Premier League

ေပါလ္နဲ႔ မားကပ္စ္တုိ႔သာ ႀကံ့ခုိင္ေနရင္ ေနာက္ရာသီပရီးမီးယားလိဂ္က ေျပးမလြတ္ဘူးဆုိတဲ့ ဂ်ိမ္းစ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္က သူတုိ႔ရဲ႕ လက္ရွိေျခစြမ္းမွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္တုိ႔သာ ႀကံ့ခိုင္ေကာင္းမြန္စြာနဲ႔ ကစားႏုိင္မယ့္အခ်ိန္ကို ေပါင္းထည့္လုိက္ရင္ ေနာက္ရာသီမွာ ပရီးမီးယားလိဂ္ကိုေတာင္ ရယူႏုိင္လိမ့္မယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီအစကမွ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေဝးလ္စ္ေတာင္ပံကစားသမားဟာ သူ႕ရဲ႕ မခိုမကပ္တဲ့ ကစားဟန္၊ လုပ္အားႏွဳန္း၊ ေျပးအားတုိ႔နဲ႔အတူ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ ပရိသတ္အခ်စ္ေတာ္ လူငယ္တစ္ဦးျဖစ္လာခဲ့ၿပီး သူ႕ကို ေထာက္ခံခဲ့တဲ့ ဂႏၴဝင္ ႐ိုင္ယန္ဂစ္ကို မ်က္ႏွာရေစခဲ့သူလည္းျဖစ္ပါတယ္။

အသင္းေဖာ္ စေကာ့ မက္ေတာ္မီေနးနဲ႔ ေဆြးေႏြးခဲ့တဲ့ Adidas Home Team အစီအစဥ္မွာ သူတုိ႔လူငယ္ႏွစ္ဦးသားအေနနဲ႔ အသင္းရဲ႕ လာမယ့္ရာသီမွာ ေရာက္ရွိႏုိင္တဲ့ ပစ္မွတ္ေတြကို ခန္႔မွန္းၾကည့္ခဲ့ရာမွာ ဆုဖလားေတြကို ေကာင္းေကာင္းစိန္ေခၚႏုိင္မယ့္ အေနအထားကို ပုိင္ဆုိင္ထားတယ္လုိ႔ ရဲရဲႀကီး သုံးသပ္ခဲ့ၾကတာပါ။

“လာမယ့္ရာသီက ကၽြန္ေတာ္တုိ႔အတြက္ေတာ့ ႀကီးႀကီးမားမားလုပ္ျပႏုိင္မယ့္ ရာသီလည္းျဖစ္တယ္ဗ်။ ကၽြန္ေတာ္တုိ႔ အသင္းသားေတြထဲ ဒီႏွစ္မွာ ဒဏ္ရာေတြေၾကာင့္ နားေနရသူေတြ မ်ားတယ္။ မားကပ္စ္၊ ေပါလ္နဲ႔ ခင္ဗ်ား(မက္ေတာ္မီေနး)တို႔ေပါ့။ ကၽြန္ေတာ့္အျမင္ေတာ့ အားလုံးျပန္လာႏိုင္ၾကရင္ လက္ရွိအင္အားဟာ ခ်န္ပီယံဆုေတြနဲ႔ ဖလားေတြကို သိမ္းပုိက္ႏုိင္မယ္လို႔ ထင္ပါတယ္”လုိ႔ ဂ်ိမ္းစ္က ေဆြးေႏြးသြားပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ကြင္းလယ္လူ ေပါ့ဘာနဲ႔ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္တုိ႔ရဲ႕ ဒဏ္ရာေတြက အသင္းကို အားနည္းေစခဲ့ၿပီး သူတုိ႔ရဲ႕ အင္အားအျပည့္နဲ႔သာ ကစားႏုိင္ခဲ့ရင္ လက္ရွိထက္ေတာ့ တုိက္စစ္ပုိင္းမွာ ပုိမိုတိုးတက္လာမွာျဖစ္သလို မက္ေတာ္မီေနးကေတာ့ ဒဏ္ရာကေန ျပန္လာၿပီး မၾကာခင္မွာပဲ မန္ခ်က္စတာဒါဘီမွာ ပြဲသိမ္းအႏုိင္ဂိုးကို သြင္းယူၿပီး ေျခစြမ္းျပထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်က သူတို့ရဲ့ လက်ရှိခြေစွမ်းမှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်တို့သာ ကြံ့ခိုင်ကောင်းမွန်စွာနဲ့ ကစားနိုင်မယ့်အချိန်ကို ပေါင်းထည့်လိုက်ရင် နောက်ရာသီမှာ ပရီးမီးယားလိဂ်ကိုတောင် ရယူနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအစကမှ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဝေးလ်စ်တောင်ပံကစားသမားဟာ သူ့ရဲ့ မခိုမကပ်တဲ့ ကစားဟန်၊ လုပ်အားနှုန်း၊ ပြေးအားတို့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်ရဲ့ ပရိသတ်အချစ်တော် လူငယ်တစ်ဦးဖြစ်လာခဲ့ပြီး သူ့ကို ထောက်ခံခဲ့တဲ့ ဂန္ထဝင် ရိုင်ယန်ဂစ်ကို မျက်နှာရစေခဲ့သူလည်းဖြစ်ပါတယ်။

အသင်းဖော် စကော့ မက်တော်မီနေးနဲ့ ဆွေးနွေးခဲ့တဲ့ Adidas Home Team အစီအစဉ်မှာ သူတို့လူငယ်နှစ်ဦးသားအနေနဲ့ အသင်းရဲ့ လာမယ့်ရာသီမှာ ရောက်ရှိနိုင်တဲ့ ပစ်မှတ်တွေကို ခန့်မှန်းကြည့်ခဲ့ရာမှာ ဆုဖလားတွေကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့် အနေအထားကို ပိုင်ဆိုင်ထားတယ်လို့ ရဲရဲကြီး သုံးသပ်ခဲ့ကြတာပါ။

“လာမယ့်ရာသီက ကျွန်တော်တို့အတွက်တော့ ကြီးကြီးမားမားလုပ်ပြနိုင်မယ့် ရာသီလည်းဖြစ်တယ်ဗျ။ ကျွန်တော်တို့ အသင်းသားတွေထဲ ဒီနှစ်မှာ ဒဏ်ရာတွေကြောင့် နားနေရသူတွေ များတယ်။ မားကပ်စ်၊ ပေါလ်နဲ့ ခင်ဗျား(မက်တော်မီနေး)တို့ပေါ့။ ကျွန်တော့်အမြင်တော့ အားလုံးပြန်လာနိုင်ကြရင် လက်ရှိအင်အားဟာ ချန်ပီယံဆုတွေနဲ့ ဖလားတွေကို သိမ်းပိုက်နိုင်မယ်လို့ ထင်ပါတယ်”လို့ ဂျိမ်းစ်က ဆွေးနွေးသွားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ရဲ့ ဒဏ်ရာတွေက အသင်းကို အားနည်းစေခဲ့ပြီး သူတို့ရဲ့ အင်အားအပြည့်နဲ့သာ ကစားနိုင်ခဲ့ရင် လက်ရှိထက်တော့ တိုက်စစ်ပိုင်းမှာ ပိုမိုတိုးတက်လာမှာဖြစ်သလို မက်တော်မီနေးကတော့ ဒဏ်ရာကနေ ပြန်လာပြီး မကြာခင်မှာပဲ မန်ချက်စတာဒါဘီမှာ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပြီး ခြေစွမ်းပြထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.