International

ဗင်နီဇွဲလားသားရဲ့ ယုတ်မာတဲ့ ဖျက်ထုတ်မှုကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့တဲ့ မက်ဆီ

ပြီးခဲ့တဲ့ ဗင်နီဇွဲလားနဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ တစ်ဖက် ကစားသမားရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ အိမ်ကွင်းမှာမို့လို့ အပိုင်ပဲဆိုတဲ့ ပုံစံနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မလို့သာ မြက်ခင်းစိမ်းတွေကို လက်ပြမနှုတ်ဆက်ရဘဲ ရှင်သန်နိုင်ခဲ့တာလို့ သိရပါတယ်။

ပွဲချိန်မိနစ် ၃၀ ကျော်မှာ ကြုံတွေ့ခဲ့ရတဲ့ ဗင်နီဇွဲလားနောက်ခံလူ အက်ဒရီယန် မာတီနက်ဇ်က ဘောလုံးဖျက်ထုတ်ရယူဖို့ ကြိုးစားချိန်မှာ မက်ဆီရဲ့ ခြေထောက်ကို သိမ်းကျုံးကန်ခဲ့တာဖြစ်ပြီး ကျိုးသွားနိုင်တဲ့ ဖျက်ထုတ်မှုမျိုးမှာ ပွန်းပဲ့သွားရုံလောက်နဲ့ ရှောင်တိမ်းနိုင်ခဲ့အပြီးမှာ ပြန်ထနိုင်ဖို့တောင် တော်တော်လေး အချိန်ယူခဲ့ရတာပါ။

ဥရုဂွေးဒိုင်လူကြီး လီယိုဒန် ဂွန်ဇာလက်ဇ်ကတော့ ဒီဖျက်ထုတ်မှုကို ကနဦးမှာ အဝါကတ်သာ ပြခဲ့ပေမယ့် အာဂျင်တီးနားအသင်းသားတွေရဲ့ စောဒကတက်မှုအပြီးမှာ VAR ပြန်ကြည့်အပြီးမှာတော့ အဝါကို ပယ်ဖျက်ပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့တာဖြစ်သလို မက်ဆီရဲ့ ပရိသတ်တွေကတော့ “နွားကိုယ်လုံးနဲ့ ခွေးလိုဖျက်တဲ့ နောက်ခံလူ”လို့ ဒေါသထွက်နေကြပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ခန္ဓာကိုယ်တည်ဆောက်မှုမှာ ငယ်စဉ်ကတည်းက အားနည်းခဲ့လို့ အထူးကုသမှုတွေနဲ့ ပုံမှန်ကြီးထွားလာနိုင်အောင် လုပ်ဆောင်ခဲ့ရသူဖြစ်ပြီး သူ့ရဲ့ အစဉ်အလာပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အရည်အသွေးချင်း ယှဉ်နိုင်ပေမယ့် ကြံ့ခိုင်မှုအပိုင်းမှာတော့ တော်တော်ကြီးကို ကွာခြားနေခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာ ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးက ငယ်စဉ်ကလို တောင်ပံတွေမှာ မကစားတော့ပဲ နံပါတ် ၉ တိုက်စစ်မှူးနေရာမှာ မိန့်မိန့်ကြီး ဝင်ကစားပြီး ဆရာဂုဏ်ခံနေဆဲဖြစ်ချိန်မှာ အာဂျင်တီးနားသားကတော့ ကွင်းလယ်ကြောမှာ မွှေနှောက်ရုန်းကန်နေရပုံက သိပ်မပြောင်းလဲသေးဘဲ သူ့ကို ဘောလုံးမပေးဘဲ မနာလိုသလို ခြေရာချင်းတိုင်းချင်သူတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ မက်ဆီအနေနဲ့ အသက်အားဖြင့် နှစ်နှစ်ငယ်ပေမယ့် ရော်နယ်လ်ဒိုရဲ့ စံချိန်တွေကို ဒီလိုမျိုး ဘောလုံးအဆင့်အတန်း နိမ့်ပါးတဲ့ နိုင်ငံအချို့က အားကစားစိတ်ဓာတ်မရှိတဲ့သူတွေကြောင့် ထိခိုက်လာမှာကိုတော့ စိုးရိမ်နေကြပြီး ဒီလိုအရွယ်မှာသာ ခြေထောက်ကျိုးခဲ့ရင် ပြန်ကောင်းဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့အပြင် ဘောလုံးမကစားရမယ့်အချိန်ကပါ ထိုးနှက်လာဦးမှာကိုလည်း ပူပန်ခဲ့ကြပါတယ်။

တချို့တွေကတော့ မက်ဆီအနေနဲ့ အန္တရာယ်များတဲ့ အာဂျင်တီးနားရဲ့ တောင်အမေရိကပွဲစဉ်တွေကနေ အနားယူသင့်ပြီလို့ သုံးသပ်ဝေဖန်ခဲ့ကြပြီး ပီအက်စ်ဂျီနဲ့သာ ကလပ်အသင်းကစားသမားဘဝကို အာရုံစိုက်ဖို့နဲ့ ပေါ်တူဂီနဲ့ ၁၁၁ ဂိုးရှိသွားတဲ့ ရော်နယ်လ်ဒိုကို ၇၆ ဂိုးကနေ လိုက်မီနိုင်ဖို့ ၃၅ ဂိုးအထိ သွင်းယူရဦးမယ့်အချိန်မှာ မိုက်ရိုင်းတဲ့ ပြိုင်ဘက်နောက်ခံလူတွေကြား ရှင်သန်ဖို့က ထင်သလောက် မလွယ်ကူဘူးလို့လည်း ထင်မြင်ချက်ပေးနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ဗင္နီဇြဲလားနဲ႔ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ တစ္ဖက္ ကစားသမားရဲ႕ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အိမ္ကြင္းမွာမို႔လို႔ အပိုင္ပဲဆိုတဲ့ ပုံစံနဲ႔ ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ကံေကာင္းေထာက္မလို႔သာ ျမက္ခင္းစိမ္းေတြကို လက္ျပမႏႈတ္ဆက္ရဘဲ ရွင္သန္ႏိုင္ခဲ့တာလို႔ သိရပါတယ္။

ပြဲခ်ိန္မိနစ္ ၃၀ ေက်ာ္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ ဗင္နီဇြဲလားေနာက္ခံလူ အက္ဒရီယန္ မာတီနက္ဇ္က ေဘာလုံးဖ်က္ထုတ္ရယူဖို႔ ႀကိဳးစားခ်ိန္မွာ မက္ဆီရဲ႕ ေျခေထာက္ကို သိမ္းက်ဳံးကန္ခဲ့တာျဖစ္ၿပီး က်ိဳးသြားႏိုင္တဲ့ ဖ်က္ထုတ္မႈမ်ိဳးမွာ ပြန္းပဲ့သြား႐ုံေလာက္နဲ႔ ေရွာင္တိမ္းႏိုင္ခဲ့အၿပီးမွာ ျပန္ထႏိုင္ဖို႔ေတာင္ ေတာ္ေတာ္ေလး အခ်ိန္ယူခဲ့ရတာပါ။

ဥ႐ုေဂြးဒိုင္လူႀကီး လီယိုဒန္ ဂြန္ဇာလက္ဇ္ကေတာ့ ဒီဖ်က္ထုတ္မႈကို ကနဦးမွာ အဝါကတ္သာ ျပခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းသားေတြရဲ႕ ေစာဒကတက္မႈအၿပီးမွာ VAR ျပန္ၾကည့္အၿပီးမွာေတာ့ အဝါကို ပယ္ဖ်က္ၿပီး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္သြားခဲ့တာျဖစ္သလို မက္ဆီရဲ႕ ပရိသတ္ေတြကေတာ့ “ႏြားကိုယ္လုံးနဲ႔ ေခြးလိုဖ်က္တဲ့ ေနာက္ခံလူ”လို႔ ေဒါသထြက္ေနၾကပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိလာၿပီျဖစ္တဲ့ တိုက္စစ္မႉးဟာ ခႏၶာကိုယ္တည္ေဆာက္မႈမွာ ငယ္စဥ္ကတည္းက အားနည္းခဲ့လို႔ အထူးကုသမႈေတြနဲ႔ ပုံမွန္ႀကီးထြားလာႏိုင္ေအာင္ လုပ္ေဆာင္ခဲ့ရသူျဖစ္ၿပီး သူ႔ရဲ႕ အစဥ္အလာၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အရည္အေသြးခ်င္း ယွဥ္ႏိုင္ေပမယ့္ ႀကံ့ခိုင္မႈအပိုင္းမွာေတာ့ ေတာ္ေတာ္ႀကီးကို ကြာျခားေနခဲ့တာလည္းျဖစ္ပါတယ္။

တစ္ဖက္မွာ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးက ငယ္စဥ္ကလို ေတာင္ပံေတြမွာ မကစားေတာ့ပဲ နံပါတ္ ၉ တိုက္စစ္မႉးေနရာမွာ မိန႔္မိန႔္ႀကီး ဝင္ကစားၿပီး ဆရာဂုဏ္ခံေနဆဲျဖစ္ခ်ိန္မွာ အာဂ်င္တီးနားသားကေတာ့ ကြင္းလယ္ေၾကာမွာ ေမႊေႏွာက္႐ုန္းကန္ေနရပုံက သိပ္မေျပာင္းလဲေသးဘဲ သူ႔ကို ေဘာလုံးမေပးဘဲ မနာလိုသလို ေျခရာခ်င္းတိုင္းခ်င္သူေတြနဲ႔ ရင္ဆိုင္ေနရတာပါ။

ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္တဲ့ မက္ဆီအေနနဲ႔ အသက္အားျဖင့္ ႏွစ္ႏွစ္ငယ္ေပမယ့္ ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ေတြကို ဒီလိုမ်ိဳး ေဘာလုံးအဆင့္အတန္း နိမ့္ပါးတဲ့ ႏိုင္ငံအခ်ိဳ႕က အားကစားစိတ္ဓာတ္မရွိတဲ့သူေတြေၾကာင့္ ထိခိုက္လာမွာကိုေတာ့ စိုးရိမ္ေနၾကၿပီး ဒီလိုအ႐ြယ္မွာသာ ေျခေထာက္က်ိဳးခဲ့ရင္ ျပန္ေကာင္းဖို႔နဲ႔ ေျခစြမ္းျပႏိုင္ဖို႔အျပင္ ေဘာလုံးမကစားရမယ့္အခ်ိန္ကပါ ထိုးႏွက္လာဦးမွာကိုလည္း ပူပန္ခဲ့ၾကပါတယ္။

တခ်ိဳ႕ေတြကေတာ့ မက္ဆီအေနနဲ႔ အႏၲရာယ္မ်ားတဲ့ အာဂ်င္တီးနားရဲ႕ ေတာင္အေမရိကပြဲစဥ္ေတြကေန အနားယူသင့္ၿပီလို႔ သုံးသပ္ေဝဖန္ခဲ့ၾကၿပီး ပီအက္စ္ဂ်ီနဲ႔သာ ကလပ္အသင္းကစားသမားဘဝကို အာ႐ုံစိုက္ဖို႔နဲ႔ ေပၚတူဂီနဲ႔ ၁၁၁ ဂိုးရွိသြားတဲ့ ေရာ္နယ္လ္ဒိုကို ၇၆ ဂိုးကေန လိုက္မီႏိုင္ဖို႔ ၃၅ ဂိုးအထိ သြင္းယူရဦးမယ့္အခ်ိန္မွာ မိုက္႐ိုင္းတဲ့ ၿပိဳင္ဘက္ေနာက္ခံလူေတြၾကား ရွင္သန္ဖို႔က ထင္သေလာက္ မလြယ္ကူဘူးလို႔လည္း ထင္ျမင္ခ်က္ေပးေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.