Bundesliga La Liga UCL&UEL

ဘိုတန်ကို အရှက်ခွဲခဲ့တဲ့ မက်ဆီလိုမျိုး ပီကေးကို အရှက်ခွဲပြီး ပြန်လက်စားချေခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး

ပြီးခဲ့ညက ချန်ပီယံလိဂ်ည အုပ်စုပွဲစဥ် ၁ မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး မနှစ်က လစ္စဘွန်းက ၈-၂ ရလဒ်လောက် အနေအထားမလှပေပေမယ့် မက်ဆီမပါဝင်တဲ့ စပိန်ဘီလူးကြီးကလပ်ကိုတော့ ဥရောအအဆင့်မတိုးဝင်နိုင်အောင် တောက်ချသွားခဲ့ပါတယ်။

တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ခြေစွမ်းကလည်း အတော်လေး မက်လောက်စရာကောင်းခဲ့သလို နူးကမ့်မှာ ကစားခဲ့တဲ့ ပထမပိုင်းမှာတင် ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပိုလန်သားကြီးကတော့ ဒုတိယဦးဆောင်ဂိုးကို ဆက်လက်သွင်းယူသွားခဲ့တာပါ။ အခုဂိုးမှာတော့ ပြောစမှတ်ဖြစ်စရာလည်း ရှိခဲ့ပါတယ်။

ဘာစီလိုနာ ဂျရတ် ပီကေးကို အရူးလုံးလုံးဖြစ်အောင် လှည့်စားသွားခဲ့ပြီး တတိယဦးဆောင်ဂိိုးကလည်း အသက် ၃၃ နှစ်ကြီးက ထပ်မံသွင်းယူခဲ့ပုံမှာတော့ ပီကေးတယောက် ထပ်မံအရှက်ရစရာလည်းဖြစ်ခဲ့ပြီး မက်ဆီရဲ့လုပ်ရပ်အတွက်များ ပြန်လည်သွေးကြွေးဆပ်ခံခဲ့ရလေသလားလို့ နောက်ပြောင်မှုတွေလည်း ရှိနေတာပါ။

ဘိုင်ယန်ရဲ့ တတိယမြောက် ပွဲသိမ်းဂိုးမှာတော့ နူးကမ့်ကွင်းထဲက “ကချေသည်ကြီး” လို့ အမည်တပ်ရအောင်အထိ လီဗန်ဒေါ့ဗ်စကီးရဲ့ ရိုးရှင်းတဲ့ ဘောလုံးစကေးလ်ပြသမှုက စပိန်သားကို ဘရိတ်ဒန့်စ်ကကွက်မျိုးစုံ တွန့်ခါသွားစေခဲ့ပြီး ကတ်တလန်အသင်း ဘယ်လိုမတတ်နိုင်ခဲ့ဘဲ အသာတကြည် ဂိုးခွင့်ပြုပေးလိုက်ရပါတော့တယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၅ ခုနှစ်က ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုမ်း ဘိုတန်ကို ဖင်ထိုင်လျက်လဲကျသွားတဲ့အထိ ဘာစီလိုနာတိုက်စစ်မှူးအဖြစ် ထိပ်တိုက်တွေ့ခဲ့ဖူးတဲ့ မက်ဆီရဲ့အမှတ်တရနဲ့လည်း နှိုင်းယှဥ်ခံနေရပြီး လီဗန်ဒေါ့ဗ်စကီးဟာ ဘာစီလိုနာအသင်းကို လက်စားချေနိုင်ခဲ့ပြီလို့လည်း လူမှုကွန်ရက်မှာ တခဲနက်အားပေးခံနေရပါတယ်။

ပီကေးကိုတော့ ဖြုံသွားလောက်အောင် ပညာပေးနိုင်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းယူနိုင်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကနေစတင်လို့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ရေးထိုးသွားနိုင်ခဲ့တာပါ။

ဒီပွဲက ခြေစွမ်းကြောင့် ဘာစီလိုနာတို့ကို အရှက်ကွဲစေတဲ့နောက်မှာ ဘိုင်ယန်တိုက်စစ်မှူးကြီးအနေနဲ့ မက်ဆီနဲ့ အပြိုင်လုရမယ့် ၂၀၂၁ ခုနှစ်ရဲ့ ဘလွန်ဒေါဆုအတွက် ထပ်မံပြီး အလားအလာကောင်းသွားခဲ့သလို တကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲမဟုတ်ပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ ၂ နှစ်ဆက်တိုက် သူ့ထက် ​ခြေစွမ်းပိုတည်ငြိမ်ပါတယ်ဆိုတဲ့ ကစားသမားကတော့ မရှိသေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့ညက ခ်န္ပီယံလိဂ္ည အုပ္စုပြဲစဥ္ ၁ မွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘာစီလိုနာအသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး မႏွစ္က လစၥဘြန္းက ၈-၂ ရလဒ္ေလာက္ အေနအထားမလွေပေပမယ့္ မက္ဆီမပါဝင္တဲ့ စပိန္ဘီလူးႀကီးကလပ္ကိုေတာ့ ဥေရာအအဆင့္မတိုးဝင္ႏိုင္ေအာင္ ေတာက္ခ်သြားခဲ့ပါတယ္။

တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ေျခစြမ္းကလည္း အေတာ္ေလး မက္ေလာက္စရာေကာင္းခဲ့သလို ႏူးကမ့္မွာ ကစားခဲ့တဲ့ ပထမပိုင္းမွာတင္ ၁ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပိုလန္သားႀကီးကေတာ့ ဒုတိယဦးေဆာင္ဂိုးကို ဆက္လက္သြင္းယူသြားခဲ့တာပါ။ အခုဂိုးမွာေတာ့ ေျပာစမွတ္ျဖစ္စရာလည္း ရွိခဲ့ပါတယ္။

ဘာစီလိုနာ ဂ်ရတ္ ပီေကးကို အ႐ူးလုံးလုံးျဖစ္ေအာင္ လွည့္စားသြားခဲ့ၿပီး တတိယဦးေဆာင္ဂိိုးကလည္း အသက္ ၃၃ ႏွစ္ႀကီးက ထပ္မံသြင္းယူခဲ့ပုံမွာေတာ့ ပီေကးတေယာက္ ထပ္မံအရွက္ရစရာလည္းျဖစ္ခဲ့ၿပီး မက္ဆီရဲ႕လုပ္ရပ္အတြက္မ်ား ျပန္လည္ေသြးေႂကြးဆပ္ခံခဲ့ရေလသလားလို႔ ေနာက္ေျပာင္မႈေတြလည္း ရွိေနတာပါ။

ဘိုင္ယန္ရဲ႕ တတိယေျမာက္ ပြဲသိမ္းဂိုးမွာေတာ့ ႏူးကမ့္ကြင္းထဲက “ကေခ်သည္ႀကီး” လို႔ အမည္တပ္ရေအာင္အထိ လီဗန္ေဒါ့ဗ္စကီးရဲ႕ ႐ိုးရွင္းတဲ့ ေဘာလုံးစေကးလ္ျပသမႈက စပိန္သားကို ဘရိတ္ဒန္႔စ္ကကြက္မ်ိဳးစုံ တြန္႔ခါသြားေစခဲ့ၿပီး ကတ္တလန္အသင္း ဘယ္လိုမတတ္ႏိုင္ခဲ့ဘဲ အသာတၾကည္ ဂိုးခြင့္ျပဳေပးလိုက္ရပါေတာ့တယ္။

ဒီျဖစ္ရပ္ဟာ ၂၀၁၅ ခုႏွစ္က ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ဂ်႐ုမ္း ဘိုတန္ကို ဖင္ထိုင္လ်က္လဲက်သြားတဲ့အထိ ဘာစီလိုနာတိုက္စစ္မႉးအျဖစ္ ထိပ္တိုက္ေတြ႕ခဲ့ဖူးတဲ့ မက္ဆီရဲ႕အမွတ္တရနဲ႔လည္း ႏႈိင္းယွဥ္ခံေနရၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ဘာစီလိုနာအသင္းကို လက္စားေခ်ႏိုင္ခဲ့ၿပီလို႔လည္း လူမႈကြန္ရက္မွာ တခဲနက္အားေပးခံေနရပါတယ္။

ပီေကးကိုေတာ့ ၿဖဳံသြားေလာက္ေအာင္ ပညာေပးႏိုင္ခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးဟာ ဒီေန႔ပြဲမွာ ဂိုးသြင္းယူႏိုင္တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလကေနစတင္လို႔ ၿပိဳင္ပြဲစုံ ၁၈ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းကိုလည္း ေရးထိုးသြားႏိုင္ခဲ့တာပါ။

ဒီပြဲက ေျခစြမ္းေၾကာင့္ ဘာစီလိုနာတို႔ကို အရွက္ကြဲေစတဲ့ေနာက္မွာ ဘိုင္ယန္တိုက္စစ္မႉးႀကီးအေနနဲ႔ မက္ဆီနဲ႔ အၿပိဳင္လုရမယ့္ ၂၀၂၁ ခုႏွစ္ရဲ႕ ဘလြန္ေဒါဆုအတြက္ ထပ္မံၿပီး အလားအလာေကာင္းသြားခဲ့သလို တေကာင္တည္းေျပးတဲ့ ျမင္းၿပိဳင္ပြဲမဟုတ္ေပမယ့္ ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္တို႔မွာ ၂ ႏွစ္ဆက္တိုက္ သူ႔ထက္ ​ေျခစြမ္းပိုတည္ၿငိမ္ပါတယ္ဆိုတဲ့ ကစားသမားကေတာ့ မရွိေသးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.