Match Report Premier League UCL&UEL

အကြိတ်အနယ်ဖြစ်တတ်တဲ့ မီလန်ကို ဂိုးအပြန်အလှန်သွင်းပြီးမှ အနိုင်ယူတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ်နဲ့ နိုင်ငံအသင်းပွဲစဉ်တွေကြား ဆက်တိုက်ကစားခဲ့ရတဲ့ ကစားသမားတွေထဲက ဗန်ဒိုက်၊ မာနေးနဲ့ သီယာဂိုတို့ကို အနားပေးခဲ့ပြီး လူငယ်ကစားသမား အဲလီးယော့ကတော့ ဒဏ်ရာကြောင့် အနားယူရတော့မယ့်အချိန်မှာ သူ့နေရာကို ကီးတားနဲ့ အစားထိုးခဲ့သလို အထောင်တိုက်စစ်မှာတော့ အိုရီဂီကို နည်းပြ ကလော့ပ်က သုံးစွဲပြီး ပွဲထွက်လာခဲ့ပါတယ်။

အေစီမီလန်ကတော့ ဒီနေ့ပွဲမှာ အဓိက ကွင်းလယ်လူ တိုနာလီကို အနားပေးထားခဲ့ပြီး ကျန်တဲ့ ကစားသမားတွေကိုတော့ အစုံအလင်သုံးပြီး အန်းဖီးလ်ကို ခံစစ်အားပြုတဲ့ ကွင်းလယ်နဲ့ ရောက်ရှိလာခဲ့ချိန်မှာ ပွဲက တော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်တွေအတွက် ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေထဲက အစ္စတန်ဘူလ်ဖိုင်နယ်ကို သတိရစေခဲ့တာပါ။

လီဗာပူးလ်ရဲ့ ပွဲအစ တိုက်စစ်ဆင်မှုတွေက ဘယ်ခြမ်းက များခဲ့ပြီး ဖန်တီးမှုတွေ ကောင်းပေမယ့် အိုရီဂီနဲ့ ဂျိုတာတို့ အသုံးမချနိုင်ခဲ့တာကတော့ ပြီးခဲ့တဲ့ ပွဲတွေကအတိုင်းပဲ အားရစရာ မရှိခဲ့သလို အေစီမီလန်နောက်တန်းရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေကို မကျော်နိုင်ခဲ့တာလည်း တွေ့ခဲ့ရပြီး ပွဲချိန် ၈ မိနစ်မှာတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ထောင့်ကန်ဘောကနေ မာတစ်ပ်ရဲ့ ခေါင်းတိုက်ချက်ကိုလည်း ဧည့်သည်ဂိုးသမား မေညွန် ကာကွယ်သွားနိုင်ပါတယ်။

ပွဲချိန် ၉ မိနစ်မှာ လီဗာပူးလ်တို့ ဂိုးစရခဲ့ပြီး ညာခြမ်းကနေ ဆာလားနဲ့ ဝမ်းတူးရိုက်ထွက်သွားခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က တောက်လျှောက်ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးနောက်ခံလူဟောင်း တိုမိုရီ ပိတ်ဆို့ဖို့ နောက်ကျနေခဲ့ပြီး အလောတကြီးနဲ့ အသည်းအသန် လိုက်လံ ဖျက်ထုတ်မှုက သူနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ Own Goal အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဆာလားရဲ့ ဂိုးဧရိယာထဲက အခွင့်အရေးကို တိုမိုရီ ပိတ်ဆို့ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာတော့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ရဲ့ ကန်ချက်ကို အေစီမီလန်ကွင်းလယ်လူ ဘင်နာဆာ လက်ထိခဲ့လို့ ပိုလန်ဒိုင်လူကြီး မားချီနီယက်ခ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီပင်နယ်တီကို ဆာလားရဲ့ ကန်သွင်းချက်ကိုတော့ အေစီမီလန်ဂိုးသမား မေညွန်က မှန်မှန်ကန်ကန် မှန်းဆကာကွယ်သွားနိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရောဘတ်ဆန် ထပ်ဆင့်ခေါင်းတိုက်သွင်းချက်ကိုလည်း ကာကွယ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ရဲ့ ပထမပိုင်းမှာ ပြတ်သားစွာ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ရိုက်ချိုးခံခဲ့ရတာပါ။

ပွဲချိန် ၂၉ မိနစ်က ဆာလားရဲ့ ကန်ချက်ပြင်းပြင်းကိုလည်း ဂိုးသမား မေညွန် ပုတ်ထုတ်နိုင်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ ဧည့်သည် အေစီမီလန်တို့ ချေပဂိုးပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ‌ဒီဂိုးကိုတော့ ဗန်ဒိုက်မပါလို့ အနည်းငယ် မတည်ငြိမ်ခဲ့တဲ့ နောက်တန်းကြားကနေ လူကပ်ထားခြင်းမခံရတဲ့ ရီဘစ်ချ်က လီယာအိုရဲ့ ပေးပို့မှုကို အနိမ့်ဘောကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းပြီး အယ်လစ်ဆန်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ လီဗာပူးလ်တို့ နောက်တစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရပြီး တန်ပြန်တိုက်စစ်က လီယာအိုရဲ့ ထိုးဖောက်မှုကနေ ပေးပို့ခဲ့တာကို ရီဘစ်ချ်က အတွင်းကို ထိုးပေးခဲ့တာမှာ ဆယ်လီမိတ်ကာစ်ရဲ့ ကန်ချက်က ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ရောဘတ်ဆန်နဲ့ ထိပြီး ဂိုးစည်းရှေ့မှာ ကျန်နေခဲ့တဲ့ ဘောလုံးကို ဘရာဟင်မ် ဒီယက်ဇ်က ပြေးဝင်ပိတ်သွင်းသွားခဲ့တာပါ။

ဂျိုးဂိုမက်ဇ်နဲ့ မာတစ်ပ်တို့ လုံးဝအတွဲအဖက် မမိခဲ့တဲ့ ပထမပိုင်းအပြီးမှာ ဧည့်သည်အေစီမီလန်တို့အနေနဲ့ အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် နည်းပြ ကလော့ပ်တစ်ယောက် စိတ်အပျက်ကြီးပျက်ခဲ့ရပြီး ဒုတိယပိုင်းအစမှာတော့ လီဗာပူးလ်တို့ တင်ကစားလာခဲ့ကြပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ ဖာဘင်ညိုပေးတာကို ဆာလားက အိုရီဂီနဲ့ ဝမ်းတူးရိုက်ထွက်ခဲ့ပြီး နောက်တန်းပေါ်က ကျော်ကျလာခဲ့တဲ့ ဘောလုံးကို ဂိုးသမား မေညွန်နဲ့ တစ်ယောက်ချင်းအတွေ့မှာ အချိန်မဆိုင်းဘဲ ဘယ်ခြေဖမိုးနဲ့ထိုးထည့်ပြီး ကြုံသလို ကန်ထည့်သွားခဲ့ပြီး နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

သရေကျနေချိန်မှာတော့ လီဗာပူးလ်တို့ လူစားလဲပြီး နိုင်ပွဲရှာဖွေဖို့ အိုရီဂီအစား မာနေးဝင်ကစားပြီး တိုက်စစ်မြှင့်ခဲ့ချိန်မှာ ပွဲချိန် ၆၉ မိနစ်မှာတော့ ထောင့်ကန်ဘောက ကျလာခဲ့တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဟန်ဒါဆန်က စတီဗင် ဂျရတ်ကို သတိရစေမယ့် ကန်ချက်မျိုးနဲ့ ကိုက် ၂၀ အကွာကနေ မြေရှပ်ဘော Half Volley အပြင်းကန်သွင်းယူခဲ့ပြီး အနိုင်ဂိုး ရယူပေးသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ သီယာဂို၊ ကားတစ် ဂျုံးစ်၊ ချိမ်ဘာလိန်နဲ့ မီလ်နာတို့ လူစားဝင်ကစားခဲ့ကြပြီး စုစုပေါင်း ၂၃ ကြိမ်အထိ ကန်ခွင့်ရခဲ့တဲ့ပွဲမှာ ဂိုးပေါက် ၈ ကြိမ်ထက် ပိုတည့်အောင် မလုပ်နိုင်ကြတော့တာမို့ သုံးဂိုး-နှစ်ဂိုး နိုင်ပွဲနဲ့ပဲ ပြီးဆုံးခဲ့ပြီး အကြိတ်အနယ် အမြဲတမ်းဖြစ်တတ်တဲ့ ပြိုင်ဘက် အေစီမီလန်နဲ့ပွဲမှာ အတိတ်က ရင်ခုန်စရာတွေကို အပျော်နဲ့ ပြန်တွေးနိုင်ခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပရီးမီးယားလိဂ္နဲ႔ ႏိုင္ငံအသင္းပြဲစဥ္ေတြၾကား ဆက္တိုက္ကစားခဲ့ရတဲ့ ကစားသမားေတြထဲက ဗန္ဒိုက္၊ မာေနးနဲ႔ သီယာဂိုတို႔ကို အနားေပးခဲ့ၿပီး လူငယ္ကစားသမား အဲလီးေယာ့ကေတာ့ ဒဏ္ရာေၾကာင့္ အနားယူရေတာ့မယ့္အခ်ိန္မွာ သူ႔ေနရာကို ကီးတားနဲ႔ အစားထိုးခဲ့သလို အေထာင္တိုက္စစ္မွာေတာ့ အိုရီဂီကို နည္းျပ ကေလာ့ပ္က သုံးစြဲၿပီး ပြဲထြက္လာခဲ့ပါတယ္။

ေအစီမီလန္ကေတာ့ ဒီေန႔ပြဲမွာ အဓိက ကြင္းလယ္လူ တိုနာလီကို အနားေပးထားခဲ့ၿပီး က်န္တဲ့ ကစားသမားေတြကိုေတာ့ အစုံအလင္သုံးၿပီး အန္းဖီးလ္ကို ခံစစ္အားျပဳတဲ့ ကြင္းလယ္နဲ႔ ေရာက္ရွိလာခဲ့ခ်ိန္မွာ ပြဲက ေတာ္ေတာ္ေလး အႀကိတ္အနယ္ရွိခဲ့ၿပီး ပရိသတ္ေတြအတြက္ ၿပီးခဲ့တဲ့ ေတြ႕ဆုံမႈေတြထဲက အစၥတန္ဘူလ္ဖိုင္နယ္ကို သတိရေစခဲ့တာပါ။

လီဗာပူးလ္ရဲ႕ ပြဲအစ တိုက္စစ္ဆင္မႈေတြက ဘယ္ျခမ္းက မ်ားခဲ့ၿပီး ဖန္တီးမႈေတြ ေကာင္းေပမယ့္ အိုရီဂီနဲ႔ ဂ်ိဳတာတို႔ အသုံးမခ်ႏိုင္ခဲ့တာကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကအတိုင္းပဲ အားရစရာ မရွိခဲ့သလို ေအစီမီလန္ေနာက္တန္းရဲ႕ ေႏွာင့္ယွက္ဖ်က္ဆီးမႈေတြကို မေက်ာ္ႏိုင္ခဲ့တာလည္း ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ေထာင့္ကန္ေဘာကေန မာတစ္ပ္ရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း ဧည့္သည္ဂိုးသမား ေမၫြန္ ကာကြယ္သြားႏိုင္ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာ လီဗာပူးလ္တို႔ ဂိုးစရခဲ့ၿပီး ညာျခမ္းကေန ဆာလားနဲ႔ ဝမ္းတူး႐ိုက္ထြက္သြားခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ကန္သြင္းခဲ့ရာမွာ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း တိုမိုရီ ပိတ္ဆို႔ဖို႔ ေနာက္က်ေနခဲ့ၿပီး အေလာတႀကီးနဲ႔ အသည္းအသန္ လိုက္လံ ဖ်က္ထုတ္မႈက သူနဲ႔ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ Own Goal အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဆာလားရဲ႕ ဂိုးဧရိယာထဲက အခြင့္အေရးကို တိုမိုရီ ပိတ္ဆို႔ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ရဲ႕ ကန္ခ်က္ကို ေအစီမီလန္ကြင္းလယ္လူ ဘင္နာဆာ လက္ထိခဲ့လို႔ ပိုလန္ဒိုင္လူႀကီး မားခ်ီနီယက္ခ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ ဒီပင္နယ္တီကို ဆာလားရဲ႕ ကန္သြင္းခ်က္ကိုေတာ့ ေအစီမီလန္ဂိုးသမား ေမၫြန္က မွန္မွန္ကန္ကန္ မွန္းဆကာကြယ္သြားႏိုင္ခဲ့ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေရာဘတ္ဆန္ ထပ္ဆင့္ေခါင္းတိုက္သြင္းခ်က္ကိုလည္း ကာကြယ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ရဲ႕ ပထမပိုင္းမွာ ျပတ္သားစြာ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို ႐ိုက္ခ်ိဳးခံခဲ့ရတာပါ။

ပြဲခ်ိန္ ၂၉ မိနစ္က ဆာလားရဲ႕ ကန္ခ်က္ျပင္းျပင္းကိုလည္း ဂိုးသမား ေမၫြန္ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဧည့္သည္ ေအစီမီလန္တို႔ ေခ်ပဂိုးျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။ ‌ဒီဂိုးကိုေတာ့ ဗန္ဒိုက္မပါလို႔ အနည္းငယ္ မတည္ၿငိမ္ခဲ့တဲ့ ေနာက္တန္းၾကားကေန လူကပ္ထားျခင္းမခံရတဲ့ ရီဘစ္ခ်္က လီယာအိုရဲ႕ ေပးပို႔မႈကို အနိမ့္ေဘာကန္ခ်က္ျပင္းျပင္းနဲ႔ ကန္သြင္းၿပီး အယ္လစ္ဆန္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေနာက္တစ္ဂိုး ထပ္မံခြင့္ျပဳခဲ့ရၿပီး တန္ျပန္တိုက္စစ္က လီယာအိုရဲ႕ ထိုးေဖာက္မႈကေန ေပးပို႔ခဲ့တာကို ရီဘစ္ခ်္က အတြင္းကို ထိုးေပးခဲ့တာမွာ ဆယ္လီမိတ္ကာစ္ရဲ႕ ကန္ခ်က္က ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေရာဘတ္ဆန္နဲ႔ ထိၿပီး ဂိုးစည္းေရွ႕မွာ က်န္ေနခဲ့တဲ့ ေဘာလုံးကို ဘရာဟင္မ္ ဒီယက္ဇ္က ေျပးဝင္ပိတ္သြင္းသြားခဲ့တာပါ။

ဂ်ိဳးဂိုမက္ဇ္နဲ႔ မာတစ္ပ္တို႔ လုံးဝအတြဲအဖက္ မမိခဲ့တဲ့ ပထမပိုင္းအၿပီးမွာ ဧည့္သည္ေအစီမီလန္တို႔အေနနဲ႔ အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ နည္းျပ ကေလာ့ပ္တစ္ေယာက္ စိတ္အပ်က္ႀကီးပ်က္ခဲ့ရၿပီး ဒုတိယပိုင္းအစမွာေတာ့ လီဗာပူးလ္တို႔ တင္ကစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဖာဘင္ညိဳေပးတာကို ဆာလားက အိုရီဂီနဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့ၿပီး ေနာက္တန္းေပၚက ေက်ာ္က်လာခဲ့တဲ့ ေဘာလုံးကို ဂိုးသမား ေမၫြန္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အခ်ိန္မဆိုင္းဘဲ ဘယ္ေျခဖမိုးနဲ႔ထိုးထည့္ၿပီး ႀကဳံသလို ကန္ထည့္သြားခဲ့ၿပီး ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

သေရက်ေနခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ လူစားလဲၿပီး ႏိုင္ပြဲရွာေဖြဖို႔ အိုရီဂီအစား မာေနးဝင္ကစားၿပီး တိုက္စစ္ျမႇင့္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက က်လာခဲ့တဲ့ ေဘာလုံးကို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က စတီဗင္ ဂ်ရတ္ကို သတိရေစမယ့္ ကန္ခ်က္မ်ိဳးနဲ႔ ကိုက္ ၂၀ အကြာကေန ေျမရွပ္ေဘာ Half Volley အျပင္းကန္သြင္းယူခဲ့ၿပီး အႏိုင္ဂိုး ရယူေပးသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ သီယာဂို၊ ကားတစ္ ဂ်ဳံးစ္၊ ခ်ိမ္ဘာလိန္နဲ႔ မီလ္နာတို႔ လူစားဝင္ကစားခဲ့ၾကၿပီး စုစုေပါင္း ၂၃ ႀကိမ္အထိ ကန္ခြင့္ရခဲ့တဲ့ပြဲမွာ ဂိုးေပါက္ ၈ ႀကိမ္ထက္ ပိုတည့္ေအာင္ မလုပ္ႏိုင္ၾကေတာ့တာမို႔ သုံးဂိုး-ႏွစ္ဂိုး ႏိုင္ပြဲနဲ႔ပဲ ၿပီးဆုံးခဲ့ၿပီး အႀကိတ္အနယ္ အၿမဲတမ္းျဖစ္တတ္တဲ့ ၿပိဳင္ဘက္ ေအစီမီလန္နဲ႔ပြဲမွာ အတိတ္က ရင္ခုန္စရာေတြကို အေပ်ာ္နဲ႔ ျပန္ေတြးႏိုင္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.