Premier League Transfer News

အာဆင္နယ္လူငယ္ၾကယ္ပြင့္ကို ေႏြရာသီအတြက္ ပစ္မွတ္ထား ေခၚယူသြားမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ အာဆင္နယ္လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကို လာမယ့္ ေႏြရာသီမွာ ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကစားသမားရဲ႕ အသင္းနဲ႔ နည္းပါးတဲ့ လစာေငြနဲ႔ တစ္ႏွစ္သာ က်န္ရွိေတာ့မယ့္ စာခ်ဳပ္အေနအထားကို အခြင့္ေကာင္းရယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ဆုိပါတယ္။

လက္ရွိစာခ်ဳပ္အေနအထားအရ အသက္ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမားရဲ႕ ဆႏၵက အဓိကေနရာမွာရွိေနၿပီး အာဆင္နယ္အေနနဲ႔ အျမန္ဆုံး စာခ်ဳပ္ မခ်ဳပ္ႏိုင္ရင္ေတာ့ လီဗာပူးလ္ဆီကို လက္လႊတ္ရမွာျဖစ္သလို ဒီႏွစ္မွာ မေရာင္းဘူးဆုိရင္လည္း ေနာင္ႏွစ္မွာ နည္းပါးတဲ့ ေလ့က်င့္မွဳေလ်ာ္ေၾကး (Training Compensation)နဲ႔ ေငြေၾကးအနည္းငယ္သာ ရဖို႔ ရွိေနတာပါ။

နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဘယ္ေနာက္ခံလူေနရာမွာ အန္ဒီ ေရာဘတ္ဆန္ကိုပဲ ဆက္လက္ၿပီး ပြဲအမ်ားစုကို ကစားခိုင္းဖို႔ ရည္ရြယ္ထားပုံရၿပီး ဆာကာကို ေခၚယူႏုိင္မယ္ဆုိရင္ေတာ့ သူ႕ကို ဒီေနရာမွာ ရံဖန္ရံခါနဲ႔ တုိက္စစ္ေတာင္ပံေတြမွာေတာ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ရဲ႕ အရန္အျဖစ္ အလ်ဥ္းသင့္သလို သုံးစြဲသြားဖုိ႔လည္း ရွိေနပါတယ္။

ေရာဘတ္ဆန္ မကစားႏုိင္ရင္ အဂၤလိပ္ဝါရင့္ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာက ဆင္းကစားေပးေနရတဲ့ ဘယ္ေနာက္ခံလူေနရာအတြက္ Full Back, Wing Back နဲ႔ Winger ေနရာေတြမွာ ကစားႏုိင္တဲ့ ဒီႏိုင္ဂ်ီးရီးယားႏြယ္ဖြား အဂၤလန္ယူ-၂၀ ကစားသမားကို ရရွိခဲ့ရင္ေတာ့ လုံေလာက္တဲ့ Cover ကို ရရွိၿပီလို႔လည္း နည္းျပ ကေလာ့ပ္က ေမွ်ာ္လင့္ေနပုံရပါတယ္။

အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀ သာ ရရွိေနၿပီး သူ႕ရဲ႕ ပထမဆုံး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို အသက္ ၁၇ ႏွစ္မွာ ခ်ဳပ္ဆုိခဲ့စဥ္ကထက္ တုိးတက္ရရွိေသးျခင္း မရွိေသးတဲ့ ဆာကာကို အာဆင္နယ္ဘက္ကေတာ့ တစ္ပတ္ကို ေပါင္ ၃၀၀၀၀ နဲ႔ ငါးႏွစ္စာခ်ဳပ္ ကမ္းလွမ္းထားတယ္လို႔ဆုိၿပီး အျမန္ဆုံးစာခ်ဳပ္ခ်ဳပ္ဆုိဖို႔လည္း နည္းျပ မီခယ္လ္ အာတီတာနဲ႔ စီနီယာကစားသမားေတြက စည္း႐ုံးေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာကို လာမယ့် နွေရာသီမှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကစားသမားရဲ့ အသင်းနဲ့ နည်းပါးတဲ့ လစာငွေနဲ့ တစ်နှစ်သာ ကျန်ရှိတော့မယ့် စာချုပ်အနေအထားကို အခွင့်ကောင်းရယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိစာချုပ်အနေအထားအရ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားရဲ့ ဆန္ဒက အဓိကနေရာမှာရှိနေပြီး အာဆင်နယ်အနေနဲ့ အမြန်ဆုံး စာချုပ် မချုပ်နိုင်ရင်တော့ လီဗာပူးလ်ဆီကို လက်လွှတ်ရမှာဖြစ်သလို ဒီနှစ်မှာ မရောင်းဘူးဆိုရင်လည်း နောင်နှစ်မှာ နည်းပါးတဲ့ လေ့ကျင့်မှုလျော်ကြေး (Training Compensation)နဲ့ ငွေကြေးအနည်းငယ်သာ ရဖို့ ရှိနေတာပါ။

နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဘယ်နောက်ခံလူနေရာမှာ အန်ဒီ ရောဘတ်ဆန်ကိုပဲ ဆက်လက်ပြီး ပွဲအများစုကို ကစားခိုင်းဖို့ ရည်ရွယ်ထားပုံရပြီး ဆာကာကို ခေါ်ယူနိုင်မယ်ဆိုရင်တော့ သူ့ကို ဒီနေရာမှာ ရံဖန်ရံခါနဲ့ တိုက်စစ်တောင်ပံတွေမှာတော့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ရဲ့ အရန်အဖြစ် အလျဉ်းသင့်သလို သုံးစွဲသွားဖို့လည်း ရှိနေပါတယ်။

ရောဘတ်ဆန် မကစားနိုင်ရင် အင်္ဂလိပ်ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာက ဆင်းကစားပေးနေရတဲ့ ဘယ်နောက်ခံလူနေရာအတွက် Full Back, Wing Back နဲ့ Winger နေရာတွေမှာ ကစားနိုင်တဲ့ ဒီနိုင်ဂျီးရီးယားနွယ်ဖွား အင်္ဂလန်ယူ-၂၀ ကစားသမားကို ရရှိခဲ့ရင်တော့ လုံလောက်တဲ့ Cover ကို ရရှိပြီလို့လည်း နည်းပြ ကလော့ပ်က မျှော်လင့်နေပုံရပါတယ်။

အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀ သာ ရရှိနေပြီး သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို အသက် ၁၇ နှစ်မှာ ချုပ်ဆိုခဲ့စဉ်ကထက် တိုးတက်ရရှိသေးခြင်း မရှိသေးတဲ့ ဆာကာကို အာဆင်နယ်ဘက်ကတော့ တစ်ပတ်ကို ပေါင် ၃၀၀၀၀ နဲ့ ငါးနှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့ဆိုပြီး အမြန်ဆုံးစာချုပ်ချုပ်ဆိုဖို့လည်း နည်းပြ မီခယ်လ် အာတီတာနဲ့ စီနီယာကစားသမားတွေက စည်းရုံးနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.