International Match Report Premier League

ခက်ခဲတဲ့ အဝေးကွင်းပွဲမှာ လူတစ်ယောက်မှ မလဲဘဲ ပိုလန်နဲ့ အမှတ်ခွဲယူခဲ့ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ဒီနေ့မှာတော့ သူတို့ရဲ့ ကစားနေကျ ၄-၂-၃-၁ ပုံစံကို ပြန်ချိန်းခဲ့ပြီး ဟာရီကိန်းကို နောက်က စတာလင်၊ ဂရီးလစ်ရှ်နဲ့ မေဆန်မောင့်တို့ လိုက်ပါကစားခ့ရတဲ့ ပုံစံကို ပြန်သုံးခဲ့သလို ကွင်းလယ်အထိုင်မှာတော့ ရိုက်စ်နဲ့ ဖိလစ်ကို အထိုင်ချခဲ့ချိန်မှာ ခံစစ်မှာတော့ မက်ဂွိုင်းယား၊ စတုန်းစ်၊ ဝေါ်လ်ကာ၊ လုခ်ရှောနဲ့ ပစ်ခ်ဖို့ဒ်တို့ ကစားခဲ့ကြပါတယ်။

ပိုလန်ကတော့ ၃-၁-၄-၂ ပုံစံနဲ့ အိမ်ကွင်းမှာ ခံစစ်ကစားလာခဲ့ပြီး တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးနဲ့ ပြီးခဲ့တဲ့ပွဲက ဟက်ထရစ် ရယူနိုင်ခဲ့တဲ့ ဘူစကာတို့ကို တွဲပေးခဲ့သလို ကျစ်ကျစ်လျစ်လျစ်ပုံစံနဲ့ အင်္ဂလန်တို့ကို ပိတ်ဆို့ဖို့ လုပ်ဆောင်လာခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့ လူတွေ ရုန်းကန်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခြင်းမရှိခဲ့တာပါ။

အင်္ဂလန်ရဲ့ ရိုက်စ်ရော ဖိလစ်ရောက Creative Midfielder တွေ မဟုတ်ကြချိန်မှာ ဘောလုံးဖြန်ဖို့ အခက်အခဲတွေ့ခဲ့ပြီး စတာလင်၊ ဂရီးလစ်ရှ်နဲ့ မေဆန်မောင့်တို့ တိုက်စစ်မှာ ဘောလုံးလက်ခံဖို့ ပြေးနေချိန်မှာ အချိန်ကိုက် မပေးနိုင်ခဲ့သလို ပိတ်ဆို့ထားတဲ့ ပိုလန်ကွင်းလယ်ကို ကျော်မယ့် Penetrating Pass တွေ မလုပ်နိုင်ခဲ့လို့ မက်ဂွိုင်းယားနဲ့ စတုန်းစ်ကသာ ဘောလုံးပေးနေရပြီး တိုက်စစ်က ၄ ယောက်စလုံး ဘောလုံးဆင်းတောင်းခဲ့ရပါတယ်။

ဒါဟာ ပြိုင်ပွဲကြီးတွေမှာ အဖြေရှာရမယ့် အင်္ဂလန်အသင်းရဲ့ ကွင်းလယ်အားနည်းချက်လည်းဖြစ်ပြီး ပြိုင်ဘက်တွေအဖို့ အရမ်းရိုးရှင်းနေသလို ဟန်ဒါဆန်တစ်ယောက်သာ တန်းဝင်တဲ့ ပုံစံမှာ ရှိနေချိန်မှာ ရိုက်စ်နဲ့ ဖိလစ်တို့ကိုတော့ တစ်ဦးသာ ရွေးချယ်သင့်ပြီး အလုပ်မဖြစ်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဗျူဟာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေသာဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာ အင်္ဂလန်တို့ ပိုမိုထိုးဖောက်နိုင်ခဲ့ပေမယ့် စတာလင်ရဲ့ နှောင့်နှေးမှုတွေက အသင်းကို နောက်ပြန်ဆွဲနေသလိုဖြစ်ခဲ့ပြီး ဂိုးရဖို့အတွက် ခြေတစ်လှမ်းလောက် နောက်ကျနေခဲ့ရသလို ပွဲချိန် ၆၁ မိနစ်မှာတော့ လုခ်ရှောရဲ့ ဖရီးကစ်ကို မက်ဂွိုင်းယား ခေါင်းတိုက်ရာမှာ တိုင်ထိထွက်ခဲ့လို့ ခြင်္သေ့တွေ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုးရခဲ့ပြီး ကွင်းလယ်မှာ ဝေါ်လ်ကာနဲ့ အပေးအယူလုပ်ခဲ့တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟာရီကိန်းက ဘယ်လိုမှ ထင်မှတ်မထားတဲ့ အနေအထားကနေ အပြင်းကန်သွင်းခဲ့ရာမှာ ပိုလန်ကွင်းတစ်ဝက်နီးပါးက ကန်ချက်က နောက်ခံလူ ဘက်ဒ်နာရက်ခ်နဲ့ မြင်ကွင်းပိတ်နေတာကြောင့် ဂိုးသမား ရှချက်စနီကို အငိုက်မိစေခဲ့ပြီး အိမ်ရှင်တို့ စတင်ထိုးနှက်ခံခဲ့ရပါတယ်။

တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကန်ချက်ကတော့ တော်တော်လေး အမြော်အမြင်ရှိတဲ့ Genius ကန်ချက်ကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကတော့ သူ့အတွက် ၄၁ ဂိုးမြောက် လက်ရွေးစင်ဂိုးဖြစ်ခဲ့သလို အသင်းသမိုင်းမှာ ပဉ္စမမြောက် ဂိုးသွင်းအများဆုံးလည်းဖြစ်ခဲ့ပြီး ဝိန်းရွန်နီရဲ့ ၅၃ ဂိုးစံချိန်ကိုလည်း လာမယ့်နှစ်တွေမှာ လိုက်မီနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ပွဲလုံး လူတစ်ယောက်မှ လဲကစားခဲ့ခြင်းမရှိတဲ့ အင်္ဂလန်တို့ အခွင့်အရေးတွေကို သေချာမဖန်တီးဘဲ ကစားအားကျလာခဲ့တာကြောင့် ပိုလန်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ကြပြီး နာကျင်အချိန်ပိုမှာ လီဗန်ဒေါ့ဗ်စကီးက ဂိုးဧရိယာအတွင်းကနေ အနီးကပ် မ,တင်ပေးတဲ့ ဘောလုံးကို လူစားဝင်ကွင်းလယ်လူ ရှီမိုင်းစကီးက ခေါင်းတိုက်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လူစားလုံးဝမလဲခဲ့တဲ့ အင်္ဂလန်တို့ သရေနဲ့သာ ကျေနပ်ခဲ့ရပြီး နည်းပြ ဆောက်ဂိတ်အနေနဲ့တော့ ပရိသတ်တွေကို အနည်းနဲ့အများ စိတ်ပျက်စေခဲ့ပေမယ့် အုပ်စု(I)မှာ ရှုံးပွဲမရှိဘဲ ၆ ပွဲကစားပြီးချိန်မှာ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့သလို ခြေစစ်ပွဲအောင်ဖို့အတွက်တော့ စိုးရိမ်စရာမလိုတဲ့ အနေအထားမှာ ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းဟာ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ ကစားေနက် ၄-၂-၃-၁ ပုံစံကို ျပန္ခ်ိန္းခဲ့ၿပီး ဟာရီကိန္းကို ေနာက္က စတာလင္၊ ဂရီးလစ္ရွ္နဲ႔ ေမဆန္ေမာင့္တို႔ လိုက္ပါကစားခ့ရတဲ့ ပုံစံကို ျပန္သုံးခဲ့သလို ကြင္းလယ္အထိုင္မွာေတာ့ ႐ိုက္စ္နဲ႔ ဖိလစ္ကို အထိုင္ခ်ခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ မက္ဂြိဳင္းယား၊ စတုန္းစ္၊ ေဝၚလ္ကာ၊ လုခ္ေရွာနဲ႔ ပစ္ခ္ဖို႔ဒ္တို႔ ကစားခဲ့ၾကပါတယ္။

ပိုလန္ကေတာ့ ၃-၁-၄-၂ ပုံစံနဲ႔ အိမ္ကြင္းမွာ ခံစစ္ကစားလာခဲ့ၿပီး တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးနဲ႔ ၿပီးခဲ့တဲ့ပြဲက ဟက္ထရစ္ ရယူႏိုင္ခဲ့တဲ့ ဘူစကာတို႔ကို တြဲေပးခဲ့သလို က်စ္က်စ္လ်စ္လ်စ္ပုံစံနဲ႔ အဂၤလန္တို႔ကို ပိတ္ဆို႔ဖို႔ လုပ္ေဆာင္လာခဲ့တာေၾကာင့္ ေဆာက္ဂိတ္ရဲ႕ လူေတြ ႐ုန္းကန္ခဲ့ရၿပီး အပိုင္အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ျခင္းမရွိခဲ့တာပါ။

အဂၤလန္ရဲ႕ ႐ိုက္စ္ေရာ ဖိလစ္ေရာက Creative Midfielder ေတြ မဟုတ္ၾကခ်ိန္မွာ ေဘာလုံးျဖန္ဖို႔ အခက္အခဲေတြ႕ခဲ့ၿပီး စတာလင္၊ ဂရီးလစ္ရွ္နဲ႔ ေမဆန္ေမာင့္တို႔ တိုက္စစ္မွာ ေဘာလုံးလက္ခံဖို႔ ေျပးေနခ်ိန္မွာ အခ်ိန္ကိုက္ မေပးႏိုင္ခဲ့သလို ပိတ္ဆို႔ထားတဲ့ ပိုလန္ကြင္းလယ္ကို ေက်ာ္မယ့္ Penetrating Pass ေတြ မလုပ္ႏိုင္ခဲ့လို႔ မက္ဂြိဳင္းယားနဲ႔ စတုန္းစ္ကသာ ေဘာလုံးေပးေနရၿပီး တိုက္စစ္က ၄ ေယာက္စလုံး ေဘာလုံးဆင္းေတာင္းခဲ့ရပါတယ္။

ဒါဟာ ၿပိဳင္ပြဲႀကီးေတြမွာ အေျဖရွာရမယ့္ အဂၤလန္အသင္းရဲ႕ ကြင္းလယ္အားနည္းခ်က္လည္းျဖစ္ၿပီး ၿပိဳင္ဘက္ေတြအဖို႔ အရမ္း႐ိုးရွင္းေနသလို ဟန္ဒါဆန္တစ္ေယာက္သာ တန္းဝင္တဲ့ ပုံစံမွာ ရွိေနခ်ိန္မွာ ႐ိုက္စ္နဲ႔ ဖိလစ္တို႔ကိုေတာ့ တစ္ဦးသာ ေ႐ြးခ်ယ္သင့္ၿပီး အလုပ္မျဖစ္ခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ ဗ်ဴဟာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရသာျဖစ္ခဲ့တာပါ။

ဒုတိယပိုင္းမွာ အဂၤလန္တို႔ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ စတာလင္ရဲ႕ ေႏွာင့္ေႏွးမႈေတြက အသင္းကို ေနာက္ျပန္ဆြဲေနသလိုျဖစ္ခဲ့ၿပီး ဂိုးရဖို႔အတြက္ ေျခတစ္လွမ္းေလာက္ ေနာက္က်ေနခဲ့ရသလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ လုခ္ေရွာရဲ႕ ဖရီးကစ္ကို မက္ဂြိဳင္းယား ေခါင္းတိုက္ရာမွာ တိုင္ထိထြက္ခဲ့လို႔ ျခေသၤ့ေတြ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ အဂၤလန္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ကြင္းလယ္မွာ ေဝၚလ္ကာနဲ႔ အေပးအယူလုပ္ခဲ့တဲ့ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ဟာရီကိန္းက ဘယ္လိုမွ ထင္မွတ္မထားတဲ့ အေနအထားကေန အျပင္းကန္သြင္းခဲ့ရာမွာ ပိုလန္ကြင္းတစ္ဝက္နီးပါးက ကန္ခ်က္က ေနာက္ခံလူ ဘက္ဒ္နာရက္ခ္နဲ႔ ျမင္ကြင္းပိတ္ေနတာေၾကာင့္ ဂိုးသမား ရွခ်က္စနီကို အငိုက္မိေစခဲ့ၿပီး အိမ္ရွင္တို႔ စတင္ထိုးႏွက္ခံခဲ့ရပါတယ္။

တိုက္စစ္မႉး ဟာရီကိန္းရဲ႕ ကန္ခ်က္ကေတာ့ ေတာ္ေတာ္ေလး အေျမာ္အျမင္ရွိတဲ့ Genius ကန္ခ်က္ကို ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ဒီဂိုးကေတာ့ သူ႔အတြက္ ၄၁ ဂိုးေျမာက္ လက္ေ႐ြးစင္ဂိုးျဖစ္ခဲ့သလို အသင္းသမိုင္းမွာ ပၪၥမေျမာက္ ဂိုးသြင္းအမ်ားဆုံးလည္းျဖစ္ခဲ့ၿပီး ဝိန္း႐ြန္နီရဲ႕ ၅၃ ဂိုးစံခ်ိန္ကိုလည္း လာမယ့္ႏွစ္ေတြမွာ လိုက္မီႏိုင္ဖို႔ နီးစပ္လာခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ပြဲလုံး လူတစ္ေယာက္မွ လဲကစားခဲ့ျခင္းမရွိတဲ့ အဂၤလန္တို႔ အခြင့္အေရးေတြကို ေသခ်ာမဖန္တီးဘဲ ကစားအားက်လာခဲ့တာေၾကာင့္ ပိုလန္တို႔ ျပန္လည္တိုက္စစ္ဆင္ႏိုင္ခဲ့ၾကၿပီး နာက်င္အခ်ိန္ပိုမွာ လီဗန္ေဒါ့ဗ္စကီးက ဂိုးဧရိယာအတြင္းကေန အနီးကပ္ မ,တင္ေပးတဲ့ ေဘာလုံးကို လူစားဝင္ကြင္းလယ္လူ ရွီမိုင္းစကီးက ေခါင္းတိုက္သြင္းၿပီး ေခ်ပႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လူစားလုံးဝမလဲခဲ့တဲ့ အဂၤလန္တို႔ သေရနဲ႔သာ ေက်နပ္ခဲ့ရၿပီး နည္းျပ ေဆာက္ဂိတ္အေနနဲ႔ေတာ့ ပရိသတ္ေတြကို အနည္းနဲ႔အမ်ား စိတ္ပ်က္ေစခဲ့ေပမယ့္ အုပ္စု(I)မွာ ရႈံးပြဲမရွိဘဲ ၆ ပြဲကစားၿပီးခ်ိန္မွာ ၅ ပြဲႏိုင္ ၁ ပြဲသေရနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့သလို ေျခစစ္ပြဲေအာင္ဖို႔အတြက္ေတာ့ စိုးရိမ္စရာမလိုတဲ့ အေနအထားမွာ ရွိေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.