Premier League

အသင္းကို တစ္စိတ္တစ္ဝမ္းတည္းျဖစ္ေအာင္လုပ္ေပးခဲ့တဲ့ အာတီတာကို မူစတာဖီ ခ်ီးက်ဴး

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီက နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေရာက္ရွိလာကတည္းက ကစားသမားေတြအားလုံး အဆင္ေျပေျပနဲ႔ အက်ဳိးျဖစ္ထြန္းခဲ့ၾကၿပီး ဒီထဲမွာ သူကိုယ္တုိင္အျပင္ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္နဲ႔ ဂရာနစ္ ခ်ာကာတို႔လည္း ပါဝင္တယ္လို႔ ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

အသင္းရဲ႕ အပယ္ခံကစားသမားတစ္ဦးဘဝကို ေရာက္ရွိခဲ့ဖူးတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ဂ်ာမန္ေနာက္ခံလူက အာတီတာဟာ တကယ့္နည္းျပေကာင္းတစ္ဦးျဖစ္ၿပီး သူ႔အေနနဲ႔ေတာ့ ပါေမာကၡေလးတစ္ဦးလို႔ ေခၚခ်င္တယ္လို႔ ဆုိခဲ့သလို သူ႕ရဲ႕ဦးေဆာင္မွဳနဲ႔ စီမံခန္႔ခြဲမွဳေတြဟာ ဝါရင့္ကစားသမားေတြရဲ႕ ေလးစားမွဳကိုလည္း ရယူႏုိင္ခဲ့တယ္လို႔ ေျပာခဲ့တာပါ။

“သူ႕ကိုေတာ့ ပါေမာကၡေလးတစ္ေယာက္လုိ႔ပဲ ေျပာရမွာေပါ့ဗ်ာ။ ကၽြန္ေတာ္ ေဘာလုံးေပးမယ္လုပ္ရင္ ေဘာလုံးဆုံးရွဳံးႏုိင္တာကုိ ေတြးဖို႔ထက္ ေပးရမယ့္ေနရာကို ေသခ်ာအာ႐ုံစူးစိုက္ၿပီး ေပးပုိ႔ဖို႔ကိုပဲ သူက သင္တယ္။ ခံစစ္မွာ ကစားေနေပမယ့္ တုိက္စစ္ကို အက်ဳိးျပဳဖို႔ တုိက္တြန္းတယ္။ ေဘာလုံးရေနတဲ့ ကစားသမားအတြက္ ေဘာလုံးေပးဖို႔ ေရြးခ်ယ္စရာ ရွိေအာင္ အားလုံးကို အသင့္ျပင္ၿပီး ကူညီေပးခိုင္းထားတယ္”လို႔ မူစတာဖီက ေျပာျပပါတယ္။

အယ္လ္ေဘးနီးယားႏြယ္ဖြား ဂ်ာမန္ေနာက္ခံလူက သူ႕အေနနဲ႔ အသက္ ၂၈ ႏွစ္ရွိခဲ့ၿပီး ဥေရာပလိဂ္ေတြမွာလည္း ကစားဖူးခဲ့ခ်ိန္မွာ နည္းျပေတြအေၾကာင္း ေတာ္ေတာ္ေလးသိၿပီ ထင္ေနခဲ့ေပမယ့္ အာတီတာနဲ႔မွ မွားမွန္းသိေတာ့တယ္လို႔ ဆုိခဲ့ၿပီး နည္းျပေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ကစားသမား ၂၅ ဦးမွာ ၂၀ ကို စည္း႐ုံးႏုိင္ရင္ ေအာင္ျမင္တယ္လို႔ ေျပာရမယ့္အခ်ိန္မွာ အာတီတာကေတာ့ ေရာက္လာကတည္းက သူ႕ဘက္မွာ အသင္းသားအားလုံး ရွိေနေအာင္ တတ္ႏုိင္တဲ့သူမ်ဳိးျဖစ္တယ္လို႔လည္း ဆုိပါတယ္။

“မီခယ္လ္အေနနဲ႔ လုပ္ျပခဲ့တာေတြက မလြယ္ကူတဲ့ အရာေတြခ်ည္းျဖစ္ၿပီး ကစားသမားအားလုံးကို သူေျပာသမွ် နည္းစနစ္ပုိင္းေတြကို နားလည္ေနေအာင္နဲ႔ ကန္႔ကြက္သူ မရွိေအာင္ လုပ္ျပခဲ့တာပါ။ အားလုံးအေနနဲ႔ သူ႕လက္ေအာက္မွာ အဆင္ေျပေျပနဲ႔ အက်ဳိးရွိခဲ့ၿပီး ဒီထဲမွာ မီဆြတ္လည္း ပါတာေပါ့ဗ်ာ”လို႔ မူစတာဖီက အာတီတာရဲ႕ အသင္းကို ျပဳျပင္ေျပာင္းလဲခဲ့ပုံေတြကို ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီက နည်းပြ မီခယ်လ် အာတီတာရဲ့ ရောက်ရှိလာကတည်းက ကစားသမားတွေအားလုံး အဆင်ပြေပြေနဲ့ အကျိုးဖြစ်ထွန်းခဲ့ကြပြီး ဒီထဲမှာ သူကိုယ်တိုင်အပြင် ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ ဂရာနစ် ချာကာတို့လည်း ပါဝင်တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။

အသင်းရဲ့ အပယ်ခံကစားသမားတစ်ဦးဘဝကို ရောက်ရှိခဲ့ဖူးတဲ့ အသက် ၂၈ နှစ်အရွယ် ဂျာမန်နောက်ခံလူက အာတီတာဟာ တကယ့်နည်းပြကောင်းတစ်ဦးဖြစ်ပြီး သူ့အနေနဲ့တော့ ပါမောက္ခလေးတစ်ဦးလို့ ခေါ်ချင်တယ်လို့ ဆိုခဲ့သလို သူ့ရဲ့ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုတွေဟာ ဝါရင့်ကစားသမားတွေရဲ့ လေးစားမှုကိုလည်း ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

“သူ့ကိုတော့ ပါမောက္ခလေးတစ်ယောက်လို့ပဲ ပြောရမှာပေါ့ဗျာ။ ကျွန်တော် ဘောလုံးပေးမယ်လုပ်ရင် ဘောလုံးဆုံးရှုံးနိုင်တာကို တွေးဖို့ထက် ပေးရမယ့်နေရာကို သေချာအာရုံစူးစိုက်ပြီး ပေးပို့ဖို့ကိုပဲ သူက သင်တယ်။ ခံစစ်မှာ ကစားနေပေမယ့် တိုက်စစ်ကို အကျိုးပြုဖို့ တိုက်တွန်းတယ်။ ဘောလုံးရနေတဲ့ ကစားသမားအတွက် ဘောလုံးပေးဖို့ ရွေးချယ်စရာ ရှိအောင် အားလုံးကို အသင့်ပြင်ပြီး ကူညီပေးခိုင်းထားတယ်”လို့ မူစတာဖီက ပြောပြပါတယ်။

အယ်လ်ဘေးနီးယားနွယ်ဖွား ဂျာမန်နောက်ခံလူက သူ့အနေနဲ့ အသက် ၂၈ နှစ်ရှိခဲ့ပြီး ဥရောပလိဂ်တွေမှာလည်း ကစားဖူးခဲ့ချိန်မှာ နည်းပြတွေအကြောင်း တော်တော်လေးသိပြီ ထင်နေခဲ့ပေမယ့် အာတီတာနဲ့မှ မှားမှန်းသိတော့တယ်လို့ ဆိုခဲ့ပြီး နည်းပြတော်တော်များများအနေနဲ့ ကစားသမား ၂၅ ဦးမှာ ၂၀ ကို စည်းရုံးနိုင်ရင် အောင်မြင်တယ်လို့ ပြောရမယ့်အချိန်မှာ အာတီတာကတော့ ရောက်လာကတည်းက သူ့ဘက်မှာ အသင်းသားအားလုံး ရှိနေအောင် တတ်နိုင်တဲ့သူမျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မီခယ်လ်အနေနဲ့ လုပ်ပြခဲ့တာတွေက မလွယ်ကူတဲ့ အရာတွေချည်းဖြစ်ပြီး ကစားသမားအားလုံးကို သူပြောသမျှ နည်းစနစ်ပိုင်းတွေကို နားလည်နေအောင်နဲ့ ကန့်ကွက်သူ မရှိအောင် လုပ်ပြခဲ့တာပါ။ အားလုံးအနေနဲ့ သူ့လက်အောက်မှာ အဆင်ပြေပြေနဲ့ အကျိုးရှိခဲ့ပြီး ဒီထဲမှာ မီဆွတ်လည်း ပါတာပေါ့ဗျာ”လို့ မူစတာဖီက အာတီတာရဲ့ အသင်းကို ပြုပြင်ပြောင်းလဲခဲ့ပုံတွေကို ထုတ်ဖော်ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.