Premier League

အမျိုးသမီးတိုက်စစ်မှူးကို အသင်းမှာ ထည့်ကစားဖို့ အာဆင်နယ်ဖန်တွေ တောင်းဆိုနေကြ

အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေအများဆုံးသုံးထားခဲ့တဲ့ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြ မီခယ်လ် အာတီတာ၊ ရေသာခို အချောင်လိုက်နေတဲ့ တချို့ကစားသမားတွေကို လက်ရှိအချိန်အထိ မယုံကြည်သေးဘဲဖြစ်နေပြီး အံ့အားသင့်ဖွယ်ရာ တောင်းဆိုမှုတစ်ခုကိုပါ ပြုလုပ်လာခဲ့ကြပါတယ်။

ဒါကတော့ အမျိုးသမီးအသင်းရဲ့ ဂိုးသွင်းဘုရင် ဗီဗီယန်း မီဒမ်မာကို အမျိုးသားအသင်းတိုက်စစ်မှာ ထည့်သွင်းကစားစေဖို့ဖြစ်ပြီး လက်ရှိတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်း၊ အလက်ဇန်းဒါး လာကာဇက်နဲ့ ဂါဘရီယယ်လ် မာတီနယ်လီ အစရှိတဲ့သူတွေကို အယုံအကြည် မရှိကြောင်းကိုလည်း ပြသနေကြပါတယ်။

ပရိသတ်တွေရဲ့ အပေါက်ကွဲရဆုံးအချက်ကတော့ အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲမှာ ရှုံးပွဲဆက်ခဲ့တာထက် တစ်ဂိုးမှ မရလိုက်တာကိုဖြစ်ပြီး ဒါဟာ ၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဆိုးရွားဆုံးမှတ်တမ်းဖြစ်ခဲ့သလို နည်းပြ အာတီတာအနေနဲ့ ၆၇ နှစ်ကြာ ရှောင်လွှဲနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ရယူပြီး အာဆင်နယ်တို့ကို အရှက်ကွဲစေခဲ့တာပါ။

ဒီအချိန်မှာ ဝက်စ်ဘရွန်းအရန်အသင်းကိုကလွဲလို့ ဂိုးမသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းမှာ အမျိုးသမီးအသင်းနဲ့ ပြိုင်ပွဲစုံ ၁၀၂ ပွဲမှာ ၉၅ ဂိုး သွင်းယူထားခဲ့သလို အမျိုးသမီးပရီးမီးယားလိဂ်လို့ ဆိုရမယ့် FA Women Super League ပြိုင်ပွဲမှာလည်း ၆၇ ပွဲမှာ ဂိုး ၆၀ သွင်းယူထားနိုင်တဲ့ မီဒမ်မာကို တိုက်စစ်မှာ ဦးဆောင်စေဖို့ ပရိသတ်တွေက အလိုရှိနေတယ်လို့ စုစည်းခဲ့ကြတာပဲဖြစ်ပါတယ်။

တကယ်တမ်းလက်မှတ်ရေးထိုးတောင်းဆိုမှုတွေလို အစစ်တော့ မဟုတ်ပေမယ့် ၃၇၅၈၄ ဦးက သဘောတူထားတယ်လို့ သိရတဲ့ မီဒမ်မာအနေနဲ့ အသင်းရဲ့ တိုက်စစ်ကိုသာ ဦးဆောင်ခဲ့မယ်ဆိုရင် ကီရန် တီယာနီရဲ့ ဖြတ်တင်ဘောတွေနဲ့ မာတင် အော်ဒီဂွါဒ်ရဲ့ ဖန်တီးမှုတွေကို အူဘာမီယန်းထက် ပိုပြီးကောင်းအောင် အသုံးချနိုင်လိမ့်မယ်လို့လည်း ပရိသတ်တွေက ပြောနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး မီဒမ်မာဟာ နယ်သာလန်ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်ရဲ့ နိုင်ငံတူ ကစားသမားဟောင်း ဒင်းနစ္စ ဘားကမ့်နဲ့ ရော်ဘင် ဗန်ပါစီတို့ကို အတုယူခဲ့သူဖြစ်သလို နိုင်ငံအသင်းအတွက်လည်း ထာဝရဂိုးသွင်းစံချိန်ရှင်အဖြစ် ပွဲ ၁၀၀ မှာ ၈၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ FAWSL ပြိုင်ပွဲတွေမှာလည်း ရွှေဖိနပ်ဆုတွေ ရယူထားနိုင်သူပါ။

ပရိသတ်တွေရဲ့ ရည်ရွယ်ချက်က အမှန်တကယ် မီဒမ်မာကို ထည့်သွင်းကစားဖို့ထက် အမျိုးသားအသင်းက တိုက်စစ်မှူးတွေကို အရှက်ကွဲပြီး ပိုမိုကြိုးစားလာစေဖို့ပဲ ဖြစ်နိုင်ပြီး အာဆင်နယ်တို့အနေနဲ့ လာမယ့် တစ်ပတ်မှာ နော့ဝစ်ချ်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံနေချိန်မှာ အမျိုးသမီးအသင်းကတော့ ခါးသီးတဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ FAWSL အဖွင့်ပွဲစဉ်အဖြစ် အမ်းမရိတ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အနိုင်ရရှိဖို့ မျှော်လင့်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းပရိသတ္ေတြအေနနဲ႔ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ ေငြအမ်ားဆုံးသုံးထားခဲ့တဲ့ အသင္းတာဝန္ရွိသူေတြနဲ႔ နည္းျပ မီခယ္လ္ အာတီတာ၊ ေရသာခို အေခ်ာင္လိုက္ေနတဲ့ တခ်ိဳ႕ကစားသမားေတြကို လက္ရွိအခ်ိန္အထိ မယုံၾကည္ေသးဘဲျဖစ္ေနၿပီး အံ့အားသင့္ဖြယ္ရာ ေတာင္းဆိုမႈတစ္ခုကိုပါ ျပဳလုပ္လာခဲ့ၾကပါတယ္။

ဒါကေတာ့ အမ်ိဳးသမီးအသင္းရဲ႕ ဂိုးသြင္းဘုရင္ ဗီဗီယန္း မီဒမ္မာကို အမ်ိဳးသားအသင္းတိုက္စစ္မွာ ထည့္သြင္းကစားေစဖို႔ျဖစ္ၿပီး လက္ရွိတိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း၊ အလက္ဇန္းဒါး လာကာဇက္နဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီ အစရွိတဲ့သူေတြကို အယုံအၾကည္ မရွိေၾကာင္းကိုလည္း ျပသေနၾကပါတယ္။

ပရိသတ္ေတြရဲ႕ အေပါက္ကြဲရဆုံးအခ်က္ကေတာ့ အသင္းရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲ ၃ ပြဲမွာ ရႈံးပြဲဆက္ခဲ့တာထက္ တစ္ဂိုးမွ မရလိုက္တာကိုျဖစ္ၿပီး ဒါဟာ ၁၉၅၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အဆိုး႐ြားဆုံးမွတ္တမ္းျဖစ္ခဲ့သလို နည္းျပ အာတီတာအေနနဲ႔ ၆၇ ႏွစ္ၾကာ ေရွာင္လႊဲႏိုင္ခဲ့တဲ့ မွတ္တမ္းဆိုးကို ရယူၿပီး အာဆင္နယ္တို႔ကို အရွက္ကြဲေစခဲ့တာပါ။

ဒီအခ်ိန္မွာ ဝက္စ္ဘ႐ြန္းအရန္အသင္းကိုကလြဲလို႔ ဂိုးမသြင္းႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းမွာ အမ်ိဳးသမီးအသင္းနဲ႔ ၿပိဳင္ပြဲစုံ ၁၀၂ ပြဲမွာ ၉၅ ဂိုး သြင္းယူထားခဲ့သလို အမ်ိဳးသမီးပရီးမီးယားလိဂ္လို႔ ဆိုရမယ့္ FA Women Super League ၿပိဳင္ပြဲမွာလည္း ၆၇ ပြဲမွာ ဂိုး ၆၀ သြင္းယူထားႏိုင္တဲ့ မီဒမ္မာကို တိုက္စစ္မွာ ဦးေဆာင္ေစဖို႔ ပရိသတ္ေတြက အလိုရွိေနတယ္လို႔ စုစည္းခဲ့ၾကတာပဲျဖစ္ပါတယ္။

တကယ္တမ္းလက္မွတ္ေရးထိုးေတာင္းဆိုမႈေတြလို အစစ္ေတာ့ မဟုတ္ေပမယ့္ ၃၇၅၈၄ ဦးက သေဘာတူထားတယ္လို႔ သိရတဲ့ မီဒမ္မာအေနနဲ႔ အသင္းရဲ႕ တိုက္စစ္ကိုသာ ဦးေဆာင္ခဲ့မယ္ဆိုရင္ ကီရန္ တီယာနီရဲ႕ ျဖတ္တင္ေဘာေတြနဲ႔ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ဖန္တီးမႈေတြကို အူဘာမီယန္းထက္ ပိုၿပီးေကာင္းေအာင္ အသုံးခ်ႏိုင္လိမ့္မယ္လို႔လည္း ပရိသတ္ေတြက ေျပာေနၾကပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး မီဒမ္မာဟာ နယ္သာလန္ကစားသမားတစ္ဦးျဖစ္ၿပီး အာဆင္နယ္ရဲ႕ ႏိုင္ငံတူ ကစားသမားေဟာင္း ဒင္းနစၥ ဘားကမ့္နဲ႔ ေရာ္ဘင္ ဗန္ပါစီတို႔ကို အတုယူခဲ့သူျဖစ္သလို ႏိုင္ငံအသင္းအတြက္လည္း ထာဝရဂိုးသြင္းစံခ်ိန္ရွင္အျဖစ္ ပြဲ ၁၀၀ မွာ ၈၃ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္နဲ႔ FAWSL ၿပိဳင္ပြဲေတြမွာလည္း ေ႐ႊဖိနပ္ဆုေတြ ရယူထားႏိုင္သူပါ။

ပရိသတ္ေတြရဲ႕ ရည္႐ြယ္ခ်က္က အမွန္တကယ္ မီဒမ္မာကို ထည့္သြင္းကစားဖို႔ထက္ အမ်ိဳးသားအသင္းက တိုက္စစ္မႉးေတြကို အရွက္ကြဲၿပီး ပိုမိုႀကိဳးစားလာေစဖို႔ပဲ ျဖစ္ႏိုင္ၿပီး အာဆင္နယ္တို႔အေနနဲ႔ လာမယ့္ တစ္ပတ္မွာ ေနာ့ဝစ္ခ်္နဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံေနခ်ိန္မွာ အမ်ိဳးသမီးအသင္းကေတာ့ ခါးသီးတဲ့ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ FAWSL အဖြင့္ပြဲစဥ္အျဖစ္ အမ္းမရိတ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး အႏိုင္ရရွိဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.