Premier League Transfer News

ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူမှုမှာ သဘောထားကွဲလွဲခဲ့ကြတဲ့ အာတီတာနဲ့ အီဒူး

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ နည်းပြ မီခေးလ် အာတီတာလိုချင်တဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ အပြောင်းအရွှေ့ကို ဖျက်သိမ်းဖို့ ကြံစည်ခဲ့ကြောင်း သိရပြီး သူ့အနေနဲ့ စျေးပိုသက်သာတဲ့ အစားထိုးဂိုးသမားကို Plan B အနေနဲ့ ဝယ်ယူဖို့ တိုက်တွန်းစည်းရုံးခဲ့ပါသေးတယ်။

ရှက်ဖီးလ်အသင်းရဲ့ စျေးကိုင်မှုကြောင့် အီဒူးဘက်က မကျေနပ်ခဲ့တာဖြစ်ပြီး ခေါင်းမာနေတဲ့ အာတီတာကြောင့်သာ လက်လျှော့ခဲ့ရတယ်လို့ သိရသလို အခုနွေအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ သုံးစွဲပြီး ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တဲ့ အာဆင်နယ်ဟာ ရမ်းစ်ဒေးလ်အတွက် ပေါင်သန်း ၃၀ အထိ အကုန်အကျခံခဲ့တာဟာ ပရိသတ်တွေ မျက်လုံးပြူးစရာလည်းဖြစ်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန်သားကစားခဲ့တဲ့ အသင်းတွေဟာ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရသူဖြစ်ပေမယ့် ဂန်းနားတို့ကတော့ ကနဦးပြောင်းရွေ့ကြေး ၂၄ သန်းနဲ့ အပိုထပ်ဆောင်းကြေး ၆ သန်းပေးသွားဖို့ သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ ကစားသမားကို ပူးတွဲပြောင်းရွှေ့ကြေးအမြင့်ဆုံး ဗြိတိန်ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။

The Athletic သတင်းရဲ့ဖော်ပြချက်အရ ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ အာတီတာကသာ အဓိကခေါင်းမာခဲ့ခြင်းဖြစ်ပြီး ရှက်ဖီးလ်တောင်းတဲ့စျေးကို အာဆင်နယ်အသင်းဘက်ကတော့ အဆိုပါ အသက် ၂၃ နှစ်သားအတွက် တန်တယ်လို့ မယူခဲ့ဘဲ အီဒူးအနေနဲ့ နောက်တမျိုးစဥ်းစားဖို့ လှုပ်ရှားခဲ့သလို ဘရာဇီးလ်သားနဲ့ သူ့ရဲ့ဘောလုံးကင်းထောက်အဖွဲ့ စျေးပိုကိုက်တဲ့ ဂိုးသမားတဦးကို ရှာဖွေခဲ့ကြတာပါ။

ဘာစီလိုနာအသင်းရဲ့ အရန်ဂိုးသမား နီတိုကို မျက်စိကျစရာအဖြစ် ရှုမြင်ခဲ့သလို ဘဏ္ဍာရေးအခြေအနေမကောင်းတဲ့ ကတ်တလန်ကလပ်ဘက်ကလည်း ပေါင် ၁၂ သန်းဝန်းကျင်နဲ့ အချိုအချောင်ထုတ်ရောင်းဖို့ ရှိနေချိန်မှာ အာတီတာရဲ့စိတ်ကြိုက်ဖြစ်တဲ့ ရမ်းစ်ဒေးလ်ထက်လည်း ပြောင်းရွှေ့ကြေး ထက်ဝက်တိတိသက်သာနေခဲ့ပါသေးတယ်။

ဒါပေမယ့် စပိန်သားကတော့ ယူရို ၂၀၂၀ အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ရမ်းစ်ဒေးလ်မှ ရမ်းစ်​ဒေးလ်ဖြစ်နေခဲ့ပြီး သူ့ကို အရ ခေါ်ယူပေးဖို့သာ အသင်းဘက်ကို ပြန်ဖိအားပေးခဲ့ပြီး အသက် ၂၃ နှစ်သားရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့တဲ့နောက် သူဟာ ပြောင်းရွှေ့​ကြေးအမြင့်ဆုံး အဆင့် ၅ မှာ ရပ်တည်နေတဲ့ ဂိုးသမားလည်းဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် ဂန်းနားတို့ကတော့ ပေးခဲ့ရတဲ့စျေးအတွက် ခေါင်းကိုက်နေခြင်းမရှိဘူးလို့ ဆိုထားသလို သူသာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် စျေးကောင်းပြန်ရဖို့လည်း မျှော်မှန်းထားပြီး ဥရောပရဲ့ အသက် ၂၃ နှစ်အောက် ဂိုးသမားတွေထက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့်အများဆုံးရရှိထားဖူးတဲ့ ရမ်းစ်ဒေးလ်ကို အတွေ့အကြုံပိုင်းအရ ယှဥ်နိုင်တဲ့ လူငယ်ဂိုးသမားဆိုတာ ရှားပါးလွန်းတယ်လို့ ခံယူထားကာ အသင်းရဲ့အနာဂတ်အစီအစဥ်မှာ အဓိကအထောက်အပံ့ဖြစ်လာမယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ နည်းပြ မီခေးလ် အာတီတာလိုချင်တဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ အပြောင်းအရွှေ့ကို ဖျက်သိမ်းဖို့ ကြံစည်ခဲ့ကြောင်း သိရပြီး သူ့အနေနဲ့ ဈေးပိုသက်သာတဲ့ အစားထိုးဂိုးသမားကို Plan B အနေနဲ့ ဝယ်ယူဖို့ တိုက်တွန်းစည်းရုံးခဲ့ပါသေးတယ်။

ရှက်ဖီးလ်အသင်းရဲ့ ဈေးကိုင်မှုကြောင့် အီဒူးဘက်က မကျေနပ်ခဲ့တာဖြစ်ပြီး ခေါင်းမာနေတဲ့ အာတီတာကြောင့်သာ လက်လျှော့ခဲ့ရတယ်လို့ သိရသလို အခုနွေအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ သုံးစွဲပြီး ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တဲ့ အာဆင်နယ်ဟာ ရမ်းစ်ဒေးလ်အတွက် ပေါင်သန်း ၃၀ အထိ အကုန်အကျခံခဲ့တာဟာ ပရိသတ်တွေ မျက်လုံးပြူးစရာလည်းဖြစ်ခဲ့ရပါတယ်။


The Athletic သတင်းရဲ့ဖော်ပြချက်အရ ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ အာတီတာကသာ အဓိကခေါင်းမာခဲ့ခြင်းဖြစ်ပြီး ရှက်ဖီးလ်တောင်းတဲ့ဈေးကို အာဆင်နယ်အသင်းဘက်ကတော့ အဆိုပါ အသက် ၂၃ နှစ်သားအတွက် တန်တယ်လို့ မယူခဲ့ဘဲ အီဒူးအနေနဲ့ နောက်တမျိုးစဉ်းစားဖို့ လှုပ်ရှားခဲ့သလို ဘရာဇီးလ်သားနဲ့ သူ့ရဲ့ဘောလုံးကင်းထောက်အဖွဲ့ ဈေးပိုကိုက်တဲ့ ဂိုးသမားတဦးကို ရှာဖွေခဲ့ကြတာပါ။



ဒါပေမယ့် ဂန်းနားတို့ကတော့ ပေးခဲ့ရတဲ့ဈေးအတွက် ခေါင်းကိုက်နေခြင်းမရှိဘူးလို့ ဆိုထားသလို သူသာ အသင်းကနေ ထွက်ခွာမယ်ဆိုရင် ဈေးကောင်းပြန်ရဖို့လည်း မျှော်မှန်းထားပြီး ဥရောပရဲ့ အသက် ၂၃ နှစ်အောက် ဂိုးသမားတွေထက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့်အများဆုံးရရှိထားဖူးတဲ့ ရမ်းစ်ဒေးလ်ကို အတွေ့အကြုံပိုင်းအရ ယှဉ်နိုင်တဲ့ လူငယ်ဂိုးသမားဆိုတာ ရှားပါးလွန်းတယ်လို့ ခံယူထားကာ အသင်းရဲ့အနာဂတ်အစီအစဉ်မှာ အဓိကအထောက်အပံ့ဖြစ်လာမယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.