့်ဘောဖြတ်ကန်သွင်းယူသွားခဲ့လို့ လေးဂိုး-သုံးဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ခံစစ်နဲ့ ကွင်းလယ်ကြားမှာ နေရာလွတ်တွေ များနေခဲ့တဲ့ လိုက်ပ်ဇစ်တို့ အထိနာသွားခဲ့ပြီး စတာလင်၊ ဂရီးလစ်ရှ်နဲ့ ဂွန်ဒိုးဝမ်တို့တွေ ဆက်တိုက်အပေးအယူလုပ်ပြီး ရလာတဲ့ ဘောလုံးကို ကန်ဆယ်လိုက အဝေးကနေ ကန်သွင်းခဲ့ရာမှာ နောက်ခံလူနှစ်ယောက်ကြားကနေ ဂိုးဝင်သွားခဲ့ပြီး ဧည့်သည်တွေရဲ့ သရေရဖို့ဆိုတဲ့ မျှော်လင့်ချက် ရိုက်ချိုးခံခဲ့ရပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ အသင်းဟောင်းကို ရင်ဆိုင်လာခဲ့တဲ့ လိုက်ပ်ဇစ်နောက်ခံလူ အန်ဟဲလီညို နှစ်ဝါတစ်နီနဲ့ အထုတ်ခံရသလို ပဉ္စမမြောက်ဂိုးသွင်းရှင် ကန်ဆယ်လို ဘောလုံးရယူအပြီးမှာ ဖျက်ထုတ်တဲ့ ကန်ချက်က နောက်ကျနေပြီး လူကိုပဲ ကန်မိခဲ့တာကြောင့် လိုက်ပ်ဇစ်တို့ ၁၀ ယောက်ဖြစ်သွားခဲ့ချိန်မှာတော့ မန်စီးတီးတို့အတွက် စိတ်အေးရတဲ့ ပွဲဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ အန်ကွန်ကူးရဲ့ ဟက်ထရစ်ကို အလဟဿဖြစ်စေမယ့် ဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဒီယက်စ်နဲ့ အော်ဘန်တို့ အပြိုင်လုကြရင်း စင်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်ဘက်ဂိုးတိုင်ဘေးမှာ နေရာယူထားတဲ့ လူစားဝင်တိုက်စစ်မှူး ဂျေဆူးစ်က ပိတ်သွင်းနိုင်ခဲ့ပြီး ပွဲချိန်အပြည့်မှာ မန်စီးတီးတို့ကို ခြောက်ဂိုး-သုံးဂိုးနဲ့ အောင်ပွဲခံနိုင်စေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲရဲ့ ခြေစွမ်းအရတော့ မန်စီးတီးတို့အနေနဲ့ ဇင်ချန်ကိုရော မန်ဒီပါ ဘယ်ခြမ်းခံစစ်မှာ သုံးစားမရမှန်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ခဲ့တာဖြစ်သလို ဒီယက်စ်ကိုလည်း စတုန်းစ်၊ လာပေါ့တ်တို့နှစ်ယောက်နဲ့သာ တွဲရမှာဖြစ်ပြီး ဘောင်မဝင်တဲ့ အာကေကို ယုံလို့ မရနိုင်ချိန်မှာ နည်းပြ ဂွါဒီယိုလာအတွက်တော့ လူသစ်မခေါ်နိုင်ခဲ့တဲ့ တိုက်စစ်အတွက် ရင်အေးခဲ့ရအပြီး ခံစစ်ပြဿနာကို ဆက်လက်ဖြေရှင်းရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အိမ္ကြင္း အစ္တီဟတ္မွာ ကစားခဲ့တဲ့ RB လိုက္ပ္ဇစ္နဲ႔ ပြဲစဥ္မွာ ဧည့္သည္ကြင္းလယ္လူ အန္ကြန္ကူးရဲ႕ ဟက္ထရစ္နဲ႔ က်ဴးေက်ာ္ရန္စမႈကို ႀကဳံခဲ့ရေပမယ့္ သူတို႔ရဲ႕ အဆင့္အတန္းအတြက္ေတာ့ ဒါဟာ ရင္ခုန္စရာမဟုတ္ေၾကာင္း ျပသခဲ့ၿပီး ဂိုးဒါဇင္ဝက္နဲ႔ အႏိုင္ယူျပသြားခဲ့တာကို ပရိသတ္ေတြ ေတြ႕ျမင္ခဲ့ရပါတယ္။

ခံစစ္မွာ ႐ူဘင္ ဒီယက္စ္ကို ေနသန္ အာေကနဲ႔ တြဲၿပီး ပြဲထုတ္လာခဲ့တာက ဘယ္ျခမ္းမွာ ကစားတဲ့ ဇင္ခ်န္ကိုနဲ႔ သိပ္ေတာ့ အဆင္မေျပခဲ့သလို စီးတီးတို႔အေနနဲ႔ ဂြါဒီယိုလာရဲ႕ ေခါင္းခဲစရာ ျပႆနာကို ေျဖရွင္းေပးရဦးမွာျဖစ္ခ်ိန္မွာ အေထာင္တိုက္စစ္မႉး မရွိတဲ့ အားနည္းမႈထက္ ဘယ္ေနာက္ခံလူ အားနည္းမႈကလည္း ဒီေန႔ပြဲရဲ႕ ဂိုးမ်ားသြားေစတဲ့ အခ်က္ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ အိမ္ရွင္ မန္ခ်က္စတာစီးတီးတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဂရီးလစ္ရွ္ရဲ႕ ေထာင့္ကန္ေဘာကေန ဒတ္ခ်္ေနာက္ခံလူ အာေကက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့သလို RB လိုက္ပ္ဇစ္ဂိုးသမားနဲ႔ ေနာက္တန္းေတြၾကားက အားအနည္းဆုံးေနရာကိုမွ ေ႐ြးၿပီး ထိုးႏွက္သြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာက ဂရီးလစ္ရွ္အတြက္ ခူးၿပီးခပ္ၿပီးပုံစံနဲ႔ ပိတ္သြင္းဖို႔ ေရာက္ရွိလာခဲ့ေပမယ့္ သူသြင္းယူႏိုင္ဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာ တားဆီးဖို႔ ႀကိဳးစားတဲ့ RB လိုက္ပ္ဇစ္ရဲ႕ ဒီေန႔မွာ အမွားမ်ားေနတဲ့ ေနာက္ခံလူ မူကီလီက ခ်ိန္သားလြဲၿပီး ကိုယ့္ဂိုးထဲကိုယ္ ေခါင္းတိုက္သြင္းခဲ့မိတာေၾကာင့္ စီးတီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ အန္ဒရီ ေဆးလ္ဗား ဂိုးျပန္သြင္းေပမယ့္ လူကြၽံေနခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ RB လိုက္ပ္ဇစ္တို႔ တစ္ဂိုးျပန္ရွာေဖြႏိုင္ခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက အီမီးလ္ ေဖာ့စ္ဘတ္ရဲ႕ ျဖတ္တင္ေဘာကို ညာေနာက္ခံလူ မူကီလီက ဇင္ခ်န္ကိုေပၚက ေက်ာ္ၿပီး ေခါင္းတိုက္ခ်ေပးတာကို အန္ကြန္ကူးက အနီးကပ္ ထပ္ဆင့္ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္ရဲ႕ ေခါင္းတိုက္ခ်က္က လိုက္ပ္ဇစ္ေနာက္ခံလူ ကလိုစတာမန္းရဲ႕ လက္နဲ႔ ထိမိခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို အယ္လ္ဂ်ီးရီးယားေတာင္ပံသမား မာရက္ဇ္က ဂိုးသမား ဂူလာခ်ီ ဒိုက္ပစ္တဲ့ဘက္နဲ႔ ေထာင့္ျဖတ္အေပၚဘက္ကို ကန္သြင္းၿပီး မန္စီးတီးတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၆ မိနစ္အၾကာမွာေတာ့ အန္ကြန္ကူးကပဲ ေခါင္းတိုက္ၿပီး ေနာက္ထပ္ေခ်ပဂိုးတစ္ဂိုး သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးမွာေတာ့ မန္စီးတီးတို႔ရဲ႕ အံ့ဩစရာေကာင္းေလာက္ေအာင္ ေပါ့ေလ်ာ့တဲ့ ခံစစ္ကစားပုံနဲ႔ လူမကပ္ဘဲ လႊတ္ထားခံရတဲ့ ျပင္သစ္သားက ဒီယက္စ္နဲ႔ အာေကတို႔ႏွစ္ေယာက္ၾကားကေန ဒါနီ အိုလ္မိုရဲ႕ ျဖတ္တင္ေဘာကို အဆုံးသတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာ အသင္းနဲ႔ ပိုမိုအသားက်လာၿပီး ယုံၾကည္မႈ ပိုျမင့္မားလာတဲ့ ကြင္းလယ္လူ ဂရီးလစ္ရွ္က ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရယူေပးခဲ့ၿပီး ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ ကန္တင္လိုက္ေတာ့ ေဘာလုံးကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အတြင္းကို ခ်ိဳးဝင္ၿပီး လိုက္ပ္ဇစ္ေနာက္ခံလူ ၄ ေယာက္ၾကားကေန သူ႔ရဲ႕ ခ်န္ပီယံလိဂ္ ပထမဆုံး ပြဲဦးထြက္မွာပဲ သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ဖယ္ရန္ ေတာရက္စ္က ဂိုးသမားကိုပါ လိမ္ၿပီးမွ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာအျဖစ္ မွားယြင္းသတ္မွတ္ခံရလို႔ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အန္ကြန္ကူးကပဲ မန္စီးတီးရဲ႕ စုတ္ျပတ္ေနတဲ့ ဘယ္ျခမ္းခံစစ္မွာ ေရတြင္းထပ္တူးႏိုင္ခဲ့သလို သူ႔ရဲ႕ ဟက္ထရစ္အျဖစ္နဲ႔ ခံစစ္ပိုင္းမွာ သုံးစားမရတဲ့ ဇင္ခ်န္ကိုနဲ႔ အာေကကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား အီဒါဆန္ ပိတ္ထားတဲ့ၾကားက အနိမ့္ေဘာျဖတ္ကန္သြင္းယူသြားခဲ့လို႔ ေလးဂိုး-သုံးဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ခံစစ္နဲ႔ ကြင္းလယ္ၾကားမွာ ေနရာလြတ္ေတြ မ်ားေနခဲ့တဲ့ လိုက္ပ္ဇစ္တို႔ အထိနာသြားခဲ့ၿပီး စတာလင္၊ ဂရီးလစ္ရွ္နဲ႔ ဂြန္ဒိုးဝမ္တို႔ေတြ ဆက္တိုက္အေပးအယူလုပ္ၿပီး ရလာတဲ့ ေဘာလုံးကို ကန္ဆယ္လိုက အေဝးကေန ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ဂိုးဝင္သြားခဲ့ၿပီး ဧည့္သည္ေတြရဲ႕ သေရရဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ႐ိုက္ခ်ိဳးခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ အသင္းေဟာင္းကို ရင္ဆိုင္လာခဲ့တဲ့ လိုက္ပ္ဇစ္ေနာက္ခံလူ အန္ဟဲလီညိဳ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံရသလို ပၪၥမေျမာက္ဂိုးသြင္းရွင္ ကန္ဆယ္လို ေဘာလုံးရယူအၿပီးမွာ ဖ်က္ထုတ္တဲ့ ကန္ခ်က္က ေနာက္က်ေနၿပီး လူကိုပဲ ကန္မိခဲ့တာေၾကာင့္ လိုက္ပ္ဇစ္တို႔ ၁၀ ေယာက္ျဖစ္သြားခဲ့ခ်ိန္မွာေတာ့ မန္စီးတီးတို႔အတြက္ စိတ္ေအးရတဲ့ ပြဲျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အန္ကြန္ကူးရဲ႕ ဟက္ထရစ္ကို အလဟႆျဖစ္ေစမယ့္ ဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဒီယက္စ္နဲ႔ ေအာ္ဘန္တို႔ အၿပိဳင္လုၾကရင္း စင္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘယ္ဘက္ဂိုးတိုင္ေဘးမွာ ေနရာယူထားတဲ့ လူစားဝင္တိုက္စစ္မႉး ေဂ်ဆူးစ္က ပိတ္သြင္းႏိုင္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာ မန္စီးတီးတို႔ကို ေျခာက္ဂိုး-သုံးဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ေစခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲရဲ႕ ေျခစြမ္းအရေတာ့ မန္စီးတီးတို႔အေနနဲ႔ ဇင္ခ်န္ကိုေရာ မန္ဒီပါ ဘယ္ျခမ္းခံစစ္မွာ သုံးစားမရမွန္း ကြက္ကြက္ကြင္းကြင္း ေပၚလြင္ခဲ့တာျဖစ္သလို ဒီယက္စ္ကိုလည္း စတုန္းစ္၊ လာေပါ့တ္တို႔ႏွစ္ေယာက္နဲ႔သာ တြဲရမွာျဖစ္ၿပီး ေဘာင္မဝင္တဲ့ အာေကကို ယုံလို႔ မရႏိုင္ခ်ိန္မွာ နည္းျပ ဂြါဒီယိုလာအတြက္ေတာ့ လူသစ္မေခၚႏိုင္ခဲ့တဲ့ တိုက္စစ္အတြက္ ရင္ေအးခဲ့ရအၿပီး ခံစစ္ျပႆနာကို ဆက္လက္ေျဖရွင္းရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.