Premier League

ကမ္ဘာ့လစာအမြင့်ဆုံးဖြစ်စေမယ့် အခွင့်အရေးကို ပယ်ချလိုက်ပြီးချိန် လျှို့ဝှက်ပို့စ်တခုကိုပါ ပြန်ဖျက်သွားခဲ့တဲ့ အမ်ဘာပေ

PSG တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းဘက်က တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်အနေနဲ့ အပြောင်းအရွှေ့ Deadline မှာ ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ပါရီကလပ်ဘက်က အဖက်မလုပ်ခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဟာ ပြင်သစ်သားကို စိတ်နာစေခဲ့ပြီလို့ မှတ်ချက်အပေးခံထားရပါတယ်။

အဖြူရောင် လာ့စ်ဘလန်ကို့စ်တို့ဘက်က ယူရို သန်း ၁၆၀၊ သန်း ၁၇၀ ကနေ သန်း ၂၀၀ အထိ အဆင့်ဆင့်တိုးပြီး ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် အမ်ဘာပေကို ဆက်ထိန်းထားချင်တဲ့ PSG ဘက်က အကြောင်းမပြန်ခဲ့သလို Le Parisien သတင်းရဲ့ဖော်ပြချက်အရ ကမ္ဘာ့အမြင့်မားဆုံးလစာနဲ့ အသက် ၂၂ နှစ်သားကို နှစ်နှစ်စာချုပ်ကမ်းလှမ်းလိုက်တယ်လို့ သိရှိရပါတယ်။

ကစားသမားအနေနဲ့ အခွန်အခနှုတ်အပြီး တနှစ်ကို လုပ်ခလစာ ယူရို ၄၅ သန်းအထိ အသားတင်ရရှိမှာဖြစ်သလို ဒါဟာ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးရဲ့လစာတွေထက် သာလွန်နေပါတာဖြစ်ပါတယ်။ အမ်ဘာပေအနေနဲ့ ယခုစာချုပ်သစ်ကို လက်ခံခဲ့လျှင် တပတ်ကို ယူရို ၈ သိန်း ၆ သောင်းခွဲ ၊တစ်နာရီကို ပေါင် ၅၁၅၁ ၊ တမိနစ်ကို ယူရို ၈၅.၈၅ အသားတင်ရရှိမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာနေဗျူးကို အကြီးအကျယ်အိပ်မက်မက်နေတဲ့ အမ်ဘာပေကတော့ ဒီစာချုပ်ကို ယတိပြတ်ပယ်ချလိုက်ပြီး သူ့ရဲ့အနာဂတ်ဆန္ဒကို ခပ်ကြမ်းကြမ်း ပြသသွားခဲ့ပါတယ်။

ဒီလစာကို မမက်မောဘူးလို့ PSG ဥက္ကဌ ခယ်လိုင်ဖီနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ကို တုံ့ပြန်ပြလိုက်တာဖြစ်ပြီး အမ်ဘာပေထွက်ခွာချင်ရင်တော့ ကြိုက်စျေးရရင်ရောင်းမယ်၊ ဒါပေမယ့် စာချုပ်သစ်ချုပ်ဖို့သာ အဓိကကြိုးစားသွားမယ်၊ အမ်ဘာပေနေရာကို Plan B အနေနဲ့ ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူးလို့ လူသိရှင်ကြားအသိပေးထားတဲ့ လီယိုနာဒိုရဲ့စကားကိုလည်း ထင်ထင်ရှားရှားမျက်ကွယ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အိပ်မက်ပျက်စီးခဲ့ချိန်မှာ လူမှုကွန်ရက် အင်စတာဂရမ်စာမျက်နှာတင်ရှိထားတဲ့ အဓိပ္ပာယ်လျှို့ဝှက်ထားတဲ့ပို့စ်တခုကိုလည်း ပြန်ဖျက်သွားခဲ့ပြီး ဒီလုပ်ရပ်မှာတော့ PSG ရဲ့ စာချုပ်သစ်ကို စိတ်ပြန်လည်လာလို့ မျက်နှာမပျက်ရအောင် ဖျက်ခဲ့လေသလားလို့ သို့လော သို့လော အဲဒီပို့စ်မှာတော့ သူ့ရဲ့သူငယ်ချင်းတဦးရဲ့ ဆုတောင်းစာသားတွေကို Caption အနေနဲ့ ပြန်လည်ရေးသားထားခဲ့တာပါ။

” ငါ့အကိုကြီးကို အရမ်းလေးစားတယ်။ ခင်ဗျားရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကြီးအတွက်ပါ။ ခင်ဗျားရဲ့အိပ်မက်ကို နောက်ထပ်အချိန်တခုယူပြီး ပြန်လည်အကောင်အထည်ဖော်နိုင်ပါစေ။ ဘဝဟာ လှပလွန်းပါတယ်။ ခင်ဗျားကသာ အကောင်းဆုံးကစားသမားပါ” လို့ အဆိုပါပို့စ်ရဲ့ အဓိပ္ပာယ််အရ သိရပြီး အမ်ဘာပေရဲ့ဓာတ်ပုံကိုပါထည့်ထားခဲ့သလို နောက်ခံမှာ Aerosmith ဂီတဝိုင်းရဲ့ Dream On သီချင်းကလည်း ပါဝင်နေသေးတာပါ။

လူများများမသိခင်၊ မမြင်ခင်မှာတော့ အမ်ဘာပေက အဆိုပါပို့စ်ကို ပြန်ဖျက်လိုက်တာဖြစ်ပြီး ဒါက ရီးရဲလ်မက်ဒရစ်ကို မရမကပြောင်းချင်ပါတယ်ဆိုတဲ့ သူ့အတွက် အနည်းငယ်လည်းထူးဆန်းနေသလို အပြောင်းအရွှေ့တံခါးပိတ်သွားခဲ့လို့ လက်မှိုင်ချလိုက်ရတဲ့ အိပ်မက်ကို ရင်ဘတ်ထဲ ​ပြန်သော့ခတ်ပြီး အချိန်ရွှေ့ဆိုင်းလိုက်လေမလား၊ PSG မှာ မက်ဆီ၊ နေမာတို့နဲ့တွဲဖက်ပြီး ကမ္ဘာ့ကြောက်မယ်ဖွယ်အကောင်းဆုံးဖြစ်လာမယ့် MNM တိုက်စစ်ကိုပဲ အာရုံစိုက်ပြီး ပုံဖော်သွားတော့မှာလားလို့ မေးခွန်းထုတ်ခံနေရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
PSG တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္အသင္းဘက္က တတိယအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္အေနနဲ႔ အေျပာင္းအေ႐ႊ႕ Deadline မွာ ယူ႐ိုသန္း ၂၀၀ နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ ပါရီကလပ္ဘက္က အဖက္မလုပ္ခဲ့လို႔ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့တာဟာ ျပင္သစ္သားကို စိတ္နာေစခဲ့ၿပီလို႔ မွတ္ခ်က္အေပးခံထားရပါတယ္။

အျဖဴေရာင္ လာ့စ္ဘလန္ကို႔စ္တို႔ဘက္က ယူ႐ို သန္း ၁၆၀၊ သန္း ၁၇၀ ကေန သန္း ၂၀၀ အထိ အဆင့္ဆင့္တိုးၿပီး ေဆြးေႏြးမႈျပဳလုပ္ခဲ့ေပမယ့္ အမ္ဘာေပကို ဆက္ထိန္းထားခ်င္တဲ့ PSG ဘက္က အေၾကာင္းမျပန္ခဲ့သလို Le Parisien သတင္းရဲ႕ေဖာ္ျပခ်က္အရ ကမာၻ႔အျမင့္မားဆုံးလစာနဲ႔ အသက္ ၂၂ ႏွစ္သားကို ႏွစ္ႏွစ္စာခ်ဳပ္ကမ္းလွမ္းလိုက္တယ္လို႔ သိရွိရပါတယ္။

ကစားသမားအေနနဲ႔ အခြန္အခႏႈတ္အၿပီး တႏွစ္ကို လုပ္ခလစာ ယူ႐ို ၄၅ သန္းအထိ အသားတင္ရရွိမွာျဖစ္သလို ဒါဟာ ေနမာနဲ႔ လီယြန္နယ္ မက္ဆီတို႔ ႏွစ္ဦးရဲ႔လစာေတြထက္ သာလြန္ေနပါတာျဖစ္ပါတယ္။ အမ္ဘာေပအေနနဲ႔ ယခုစာခ်ဳပ္သစ္ကို လက္ခံခဲ့လွ်င္ တပတ္ကို ယူရို ၈ သိန္း ၆ ေသာင္းခြဲ ၊တစ္နာရီကို ေပါင္ ၅၁၅၁ ၊ တမိနစ္ကို ယူရို ၈၅.၈၅ အသားတင္ရရိွမွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘာေနဗ်ဴးကို အႀကီးအက်ယ္အိပ္မက္မက္ေနတဲ့ အမ္ဘာေပကေတာ့ ဒီစာခ်ဳပ္ကို ယတိျပတ္ပယ္ခ်လိုက္ၿပီး သူ႔ရဲ႕အနာဂတ္ဆႏၵကို ခပ္ၾကမ္းၾကမ္း ျပသသြားခဲ့ပါတယ္။

ဒီလစာကို မမက္ေမာဘူးလို႔ PSG ဥကၠဌ ခယ္လိုင္ဖီနဲ႔ အားကစားဒါ႐ိုက္တာ လီယိုနာဒိုတို႔ကို တုံ႔ျပန္ျပလိုက္တာျဖစ္ၿပီး အမ္ဘာေပထြက္ခြာခ်င္ရင္ေတာ့ ႀကိဳက္ေစ်းရရင္ေရာင္းမယ္၊ ဒါေပမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔သာ အဓိကႀကိဳးစားသြားမယ္၊ အမ္ဘာေပေနရာကို Plan B အေနနဲ႔ ဘယ္သူနဲ႔မွ အစားမထိုးႏိုင္ဘူးလို႔ လူသိရွင္ၾကားအသိေပးထားတဲ့ လီယိုနာဒိုရဲ႕စကားကိုလည္း ထင္ထင္ရွားရွားမ်က္ကြယ္ျပဳလိုက္တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ အိပ္မက္ပ်က္စီးခဲ့ခ်ိန္မွာ လူမႈကြန္ရက္ အင္စတာဂရမ္စာမ်က္ႏွာတင္ရွိထားတဲ့ အဓိပၸာယ္လွ်ိဳ႕ဝွက္ထားတဲ့ပို႔စ္တခုကိုလည္း ျပန္ဖ်က္သြားခဲ့ၿပီး ဒီလုပ္ရပ္မွာေတာ့ PSG ရဲ႕ စာခ်ဳပ္သစ္ကို စိတ္ျပန္လည္လာလို႔ မ်က္ႏွာမပ်က္ရေအာင္ ဖ်က္ခဲ့ေလသလားလို႔ သို႔ေလာ သို႔ေလာ အဲဒီပို႔စ္မွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္းတဦးရဲ႕ ဆုေတာင္းစာသားေတြကို Caption အေနနဲ႔ ျပန္လည္ေရးသားထားခဲ့တာပါ။

” ငါ့အကိုႀကီးကို အရမ္းေလးစားတယ္။ ခင္ဗ်ားရဲ႕ ပေရာ္ဖက္ရွင္နယ္ပီသမႈႀကီးအတြက္ပါ။ ခင္ဗ်ားရဲ႕အိပ္မက္ကို ေနာက္ထပ္အခ်ိန္တခုယူၿပီး ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ပါေစ။ ဘဝဟာ လွပလြန္းပါတယ္။ ခင္ဗ်ားကသာ အေကာင္းဆုံးကစားသမားပါ” လို႔ အဆိုပါပို႔စ္ရဲ႕ အဓိပၸာယ္္အရ သိရၿပီး အမ္ဘာေပရဲ႕ဓာတ္ပုံကိုပါထည့္ထားခဲ့သလို ေနာက္ခံမွာ Aerosmith ဂီတဝိုင္းရဲ႕ Dream On သီခ်င္းကလည္း ပါဝင္ေနေသးတာပါ။

လူမ်ားမ်ားမသိခင္၊ မျမင္ခင္မွာေတာ့ အမ္ဘာေပက အဆိုပါပို႔စ္ကို ျပန္ဖ်က္လိုက္တာျဖစ္ၿပီး ဒါက ရီးရဲလ္မက္ဒရစ္ကို မရမကေျပာင္းခ်င္ပါတယ္ဆိုတဲ့ သူ႔အတြက္ အနည္းငယ္လည္းထူးဆန္းေနသလို အေျပာင္းအေ႐ႊ႕တံခါးပိတ္သြားခဲ့လို႔ လက္မႈိင္ခ်လိုက္ရတဲ့ အိပ္မက္ကို ရင္ဘတ္ထဲ ​ျပန္ေသာ့ခတ္ၿပီး အခ်ိန္ေ႐ႊ႕ဆိုင္းလိုက္ေလမလား၊ PSG မွာ မက္ဆီ၊ ေနမာတို႔နဲ႔တြဲဖက္ၿပီး ကမာၻ႔ေၾကာက္မယ္ဖြယ္အေကာင္းဆုံးျဖစ္လာမယ့္ MNM တိုက္စစ္ကိုပဲ အာ႐ုံစိုက္ၿပီး ပုံေဖာ္သြားေတာ့မွာလားလို႔ ေမးခြန္းထုတ္ခံေနရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.