Premier League

ျပန္ကစားဖို႔ သိပ္စိတ္မရွည္ေတာ့ဘူးလို႔ေျပာလုိက္တဲ့ ရွက္ဖီးလ္ဒ္ရဲ႕ ေဘာလ္ေဒါ့ခ္

ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းရဲ႕ ညာေနာက္ခံလူေနရာမွာ ပုံမွန္ပြဲထြက္ကစားခြင့္ရထားၿပီး အသင္းရဲ႕ ေျခစြမ္းျပႏုိင္သူေတြထဲက တစ္ဦးျဖစ္တဲ့ ေဂ်ာ့ခ်္ ေဘာလ္ေဒါ့ခ္က သူတုိ႔အသင္းသားေတြအေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ျပန္ကစားဖို႔ ေစာင့္ေနရတာ စိတ္ေတာင္ သိပ္မရွည္ခ်င္ေတာ့သလိုပဲလုိ႔ ေျပာၾကားလုိက္ပါတယ္။

ဓားရြက္ျပားနဲ႔ ဓားေတြျဖစ္တဲ့ ဘလိတ္ဒ္စ္လို႔ နာမည္ေျပာင္ရွိတဲ့ ရွက္ဖီးလ္ဒ္ရဲ႕ ပရီးမီးယားလိဂ္ ၂၉ ပြဲကို ပြဲတုိင္းမွာ မိနစ္ ၉၀ အျပည့္ တစ္မိနစ္မွ မေလ်ာ့ဘဲ ကစားထားခဲ့တဲ့ ေဘာလ္ေဒါ့ခ္ဟာ အသင္းအတြက္ ၂ ဂိုးသြင္းၿပီး ၄ ဂိုးဖန္တီးေပးထားႏုိင္တဲ့ အေကာင္းဆုံးေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ေနာက္ခံလူရဲ႕ ညီအစ္ကိုေတာ္သူ ဂ်ိမ္းစ္ဟာ ၿဗိတိန္က်န္းမာေရးအဖြဲ႕အစည္းမွာ ဆရာဝန္တစ္ဦးအျဖစ္ လုပ္ကိုင္ေနသူလည္းျဖစ္ၿပီး ေဂ်ာ့ခ်္ကေတာ့ သူ႕အေနနဲ႔ တာဝန္ရွိသူေတြက ခြင့္ျပဳေပးခဲ့တဲ့ အႏၲရာယ္ကင္းကင္းနဲ႔ ကစားႏိုင္မယ္ဆုိတဲ့ အာမခံခ်က္ကို ယုံၾကည္တယ္လို႔ ဆုိပါတယ္။

“စိတ္ပိုင္းဆုိင္ရာအရလည္း ကၽြန္ေတာ္ ၁၀၀ ရာခိုင္ႏွဳန္း ယုံၾကည္မွဳရွိတယ္ဗ်ာ။ ေဘာလုံးသမားတစ္ေယာက္အေနနဲ႔ မေစာင့္ခ်င္ေတာ့ပါဘူး။ ကၽြန္ေတာ္တုိ႔ေတြ သိပ္ေတာင္ စိတ္မရွည္ေတာ့ဘူးလို႔ ေျပာရင္လည္းရပါတယ္။ အစိုးရအာဏာပုိင္ေတြရယ္၊ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြရယ္ သူတုိ႔ စကားေတြကို ကၽြန္ေတာ္တုိ႔ နားေထာင္ၿပီး အားလုံးၿပီးဆုံးေအာင္ ကစားဖို႔ အသင့္ျဖစ္ေနပါတယ္။ ကၽြန္ေတာ္အပါအဝင္ ဒီကအသင္းသား ၂၅ ေယာက္လုံး ရာႏွဳန္းျပည့္ အဆင္သင့္ပဲလုိ႔ ေျပာႏုိင္ပါတယ္”လို႔ ေဘာလ္ေဒါ့ခ္က ဆုိခဲ့တာပါ။

ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းမွာ ေျခစြမ္းျပမွဳနဲ႔အတူ ေရွ႕က အဂၤလန္အသင္းမွာ ပြဲထြက္ၿပီးသူေတြျဖစ္တဲ့ ကိုင္လ္ ေဝၚလ္ကာ၊ ကီရန္ ထရစ္ပီယာ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တုိ႔နဲ႔ အၿပဳိင္ျဖစ္လာခဲ့တဲ့ ေဘာလ္ေဒါ့ခ္ဟာ ဂရိနဲ႔ ကစားမယ့္ မတ္လအတြင္းက အဂၤလန္လူစာရင္းမွာလည္း အေရြးခံခဲ့ရၿပီး ကိုဗစ္-၁၉ ေၾကာင့္ ပြဲပ်က္ခဲ့လို႔သာ လက္ေရြးစင္ဆုိတဲ့ ဂုဏ္သိကၡာတစ္ခုကို မရယူႏုိင္ေသးတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူနေရာမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရထားပြီး အသင်းရဲ့ ခြေစွမ်းပြနိုင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဂျော့ချ် ဘောလ်ဒေါ့ခ်က သူတို့အသင်းသားတွေအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်ကစားဖို့ စောင့်နေရတာ စိတ်တောင် သိပ်မရှည်ချင်တော့သလိုပဲလို့ ပြောကြားလိုက်ပါတယ်။

ဓားရွက်ပြားနဲ့ ဓားတွေဖြစ်တဲ့ ဘလိတ်ဒ်စ်လို့ နာမည်ပြောင်ရှိတဲ့ ရှက်ဖီးလ်ဒ်ရဲ့ ပရီးမီးယားလိဂ် ၂၉ ပွဲကို ပွဲတိုင်းမှာ မိနစ် ၉၀ အပြည့် တစ်မိနစ်မှ မလျော့ဘဲ ကစားထားခဲ့တဲ့ ဘောလ်ဒေါ့ခ်ဟာ အသင်းအတွက် ၂ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးပေးထားနိုင်တဲ့ အကောင်းဆုံးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် နောက်ခံလူရဲ့ ညီအစ်ကိုတော်သူ ဂျိမ်းစ်ဟာ ဗြိတိန်ကျန်းမာရေးအဖွဲ့အစည်းမှာ ဆရာဝန်တစ်ဦးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပြီး ဂျော့ချ်ကတော့ သူ့အနေနဲ့ တာဝန်ရှိသူတွေက ခွင့်ပြုပေးခဲ့တဲ့ အန္တရာယ်ကင်းကင်းနဲ့ ကစားနိုင်မယ်ဆိုတဲ့ အာမခံချက်ကို ယုံကြည်တယ်လို့ ဆိုပါတယ်။

“စိတ်ပိုင်းဆိုင်ရာအရလည်း ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်ဗျာ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ မစောင့်ချင်တော့ပါဘူး။ ကျွန်တော်တို့တွေ သိပ်တောင် စိတ်မရှည်တော့ဘူးလို့ ပြောရင်လည်းရပါတယ်။ အစိုးရအာဏာပိုင်တွေရယ်၊ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေရယ် သူတို့ စကားတွေကို ကျွန်တော်တို့ နားထောင်ပြီး အားလုံးပြီးဆုံးအောင် ကစားဖို့ အသင့်ဖြစ်နေပါတယ်။ ကျွန်တော်အပါအဝင် ဒီကအသင်းသား ၂၅ ယောက်လုံး ရာနှုန်းပြည့် အဆင်သင့်ပဲလို့ ပြောနိုင်ပါတယ်”လို့ ဘောလ်ဒေါ့ခ်က ဆိုခဲ့တာပါ။

ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြမှုနဲ့အတူ ရှေ့က အင်္ဂလန်အသင်းမှာ ပွဲထွက်ပြီးသူတွေဖြစ်တဲ့ ကိုင်လ် ဝေါ်လ်ကာ၊ ကီရန် ထရစ်ပီယာ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ အပြိုင်ဖြစ်လာခဲ့တဲ့ ဘောလ်ဒေါ့ခ်ဟာ ဂရိနဲ့ ကစားမယ့် မတ်လအတွင်းက အင်္ဂလန်လူစာရင်းမှာလည်း အရွေးခံခဲ့ရပြီး ကိုဗစ်-၁၉ ကြောင့် ပွဲပျက်ခဲ့လို့သာ လက်ရွေးစင်ဆိုတဲ့ ဂုဏ်သိက္ခာတစ်ခုကို မရယူနိုင်သေးတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.