Premier League

၁၂.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၆ ရက္၊ အဂၤါေန႔။

၁၂.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၆ ရက္၊ အဂၤါေန႔၊ သမားညဳိ၊ သမားျဖဴ၊ ရက္ပုပ္၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၆:၅၂ အထိ တိထီ ၅ လုံး။ ေက်ာ္လွ်င္ ၆ လုံး။ ၆ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ားလည္း လုပ္ေဆာင္ႏိုင္၊ မိမိ၏ စိတ္ဆုံးျဖတ္ခ်က္ ခိုင္မာစြာျဖင့္ လုပ္ေဆာင္ပါ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၅:၅၃ အထိ ဥတၱရာသ႒္နကၡတ္။ ေက်ာ္လွ်င္ သရဝဏ္နကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၃၆ အထိ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ သုကာလယုဂ္၊ ျဖဴေဖြးစင္ၾကယ္ျခင္း၊ ၾသဇာလႊမ္းမိုးႏုိင္ျခင္း၊ အေျပာင္းအလဲျမန္ျခင္း၊ စိတ္မခုိင္ျခင္း၊ မိမိ၏ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္အတြက္ သူတပါးစကားေၾကာင့္ မယိမ္းယိုင္ပါေစႏွင့္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၆:၅၂ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၈:၄၉ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏိုင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
နံနက္ ၆:၅၂ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၂.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ အင်္ဂါနေ့၊ သမားညို၊ သမားဖြူ၊ ရက်ပုပ်၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၆:၅၂ အထိ တိထီ ၅ လုံး။ ကျော်လျှင် ၆ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များလည်း လုပ်ဆောင်နိုင်၊ မိမိ၏ စိတ်ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လုပ်ဆောင်ပါ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၅၃ အထိ ဥတ္တရာသဋ္ဌ်နက္ခတ်။ ကျော်လျှင် သရဝဏ်နက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၃၆ အထိ သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၆:၅၂ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၄၉ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၆:၅၂ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)