International Other

မိခင်နိုင်ငံတွေအတွက် ပေးဆပ်ကစားဖို့သွားရင်း ပဲလှော်ကြား ဆားညပ်ခဲ့ရတဲ့ EPL ကစားသမား ၈ ဦး

နိုင်ငံတကာပွဲစဥ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်စဥ်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ ဒီတပတ်မှာ ကမ္ဘာ့ဖလား​ခြေစစ်ပွဲတွေဖြစ်တဲ့ ဘရာဇီးလ် Vs အာဂျင်တီးနားနဲ့ ဂီနီယာ Vs မော်ရိုကိုအသင်းတို့ရဲ့ပွဲစဥ်တွေကို မဖြစ်မနေဖျက်သိမ်းခဲ့ရတာဖြစ်ပြီး ဒီနှစ်ပွဲမှာ ဗြိတိန်ထွက်ခွာလာတဲ့ ပရီးမီးယားလိဂ်ကစားသမား ၈ ဦးအထိ ပါဝင်နေတာပါ။

အာဂျင်တီးနားအသင်းဟာလည်း ပွဲစပြီး ၁၀ မိနစ်အကြာမှာပဲ ဘရာဇီးလ်ရဲတွေနဲ့ ကျန်းမာရေးစင်တာအန်ဗီဆာက ကျန်းမာရေးတာဝန်ရှိသူတွေဟာ ကွင်းထဲချင်းနင်းဝင်ရောက်လာပြီး ပွဲကြမ်းသွားတာကို ယမန်နေ့က ခံစားခဲ့ရသလို နိုင်ငံရေးကိစ္စတွေမှာတော့ ပရီးမီးယားလိဂ်ကစားသမား ၈ ဦးက ပဲလှော်ကြားထဲ ဆားညပ်ခဲ့ရတယ်လို့ ဆိုရမှာပါ။

အငြင်းပွားဖွယ်ရာတွေ ကြုံတွေခဲ့ရတဲ့ ဘရာဇီးလ် Vs အာဂျင်တီးနားပွဲစဥ်မှာ အာဂျင်တီးနားသားတွေဖြစ်တဲ့ အက်စတန် ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်၊ စပါးစ်အသင်းက ခရစ်ရှန် ရိုမဲရိုနဲ့ လိုဆယ်လ်ဆိုတို့က ပါဝင်ကစားလာခဲ့ချိန်မှာ ဗြိတိန်ကစားသမား ၄ ဦးဟာ ဘရာဇီးလ်နိုင်ငံကိုမဝင်လာခင် ကွာရန်တင်း ၂ ပတ်ဝင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပွဲကစားချိန်မှ ဘရာဇီးလ်အစိုးရဘက်က ကွင်းထဲ ဝုန်းဒိုင်းဝင်ကျဲသွားခဲ့ပြီး ညှိနှိုင်းမှုအဆင့်မှာ ပွဲလည်းပျက်သွားခဲ့ရတာပါ။

ဒါ့အပြင် အာဂျင်တီးနားဘက်မှာ အက်စတန် ဗီလာကစားသမား အီမီလီယာနို ဘွမ်ဒီယာလည်း လူစာရင်းထဲ ပါဝင်နေသေးတာဖြစ်ပြီး နည်းပြ စကာလိုနီကတော့ ” ကျွန်တော်တို့ကို ဒီပွဲကစားခွင့်မရှိဘူးလို့ ကြိုတင်အသိပေးအကြောင်းကြားလာခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒီပွဲကို သေချာပေါက်ကစားချင်ခဲ့တာပါ။ ဘရာဇီးလ်ကစားသမားတွေလည်း အတူတူပါပဲ။” လို့ ပွဲပျက်လို့အပြီးမှာ ဖျန်ဖြေသွားခဲ့တာပါ။

နောက်ဆက်တွဲအရတော့ အဆိုပါကစားသမားလေးဦးဟာ ဗြိတိန်ကို ​ပြန်လာခွင့်ရဖို့ ကွာရန်တင်း ၁၀ ရက်ဝင်ရမယ်လို့ သိရှိထားရသလို အဆိုပါပွဲစဥ်ကို ​ပြန်ကစားဦးမလားဆိုတာတော့ ရှုပ်ထွေးမှုတွေက ရှိနေဆဲဖြစ်ပြီး အစိုးရနှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုတွေအပြီးမှာတော့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် CONMEBOL က ဒီပွဲကို ရွှေ့ဆိုင်းကြောင်း တရားဝင်ကြေငြာသွားပြီး ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက နောက်အဆင့်တွေကို ဆက်လက်ဆောင်ရွက်ဦးမှာပါ။

မြန်မာပြည်နဲ့ ထူးခြားဖြစ်စဥ်ချင်းတူညီခဲ့တာတော့ ဂီနီယာနိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမကစားခင်မှာပဲ အာဏသိမ်းမှုဖြစ်ပေါ်ခဲ့သလို ဂီနီယာသမ္မတလည်း ဖမ်းဆီးခံခဲ့ရပြီး ပရီးမီးယားလိဂ်က နာမည်ကြီးကစားသမားဖြစ်တဲ့ ဂီနီယာနိုင်ငံသား နာဘီ ကီတာက နိုင်ငံအတွင်းမှာ ပိတ်မိနေပြီဖြစ်သလို မော်ရိုကိုနိုင်ငံသား ရီးယက် မာရက်ဇ်ကတော့ လူစာရင်းမှာ မပါဝင်လာခဲ့လို့ မန်စီးတီးအသင်းအတွက်တော့ စိတ်သက်သာစရာဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ဂီနီယာနိုင်ငံရဲ့ အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် အဆိုပါနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ မော်ရိုကိုနဲ့ ဂီနီယာအသင်းတို့ရဲ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဝုဗ်အသင်းက ရိုမိန်း ဆာအိစ်၊ ဝက်ဖို့ဒ်အသင်းက အဒမ် မာဆီနာနဲ့ အင်မရန်း လော်ဇာတို့ပါဝင်လာခဲ့ကြတဲ့ မော်ရိုကိုအသင်းဟာ ကိုနက်ခရီမြို့တော်ကနေ ခက်ခက်ခဲခဲ ထွက်ခွာလာခဲ့ကြရသေးတာပါ။

မော်ရိုကိုနည်းပြ Vahid Halilhodzic က သူ့အသင်းအနေနဲ့ ကိုနက်ခရီကနေ မထွက်ခွာခဲ့ရခင်မှာ ဟိုတယ်အပြင်ဘက်မှာ သေနတ်ပစ်သံတွေကို တနေ့လုံးအဆက်မပြတ် တောက်လျှောက်ကြားနေခဲ့ရကြောင်း အတည်ပြုသွားခဲ့သလို လီဗာပူးလ်အသင်းရဲ့ နာဘီ ကီတာဟာလည်း ဂီနီယာအသင်းရဲ့လူစာရင်းမှာ ပါဝင်နေခဲ့ပြီး သူကတော့ အန်ဖီးလ်တာဝန်ရှိသူတွေနဲ့ အမြဲအဆက်အသွယ်ပြုလုပ်နေတာကြောင့် ဂီနီယာနိုင်ငံထဲကနေ ထွက်ခွာပြီး မာဆေးဆိုက်ဒ်ကို အမြန်ဆုံးပြန်လာနိုင်မယ်လို့ မျှော်လင့်ခံထားရပါတယ်။

” ဂီနီယာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးအပိုင်းက လုံးဝကိုမတည်ငြိမ်ပါဘူး။ ဒါကို ဖီဖာနဲ့ အာဖရိကဘောလုံးကွန်ဖက်ဒရက်ရှင်း (CAF) က အနီးကပ်စောင့်ကြည့်လေ့လာနေပါတယ်။ ကစားသမားတွေနဲ့ ပွဲတာဝန်ရှိသူတွေရဲ့ လုံခြုံစိတ်ချမှုအတွက် ဖီဖာနဲ့ CAF က ပွဲစဥ်ကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ဖီဖာနဲ့ CAF ရဲ့ တရားဝင်ပူးတွဲကြေငြာချက်ထွက်ရှိလာခဲ့တာဖြစ်ပြီး ဗြိတိန်မှာတော့ ​ဘောလုံးလောကက အေးရာအေးကြောင်းရှိနေချိန်မှာ ကမ္ဘာတလွှားမှာတော့ ဖြစ်စဥ်တွေက မြင့်တက်နေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ႏိုင္ငံတကာပြဲစဥ္ေတြက ႐ုန္းရင္းဆန္ခတ္ျဖစ္စဥ္ေတြနဲ႔ အဆုံးသတ္ခဲ့ရတဲ့ ဒီတပတ္မွာ ကမာၻ႔ဖလား​ေျခစစ္ပြဲေတြျဖစ္တဲ့ ဘရာဇီးလ္ Vs အာဂ်င္တီးနားနဲ႔ ဂီနီယာ Vs ေမာ္႐ိုကိုအသင္းတို႔ရဲ႕ပြဲစဥ္ေတြကို မျဖစ္မေနဖ်က္သိမ္းခဲ့ရတာျဖစ္ၿပီး ဒီႏွစ္ပြဲမွာ ၿဗိတိန္ထြက္ခြာလာတဲ့ ပရီးမီးယားလိဂ္ကစားသမား ၈ ဦးအထိ ပါဝင္ေနတာပါ။

အာဂ်င္တီးနားအသင္းဟာလည္း ပြဲစၿပီး ၁၀ မိနစ္အၾကာမွာပဲ ဘရာဇီးလ္ရဲေတြနဲ႔ က်န္းမာေရးစင္တာအန္ဗီဆာက က်န္းမာေရးတာဝန္ရွိသူေတြဟာ ကြင္းထဲခ်င္းနင္းဝင္ေရာက္လာၿပီး ပြဲၾကမ္းသြားတာကို ယမန္ေန႔က ခံစားခဲ့ရသလို ႏိုင္ငံေရးကိစၥေတြမွာေတာ့ ပရီးမီးယားလိဂ္ကစားသမား ၈ ဦးက ပဲေလွာ္ၾကားထဲ ဆားညပ္ခဲ့ရတယ္လို႔ ဆိုရမွာပါ။

အျငင္းပြားဖြယ္ရာေတြ ႀကဳံေတြခဲ့ရတဲ့ ဘရာဇီးလ္ Vs အာဂ်င္တီးနားပြဲစဥ္မွာ အာဂ်င္တီးနားသားေတြျဖစ္တဲ့ အက္စတန္ ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္၊ စပါးစ္အသင္းက ခရစ္ရွန္ ႐ိုမဲ႐ိုနဲ႔ လိုဆယ္လ္ဆိုတို႔က ပါဝင္ကစားလာခဲ့ခ်ိန္မွာ ၿဗိတိန္ကစားသမား ၄ ဦးဟာ ဘရာဇီးလ္ႏိုင္ငံကိုမဝင္လာခင္ ကြာရန္တင္း ၂ ပတ္ဝင္ဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈနဲ႔ ပြဲကစားခ်ိန္မွ ဘရာဇီးလ္အစိုးရဘက္က ကြင္းထဲ ဝုန္းဒိုင္းဝင္က်ဲသြားခဲ့ၿပီး ညႇိႏႈိင္းမႈအဆင့္မွာ ပြဲလည္းပ်က္သြားခဲ့ရတာပါ။

ဒါ့အျပင္ အာဂ်င္တီးနားဘက္မွာ အက္စတန္ ဗီလာကစားသမား အီမီလီယာႏို ဘြမ္ဒီယာလည္း လူစာရင္းထဲ ပါဝင္ေနေသးတာျဖစ္ၿပီး နည္းျပ စကာလိုနီကေတာ့ ” ကြၽန္ေတာ္တို႔ကို ဒီပြဲကစားခြင့္မရွိဘူးလို႔ ႀကိဳတင္အသိေပးအေၾကာင္းၾကားလာခဲ့ျခင္း မရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ဒီပြဲကို ေသခ်ာေပါက္ကစားခ်င္ခဲ့တာပါ။ ဘရာဇီးလ္ကစားသမားေတြလည္း အတူတူပါပဲ။” လို႔ ပြဲပ်က္လို႔အၿပီးမွာ ဖ်န္ေျဖသြားခဲ့တာပါ။

ေနာက္ဆက္တြဲအရေတာ့ အဆိုပါကစားသမားေလးဦးဟာ ၿဗိတိန္ကို ​ျပန္လာခြင့္ရဖို႔ ကြာရန္တင္း ၁၀ ရက္ဝင္ရမယ္လို႔ သိရွိထားရသလို အဆိုပါပြဲစဥ္ကို ​ျပန္ကစားဦးမလားဆိုတာေတာ့ ရႈပ္ေထြးမႈေတြက ရွိေနဆဲျဖစ္ၿပီး အစိုးရႏွစ္ဦးႏွစ္ဖက္ညႇိႏႈိင္းမႈေတြအၿပီးမွာေတာ့ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ CONMEBOL က ဒီပြဲကို ေ႐ႊ႕ဆိုင္းေၾကာင္း တရားဝင္ေၾကျငာသြားၿပီး ဖီဖာစည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ေနာက္အဆင့္ေတြကို ဆက္လက္ေဆာင္႐ြက္ဦးမွာပါ။

ျမန္မာျပည္နဲ႔ ထူးျခားျဖစ္စဥ္ခ်င္းတူညီခဲ့တာေတာ့ ဂီနီယာႏိုင္ငံျဖစ္ခဲ့ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲမကစားခင္မွာပဲ အာဏသိမ္းမႈျဖစ္ေပၚခဲ့သလို ဂီနီယာသမၼတလည္း ဖမ္းဆီးခံခဲ့ရၿပီး ပရီးမီးယားလိဂ္က နာမည္ႀကီးကစားသမားျဖစ္တဲ့ ဂီနီယာႏိုင္ငံသား နာဘီ ကီတာက ႏိုင္ငံအတြင္းမွာ ပိတ္မိေနၿပီျဖစ္သလို ေမာ္႐ိုကိုႏိုင္ငံသား ရီးယက္ မာရက္ဇ္ကေတာ့ လူစာရင္းမွာ မပါဝင္လာခဲ့လို႔ မန္စီးတီးအသင္းအတြက္ေတာ့ စိတ္သက္သာစရာျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။

ဒါ့အျပင္ ဂီနီယာႏိုင္ငံရဲ႕ အာဏာသိမ္းမႈျဖစ္စဥ္ေၾကာင့္ အဆိုပါႏိုင္ငံအတြင္းမွာ ေရာက္ရွိေနတဲ့ ေမာ္႐ိုကိုနဲ႔ ဂီနီယာအသင္းတို႔ရဲ ကမာၻ႔ဖလားေျခစစ္ပြဲကိုလည္း ဖ်က္သိမ္းခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္တဲ့ ဝုဗ္အသင္းက ႐ိုမိန္း ဆာအိစ္၊ ဝက္ဖို႔ဒ္အသင္းက အဒမ္ မာဆီနာနဲ႔ အင္မရန္း ေလာ္ဇာတို႔ပါဝင္လာခဲ့ၾကတဲ့ ေမာ္႐ိုကိုအသင္းဟာ ကိုနက္ခရီၿမိဳ႕ေတာ္ကေန ခက္ခက္ခဲခဲ ထြက္ခြာလာခဲ့ၾကရေသးတာပါ။

ေမာ္႐ိုကိုနည္းျပ Vahid Halilhodzic က သူ႔အသင္းအေနနဲ႔ ကိုနက္ခရီကေန မထြက္ခြာခဲ့ရခင္မွာ ဟိုတယ္အျပင္ဘက္မွာ ေသနတ္ပစ္သံေတြကို တေန႔လုံးအဆက္မျပတ္ ေတာက္ေလွ်ာက္ၾကားေနခဲ့ရေၾကာင္း အတည္ျပဳသြားခဲ့သလို လီဗာပူးလ္အသင္းရဲ႕ နာဘီ ကီတာဟာလည္း ဂီနီယာအသင္းရဲ႕လူစာရင္းမွာ ပါဝင္ေနခဲ့ၿပီး သူကေတာ့ အန္ဖီးလ္တာဝန္ရွိသူေတြနဲ႔ အၿမဲအဆက္အသြယ္ျပဳလုပ္ေနတာေၾကာင့္ ဂီနီယာႏိုင္ငံထဲကေန ထြက္ခြာၿပီး မာေဆးဆိုက္ဒ္ကို အျမန္ဆုံးျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံထားရပါတယ္။

” ဂီနီယာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးအေျခအေနနဲ႔ လုံၿခဳံေရးအပိုင္းက လုံးဝကိုမတည္ၿငိမ္ပါဘူး။ ဒါကို ဖီဖာနဲ႔ အာဖရိကေဘာလုံးကြန္ဖက္ဒရက္ရွင္း (CAF) က အနီးကပ္ေစာင့္ၾကည့္ေလ့လာေနပါတယ္။ ကစားသမားေတြနဲ႔ ပြဲတာဝန္ရွိသူေတြရဲ႕ လုံၿခဳံစိတ္ခ်မႈအတြက္ ဖီဖာနဲ႔ CAF က ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္” လို႔ ဖီဖာနဲ႔ CAF ရဲ႕ တရားဝင္ပူးတြဲေၾကျငာခ်က္ထြက္ရွိလာခဲ့တာျဖစ္ၿပီး ၿဗိတိန္မွာေတာ့ ​ေဘာလုံးေလာကက ေအးရာေအးေၾကာင္းရွိေနခ်ိန္မွာ ကမာၻတလႊားမွာေတာ့ ျဖစ္စဥ္ေတြက ျမင့္တက္ေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.