Other Premier League

ကွာရန်တင်းဝင်ရတော့မယ့် CR7 အင်္ဂလန်ကို ရောက်ရောက်ချင်း အသင်းဖော်တွေကို ဘယ်လိုအမှာပါးလိုက်လဲ?

ပေါ်တူဂီလက်ရွေးစင်နဲ့အတူ ပူးပေါင်းနေရာကနေ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ဟန်ဂေရီအသင်းကို ခေါင်းတိုက်ဂိုးနှစ်ဂိုးနဲ့ အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့ရာကနေ မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာပြီး အိုးထရက်ဖို့ဒ်ကို မနေ့ညကပဲ ဝင်ရောက်လာခဲ့တဲ့ မန်ယူနိုက်တက်ရဲ့တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာ တကျော့ပြန်ပရီးမီးယားလိဂ်ပွဲဦးထွက်ကို ကစားသွားနိုင်ဖွယ်ရှိနေပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ဆားဘီးယားနဲ့ပွဲမှာ ဂိုးစည်းကျော်ခဲ့ပြီး ဂိုးမရခဲ့တဲ့ဖြစ်ရပ်အတွက် စောဒကတက်တုန်းက ထိခဲ့တဲ့ တစ်ဝါနဲ့ နှစ်ဂိုးသွင်းယူခဲ့ပြီး အင်္ကျီချွတ် အောင်ပွဲခံရင်း ထိခဲ့တဲ့အိုင်ယာလန်နဲ့ပွဲမှာ ထိခဲ့တဲ့ တစ်ဝါပေါင်းရင် ပွဲပယ်ခံရမယ့် ပမာဏကို ရောက်ရှိသွားခဲ့လို့ လာမယ့် အဇာဘိုင်ဂျန်နဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်တော့မှာလည်းဖြစ်သလို ပေါ်တူဂီနည်းပြအနေနဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကာတာအသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကစားမယ့် ပွဲစဉ်ကိုလည်း ကင်းလွတ် ခွင့်ပေးခဲ့လို့ မန်ချက်စတာယူနိုက်တက်နဲ့ စောစောစီးစီး ပူးပေါင်းနိုင်တာဖြစ်ပါတယ်။

မနေ့ညက ခရစ္စတီယာနိုဟာ မိသားစုနဲ့အတူ အင်္ဂလန်ကိုဝင်ရောက်ခဲ့တဲ့နောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက သူ့အတွက် ကွာရန်တင်းကင်းလွတ်ခွင့် ခွင့်ပြုချက်တောင်းဆိုထားမှုကို အင်္ဂလန်အစိုးရက သဘောမတူညီတဲ့အတွက် ပေါ်တူဂီသားကြီးအနေနဲ့ အများနည်းတူ ကိုဗစ်စည်းမျဉ်းအရ ကွာရန်တင်းဝင်ရမယ်လို့လည်း သိရပါတယ်။ ဒါဟာ ၅ ရက်ကြာ တကိုယ်တည်းသီးသန့်နေထိုင်ရမှာဖြစ်ပြီး ဒုတိယရက်နှင့် ပဉ္စမရက်တွေမှာ ကိုဗစ်ရောဂါပိုးဆေးစစ်မှုပြုလုပ်ရမှာဖြစ်ပြီး Negative အဖြေထွက်မှ ကွာရန်တင်းမှ ထွက်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ နယူးကာဆယ်နဲ့ကစားမယ့် ပွဲဦးထွက်မတိုင်မီ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းချိန်ကတော့ လျော့နည်းသွားဖို့ရှိနေပြီး လေ့ကျင့်ရေး ၃ ကြိမ်သာ ပါဝင်နိုင်မှာပါ။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ရော်နယ်လ်ဒိုကို အထူးခွင့်ပြုချက်နဲ့ အသင်းလေ့ကျင့်ရေးမှာ ချက်ချင်းပါဝင်စေဖို့ ပရီးမီးယားလိဂ်ကိုလည်း တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့လည်း သိရပါတယ်။

သောကြာနေ့မှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာတဲ့ GOAT ကြီးကို ဗုဒ္ဓဟူးနေ့မှသာ ယူနိုက်တက်အသင်းဖော်တွေနဲ့ အတူပူးပေါင်းနိုင်တော့မှာဖြစ်သလို သူက ” ပရိသတ်တွေရှေ့မှာ ပွဲဦးထွက်ကစားဖို့က သိပ်ကိုလှပဦးမှာပါ။ ကျွန်တော့်ဘက်က အကောင်းဆုံး ​ကြိုတင်ပြင်ဆင်သွားပါမယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိရှိထားလို့ပါ”

” ကျွန်တော်ရဲ့ ပထမဦးဆုံးသော မိနစ်ကိုးဆယ်ဖြစ်လာပါလိမ့်မယ်။ နည်းနည်းလေးတော့ ခက်ခဲနိုင်ပေမယ့် အရာရာက တိုးတက်လာနေပါတယ်” လို့ ပြောကြားသွားခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာ ဆက်ဆက်ပွဲထွက်ကစားမှာဖြစ်ကြောင်း သရဲနီပရိသတ်တွေကို အသိပေးသွားခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့အနေနဲ့ ယူနိုက်တက်နဲ့ အ​ပြောင်းအရွှေ့အောင်မြင်ပြီးချိန်မှာ သရဲနီအသင်းဖော်သစ်တွေကို ဦးစားပေးအနေနဲ့ ချက်ချင်းဆိုသလို အဆက်အသွယ်ပြုလုပ်သွားခဲ့ပြီး “ငါတို့အသင်း ပရီးမီးယားလိဂ်ဖလားကို အရသိမ်းပိုက်ကြရအောင်” လို့ မက်ဆေ့ချ်ပို့ပြီး စိတ်ဓာတ်လှုံ့ဆော်ရေးပြုလုပ်သွားခဲ့ကြောင်းလည်း The Sun သတင်းက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်သားကြီးဟာ သူ့ရဲ့ကစားသမားနေဝင်ချိန်ကို အိပ်မက်ကဇာတ်ရုံကြီးနဲ့ ပြန်လည်ဇာတ်ပေါင်းခဲ့ရာမှာ ၃ နှစ်မစ်ရှင်လို့ ခေါ်ဆိုရမယ့် ကနဦး ၂ နှစ်+တနှစ်ထပ်တိုးခွင့်ဆိုတဲ့စာချုပ်အရ ဖာဂီခေတ်လွန်မှာ ယူနိုက်တက်တို့ ပျောက်ဆုံးနေတဲ့ ‘အောင်စိတ်’ နဲ့ ‘နိုင်လိုစိတ်’၊ ဆုဖလားဆာလောင်စိတ်တွေကို ပြန်လည်အသက်ဝင်နိုးထစေပြီး တသင်းလုံးကို ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင်မှုပေးကာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အမှတ်ပေးဖလားချန်ပီယံဖြစ်လာဖို့လည်း ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးသွားနိုင်ဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီလက္ေ႐ြးစင္နဲ႔အတူ ပူးေပါင္းေနရာကေန ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ဟန္ေဂရီအသင္းကို ေခါင္းတိုက္ဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရလဒ္ကို ယူေဆာင္ေပးႏိုင္ခဲ့ရာကေန မန္ခ်က္စတာၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာၿပီး အိုးထရက္ဖို႔ဒ္ကို မေန႔ညကပဲ ဝင္ေရာက္လာခဲ့တဲ့ မန္ယူႏိုက္တက္ရဲ႕တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ လာမယ့္ စက္တင္ဘာ ၁၁ ရက္ေန႔မွာ တေက်ာ့ျပန္ပရီးမီးယားလိဂ္ပြဲဦးထြက္ကို ကစားသြားႏိုင္ဖြယ္ရွိေနပါတယ္။

မေန႔ညက ခရစၥတီယာႏိုဟာ မိသားစုနဲ႔အတူ အဂၤလန္ကိုဝင္ေရာက္ခဲ့တဲ့ေနာက္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက သူ႔အတြက္ ကြာရန္တင္းကင္းလြတ္ခြင့္ ခြင့္ျပဳခ်က္ေတာင္းဆိုထားမႈကို အဂၤလန္အစိုးရက သေဘာမတူညီတဲ့အတြက္ ေပၚတူဂီသားႀကီးအေနနဲ႔ အမ်ားနည္းတူ ကိုဗစ္စည္းမ်ဥ္းအရ ကြာရန္တင္းဝင္ရမယ္လို႔လည္း သိရပါတယ္။ ဒါဟာ ၅ ရက္ၾကာ တကိုယ္တည္းသီးသန႔္ေနထိုင္ရမွာျဖစ္ၿပီး ဒုတိယရက္ႏွင့္ ပၪၥမရက္ေတြမွာ ကိုဗစ္ေရာဂါပိုးေဆးစစ္မႈျပဳလုပ္ရမွာျဖစ္ၿပီး Negative အေျဖထြက္မွ ကြာရန္တင္းမွ ထြက္ခြင့္ရရွိမွာျဖစ္ပါတယ္။

မေန႔က အဂၤလန္ကိုဝင္ေရာက္ခဲ့တဲ့ေနာက္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ကြာရန္တင္းကင္းလြတ္ခြင့္ ခြင့္ျပဳခ်က္ေတာင္းဆိုထားမႈကို အဂၤလန္အစိုးရက သေဘာမတူညီတဲ့အတြက္ ေပၚတူဂီသားႀကီးအေနနဲ႔ အမ်ားနည္းတူ ကိုဗစ္စည္းမ်ဥ္းအရ ကြာရန္တင္းဝင္ရမယ္လို႔လည္း သိရပါတယ္။ ဒါဟာ ၅ ရက္ၾကာ တကိုယ္တည္းသီးသန႔္ေနထိုင္ရမွာျဖစ္ၿပီး ဒုတိယရက္ႏွင့္ ပၪၥမရက္ေတြမွာ ကိုဗစ္ေရာဂါပိုးေဆးစစ္မႈျပဳလုပ္ရမွာျဖစ္ၿပီး Negative အေျဖထြက္မွ ကြာရန္တင္းမွ ထြက္ခြင့္ရရွိမွာျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔အေနနဲ႔ နယူးကာဆယ္နဲ႔ကစားမယ့္ ပြဲဦးထြက္မတိုင္မီ အသင္းနဲ႔အတူ ေလ့က်င့္ေရးဆင္းခ်ိန္ကေတာ့ ေလ်ာ့နည္းသြားဖို႔ရွိေနၿပီး ေလ့က်င့္ေရး ၃ ႀကိမ္သာ ပါဝင္ႏိုင္မွာပါ။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ေရာ္နယ္လ္ဒိုကို အထူးခြင့္ျပဳခ်က္နဲ႔ အသင္းေလ့က်င့္ေရးမွာ ခ်က္ခ်င္းပါဝင္ေစဖို႔ ပရီးမီးယားလိဂ္ကိုလည္း ေတာင္းဆိုခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။

ေသာၾကာေန႔မွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာတဲ့ GOAT ႀကီးကို ဗုဒၶဟူးေန႔မွသာ ယူႏိုက္တက္အသင္းေဖာ္ေတြနဲ႔ အတူပူးေပါင္းႏိုင္ေတာ့မွာျဖစ္သလို သူက ” ပရိသတ္ေတြေရွ႕မွာ ပြဲဦးထြက္ကစားဖို႔က သိပ္ကိုလွပဦးမွာပါ။ ကြၽန္ေတာ့္ဘက္က အေကာင္းဆုံး ​ႀကိဳတင္ျပင္ဆင္သြားပါမယ္။ ဘာလို႔လဲဆိုေတာ့ ပရီးမီးယားလိဂ္က ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ သိရွိထားလို႔ပါ”

” ကြၽန္ေတာ္ရဲ႕ ပထမဦးဆုံးေသာ မိနစ္ကိုးဆယ္ျဖစ္လာပါလိမ့္မယ္။ နည္းနည္းေလးေတာ့ ခက္ခဲႏိုင္ေပမယ့္ အရာရာက တိုးတက္လာေနပါတယ္” လို႔ ေျပာၾကားသြားခဲ့ၿပီး နယူးကာဆယ္နဲ႔ပြဲမွာ ဆက္ဆက္ပြဲထြက္ကစားမွာျဖစ္ေၾကာင္း သရဲနီပရိသတ္ေတြကို အသိေပးသြားခဲ့ပါေသးတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ ယူႏိုက္တက္နဲ႔ အ​ေျပာင္းအေ႐ႊ႕ေအာင္ျမင္ၿပီးခ်ိန္မွာ သရဲနီအသင္းေဖာ္သစ္ေတြကို ဦးစားေပးအေနနဲ႔ ခ်က္ခ်င္းဆိုသလို အဆက္အသြယ္ျပဳလုပ္သြားခဲ့ၿပီး “ငါတို႔အသင္း ပရီးမီးယားလိဂ္ဖလားကို အရသိမ္းပိုက္ၾကရေအာင္” လို႔ မက္ေဆ့ခ်္ပို႔ၿပီး စိတ္ဓာတ္လႈံ႕ေဆာ္ေရးျပဳလုပ္သြားခဲ့ေၾကာင္းလည္း The Sun သတင္းက ေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္သားႀကီးဟာ သူ႔ရဲ႕ကစားသမားေနဝင္ခ်ိန္ကို အိပ္မက္ကဇာတ္႐ုံႀကီးနဲ႔ ျပန္လည္ဇာတ္ေပါင္းခဲ့ရာမွာ ၃ ႏွစ္မစ္ရွင္လို႔ ေခၚဆိုရမယ့္ ကနဦး ၂ ႏွစ္+တႏွစ္ထပ္တိုးခြင့္ဆိုတဲ့စာခ်ဳပ္အရ ဖာဂီေခတ္လြန္မွာ ယူႏိုက္တက္တို႔ ေပ်ာက္ဆုံးေနတဲ့ ‘ေအာင္စိတ္’ နဲ႔ ‘ႏိုင္လိုစိတ္’၊ ဆုဖလားဆာေလာင္စိတ္ေတြကို ျပန္လည္အသက္ဝင္ႏိုးထေစၿပီး တသင္းလုံးကို ေရွ႕တန္းကေန မားမားမတ္မတ္ ဦးေဆာင္မႈေပးကာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အဂၤလန္အမွတ္ေပးဖလားခ်န္ပီယံျဖစ္လာဖို႔လည္း ပရိသတ္ဆႏၵကို ျဖည့္ဆည္းေပးသြားႏိုင္ဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.