Premier League UCL&UEL

မဂိုးခင် ကွင်းထဲ ပြေးဝင်နေတဲ့ ယန်းဘွိုင်းစ်တွေနဲ့ ဆိုးလ်ရှားဘေးက နည်းပြ ‌CR7

ပြီးခဲ့တဲ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန် ၉၅ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးအတွက် ယန်းဘွိုင်းစ်အသင်းသားတွေအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး သီယိုဆန်-ဂျော်ဒန် ဆီးဘက်ရှူး-ပီဖော့ခ် ဂိုးသွင်းမယူခင်မှာပဲ ကွင်းထဲကို ပြေးဝင်အောင်ပွဲခံဖို့ ခြေလှမ်းပြင်နေကြတာကို အံ့ဩဖွယ်ရာအဖြစ် တွေ့ရှိခဲ့ရပါတယ်။

နာကျင်အချိန်ပိုအထိ သရေရလဒ်ကို ထိန်းကစားခဲ့တဲ့ ယူနိုက်တက်အတွက်တော့ ရော်နယ်လ်ဒိုအစား ဝင်ကစားခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ရဲ့ ဘယ်ဘောင်မှ မဝင်တဲ့ နောက်ပြန်ပေးမှုကနေ အသက် ၂၅ နှစ်အရွယ်မှာ နာမည်မရသေးတဲ့ အမေရိကန်တိုက်စစ်မှူးက ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့အတွေ့မှာ အဆုံးသတ်သွားနိုင်ခဲ့တာပါ။

ပရိသတ်တချို့အတွက်တော့ ဒီဘောလုံးကို ဒဟေးယားအနေနဲ့ ပိတ်ဆို့ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကောင်းမျှော်လင့်ခဲ့ကြမှာဖြစ်ပေမယ့် အရန်ခုံက ယန်းဘွိုင်းစ်အသင်းသားတွေကတော့ သူတို့တိုက်စစ်မှူးကို ယုံကြည်ချက်အပြည့်အဝရှိခဲ့ကြတာဖြစ်ပြီး ဆီးဘက်ရှူးရဲ့ ဂိုးသွင်းယူအပြီးမှာပဲ အောင်ပွဲခံတဲ့ သူ့နောက်ကို ပြေးလိုက်ခဲ့ကြတာကို တွေ့မြင်ခဲ့ရတာပါ။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၇၂ မိနစ်သာ ကစားခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ကန်ချက် ၂ ကြိမ်ကနေ တစ်သင်းလုံးအတွက် စုစုပေါင်း ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရသလို ပြိုင်ဘက် ဟတ်ဒါစ်ဖီးလ်ဒ်နည်းပြဟောင်း ဒေးဗစ် ဝဂ္ဂနာရဲ့ အသင်းကတော့ ပွဲရဲ့ နောက်ဆုံးခြိမ်းခြောက်မှု ၁၀ ကြိမ်ဆက်တိုက်ကိုလည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသင်းရဲ့ ကစားပုံအတွက်တော့ ဂိုးသွင်းရှင် ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုအနေနဲ့ စိတ်ပျက်စွာနဲ့ အော်ဟစ်နေတာကိုလည်း တွေ့ခဲ့ရပြီး နည်းပြ ဆိုးလ်ရှားရဲ့ ဘေးကနေ အသင်းဖော်တွေကို ညွှန်ကြားမှုတွေ ပြုလုပ်နေခဲ့တာကို သူ့ရဲ့ ပေါ်တူဂီလက်ရွေးစင်က ပုံစံတွေအတိုင်းလည်း မြင်ခဲ့ရတာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကပါ အနားကို ရောက်ရှိလာခဲ့အပြီးမှာတော့ အော်ဟစ်တဲ့ ပေါ်တူဂီသားအင်အားက နှစ်ယောက်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းအတွက် သူတို့ရဲ့ တွန်းအားပေးမှုတွေက ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နည်းပြအတွက်တော့ ဂွမ်းစရာ ဖြစ်သွားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယို ဖာဒီနန်ကတော့ CR7 ကို သူသာ နည်းပြဆိုရင် ထိုင်ခိုင်းလိုက်မှာပဲ ဝေဖန်သွားခဲ့ချိန်မှာ BT Sport က တွဲဖက်သုံးသပ်သူ တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်ကတော့ သူဆိုရင်လည်း ထိုင်ခိုင်းမှာဖြစ်ပေမယ့် ရော်နယ်လ်ဒိုလို ကစားသမားမျိုးကိုတော့ လုပ်ပါစေလို့ပဲ ခွင့်ပေးရနိုင်တယ်လို့ ဖြေပြောပြောသွားခဲ့ချိန်မှာ ဖာဒီနန်ကလည်း သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်က ပရိသတ်တွေအတွက်တော့ ကောင်းတဲ့ အရာပါပဲလို့ ပြန်လည်သုံးသပ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲစဥ္မွာ ပြဲခ်ိန္ ၉၅ မိနစ္မွာ သြင္းယူခဲ့တဲ့ အႏိုင္ဂိုးအတြက္ ယန္းဘြိဳင္းစ္အသင္းသားေတြအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး သီယိုဆန္-ေဂ်ာ္ဒန္ ဆီးဘက္ရႉး-ပီေဖာ့ခ္ ဂိုးသြင္းမယူခင္မွာပဲ ကြင္းထဲကို ေျပးဝင္ေအာင္ပြဲခံဖို႔ ေျခလွမ္းျပင္ေနၾကတာကို အံ့ဩဖြယ္ရာအျဖစ္ ေတြ႕ရွိခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုအထိ သေရရလဒ္ကို ထိန္းကစားခဲ့တဲ့ ယူႏိုက္တက္အတြက္ေတာ့ ေရာ္နယ္လ္ဒိုအစား ဝင္ကစားခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ရဲ႕ ဘယ္ေဘာင္မွ မဝင္တဲ့ ေနာက္ျပန္ေပးမႈကေန အသက္ ၂၅ ႏွစ္အ႐ြယ္မွာ နာမည္မရေသးတဲ့ အေမရိကန္တိုက္စစ္မႉးက ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔အေတြ႕မွာ အဆုံးသတ္သြားႏိုင္ခဲ့တာပါ။

ပရိသတ္တခ်ိဳ႕အတြက္ေတာ့ ဒီေဘာလုံးကို ဒေဟးယားအေနနဲ႔ ပိတ္ဆို႔ကာကြယ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေကာင္းေမွ်ာ္လင့္ခဲ့ၾကမွာျဖစ္ေပမယ့္ အရန္ခုံက ယန္းဘြိဳင္းစ္အသင္းသားေတြကေတာ့ သူတို႔တိုက္စစ္မႉးကို ယုံၾကည္ခ်က္အျပည့္အဝရွိခဲ့ၾကတာျဖစ္ၿပီး ဆီးဘက္ရႉးရဲ႕ ဂိုးသြင္းယူအၿပီးမွာပဲ ေအာင္ပြဲခံတဲ့ သူ႔ေနာက္ကို ေျပးလိုက္ခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရတာပါ။

ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၇၂ မိနစ္သာ ကစားခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ကန္ခ်က္ ၂ ႀကိမ္ကေန တစ္သင္းလုံးအတြက္ စုစုေပါင္း ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာကေတာ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရသလို ၿပိဳင္ဘက္ ဟတ္ဒါစ္ဖီးလ္ဒ္နည္းျပေဟာင္း ေဒးဗစ္ ဝဂၢနာရဲ႕ အသင္းကေတာ့ ပြဲရဲ႕ ေနာက္ဆုံးၿခိမ္းေျခာက္မႈ ၁၀ ႀကိမ္ဆက္တိုက္ကိုလည္း ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အသင္းရဲ႕ ကစားပုံအတြက္ေတာ့ ဂိုးသြင္းရွင္ ဝါရင့္တိုက္စစ္မႉးႀကီး ေရာ္နယ္လ္ဒိုအေနနဲ႔ စိတ္ပ်က္စြာနဲ႔ ေအာ္ဟစ္ေနတာကိုလည္း ေတြ႕ခဲ့ရၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ ေဘးကေန အသင္းေဖာ္ေတြကို ၫႊန္ၾကားမႈေတြ ျပဳလုပ္ေနခဲ့တာကို သူ႔ရဲ႕ ေပၚတူဂီလက္ေ႐ြးစင္က ပုံစံေတြအတိုင္းလည္း ျမင္ခဲ့ရတာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကပါ အနားကို ေရာက္ရွိလာခဲ့အၿပီးမွာေတာ့ ေအာ္ဟစ္တဲ့ ေပၚတူဂီသားအင္အားက ႏွစ္ေယာက္အျဖစ္ကို ေျပာင္းလဲသြားခဲ့ၿပီး အသင္းရဲ႕ စိတ္ဓာတ္ပိုင္းအတြက္ သူတို႔ရဲ႕ တြန္းအားေပးမႈေတြက ဂုဏ္ယူစရာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ နည္းျပအတြက္ေတာ့ ဂြမ္းစရာ ျဖစ္သြားခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္ကေတာ့ CR7 ကို သူသာ နည္းျပဆိုရင္ ထိုင္ခိုင္းလိုက္မွာပဲ ေဝဖန္သြားခဲ့ခ်ိန္မွာ BT Sport က တြဲဖက္သုံးသပ္သူ တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္ကေတာ့ သူဆိုရင္လည္း ထိုင္ခိုင္းမွာျဖစ္ေပမယ့္ ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကိုေတာ့ လုပ္ပါေစလို႔ပဲ ခြင့္ေပးရႏိုင္တယ္လို႔ ေျဖေျပာေျပာသြားခဲ့ခ်ိန္မွာ ဖာဒီနန္ကလည္း သူ႔ရဲ႕ ျပင္းျပတဲ့ စိတ္ဓာတ္က ပရိသတ္ေတြအတြက္ေတာ့ ေကာင္းတဲ့ အရာပါပဲလို႔ ျပန္လည္သုံးသပ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.