International Match Report

မက်ဆီရဲ့ ငယ်မူငယ်သွေး ဟက်ထရစ်နဲ့ ဘိုလီဗီးယားကို အနိုင်ရတဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဘိုလီဗီးယားအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ရပြီး ပရီးမီးယားလိဂ်ကစားသမားတွေတော့ ပါဝင်လာခြင်းမရှိဘဲ မက်ဆီ၊ ဒီမာရီယာ၊ လော်တာရို မာတီနက်ဇ်နဲ့ တခြားဥရောပနဲ့ တောင်အမေရိက အခြေစိုက်ကစားသမားတွေကို သုံးစွဲပြီး ပွဲထွက်လာခဲ့ပါတယ်။

အိမ်ကွင်းမှာ အာဂျင်တီးနားတို့ ဖိကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ၁၀ မိနစ်လောက်အထိက အချိတ်အဆက်တွေ လွဲချော်နေခဲ့တာကြောင့် ဂိုးရဖို့ မနီးစပ်ခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ မက်ဆီက ကွင်းလယ်ကနေ ဆွဲယူလာပြီး ဘိုလီဗီးယားနောက်ခံလူတစ်ဦးကို ပေါင်ကြားကနေ ဘောလုံးထုတ်ပြီးမှ ဂိုးဧရိယာထိပ်ကနေ စိတ်ကြိုက်ကန်သွင်းခဲ့ရာမှာ ဂိုးဘယ်ဘက် အပေါ်ထောင့်ကို ဝင်သွားခဲ့ပြီး အဖွင့်ဂိုး စရခဲ့ပါတယ်။

လော်တာရို မာတီနက်ဇ်ကတော့ ဘယ်ခြမ်းမှာ ဖြုန်းတီးမှုတွေပဲ များနေခဲ့ပြီး မက်ဆီရဲ့ ဖန်တီးမှုတွေကိုလည်း အသုံးမချနိုင်တာကြောင့် ဂိုးထပ်မရခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာ ဒီမာရီယာ ဖန်တီးပေးတာကို မက်ဆီက ကန်ရာမှာလည်း ဂိုးတိုင်ဘေးက ထွက်သွားခဲ့တဲ့အတွက် ပထမပိုင်းမှာ အာဂျင်တီးနားတို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာတော့ လော်တာရို မာတီနက်ဇ်က ဘယ်ခြမ်းကနေ အတွင်းကို ချိုးပေးခဲ့တဲ့ ဘောလုံးကို ငယ်မူငယ်သွေးတွေ ရရှိနေတဲ့ မက်ဆီက နောက်ခံလူတစ်ဦးကို ဘယ်ခြေနဲ့ ခေါက်ပြီးမှ ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဘိုလီဗီးယားဂိုးသမား ကူကယ်ရာမဲ့ဖြစ်ခဲ့ရပြီး အာဂျင်တီးနားတို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ မက်ဆီဂိုးထပ်သွင်းပေမယ့် လူကျွံနေခဲ့ပြီး ပွဲချိန် ၈၈ မိနစ်မှာတော့ ဟိုအာကင် ကော်ရီးယားရဲ့ ကန်ချက် ဂိုးသမား မဖမ်းနိုင်ဘဲ ပြန်ထွက်လာတာကို မက်ဆီကပဲ အနီးကပ် ပြေးဝင်ပိတ်ပြီး သူ့အတွက် ဟက်ထရစ်နဲ့ အာဂျင်တီးနားတို့အတွက် တတိယဂိုးနဲ့ အနိုင်သေချာစေခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာ အာဂျင်တီးနားတို့ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီအနေနဲ့ ဒီနေ့ပွဲက ဟက်ထရစ်ကြောင့် လက်ရွေးစင်ဂိုး ၇၉ ဂိုးအထိ ရှိလာခဲ့သလို ၇ ကြိမ်မြောက် ဟက်ထရစ်ကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းကတော့ ၈ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ ၅ ပွဲနိုင် ၃ ပွဲသရေနဲ့ ရာနှုန်းပြည့် အနိုင်ရထားတဲ့ အဓိကပြိုင်ဘက် ဘရာဇီးလ်နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မက်ဆီအနေနဲ့တော့ သူပြိုင်ပြိုင် မပြိုင်ပြိုင် ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူအားလုံးက ပြိုင်ဘက်လို့ သတ်မှတ်ထားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့တော့ သွင်းဂိုးချင်း ယှဉ်ပြိုင်ရမှာတော့ အသေအချာလိုဖြစ်နေပြီး နှစ်နှစ်ငယ်ရွယ်တဲ့ အားသာချက်နဲ့ ပေါ်တူဂီသားရဲ့ ၁၁၁ ဂိုးနဲ့ ဟက်ထရစ် ၉ ကြိမ်ကို လိုက်မီနိုင်မလားတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဘိုလီဗီးယားအသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ပရီးမီးယားလိဂ္ကစားသမားေတြေတာ့ ပါဝင္လာျခင္းမရွိဘဲ မက္ဆီ၊ ဒီမာရီယာ၊ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ တျခားဥေရာပနဲ႔ ေတာင္အေမရိက အေျခစိုက္ကစားသမားေတြကို သုံးစြဲၿပီး ပြဲထြက္လာခဲ့ပါတယ္။

အိမ္ကြင္းမွာ အာဂ်င္တီးနားတို႔ ဖိကစားႏိုင္ခဲ့ေပမယ့္ ပထမပိုင္း ၁၀ မိနစ္ေလာက္အထိက အခ်ိတ္အဆက္ေတြ လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ဂိုးရဖို႔ မနီးစပ္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ မက္ဆီက ကြင္းလယ္ကေန ဆြဲယူလာၿပီး ဘိုလီဗီးယားေနာက္ခံလူတစ္ဦးကို ေပါင္ၾကားကေန ေဘာလုံးထုတ္ၿပီးမွ ဂိုးဧရိယာထိပ္ကေန စိတ္ႀကိဳက္ကန္သြင္းခဲ့ရာမွာ ဂိုးဘယ္ဘက္ အေပၚေထာင့္ကို ဝင္သြားခဲ့ၿပီး အဖြင့္ဂိုး စရခဲ့ပါတယ္။

ေလာ္တာ႐ို မာတီနက္ဇ္ကေတာ့ ဘယ္ျခမ္းမွာ ျဖဳန္းတီးမႈေတြပဲ မ်ားေနခဲ့ၿပီး မက္ဆီရဲ႕ ဖန္တီးမႈေတြကိုလည္း အသုံးမခ်ႏိုင္တာေၾကာင့္ ဂိုးထပ္မရခဲ့သလို ပြဲခ်ိန္ ၄၂ မိနစ္မွာ ဒီမာရီယာ ဖန္တီးေပးတာကို မက္ဆီက ကန္ရာမွာလည္း ဂိုးတိုင္ေဘးက ထြက္သြားခဲ့တဲ့အတြက္ ပထမပိုင္းမွာ အာဂ်င္တီးနားတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေလာ္တာ႐ို မာတီနက္ဇ္က ဘယ္ျခမ္းကေန အတြင္းကို ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ငယ္မူငယ္ေသြးေတြ ရရွိေနတဲ့ မက္ဆီက ေနာက္ခံလူတစ္ဦးကို ဘယ္ေျခနဲ႔ ေခါက္ၿပီးမွ ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဘိုလီဗီးယားဂိုးသမား ကူကယ္ရာမဲ့ျဖစ္ခဲ့ရၿပီး အာဂ်င္တီးနားတို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ မက္ဆီဂိုးထပ္သြင္းေပမယ့္ လူကြၽံေနခဲ့ၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဟိုအာကင္ ေကာ္ရီးယားရဲ႕ ကန္ခ်က္ ဂိုးသမား မဖမ္းႏိုင္ဘဲ ျပန္ထြက္လာတာကို မက္ဆီကပဲ အနီးကပ္ ေျပးဝင္ပိတ္ၿပီး သူ႔အတြက္ ဟက္ထရစ္နဲ႔ အာဂ်င္တီးနားတို႔အတြက္ တတိယဂိုးနဲ႔ အႏိုင္ေသခ်ာေစခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာ အာဂ်င္တီးနားတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး မက္ဆီအေနနဲ႔ ဒီေန႔ပြဲက ဟက္ထရစ္ေၾကာင့္ လက္ေ႐ြးစင္ဂိုး ၇၉ ဂိုးအထိ ရွိလာခဲ့သလို ၇ ႀကိမ္ေျမာက္ ဟက္ထရစ္ကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အသင္းကေတာ့ ၈ ပြဲကစားအၿပီးမွာ ရႈံးပြဲမရွိေသးဘဲ ၅ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ ရာႏႈန္းျပည့္ အႏိုင္ရထားတဲ့ အဓိကၿပိဳင္ဘက္ ဘရာဇီးလ္ေနာက္ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

မက္ဆီအေနနဲ႔ေတာ့ သူၿပိဳင္ၿပိဳင္ မၿပိဳင္ၿပိဳင္ ပရိသတ္ေတြနဲ႔ ေဘာလုံးကြၽမ္းက်င္သူအားလုံးက ၿပိဳင္ဘက္လို႔ သတ္မွတ္ထားတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ေတာ့ သြင္းဂိုးခ်င္း ယွဥ္ၿပိဳင္ရမွာေတာ့ အေသအခ်ာလိုျဖစ္ေနၿပီး ႏွစ္ႏွစ္ငယ္႐ြယ္တဲ့ အားသာခ်က္နဲ႔ ေပၚတူဂီသားရဲ႕ ၁၁၁ ဂိုးနဲ႔ ဟက္ထရစ္ ၉ ႀကိမ္ကို လိုက္မီႏိုင္မလားေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.