ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ ကစားသမားကောင်းတွေဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီနဲ့ အွန်ထွာ ဂရိဇ်မန်းတို့လိုလူတွေကို လက်လွှတ်ခဲ့ရအပြီးမှာ အသင်းရဲ့ တန်ဖိုးက စံချိန်တင် ကျဆင်းသွားခဲ့ပြီး ဘယ်အချိန်ကြည့်ကြည့် ဒုတိယနေရာမှာ အနည်းဆုံး ရပ်တည်ခဲ့တဲ့ ကာတာလန်ကလပ်အနေနဲ့ အရှက်ရခဲ့တာလည်းဖြစ်ပါတယ်။
အသင်းရဲ့ လွဲမှားပြီး ဈေးကြီးမိခဲ့သလို ကိုယ့်အသင်းရောက်မှ ခြေစွမ်းမပြနိုင်တဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ စံချိန်တင် အပြောင်းအရွှေ့သုံးရပ်ဖြစ်တဲ့ ဖလိပီ ကော်တင်ညို (ယူရိုသန်း ၁၂၀ – ၂၀၁၈၊ ကမ္ဘာ့ဈေးအမြင့်ဆုံး နံပါတ် ၄)၊ အွန်ထွာ ဂရိဇ်မန်း (ယူရိုသန်း ၁၂၀ – ၂၀၁၉၊ ကမ္ဘာ့ဈေးအမြင့်ဆုံး နံပါတ် ၄)နဲ့ အူစမာနီ ဒမ်ဘီလီ (ယူရို ၁၀၅ သန်း – ၂၀၁၇၊ ကမ္ဘာ့ဈေးအမြင့်ဆုံး နံပါတ် ၈)တို့ဟာ နူးကမ့်မှာ အလုပ်မဖြစ်ခဲ့ဘဲ အရှုံးဘက်ကိုပဲ ပြခဲ့တာဖြစ်ပါတယ်။
သူတို့တွေကို ယူရိုသန်း ၁၀၀ အထက် ဈေးတွေနဲ့ ခေါ်ယူခဲ့ရပေမယ့် နည်းစနစ်ပိုင်း အံမဝင်မှု၊ ခြေစွမ်းမပြနိုင်မှုနဲ့ ဒဏ်ရာတွေကြောင့် တန်ဖိုးတွေ ကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ရာသီက လူးဝစ် ဆွာရက်ဇ်၊ ဒီရာသီမှာ အသက်ကြီးပေမယ့်လည်း တန်ဖိုးမြင့်မားနေဆဲဖြစ်တဲ့ မက်ဆီပါ အသင်းကနေ ထွက်ခွာသွားခဲ့အပြီးမှာတော့ အသင်းရဲ့ တန်ဖိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့် ၁၀ ဆီ ထိုးဆင်းသွားခဲ့တာပါ။
နှစ်ရာသီဆက်တိုက် လာလီဂါဖလားကို လက်လွှတ်ထားခဲ့ရသလို ကိုဗစ်ကြောင့် ဝင်ငွေတွေ လျော့ကျခဲ့တဲ့ ကာတာလန်သားတွေအနေနဲ့ ကစားသမားကောင်းတွေကို မထိန်းသိမ်းနိုင်တော့ဘဲဖြစ်ခဲ့ရသလို တချို့ကစားသမားတွေကိုလည်း ခြေစွမ်းက သာမန်လောက်ပဲ ရှိနေချိန်မှာ တစ်ပတ်လုပ်ခ လစာတွေကို မတန်မရာ ယူရိုတစ်သိန်းကျော်တွေ ပေးထားခဲ့ပြီး နောက်ဆုံးမှာတော့ မက်ဆီကိုတောင် စာချုပ်သစ် မချုပ်နိုင်တဲ့ အနေအထားကို ရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။
ကာတာလန်အသင်းဟာ ၂၀၁၈ ခုနှစ်က အသင်းတန်ဖိုး ယူရို ၁.၁၆ ဘီလီယံ ရှိခဲ့ပေမယ့် ဥက္ကဋ္ဌဟောင်း ဘာတိုမြူနဲ့ အားကစားဒါရိုက်တာဟောင်း အဘီဒယ်လ်တို့ရဲ့ ဆိုးရွားတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ကြုံတွေ့ရအပြီးမှာတော့ အသင်းဆီ မက်ဆီကို မဆုံးရှုံးစေရလို့ လေသံကောင်းဟစ်ပြီး ဝင်လာခဲ့တဲ့ လာပေါ်တာကိုယ်တိုင် မရှင်းနိုင်တော့ဘဲ လက်ရှိတန်ဖိုး ယူရို ၆၇၆ သန်းနဲ့ ဆုံးရှုံးမှုအဖြစ် ယူရို ၄၈၄ သန်းတိတိ တန်ဖိုးလျော့ကျသွားခဲ့တာပါ။
ဘောလုံးအချက်အလက်ပြုစုရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Transfermarkt ရဲ့ ဖော်ပြချက်အရတော့ မန်ချက်စတာစီးတီးအသင်းက ယူရို ၁.၀၄ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့သလို ဘာစီလိုနာရဲ့ အနီးကပ်ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ယူရို ၇၈၃.၅ သန်းနဲ့ အဆင့် ၇ မှာ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်ကတော့ ယူရို ၇၅၅.၂ သန်းနဲ့ အဆင့် ၈ မှာ ရှိနေခဲ့ပါတယ်။
ဒါတောင်မှ နူးကမ့်မှာ အသက်ငယ်ရွယ်ပြီး ခြေစွမ်းမြင့်တဲ့ ကစားသမားတွေဖြစ်ကြတဲ့ အန်ဆူ ဖာတီ၊ ပက်ဒရီနဲ့ ဖရင်ကီ ဒီယုံးတို့လို ကစားသမားတွေ ရှိနေလို့ဖြစ်ပြီး သူတို့သုံးဦးအတွက်တော့ လာမယ့်နှစ်တွေမှာ အသင်းရဲ့ စုစုပေါင်းတန်ဖိုးက ရေမြင့်ရင် ကြာတင့်သလို တက်လာနိုင်သေးတာကိုတော့ မျှော်လင့်ရမှာဖြစ်ပြီး လက်ရှိမှာတော့ ဆွာရက်ဇ်၊ မက်ဆီနဲ့ ဂရိဇ်မန်းတို့ရဲ့ လစ်လပ်သွားမှုက ဘာစီလိုနာကို ဘာစီလိုနာ မဟုတ်စေဘဲဖြစ်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ အသင္းရဲ႕ ကစားသမားေကာင္းေတြျဖစ္ၾကတဲ့ လီယြန္နယ္ မက္ဆီနဲ႔ အြန္ထြာ ဂရိဇ္မန္းတို႔လိုလူေတြကို လက္လႊတ္ခဲ့ရအၿပီးမွာ အသင္းရဲ႕ တန္ဖိုးက စံခ်ိန္တင္ က်ဆင္းသြားခဲ့ၿပီး ဘယ္အခ်ိန္ၾကည့္ၾကည့္ ဒုတိယေနရာမွာ အနည္းဆုံး ရပ္တည္ခဲ့တဲ့ ကာတာလန္ကလပ္အေနနဲ႔ အရွက္ရခဲ့တာလည္းျဖစ္ပါတယ္။
အသင္းရဲ႕ လြဲမွားၿပီး ေဈးႀကီးမိခဲ့သလို ကိုယ့္အသင္းေရာက္မွ ေျခစြမ္းမျပႏိုင္တဲ့အျဖစ္နဲ႔ ႀကဳံခဲ့ရတဲ့ စံခ်ိန္တင္ အေျပာင္းအေ႐ႊ႕သုံးရပ္ျဖစ္တဲ့ ဖလိပီ ေကာ္တင္ညိဳ (ယူ႐ိုသန္း ၁၂၀ – ၂၀၁၈၊ ကမာၻ႔ေဈးအျမင့္ဆုံး နံပါတ္ ၄)၊ အြန္ထြာ ဂရိဇ္မန္း (ယူ႐ိုသန္း ၁၂၀ – ၂၀၁၉၊ ကမာၻ႔ေဈးအျမင့္ဆုံး နံပါတ္ ၄)နဲ႔ အူစမာနီ ဒမ္ဘီလီ (ယူ႐ို ၁၀၅ သန္း – ၂၀၁၇၊ ကမာၻ႔ေဈးအျမင့္ဆုံး နံပါတ္ ၈)တို႔ဟာ ႏူးကမ့္မွာ အလုပ္မျဖစ္ခဲ့ဘဲ အရႈံးဘက္ကိုပဲ ျပခဲ့တာျဖစ္ပါတယ္။
သူတို႔ေတြကို ယူ႐ိုသန္း ၁၀၀ အထက္ ေဈးေတြနဲ႔ ေခၚယူခဲ့ရေပမယ့္ နည္းစနစ္ပိုင္း အံမဝင္မႈ၊ ေျခစြမ္းမျပႏိုင္မႈနဲ႔ ဒဏ္ရာေတြေၾကာင့္ တန္ဖိုးေတြ က်ဆင္းခဲ့သလို ၿပီးခဲ့တဲ့ ရာသီက လူးဝစ္ ဆြာရက္ဇ္၊ ဒီရာသီမွာ အသက္ႀကီးေပမယ့္လည္း တန္ဖိုးျမင့္မားေနဆဲျဖစ္တဲ့ မက္ဆီပါ အသင္းကေန ထြက္ခြာသြားခဲ့အၿပီးမွာေတာ့ အသင္းရဲ႕ တန္ဖိုးက ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးတဲ့ ကမာၻ႔အဆင့္ ၁၀ ဆီ ထိုးဆင္းသြားခဲ့တာပါ။
ႏွစ္ရာသီဆက္တိုက္ လာလီဂါဖလားကို လက္လႊတ္ထားခဲ့ရသလို ကိုဗစ္ေၾကာင့္ ဝင္ေငြေတြ ေလ်ာ့က်ခဲ့တဲ့ ကာတာလန္သားေတြအေနနဲ႔ ကစားသမားေကာင္းေတြကို မထိန္းသိမ္းႏိုင္ေတာ့ဘဲျဖစ္ခဲ့ရသလို တခ်ိဳ႕ကစားသမားေတြကိုလည္း ေျခစြမ္းက သာမန္ေလာက္ပဲ ရွိေနခ်ိန္မွာ တစ္ပတ္လုပ္ခ လစာေတြကို မတန္မရာ ယူ႐ိုတစ္သိန္းေက်ာ္ေတြ ေပးထားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မက္ဆီကိုေတာင္ စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္တဲ့ အေနအထားကို ေရာက္ခဲ့ရတာလည္းျဖစ္ပါတယ္။
ကာတာလန္အသင္းဟာ ၂၀၁၈ ခုႏွစ္က အသင္းတန္ဖိုး ယူ႐ို ၁.၁၆ ဘီလီယံ ရွိခဲ့ေပမယ့္ ဥကၠ႒ေဟာင္း ဘာတိုျမဴနဲ႔ အားကစားဒါ႐ိုက္တာေဟာင္း အဘီဒယ္လ္တို႔ရဲ႕ ဆိုး႐ြားတဲ့ စီမံခန႔္ခြဲမႈေတြနဲ႔ ႀကဳံေတြ႕ရအၿပီးမွာေတာ့ အသင္းဆီ မက္ဆီကို မဆုံးရႈံးေစရလို႔ ေလသံေကာင္းဟစ္ၿပီး ဝင္လာခဲ့တဲ့ လာေပၚတာကိုယ္တိုင္ မရွင္းႏိုင္ေတာ့ဘဲ လက္ရွိတန္ဖိုး ယူ႐ို ၆၇၆ သန္းနဲ႔ ဆုံးရႈံးမႈအျဖစ္ ယူ႐ို ၄၈၄ သန္းတိတိ တန္ဖိုးေလ်ာ့က်သြားခဲ့တာပါ။
ေဘာလုံးအခ်က္အလက္ျပဳစုေရး ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္ခ်က္စတာစီးတီးအသင္းက ယူ႐ို ၁.၀၄ ဘီလီယံနဲ႔ ထိပ္ဆုံးမွာ ရွိေနခဲ့သလို ဘာစီလိုနာရဲ႕ အနီးကပ္ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကေတာ့ ယူ႐ို ၇၈၃.၅ သန္းနဲ႔ အဆင့္ ၇ မွာ ရွိေနၿပီး အက္သလက္တီကို မက္ဒရစ္ကေတာ့ ယူ႐ို ၇၅၅.၂ သန္းနဲ႔ အဆင့္ ၈ မွာ ရွိေနခဲ့ပါတယ္။
ဒါေတာင္မွ ႏူးကမ့္မွာ အသက္ငယ္႐ြယ္ၿပီး ေျခစြမ္းျမင့္တဲ့ ကစားသမားေတြျဖစ္ၾကတဲ့ အန္ဆူ ဖာတီ၊ ပက္ဒရီနဲ႔ ဖရင္ကီ ဒီယုံးတို႔လို ကစားသမားေတြ ရွိေနလို႔ျဖစ္ၿပီး သူတို႔သုံးဦးအတြက္ေတာ့ လာမယ့္ႏွစ္ေတြမွာ အသင္းရဲ႕ စုစုေပါင္းတန္ဖိုးက ေရျမင့္ရင္ ၾကာတင့္သလို တက္လာႏိုင္ေသးတာကိုေတာ့ ေမွ်ာ္လင့္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ ဆြာရက္ဇ္၊ မက္ဆီနဲ႔ ဂရိဇ္မန္းတို႔ရဲ႕ လစ္လပ္သြားမႈက ဘာစီလိုနာကို ဘာစီလိုနာ မဟုတ္ေစဘဲျဖစ္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.