Analysis Premier League

ပရီးမီးယားလိဂ်အသင်းသစ်မှာ အငှားနဲ့ကစားပြီး စောင့်ကြည့်ရမယ့်သူ ၅ ဦး

ပရီးမီးယားလိဂ်မှာ အသင်းသစ်တွေဆီကို အငှားနဲ့ ရောက်ရှိလာခဲ့ကြပြီး အသင်းသစ်တွေအတွက် အားကိုးရမယ့် ကစားသမားတွေထဲက ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ ဒီကစားသမားတွေထဲက တချို့တွေကတော့ နေရာသစ်မှာ ခြေစွမ်းပြသနိုင်ခဲ့ကြပြီး တချို့တွေကတော့ ပွဲထွက်ကစားမှုနဲ့ အစမ်းသပ်ခံရဦးမှာဖြစ်သလို ခေါ်ယူမှုတွေအရတော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခံရသူတွေလည်းဖြစ်ခဲ့ပါတယ်။

၅။ ကွန်နာ ဂါလာဂါ (ပဲလေ့စ်)
ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကြီးနဲ့တော့ ပွဲထွက်ခွင့် မရသေးတဲ့ ဂါလာဂါဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဝက်စ်ဘရွန်းအသင်းကို အငှားနဲ့ သွားရောက်ကစားပြီး ပရီးမီးယားလိဂ် (အထူးသဖြင့် Fantasy ကစားကြတဲ့) ပရိသတ်တွေကို မျက်စိကျအောင် ဆွဲဆောင်နိုင်ခဲ့သူဖြစ်သလို ဘက်ဂီတွေနဲ့ ပွဲ ၃၀ ကစားပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒီရာသီမှာတော့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို နည်းပြသစ်ဖြစ်လာတဲ့ ပက်ထရစ် ဗီယာရာနဲ့ သွားရောက်ပူးပေါင်းခဲ့ပြီး အသင်းနဲ့ နှစ်ပွဲကစားအပြီးမှာတော့ သူတို့ကို အလွယ်တကူ အနိုင်ယူမယ်လို့ တွက်ထားတဲ့ ဝက်စ်ဟမ်းပရိသတ်တွေကို အံ့အားသင့်စေခဲ့သလို သွင်းဂိုးနှစ်ဂိုးနဲ့ သရေကျစေခဲ့တာပါ။ ဖရန့် လမ်းပတ်ကို စံပြထားပြီး Box to Box ကစားရတာကို နှစ်သက်တဲ့ ၂၁ နှစ်သားဟာ ဒီထက်ပိုကောင်းလာဦးမယ်လို့ မျှော်လင့်ခံထားရပါတယ်။

၄။ ခရစ္စတီယန် ရိုမဲရိုး (စပါးစ်)
အာဂျင်တီးနားနောက်ခံလူဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့လို ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ နာမည်ထွက်ခဲ့ပေမယ့် “ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား”ဆိုသလို တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ပဲ ပူးပေါင်းဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံလူဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းကို မိုက်မိုက်မဲမဲ ပေးချေမယ့်အသင်း မရှိချိန်မှာ စပါးစ်တို့က အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ လက်ဦးမှု ရယူထားနိုင်ခဲ့ပြီး ဝှိုက်ဟတ်လိန်းမှာ အမြဲတမ်း တွေ့မြင်ရအောင် ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃။ ဖရန်စီစကို ထရင်ကာအို (ဝုလ်ဗ်စ်)
ဘာစီလိုနာအသင်းဆီကို ယူရို ၃၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ထရင်ကာအိုဟာ ညာတောင်ပံက ဘယ်သန်တစ်ဦးဖြစ်လို့ မက်ဆီရဲ့ နေရာကို တူညီတဲ့ပုံစံနဲ့ ဆက်ခံနိုင်မယ့်သူလို့ မျှော်လင့်ခဲ့ကြပေမယ့် အွန်ထွာ ဂရီးဇ်မန်း ရှိနေချိန်မှာ အငှားထွက်ဖြစ်ခဲ့သလို ဝုလ်ဗ်စ်တို့ဆီကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းပို့ဆောင်ခံခဲ့ရပါတယ်။

ဝုလ်ဗ်စ်မှာတော့ နည်းပြသစ် ဘရူနို လာဂျီနဲ့ လက်တွဲခဲ့ရပြီး အသင်းဖော်သစ်တွေနဲ့ နားလည်မှု သိပ်မရှိသေးခင်မှာ ပရီးမီးယားလိဂ်မှာတော့ တစ်သင်းလုံးနဲ့အတူ ဂိုးပေါက်ပျောက်နေပေမယ့် ကာရာဘောင်းဖလားမှာတော့ တစ်ဂိုးရရှိထားပါတယ်။ ပွဲထွက်ကစားသမားအဖြစ် အဒါမာ ထရာအိုရေးနဲ့အတူ ကစားခွင့်ရနေပေမယ့် ဘယ်ခြမ်းမှာ မကစားတတ်သေးတဲ့ စပိန်သားရဲ့ ဂယက်က သူ့ကိုလည်း ရိုက်ခတ်ခံခဲ့ရပြီး နှစ်ယောက်စလုံး အသားကျသွားရင်တော့ ပရီးမီးယားလိဂ်မှာ ပိုမိုတောက်ပလာမလား စောင့်ကြည့်ချင်စရာပါ။

၂။ ဘီလီ ဂီးလ်မိုး (နော့ဝစ်ချ်)
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ဖာဘရီဂက်စ်လက်သစ်ဆိုပြီး တောက်ပလာတဲ့ စကော့တလန်သားကတော့ ဒီရာသီမှာ သူ့ရဲ့ ပွဲကစားခွင့် ပိုမို ရရှိစေဖို့ နော့ဝစ်ချ်ဆီ အငှားချခံခဲ့ရတာပါ။ နည်းပြ ဒန်နီယယ်လ် ဖာကာရဲ့ လူစာရင်းမှာ ပုံမှန်ကစားခွင့်ရရှိထားတဲ့ ဂီးလ်မိုးဟာ ဒီရာသီမှာ သူ့ရဲ့ ပိန်သွယ်လွန်းတဲ့ ကိုယ်လုံးကိုယ်ထည်ကိုလည်း ဝိတ်ထပ်တင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီတွေမှာ ကြုံခဲ့ရတဲ့ ဗလအားကိုးနဲ့ အနိုင်ကျင့်ခံရတာတွေကိုလည်း ရှောင်လွှဲနိုင်ဖို့ ဖြစ်လာခဲ့ပြီး “စကော့တလန် အင်နီယေစတာ”လို့ အမည်ပေးခံထားရတာနဲ့အညီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၁။ ဆာအူးလ် ညီးရက်ဇ် (ချဲလ်ဆီး)
နွေရာသီအပြောင်းအရွှေ့ရဲ့ အငှားတွေထဲမှာ နာမည်အကြီးဆုံးကတော့ ဆာအူးလ်ပါပဲ။ အသင်းကြီးတွေ ဝိုင်းလုခဲ့ကြတဲ့ စပိန်ကွင်းလယ်လူကို အက်သလက်တီကို မက်ဒရစ်ဘက်က လွယ်လွယ်နဲ့ လက်မလွှတ်နိုင်ခဲ့သလို ကစားသမားရဲ့ဘက်က Heat တက်လာပြီး ခေါ်ယူဖို့ လမ်းစပွင့်လာချိန်မှာတော့ တချို့အသင်းကြီးတွေက ခြေကုန်လက်ပန်းကျနေကြပြီဖြစ်လို့ နောက်ဆုံးမှာ ချဲလ်ဆီးတို့က အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

ကနဦးအငှားကြေး ယူရို ၄ သန်း၊ ခြေစွမ်းပြနိုင်ရင် ရာသီကုန်မှာ ခေါ်ယူခွင့် ယူရိုသန်း ၄၀ နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာခဲ့တဲ့ ဆာအူးလ်ကို ပြိုင်ဘက်ပရိသတ်တွေကပါ ခြေစွမ်းပြနိုင်မယ်လို့ ခန့်မှန်းနေကြပြီး ချဲလ်ဆီးအသင်းအတွက် ဒီနှစ်မှာ အသင်းကို တစ်ဆင့်မြင့်အောင် လူကာကူးနဲ့အတူ တွန်းတင်ပေးနိုင်မယ့်သူလို့လည်း ချီးကျူးခံထားရတာပါ။ သူပါဝင်လာတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ကွင်းလယ်ကိုလည်း ကြည့်လိုက်ကြပါဦးလေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ အသင္းသစ္ေတြဆီကို အငွားနဲ႔ ေရာက္ရွိလာခဲ့ၾကၿပီး အသင္းသစ္ေတြအတြက္ အားကိုးရမယ့္ ကစားသမားေတြထဲက ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။ ဒီကစားသမားေတြထဲက တခ်ိဳ႕ေတြကေတာ့ ေနရာသစ္မွာ ေျခစြမ္းျပသႏိုင္ခဲ့ၾကၿပီး တခ်ိဳ႕ေတြကေတာ့ ပြဲထြက္ကစားမႈနဲ႔ အစမ္းသပ္ခံရဦးမွာျဖစ္သလို ေခၚယူမႈေတြအရေတာ့ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမား ထားရွိခံရသူေတြလည္းျဖစ္ခဲ့ပါတယ္။

၅။ ကြန္နာ ဂါလာဂါ (ပဲေလ့စ္)
ခ်ဲလ္ဆီးအသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းႀကီးနဲ႔ေတာ့ ပြဲထြက္ခြင့္ မရေသးတဲ့ ဂါလာဂါဟာ ၿပီးခဲ့တဲ့ ရာသီကလည္း ဝက္စ္ဘ႐ြန္းအသင္းကို အငွားနဲ႔ သြားေရာက္ကစားၿပီး ပရီးမီးယားလိဂ္ (အထူးသျဖင့္ Fantasy ကစားၾကတဲ့) ပရိသတ္ေတြကို မ်က္စိက်ေအာင္ ဆြဲေဆာင္ႏိုင္ခဲ့သူျဖစ္သလို ဘက္ဂီေတြနဲ႔ ပြဲ ၃၀ ကစားၿပီး ၂ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

ဒီရာသီမွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို နည္းျပသစ္ျဖစ္လာတဲ့ ပက္ထရစ္ ဗီယာရာနဲ႔ သြားေရာက္ပူးေပါင္းခဲ့ၿပီး အသင္းနဲ႔ ႏွစ္ပြဲကစားအၿပီးမွာေတာ့ သူတို႔ကို အလြယ္တကူ အႏိုင္ယူမယ္လို႔ တြက္ထားတဲ့ ဝက္စ္ဟမ္းပရိသတ္ေတြကို အံ့အားသင့္ေစခဲ့သလို သြင္းဂိုးႏွစ္ဂိုးနဲ႔ သေရက်ေစခဲ့တာပါ။ ဖရန႔္ လမ္းပတ္ကို စံျပထားၿပီး Box to Box ကစားရတာကို ႏွစ္သက္တဲ့ ၂၁ ႏွစ္သားဟာ ဒီထက္ပိုေကာင္းလာဦးမယ္လို႔ ေမွ်ာ္လင့္ခံထားရပါတယ္။

၄။ ခရစၥတီယန္ ႐ိုမဲ႐ိုး (စပါးစ္)
အာဂ်င္တီးနားေနာက္ခံလူဟာ ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္တို႔လို ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ နာမည္ထြက္ခဲ့ေပမယ့္ “ေက်ာ္ေတာ့ ေလွသူႀကီး၊ ညားေတာ့ ေလွထိုးသား”ဆိုသလို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ပဲ ပူးေပါင္းျဖစ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက စီးရီးေအရဲ႕ အေကာင္းဆုံး ေနာက္ခံလူျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂ သန္းကို မိုက္မိုက္မဲမဲ ေပးေခ်မယ့္အသင္း မရွိခ်ိန္မွာ စပါးစ္တို႔က အငွား+အၿပီးသတ္ ေခၚယူခြင့္နဲ႔ လက္ဦးမႈ ရယူထားႏိုင္ခဲ့ၿပီး ဝႈိက္ဟတ္လိန္းမွာ အၿမဲတမ္း ေတြ႕ျမင္ရေအာင္ ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၃။ ဖရန္စီစကို ထရင္ကာအို (ဝုလ္ဗ္စ္)
ဘာစီလိုနာအသင္းဆီကို ယူ႐ို ၃၁ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ထရင္ကာအိုဟာ ညာေတာင္ပံက ဘယ္သန္တစ္ဦးျဖစ္လို႔ မက္ဆီရဲ႕ ေနရာကို တူညီတဲ့ပုံစံနဲ႔ ဆက္ခံႏိုင္မယ့္သူလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အြန္ထြာ ဂရီးဇ္မန္း ရွိေနခ်ိန္မွာ အငွားထြက္ျဖစ္ခဲ့သလို ဝုလ္ဗ္စ္တို႔ဆီကို ေပါင္ ၂၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူႏိုင္ခြင့္ကိုပါ ထည့္သြင္းပို႔ေဆာင္ခံခဲ့ရပါတယ္။

ဝုလ္ဗ္စ္မွာေတာ့ နည္းျပသစ္ ဘ႐ူႏို လာဂ်ီနဲ႔ လက္တြဲခဲ့ရၿပီး အသင္းေဖာ္သစ္ေတြနဲ႔ နားလည္မႈ သိပ္မရွိေသးခင္မွာ ပရီးမီးယားလိဂ္မွာေတာ့ တစ္သင္းလုံးနဲ႔အတူ ဂိုးေပါက္ေပ်ာက္ေနေပမယ့္ ကာရာေဘာင္းဖလားမွာေတာ့ တစ္ဂိုးရရွိထားပါတယ္။ ပြဲထြက္ကစားသမားအျဖစ္ အဒါမာ ထရာအိုေရးနဲ႔အတူ ကစားခြင့္ရေနေပမယ့္ ဘယ္ျခမ္းမွာ မကစားတတ္ေသးတဲ့ စပိန္သားရဲ႕ ဂယက္က သူ႔ကိုလည္း ႐ိုက္ခတ္ခံခဲ့ရၿပီး ႏွစ္ေယာက္စလုံး အသားက်သြားရင္ေတာ့ ပရီးမီးယားလိဂ္မွာ ပိုမိုေတာက္ပလာမလား ေစာင့္ၾကည့္ခ်င္စရာပါ။

၂။ ဘီလီ ဂီးလ္မိုး (ေနာ့ဝစ္ခ်္)
ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္မွာ ဖာဘရီဂက္စ္လက္သစ္ဆိုၿပီး ေတာက္ပလာတဲ့ စေကာ့တလန္သားကေတာ့ ဒီရာသီမွာ သူ႔ရဲ႕ ပြဲကစားခြင့္ ပိုမို ရရွိေစဖို႔ ေနာ့ဝစ္ခ်္ဆီ အငွားခ်ခံခဲ့ရတာပါ။ နည္းျပ ဒန္နီယယ္လ္ ဖာကာရဲ႕ လူစာရင္းမွာ ပုံမွန္ကစားခြင့္ရရွိထားတဲ့ ဂီးလ္မိုးဟာ ဒီရာသီမွာ သူ႔ရဲ႕ ပိန္သြယ္လြန္းတဲ့ ကိုယ္လုံးကိုယ္ထည္ကိုလည္း ဝိတ္ထပ္တင္ႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ ရာသီေတြမွာ ႀကဳံခဲ့ရတဲ့ ဗလအားကိုးနဲ႔ အႏိုင္က်င့္ခံရတာေတြကိုလည္း ေရွာင္လႊဲႏိုင္ဖို႔ ျဖစ္လာခဲ့ၿပီး “စေကာ့တလန္ အင္နီေယစတာ”လို႔ အမည္ေပးခံထားရတာနဲ႔အညီ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

၁။ ဆာအူးလ္ ညီးရက္ဇ္ (ခ်ဲလ္ဆီး)
ေႏြရာသီအေျပာင္းအေ႐ႊ႕ရဲ႕ အငွားေတြထဲမွာ နာမည္အႀကီးဆုံးကေတာ့ ဆာအူးလ္ပါပဲ။ အသင္းႀကီးေတြ ဝိုင္းလုခဲ့ၾကတဲ့ စပိန္ကြင္းလယ္လူကို အက္သလက္တီကို မက္ဒရစ္ဘက္က လြယ္လြယ္နဲ႔ လက္မလႊတ္ႏိုင္ခဲ့သလို ကစားသမားရဲ႕ဘက္က Heat တက္လာၿပီး ေခၚယူဖို႔ လမ္းစပြင့္လာခ်ိန္မွာေတာ့ တခ်ိဳ႕အသင္းႀကီးေတြက ေျခကုန္လက္ပန္းက်ေနၾကၿပီျဖစ္လို႔ ေနာက္ဆုံးမွာ ခ်ဲလ္ဆီးတို႔က အလုပ္ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။

ကနဦးအငွားေၾကး ယူ႐ို ၄ သန္း၊ ေျခစြမ္းျပႏိုင္ရင္ ရာသီကုန္မွာ ေခၚယူခြင့္ ယူ႐ိုသန္း ၄၀ နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့တဲ့ ဆာအူးလ္ကို ၿပိဳင္ဘက္ပရိသတ္ေတြကပါ ေျခစြမ္းျပႏိုင္မယ္လို႔ ခန႔္မွန္းေနၾကၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ဒီႏွစ္မွာ အသင္းကို တစ္ဆင့္ျမင့္ေအာင္ လူကာကူးနဲ႔အတူ တြန္းတင္ေပးႏိုင္မယ့္သူလို႔လည္း ခ်ီးက်ဴးခံထားရတာပါ။ သူပါဝင္လာတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ ကြင္းလယ္ကိုလည္း ၾကည့္လိုက္ၾကပါဦးေလ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.